- ပင်မစာမျက်နှာ
- ကားသတင်းများ
- လိုင်စင်မရှိဘဲ ရေနံထွက်ပစ္စည်းများဂါလံ(၅၀)အထက် သိုလှောင်၊သယ်ယူပါက အရေးယူမည်
လိုင်စင်မရှိဘဲ ရေနံထွက်ပစ္စည်းများဂါလံ(၅၀)အထက် သိုလှောင်၊သယ်ယူပါက အရေးယူမည်
- 334 views
လိုင်စင်မရှိဘဲ ရေနံထွက်ပစ္စည်းဂါလံ(၅၀)အထက် သိုလှောင်၊သယ်ယူတာတွေကို စစ်ဆေးတွေ့ရှိရင်အရေးယူခံရမှာဖြစ်တယ်လို့ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနက အသိပေးလိုက်ပါတယ်။
အခုနှစ်ဒီဇင်ဘာလ(၁၀)ရက်နေ့စတင်ပြီး အရေးယူမှုလုပ်ဆောင်သွားမှာဖြစ်ပြီး စစ်ဆေးတွေ့ရှိပါက ငွေကျပ်သိန်း (၅၀)ထိငွေဒဏ်(သို့မဟုတ်)ထောင်ဒဏ်(၁)နှစ်ချမှတ်ခံရမှာဖြစ်ပါတယ်။
ရေနံထွက်ပစ္စည်းကြီးကြပ်ရေးဦးစီးဌာနအနေနဲ့ လုပ်ငန်းလိုင်စင်များထုတ်ပေးခြင်း၊ စောင့်ကြည့်ထိန်းသိမ်းခြင်း၊ ကြီးကြပ်စစ်ဆေးခြင်းတွေဆောင်ရွက်ပေးနေတာပါ။လက်ရှိမှာ ရေနံနဲ့ရေနံထွက်ပစ္စည်းတွေကို ပြည်တွင်းမှာ သိုလှောင်/သယ်ယူတာတွေပြုလုပ်လိုသူသည် စုစုပေါင်းဂါလံ(၅၀)အထက်ပိုမိုထားရှိပါက လိုင်စင်ရယူရမှာဖြစ်ပါတယ်။
လိုင်စင်လျှောက်ထားလိုသူတွေကိုလည်း လုပ်ထုံးလုပ်နည်းသတ်မှတ်စည်းကမ်းချက်တွေနဲ့အညီဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့လည်းဆိုပါတယ်။ ရေနံထွက်ပစ္စည်းဆိုင်ရာဥကပဒေပုဒ်မ(၃၀)အရ (မည်သူမျှဤဥပဒေအရ လိုင်စင်ရယူရန်လိုအပ်သည့်လုပ်ငန်း သို့မဟုတ် ဆောင်ရွက်မှုတစ်ခုကို သက်ဆိုင်ရာလိုင်စင်ရရှိခြင်းမရှိဘဲ လုပ်ကိုင်ဆောင်ရွက်ခြင်းမပြုရ) လို့ဖော်ပြထားတဲ့အတွက် လိုင်စင်မဲ့သယ်ယူ၊သိုလှောင်၊ရောင်းချခြင်းတွေကို စစ်ဆေးသွားမယ်လို့ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနက အသိပေးထုတ်ပြန်စာမှာဖော်ပြထားပါတယ်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com