- ပင်မစာမျက်နှာ
- ကားသတင်းများ
- YBS ယာဉ်တွေမှာ Mobile Phone Application နဲ့ QR Code ဖတ်ပြီး ယာဉ်စီးခပေးချေနိုင်တော့မည်။
YBS ယာဉ်တွေမှာ Mobile Phone Application နဲ့ QR Code ဖတ်ပြီး ယာဉ်စီးခပေးချေနိုင်တော့မည်။
- 209 views
YBS ခရီးသည်တင်ယဉ်တွေမှာ Mobile Phone Appliaction ကိုအသုံးပြုပြီး QR Code ဖတ်ပြီး ယာဉ်စီးခပေးချေတဲ့စနစ်ကိုလုပ်ဆောင်နေပြီး ပုဂ္ဂလိကဆော့ဖ်(ဝ်)ကုမ္ပဏီတစ်ခုနဲ့ စမ်းသပ်ဆောင်ရွက်နေတယ် လို့ ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ( YRTC) ကနေသိရပါတယ်။အဲ့ဒီစနစ်ကို (၂၀၂၄) ခုနှစ်မှာစတင်အသုံးပြုနိုင်မှာဖြစ်ပြီး အသုံးမပြုတတ်ရင် ကုမ္ပဏီတွေက ဝန်ထမ်းတွေက YBS ကားတွေပေါ်မှာလိုက်လံရှင်းပြပေးမယ်လို့ Transport Intelligent ကုမ္ပဏီကနေသိရပါတယ်။
အဲဒီ Application ကို MP yps လို့နာမည်ပေးထားပြီး Google Play Store မှာ downloap ပြုလုပ်အသုံးပြုရမှာဖြစ်ပါတယ်။ Applicationမှာ သုံးစွဲသူရဲ့ ရှေ့နောက်မှတ်ပုံတင်၊ ဓာတ်ပုံ ဖုန်းနံပါတ်တို့ကိုစာရင်းသွင်းပြီးအသုံးပြုရမှာဖြစ်ပါတယ်။
QR Code ကိုအသုံးပြုတဲ့အတွက် အကြွေဆောင်ရတာသက်သေမှာဖြစ်ပါတယ်။ဒါ့အပြင်YBS ယာဉ်စီးကဒ်အသုံးပြုသူတွေဟာ ငွေလက်ကျန်စစ်ဆေးရတဲ့အခက်အခဲတွေရှိနေပြီး အခုလိုဖုန်း Application ကနေ ငွေလက်ကျန်စစ်ဆေးနိုင်တော့ ပိုအဆင်ပြေနိုင်မှာဖြစ်တယ်လို့လည်း ဆိုပါတယ်။ ယာဉ်စီးနင်းတဲ့နေရာမှာလည်း ဘယ်အချိန်၊ ဘယ်နေရာမှာ ၊ဘယ်ယာဉ်လိုင်းကိုစီးနင်းခဲ့တယ်ဆိုတာကို အလွယ်တကူသိရှိနိုင်မှာဖြစ်တယ်လို့လည်း ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC) ကနေသိရပါတယ်သိရပါတယ်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com