- ပင်မစာမျက်နှာ
- ကားသတင်းများ
- Toyota နှင့် တရုတ်ထိပ်သီး EV ကုမ္ပဏီကြီး BYD တို့ ဖက်စပ်ထုတ်လုပ်သော Sport Crossover လျှပ်စစ်ကား ၂၀၂၅ ခုနှစ်တွင် ဈေးကွက်သို့ တင်ပို့မည်
Toyota နှင့် တရုတ်ထိပ်သီး EV ကုမ္ပဏီကြီး BYD တို့ ဖက်စပ်ထုတ်လုပ်သော Sport Crossover လျှပ်စစ်ကား ၂၀၂၅ ခုနှစ်တွင် ဈေးကွက်သို့ တင်ပို့မည်
- 252 views
Toyota က BYD နှင့် ဖက်စပ်ထုတ်လုပ်မည့် Sport Crossover လျှပ်စစ်ကားဒီဇိုင်းကို ပြီးခဲ့သော တနင်္လာနေ့က ဥရောပတွင် ပထမဆုံးအကြိမ် ချပြခဲ့သည်။
အဆိုပါကားမှာ Fastback လျှပ်စစ်ကားဖြစ်ပြီး ၂၀၂၅ ခုနှစ်တွင် ဈေးကွက်သို့ ပို့ဆောင်မည် ဖြစ်သည်။
Toyota က Sport Crossover ၏ ဒီဇိုင်းကို ပထမဆုံး ထုတ်ဖော်ပြသခဲ့သည်မှာ တရုတ်ပြည်တွင် ဧပြီလအတွင်း ကျင်းပခဲ့သော Auto Shanghai ကားပြပွဲတွင် ဖြစ်သည်။
ထူးခြားသော Fastback ဒီဇိုင်း SUV များ များပြားလာချိန်တွင် ဤ Crossover မှာ ရွေးချယ်စရာတစ်ခု တိုးလာ မည် ဖြစ်သည်။
ပထမဆုံး ဝယ်ယူသူများအတွက် စွဲဆောင်နိုင်မည့် ကမ်းလှမ်းမှုများရှိမည်ဖြစ်ကြောင်း တိုယိုတာက ထုတ်ပြန် ထားသည်။
တံခါး ၅ ပေါက်ကားဖြစ်ပြီး နောက်ခုံလိုက်ပါသူများနှင့် ကုန်တင်ရန် ကျယ်ကျယ်ဝန်းဝန်းရှိသော ဤကားသည် SUV များအစား အလှည့်အပြောင်း သုံးနိုင်မည့် စတိုင်ကျသော ကားတစ်စီးဖြစ်သည်။
Toyota Sport Crossover ကို Toyota နှင့် တရုတ်ထိပ်သီး EV ကုမ္ပဏီကြီး BYD တို့ ပူးပေါင်းထားသည့် ဖက်စပ်ကုမ္ပဏီဖြစ်သော BYD Toyota EV Tech Co မှတဆင့် ထုတ်လုပ်မည် ဖြစ်သည်။
(Toyota Sport Crossover လျှပ်စစ်ကား၏ ဒီဇိုင်းပုံစံ။ ဓာတ်ပုံ-Toyota)
Toyota နှင့် BYD တို့သည် bZ3 အမည်ရှိ လျှပ်စစ်ကားကို တရုတ်ပြည်တွင် ပူးပေါင်းထုတ်လုပ်ခဲ့ကြပြီး ဖြစ်သည်။
အဆိုပါ လျှပ်စစ်ဆီဒင်သည် တိုယိုတာ၏ e-TNGA ပေါ် အခြေခံထားသည်။
သို့သော် BYD က Blade LFP ဘက်ထရီ ၊ လျှပ်စစ်မော်တာနှင့် ထိန်းချုပ်စနစ်များ ပါဝင်ထားသည်။
Toyota Sport Crossover သည် ၂၀၂၆ ခုနှစ်တွင် ဥရောပ၌ ဖြန့်ချိမည့် EV မော်ဒယ်သစ် ၅ ခုတွင် တစ်ခု အပါအဝင် ဖြစ်လာမည်ဖြစ်ကြောင်း Toyota က အတည်ပြုထားသည်။
(Toyota Sport Crossover ဒီဇိုင်း )
Toyota ၏ Sport Crossover သည် Fastback EV ကဏ္ဍတွင် Hyundai ၏ IONIQ 6 နှင့် အပြိုင်ဖြစ်လာမည် ဖြစ်သည်။
Toyota နှင့် BYD တို့ ပူးတွဲထုတ်လုပ်သော လျှပ်စစ်ကားမော်ဒယ် ၂ ခုလုံးသည် နောင်လာမည့် ၂ နှစ်ကျော် တွင် ဥရောပ၌ ဖြန့်ချိမည့်ကားများတွင် ပါဝင်လာမည်ဖြစ်သည်။
၂၀၂၆ ခုနှစ်သို့ ရောက်လျှင် ဥရောပ၌ ရောင်းချမည့်ကားများ၏ ၂၀ ရာခိုင်နှုန်းမှာ လျှပ်စစ်ကားများဖြစ်မည်ဟု Toyota က မျှော်မှန်းထားသည်။
ယင်းပမာဏမှာ နှစ်စဉ် အစင်းရေ ၂၅၀၀၀၀ ကျော် ရှိမည် ဖြစ်သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Toyota confirms its sleek electric Sport Crossover made with BYD is launching in 2025 (electrek)