• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • ကမ္ဘာပေါ်တွင် ၂ စင်းတည်းသာရှိသော အရှားပါးဆုံးပြိုင်ကား Koenigsegg CCXR Trevita ၊ ဟဲဗီးဝိတ်ချန်ပီယံ ဖလွိုက် မေဝဲသာက ၁ စင်းပိုင်ဆိုင်ခဲ့

ကမ္ဘာပေါ်တွင် ၂ စင်းတည်းသာရှိသော အရှားပါးဆုံးပြိုင်ကား Koenigsegg CCXR Trevita ၊ ဟဲဗီးဝိတ်ချန်ပီယံ ဖလွိုက် မေဝဲသာက ၁ စင်းပိုင်ဆိုင်ခဲ့

  • 215 views

ကန်ဒေါ်လာ သန်း ၄၅၀ ခန့် ချမ်းသာကြွယ်ဝသည်ဟု ခန့်မှန်းရသော ဟဲဗီးဝိတ်ချန်ပီယံဟောင်း ဖလွိုက် မေဝဲသာသည် ၎င်းအလိုရှိသမျှ ဝယ်ယူခဲ့သည်ချည်းပင်။

မိုးပျံနန်းတော်ကြီးသဖွယ် တင်စားရသော ဒေါ်လာ သန်း ၅၀ တန်ကြေးရှိ ကိုယ်ပိုင်ဂျက်လေယာဉ်ကြီးမှသည် ဒေါ်လာ ၁ ဒသမ ၄ သန်းတန် စိန်စီသော နာရီအထိ မေဝဲသာက သူအလိုရှိသမျှ ငွေကြေးသုံးစွဲရန် လက်မတွန့်ခဲ့။

မေဝဲသာသည် အထူးသဖြင့် မော်တော်ကားများအတွက် နှစ်ပေါင်းများစွာ ကာလအတွင်း ငွေကြေးများစွာ သုံးစွဲခဲ့သည်။

 

 

မေဝဲသာတွင် Ferrari များ ၊ Lamborghini များ ၊ Rolls Royce များ ပိုင်ဆိုင်ထားသော်လည်း ၎င်းတို့အနက် အထူးခြားဆုံးကား တစ်စင်းရှိနေသည်။

ထိုကားမှာ Koenigsegg CCXR Trevita ဖြစ်ပြီး ကမ္ဘာပေါ်တွင် အမြန်ဆုံးကားများ၌ တစ်စင်းအပါအဝင်ဖြစ်ကာ 400 kmph (သို့မဟုတ်) ၂၄၈ mph အမြန်နှုန်းဖြင့် မောင်းနှင်နိုင်သည်။

 

 

4.7-Liter V8 အင်ဂျင်တပ်ဆင်ထားပြီး မြင်းကောင်ရေ ၁၀၁၈ အားထွက်ကာ ရုန်းအား ၇၈၁ lb-ft ရှိသည်။

100 kmph ကို ၃ ဒသမ ၁ စက္ကန့်အတွင်း ရရှိနိုင်သည်။

ဤကား၏ အထူးခြားဆုံးအချက်မှာ ၂ စင်းတည်းသာ ထုတ်လုပ်ထားခြင်း ဖြစ်သည်။

ကား၏ ကိုယ်ထည်ကို ကာဗွန်ဖိုက်ဘာဖြင့် ပြုလုပ်ထားရာ နေရောင်ခြည်အောက်တွင်ဆိုလျှင် စိန်ပွင့် သန်းပေါင်းများစွာ တဖိတ်ဖိတ်လက်နေသကဲ့သို့ ရှိသည်။

မူလက ၃ စင်းထုတ်လုပ်ရန် ရည်ရွယ်ခဲ့သည်။

 

 

ကားမော်ဒယ်အမည်တွင် ပါဝင်သော Trevita မှာ ဆွီဒင်ဘာသာအားဖြင့် အဖြူ ၃ ဖော်ဟု အဓိပ္ပာယ်ရသည်။

ထိုသို့ ရည်ရွယ်ခဲ့သော်လည်း အနက်ရောင်ကာဗွန်ကို ငွေဖြူရောင်အဖြစ် ပြောင်းလဲရခြင်းမှာ များစွာခက်ခဲ ရှုပ်ထွေးလှသောကြောင့် ၂ စင်းတည်းသာ ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။

 

 

ထိုကား ၂ စင်းကို တိုက်လေယာဉ်များ ထားသည့်ဂိုဒေါင်တစ်ခုထဲတွင် လက်ဖြင့်တပ်ဆင်ခဲ့ခြင်း ဖြစ်သည်။

ထို ၂ စင်းအနက် ၁ စင်းသာလျှင် အမေရိကသို့ ရောက်ရှိလာခဲ့ပြီး ဖလွိုက် မေဝဲသာ၏ ကားဂိုဒေါင်သည် ထိုကား၏ နေအိမ် ဖြစ်ခဲ့သည်။

 

 

မေဝဲသာက နောက်ပိုင်းတွင် ဤကားနှင့် လမ်းခွဲရန် ဆုံးဖြတ်ခဲ့ပြီး ၂၀၁၇ ခုနှစ်အတွင်း ကယ်လီဖိုးနီးယား ပြည်နယ် ၊ Monterey မြို့တွင် လေလံတင် ရောင်းချခဲ့သည်။

လေလံဆွဲသူတစ်ဦးက ကန်ဒေါ်လာ ၂ ဒသမ ၆ သန်း အမြင့်ဆုံးဈေးပေးကာ ဝယ်ယူသွားခဲ့သည်။

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com


Ref:  The rarest car Floyd Mayweather has ever owned is the Koenigsegg CCXR Trevita  (supercarblondie)