- ပင်မစာမျက်နှာ
- ကားသတင်းများ
- EV ဆိုင်ကယ်နှင့် သုံးဘီးယာဉ် အစီးရေ (၂၅၀၀)ကျော် ပြည်တွင်းမှာ မှတ်ပုံတင်ထား
EV ဆိုင်ကယ်နှင့် သုံးဘီးယာဉ် အစီးရေ (၂၅၀၀)ကျော် ပြည်တွင်းမှာ မှတ်ပုံတင်ထား
- 254 views
အခု ၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ နိုဝင်ဘာလကုန်အထိ ပြည်တွင်းကိုရောက်ရှိလာတဲ့ လျှပ်စစ်သုံး မော်တော်ဆိုင်ကယ်နဲ့ သုံးဘီးယာဉ် အစီးရေ (၂၅၈၈)စီး မှတ်ပုံတင်ထားတယ်လို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနကနေ သိရပါတယ်။ ပြည်တွင်းမှာ EV ဆိုင်ကယ်အစီးရေ (၂၃၆၂)စီးနဲ့ EV သုံးဘီးဆိုင်ကယ် အစီးရေ (၂၂၆)စီး မှတ်ပုံတင်ထားတယ်လို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ဒါ့အပြင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရဲ့စာရင်းအရ နိုဝင်ဘာလကုန်အထိ လျှပ်စစ်မော်တော်ယာဉ် အစီးရေ (၁၅၀၀)ကျော်မှတ်ပုံတင်ထားပြီး (၂)စီးကတော့ ကုန်တင်ယာဉ်(ဝန်ပေါ့) ဖြစ်ပါတယ်။
လတ်တလော ရန်ကုန်ကားဈေးကွက်မှာ EV ကားဈေးတွေ အရောင်းအဝယ်ဖြစ်နေပေမယ့် ငွေကျပ်သိန်း (၂၀၀) ဝန်းကျင်လောက် ဈေးကျသွားတယ်လို့ မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့်ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များ အသင်းကနေ သိရပါတယ်။
အရင်က ကျပ်သိန်း (၁၇၀၀)ကျော် ပေါက်ဈေးရှိခဲ့တဲ့ EV ကားတွေဟာ အခုလက်ရှိမှာ ကျပ်သိန်း (၁၅၀၀) ဝန်းကျင်အထိသာ ပေါက်ဈေးရှိတော့တယ်လို့ အဲဒီအသင်းကနေ သိရပါတယ်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com