ကုန်ရှားပါးလာမှုကြောင့် ၂၂ ဘီးတွဲယာဉ်များ အရောင်းအဝယ်ရပ်ဆိုင်းလုနီးပါးဖြစ်

ရန်ကုန်။ ဒီဇင်ဘာ ၎

ကုန်ရှားပါးမှုကြောင့် ၂၂ ဘီးတွဲယာဉ်များမှာ ရန်ကုန်မြို့တွင်းတွင်သာ အဝယ်ရှိ၍ နယ်အဝယ်များ လုံးဝမရှိသလောက်နီးပါးဖြစ်နေကြောင်း ကုန်တင်ထရပ်ကားများ ရောင်းချသည့် Tractor King ကုမ္ပဏီမှပြောပြသည်။ ရန်ကုန်မြို့တွင်းကွန်တိန်နာ သယ်ဆောင်ခြင်းလောက်သာ အသုံးပြုရန် ဝယ်ကြပြီး နယ်ဘက်မှ ၂၂ ဘီးတွဲယာဉ်များကို ဝယ်ယူမှု မရှိတော့ကြောင်း အဆိုပါကုမ္ပဏီ တာဝန်ရှိသူတစ်ဦးမှ ပြောကြားသည်။

2957236531_e9a4de6935

မိုးတွင်းကာလလွန်မြောက်ပြီးသည့်နောက်ပိုင်းမှစ၍ အရောင်းထိုင်းခြင်းမှာ ၃ လခန့်ရှိနေပြီဖြစ်ကာ လက်ကျန်ရှိနေသော အစီးရေ ကိုသာ ရောင်းချခြင်းမျိုးရှိကြောင်းသိရှိရသည်။ ၂၂ ဘီးနှင့် ၆ ဘီး ယာဉ်များ နယ်ဘက်မှ အဝယ်လိုက်ပြီး ၁ တန်ခွဲ၊ ၂ တန်၊ ၃ တန်ရှိ ၁၀ပေခွဲ ၆ ဘီးယာဉ် LightTruckများမှာ ရန်ကုန်မြို့တွင်းမှ ဝယ်ယူမှုများကြောင်း သိရသည်။

အဆိုပါ ၆ ဘီး Light truck ကားတွင် ISUZU ကားတွင် ဈေးအနည်းဆုံးဆိုပါက သိန်း၁၃၀ နှင့် ၁၃၅ ကြားတွင်ရှိပြီး ကိုရီးယားကားဈေးနီးပါး ထပ်တူကျသဖြင့် လူအများမှ ဂျပန်ကားကိုရွေးသဖြင့် အရောင်းသွက်ကြောင်း သိရှိရသည်။

Auto World Journal မှကူးယူဖော်ပြသည်။

Latest News

ယနေ့ (၂၃.၃.၂၀၁၇) အတွက်...

Weeklyupdate23317 150x150

စလစ်ဈေး- ၁၁၃ သိန်းဒေါ်လာဈေး - (၁ ဒေါ်လာလျှင် ၁၃၆၂ ကျပ်) ဂျပန်ယန်းဈေး - (၁၀၀ ယန်း လျှင် ၁၂၂၁.၇ ကျပ်) ကညန နောက်ဆုံးရောက်ရှိနံပါတ်...

Read more »

သင်္ကြန်​ကာလအ​ဝေး​ပြေးယာဉ်​လိုင်းများယာဉ်​စီးခတိ...

Thingyan 150x150

 မဟာသင်္ကြန်​ကာလအတွင်း ​နေရပ်​ပြန်​မည့်​ ခရီးသွားပြည်​သူများအဆင်​​ပြေစွာ သွားလာနိုင်​ရန်​နှင့်​ယခင်​နှစ်​များထက်​ ခရီးသွားလာရာတွင်...

Read more »

Delivery Van ကားများနှင့်​ နိဗ္ဗာန်​ယာဉ်​ကားများ...

Delivery van 150x150

Delivery Van ကားများနှင့်​ နိဗ္ဗာန်​ယာဉ်​ကားများ မှတ်​ပုံတင်​ထုတ်​​ပေးရာတွင်​ လူစီးယာဉ်​အဖြစ်​အသုံးပြုခွင့်​မရှိ​ကြောင်း...

Read more »

ဧပြီ ၁...

Toll fees 150x150

ရန်​ကုန်​မြို့သန်​လျှင်​မြို့နယ်​ရှိ ခရမ်း၊​ကျောက်​တန်း၊သုံးခွ မြို့နယ်​များသို့ ဆက်​သွယ်​တန်းထား​သော သန်​လျှင်​တံတားအမှတ်​( ၁)လာမည့်​...

Read more »

Free permit ဖြင့်​ ယာဉ်​နံပတ်​အမြင့်​...

Free permit 150x150

 Free permit ဖြင့်​ ယာဉ်​နံပတ်​အမြင့်​ ဝယ်​ယူလိုပါက ​ပိုင်​ရှင်​ကိုယ်​တိုင်​လာ​ရောက်​ဝယ်​ယူမှ ​ရောင်းချ​ပေးမှာဖြစ်​တယ်​လို့...

Read more »
Download Android App