- ပင်မစာမျက်နှာ
- ကားသတင်းများ
- အင်္ဂလန်တွင် တပတ်ရစ်ကားဈေးကွက်၌ ဈေးအလွန်ထိုးကျနေသော ကားမော်ဒယ်များ
အင်္ဂလန်တွင် တပတ်ရစ်ကားဈေးကွက်၌ ဈေးအလွန်ထိုးကျနေသော ကားမော်ဒယ်များ
- 551 views
အင်္ဂလန် တပတ်ရစ်ကားဈေးကွက်တွင် ဈေးနှုန်း ပေါင်ထောင်နှင့်ချီကာ ထိုးကျနေသော ကား မော်ဒယ် ၁၀ မျိုး ရှိနေသည်။
ထိုသို့ ဈေးနှုန်းထိုးကျနေသော တပတ်ရစ်ကားများတွင် ဓာတ်ဆီ၊ ဒီဇယ်၊ လျှပ်စစ်ကားများအပြင် hybrid များ လည်း အပါအဝင် ဖြစ်သည်။
(အင်္ဂလန်တွင် ယခုနှစ်အတွင်း တပတ်ရစ်ကားဈေးများ ထိုးကျလျက်ရှိသည်။ ဓာတ်ပုံ-Skoda)
အင်္ဂလန်တွင် ယခုနှစ် မတ်လမှ စတင်ကာ လစဉ်လတိုင်း တပတ်ရစ်ကား ဈေးနှုန်းများ ကျဆင်းလျက်ရှိနေသည်။
မကြာသေးမီ ရက်သတ္တပတ်များအတွင်း အဆိုးရွားဆုံး ကျဆင်းမှုဖြစ်ပေါ်ခဲ့ပြီး အောက်တိုဘာနှင့် နိုဝင်ဘာလ များတွင် ပျမ်းမျှ ၄ ဒသမ ၂ ရာခိုင်နှုန်း ဈေးနှုန်းကျဆင်းခဲ့ကြောင်း Cap HPI ၏ အချက်အလက်များတွင် ဖော်ပြ သည်။
အချို့ကားမော်ဒယ်များဆိုလျှင် လွန်ခဲ့သော ၆ လတာအတွင်း တန်ဖိုး၏ ၃၀ ရာခိုင်နှုန်းခန့်အထိ ကျဆင်းသွား မှုများ ရင်ဆိုင်ခဲ့ရသည်။
တပတ်ရစ်ကားဈေးကွက်တွင် Range Rover Evoque hybrid မှာ ဈေးနှုန်းကျဆင်းမှု အဆိုးရွားဆုံး ရင်ဆိုင်ခဲ့ရပြီး မေလအတွင်း ပေါင် ၃၇၄၀၀ မှ ပေါင် ၂၆၀၂၉ အထိ ထိုးကျခဲ့သည်။
၎င်း၏နောက်တွင် Renault Captur မှာ အဆိုးရွားဆုံးရင်ဆိုင်ရပြီး အလားတူကာလတွင်ပင် ပေါင် ၁၅၅၆၆ မှ ပေါင် ၁၀၈၆၉ သို့ ကျဆင်းသွားခဲ့သည်။
နံပါတ် ၃ နေရာတွင် Range Rover ၏ အခြားမော်ဒယ်တစ်ခုဖြစ်သော Sport hybrid က ရပ်တည်နေပြီး ပေါင် ၄၈၉၀၀ မှ ပေါင် ၃၅၀၆၀ သို့ ကျဆင်းခဲ့သည်။
ထို့အပြင် Vauxhall , BMW, Lexus နှင့် Skoda တို့၏ မော်ဒယ်အချို့သည်လည်း တပတ်ရစ်ကားဈေးကွက်၏ ဈေးနှုန်းအဆိုးရွားဆုံးထိုးကျသော စာရင်းတွင် ပါဝင်နေသည်။
ကိုဗစ်ကပ်ဘေးကာလတွင် ထုတ်လုပ်မှုများ ကျဆင်းခဲ့သော်လည်း ကပ်ဘေးနောက်ပိုင်းတွင် ထုတ်လုပ်မှု ပြန်လည်မြင့်တက်ခဲ့ရာ ကပ်ဘေးမတိုင်မီကာလအခြေအနေသို့ ပြန်လည်ရောက်ရှိခဲ့သည်။
