- ပင်မစာမျက်နှာ
- ကားသတင်းများ
- ဗြိတိန်တွင် ၆၉၅ ပေါင်ဖြင့် ဝယ်ခဲ့ကာ မိုင်ပေါင်း ၁၉၀၀ စီးထားသော ကားတစ်စီး ဘထွေးဖြစ်သူထံမှ အမွေရရာ ယနေ့အခါ ပေါင် ၂၀၀၀၀ တန်ကြေးရှိနေ
ဗြိတိန်တွင် ၆၉၅ ပေါင်ဖြင့် ဝယ်ခဲ့ကာ မိုင်ပေါင်း ၁၉၀၀ စီးထားသော ကားတစ်စီး ဘထွေးဖြစ်သူထံမှ အမွေရရာ ယနေ့အခါ ပေါင် ၂၀၀၀၀ တန်ကြေးရှိနေ
- 212 views
ဗြိတိန်မှ စုံတွဲတစ်တွဲသည် Camper Van ကားတစ်စင်း အမွေရရှိခဲ့ပုံအကြောင်းကို ပြောပြလာသည်။
(မှတ်ချက်။ Camper Van သည် အိပ်စက်ရန်နေရာပါသော ကားမျိုးဖြစ်ပြီး Caravanette , Mortorhome, RV ဟု အမျိုးမျိုးခေါ်ကြသည်။)
ထိုကားကို လွန်ခဲ့သောနှစ်ပေါင်းများစွာက ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ဝယ်ယူခဲ့ချိန်က ၆၉၅ ပေါင်ပေးခဲ့ရပြီး မိုင်ပေါင်း ၁၉၀၀ စီးနင်းထားသည်။
ယနေ့အခါ ထိုကားမှာ ပေါင် ၂၀၀၀၀ ခန့်တန်ကြေးရှိနေပြီ ဖြစ်သည်။
အင်္ဂလန်နိုင်ငံ၊ ဝေလပြည်နယ် Gwynedd မြို့တွင် နေထိုင်သော ဖီးလ်ဟျုနှင့် လိုရိန်းဟျုတို့ စုံတွဲသည် ၁၉၆၂ ခုနှစ်ထုတ် Bedford Dormobile Romany မော်တော်ကားကို အမွေရခဲ့ခြင်း ဖြစ်သည်။
(ဖီးလ်ဟျုတို့စုံတွဲက ပြောသည်မှာ ၎င်းတို့၏ Camper Van မှာ Mileage ၁၉၀၀ ရှိကြောင်း ပြောသည်။)
အဆိုပါကားကို ဖီးလ်ဟျု၏ ဘထွေး (အဖေ၏ဦးလေး) Bert က လွန်ခဲ့သော နှစ်ပေါင်း ၆၀ ခန့်က ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
Bert က ထိုကားကို သူ့ညီမ၏ နာမည်အတိုင်း Doris ဟုအမည်ပေးခဲ့သည်။
Bert က ၆၉၅ ပေါင်ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ယနေ့ခေတ် ငွေတန်ဖိုးအရဆိုလျှင် ပေါင် ၁၂၃၀၀ ဝန်းကျင် တန်ကြေးရှိသည်။
Bert သည် ဤကားဖြင့် ဗြိတိန်မှသည် အယ်လ်ဂျီးရီးယား၊ ပြင်သစ်၊ စပိန်နှင့် မော်ရိုကိုတို့အထိ ခရီးသွားခဲ့ပြီး ခရီးမိုင်ပေါင်း ၁၉၀၀ စီးနင်းခဲ့သည်။
Doris ၏ အတွင်းပိုင်းတွင် ဖော်မီကာစားပွဲ ၊ ဓာတ်ငွေ့သုံး အသားကင်စက်နှင့် ၂ ယောက်အိပ် အိပ်ယာအဖြစ် ပြောင်းလဲနိုင်သော ထိုင်ခုံများ ပါဝင်သည်။
ဖီးလ်နှင့် လိုရိန်းတို့က Telegraph သတင်းဌာနသို့ ပြောသည်မှာ “ဖီးလ်က ဒီကားနဲ့အတူ သူ့ရဲ့ကလေးဘဝ အားလပ်ရက်တွေကို သတိရပါတယ်။
အခုအချိန်မှာတော့ သူမောင်းဖို့နဲ့ ပြုပြင်ထိန်းသိမ်းဖို့ ဖြစ်နေပါပြီ။” ဟု ပြောသည်။
“ဒီကားက မောင်းရတာ ပေါ့ပါးပြီး သက်သောင့်သက်သာရှိပါတယ်။ အိပ်ဖို့ကတော့ တစ်ကဏ္ဍပေါ့။”
“အားနည်းချက်အနေနဲ့ကတော့ အဝေးပြေးလမ်းကြီးတွေပေါ်မှာ ဒီကားက နှေးတယ်။ ပြီးတော့ ၃ ချက် ဂီယာဘောက်ပဲပါတယ်။”
Doris သည် ၁၉၉၃ ခုနှစ်နောက်ပိုင်းတွင် ယိုယွင်းပျက်စီးခဲ့ပြီး ဘထွေးဖြစ်သူ Bert က အသုံးမပြုတော့ချေ။
ဖီးလ်က ၂၀၁၄ ခုနှစ်တွင် ပြန်လည်ပြုပြင်မွမ်းမံမှု ပြုလုပ်ခဲ့ရာ ယခင်အတိုင်း ကောင်းမွန်သည့် အနေအထားသို့ ပြန်လည်ရောက်ရှိခဲ့ပြီး ယခုအခါ ပေါင် ၂၀၀၀၀ ကျော် တန်ကြေးရှိနေပြီ ဖြစ်သည်။
၎င်းတို့စုံတွဲက ပြောသည်မှာ “ကျွန်တော်တို့ ဘယ်ကိုသွားသွား Doris ကို လူတွေ စိတ်ဝင်စားကြတယ်။ အသက်အရွယ်ရတဲ့ လူတွေအနေနဲ့ ဒီကားကို အရင်က Delivery ကားအနေနဲ့ သုံးခဲ့တာကို သိကြတယ်လေ” ဟု ပြောသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: IN THE MONEY
We bought a camper for £695 & now it’s worth £20,000… even after 1,900 mile road trip (thesun)