• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်တွေမှာ ဆီရှိလျှက် မရောင်းချဘဲ သိုလှောင်ထားခြင်းများကို စစ်ဆေးတွေ့ရှိပါက ထိရောက်စွာ အရေးယူမည်ဟုထုတ်ပြန်

ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်တွေမှာ ဆီရှိလျှက် မရောင်းချဘဲ သိုလှောင်ထားခြင်းများကို စစ်ဆေးတွေ့ရှိပါက ထိရောက်စွာ အရေးယူမည်ဟုထုတ်ပြန်

  • 133 views

 

ရန်ကုန်မြို့နဲ့ ပြည်နယ်တချို့မှာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးအဖွဲ့ကဦးဆောင်ပြီး စက်သုံးဆီဆိုင်တွေကို စစ်ဆေးမှုတွေပြုလုပ်သွားမှာဖြစ်တယ်လို့ ဒီဇင်ဘာလ(၉) ရက်နေ့က ထုတ်ပြန်ထားပါတယ်။ အဲဒီစက်သုံးဆီဆိုင်တွေမှာ ဆီရှိပါလျှက် မရောင်းချဘဲ သိုလှောင်ထားတာတွေကို တွေ့ရှိရင် ထိရောက်စွာအရေးယူသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စက်သုံးဆီအရောင်းဆိုင်တွေကို သက်ဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စားသုံးသူဦးစီးဌာန၊ မြို့နယ်ရေနံထွက်ကြီးကြပ်ရေးဦးစီးဌာန ၊ မြို့နယ်ရဲတပ်ဖွဲ့နဲ့ မြို့နယ်မီးသတ်တပ်ဖွဲ့တို့က စစ်ဆေးမှုတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်။

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေနဲ့ တစ်ရက်ကိုပျမ်းမျှ 92 ဂါလံ(၈သိန်း ၃သောင်း)ကျော်၊ 95 ဂါလံ (၂သိန်း၁သောင်း)ကျော်၊ ရိုးရိုး ဒီဇယ်ဂါလံ (၇ သိန်း ၅သောင်း)ကျော်နဲ့ ပရီမီယံဒီဇယ်ဂါလံ (၈ သိန်း ၉ သောင်း)ကျော် ဖြန့်ဖြူးထားတယ်လို့ဆိုပါတယ်။

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com