Auto Trader မှ အချက်အလက်များအရ အင်္ဂလန်တွင် ယခုနှစ် မေလအတွင်း တပတ်ရစ်ကားတစ်စင်း၏ ပျမ်းမျှဈေးနှုန်းမှာ ပေါင် ၁၇၈၁၅ ဖြစ်ရာ ကပ်ဘေးမတိုင်မီ ၂၀၁၉ ခုနှစ်က ပျမ်းမျှဈေးနှုန်းဖြစ်သော ပေါင် ၁၂၇၇၅ ထက် ၄၀ ခိုင်နှုန်းကျော် ပိုမိုမြင့်တက်ခဲ့သည်။
မေလအတွင်း ပျမ်းမျှဈေးနှုန်း ပေါင် ၁၈၁၁၉ အထိ ရောက်ရှိခဲ့ပြီး ယင်းနောက်ပိုင်း ဈေးနှုန်းများ ထိုးကျလာခြင်းလည်း ဖြစ်သည်။
((ယခုနှစ် မေလနောက်ပိုင်း ဈေးနှုန်းများစွာထိုးကျခဲ့သော တပတ်ရစ်ကားများ))
၁။ Range Rover Evoque hybrid
ပေါင် ၃၇၄၀၀ မှ ပေါင် ၂၆၀၂၉ သို့ ကျဆင်း။ (၃၀ ဒသမ ၄ ရာခိုင်နှုန်း)
၂။ Renault Captur ပေါင် ၁၅၅၆၆ မှ ပေါင် ၁၀၈၆၉ သို့ ကျဆင်း။ (၃၀ ဒသမ ၁ ရာခိုင်နှုန်း)
=၃။ Range Rover Sport hybridပေါင် ၄၈၉၀၀ မှ ပေါင် ၃၅၀၆၀ သို့ ကျဆင်း။ (၂၈ ဒသမ ၃ ရာခိုင်နှုန်း)
=၃။ Land Rover Discovery Sport hybrid ပေါင် ၃၈၅၃၃ မှ ပေါင် ၂၇၆၃၃ သို့ ကျဆင်း။ (၂၈ ဒသမ ၃ ရာခိုင်နှုန်း)
၅။ Skoda Karoq ပေါင် ၁၉၂၇၆ မှ ပေါင် ၁၃၈၆၃ သို့ ကျဆင်း။ (၂၈ ဒသမ ၁ ရာခိုင်နှုန်း)
၆=Vauxhall Grandland X ပေါင် ၁၆၀၉၂ မှ ပေါင် ၁၁၇၂၂ သို့ ကျဆင်း။ (၂၇ ဒသမ ၁ ရာခိုင်နှုန်း)
=၆။ Lexus UX EV ပေါင် ၂၃၉၆၃ မှ ပေါင် ၁၇၄၇၅ သို့ ကျဆင်း။ (၂၇ ဒသမ ၁ ရာခိုင်နှုန်း)
၈။ BMW 2 Series convertible ပေါင် ၁၉၀၀၆ မှ ပေါင် ၁၄၀၂၅ သို့ ကျဆင်း။ (၂၆ ဒသမ ၂ ရာခိုင်နှုန်း)
၉။ Vauxhall Grandland X hybrid ပေါင် ၁၈၈၃၅ မှ ပေါင် ၁၃၉၆၀ သို့ ကျဆင်း။ (၂၅ ဒသမ ၈ ရာခိုင်နှုန်း)
၁၀။ Range Rover Velar diesel ပေါင် ၃၅၇၀၁ မှ ပေါင် ၂၆၆၂၉ သို့ ကျဆင်း။ (၂၅ ဒသမ ၄ ရာခိုင်နှုန်း)
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: ON THE DECLINE
10 popular motors that have seen the biggest dip in second hand value… including Land Rover that drops by over £10,000 (thesun)