ဘီယွန်းစေးအား ဂျေးဇက်က မွေးနေ့လက်ဆောင်ဝယ်ပေးခဲ့သော ဒေါ်လာ ၁ သန်းတန် Vintage Silver Cloud Rolls Royce II

  • 169 views

●ဘီယွန်းစေး၏ ၁၉၅၉ ခုနှစ်ထုတ် Vintage Silver Cloud Rolls Royce II Drophesd မှာ ကမ္ဘာ့အရှားပါးဆုံး ကားများတွင် ပါဝင်

● ဂျေးဇက်က ဇနီးဖြစ်သူ၏ ၂၅ နှစ်ပြည့်မွေးနေ့အတွက် ဝယ်ပေးခဲ့ခြင်းဖြစ်

● ဒေါ်လာ ၁ သန်းတန်ကြေးရှိပြီး ရှားပါး ၊ လွမ်းမောတမ်းသဖွယ်ဖြစ်ကာ အလွန်စတိုင်ကျသည်။

Rolling Stone မဂ္ဂဇင်းကြီးက သမိုင်းတလျှောက် အကြီးမြတ်ဆုံးအဆိုတော်များတွင် တစ်ဦးအပါအဝင် ဖြစ် သတ်မှတ်ခြင်းခံရသူ ဘီယွန်းစေး၏ သီချင်းများသည် မြန်မာပရိသတ်နှင့် ရင်းနှီးထိတွေ့ဖူးပြီး ဖြစ်သည်။

(မြန်မာနိုင်ငံတွင် ပြန်လည် သီဆိုမှုများ)

ဘီယွန်းစေး၏ Halo အမည်ရှိ သီချင်းကို နီနီခင်ဇော်က ခေါ်သံကြားလား ၊ Listen အမည်ရှိ သီချင်းကို ချမ်းချမ်း က ကြားလားဟူသောအမည်ဖြင့် ရဲတိုက်နှင့် ဝိုင်းစုခိုင်သိန်းတို့ ပါဝင်သရုပ်ဆောင်ထားသော ဇာတ်ကားတစ်ခု တွင် ဇာတ်ဝင်တေးအဖြစ် သီဆိုခဲ့သည်။

(မှတ်ချက်။ အခြားသီချင်းများစွာ ရှိပါသေးသည်။)

 

 

ဘီယွန်းစေးအား ခင်ပွန်းဖြစ်သူ ဂျေးဇက်က ၂၅ နှစ်မြောက် မွေးနေ့လက်ဆောင်အဖြစ် ပေးခဲ့သော ကားသည် ဘီယွန်းစေး၏ ကားများစွာအနက် သူမ ဓာတ်ပုံတွဲအရိုက်ဆုံး မော်တော်ကား ဖြစ်သည်။

Vintage Silver Cloud Rolls Royce II ၏ တန်ကြေးမှာ ကန်ဒေါ်လာ ၁ သန်းခန့်ရှိသည်။

အလွန်ချမ်းသာကြွယ်ဝသော ဘီယွန်းစေးတို့စုံတွဲသည် မော်တော်ကားများ များပြားစွာ ပိုင်ဆိုင်ထားကြသည်။

Silver Cloud Rolls Royce ပိုင်ဆိုင်ထားသော အခြားအကျော်အမော်များတွင် မိုက်ကယ်ဂျက်ဆင်နှင့် ကမ္ဘာကျော် ရော့ခ်ဂီတအဖွဲ့ကြီး Queen ၏ ရှေ့ထွက်အဆိုတော် ဖရက်ဒီ မာကျူရီတို့ ပါဝင်သည်။

ရှားပါးသော အံ့မခန်းကားကို ရှေ့ခုံတွင် Reserved for Mrs Carter ဟု ရေးသားကာ ပေးပို့ခဲ့ခြင်း ဖြစ်သည်။

(မှတ်ချက်။ ဂျေးဇက်၏ အမည်ရင်းမှာ Shawn Corey Carter ဖြစ်သည်။)

 

 

ဘီယွန်းစေးသည် ကောင်းကင်ပြာရောင်ကားအတွင်းပိုင်း ကျယ်ပြောသော သားရေထိုင်ခုံပေါ်ထိုင်ရင်း မကြာခဏ ဓာတ်ပုံရိုက်လေ့ရှိသည်။

ဘီယွန်းစေးက ဤကားမောင်းရခြင်းကို အလွန်နှစ်သက်သဘောကျဟန် ရသည်။

Vintage Silver Cloud Rolls Royce II တွင် 6.2 Liter အင်ဂျင်တပ်ဆင်ထားပြီး 0-97 kmph ကို ၁၀ ဒသမ ၉ စက္ကန့်အတွင်း ရရှိနိုင်သည်။

အပြင်ပိုင်းကိုယ်ထည်မှာ ရေတပ်ပြာရောင်ရှိပြီး အဖြူရောင်တာယာများ တပ်ဆင်ထားသော ကားမှာ ပေါ့ပ်ဘုရင်မ ဘီယွန်းစေးနည်းတူ လူအများအား များစွာ စွဲဆောင်နိုင်သည်။

Vintage Silver Cloud Rolls Royce II သည် ၁၉၅၅ မှ ၁၉၆၆ ခုနှစ်အကြား ရွိုးရွိုက်စ်၏ အဓိကမော်ဒယ် တစ်ခု ဖြစ်ခဲ့သည်။

ယခုကား တစ်ခေတ်ပြီးဆုံးသွားချိန်တွင် ၁၉၆၅ ၌ Silver Shadow မော်ဒယ်က အစားထိုး ဝင်ရောက်လာခဲ့သည်။

 

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com


Ref:  Beyoncé’s $1m Vintage Silver Cloud Rolls Royce II is one of the world’s most unique cars (supercarblondie)