၂၀၁၈ တွင် ၂၅ ​ပေ နှင့်အထက် ​အထပ်မြင့်အဆောက်အအုံများတွင် ကားပါကင်ထားရန် နေရာရှိမှ ဆောက်လုပ်ခွင့် ပါမစ်ချပေးမည်


Zawgyi Version

၂၀၁၈ခုနှစ်တွင် ရန်ကုန်မြို့ စည်​ပင်​သာယာနယ်​နမိတ်​အတွင်း တည်​​ဆောက်​ရန်​ တင်​ပြထား​သော အထပ်မြင့် အဆောက်အအုံများကို ​ဆောက်​လုပ်​ရာတွင် အကျယ်​အဝန်း မျက်နှာစာ ၂၅ ပေ နှင့်​အထက်​ရှိပါက ​ ကားရပ်နားရန် ​​နေရာပါရှိမှသာ ဆောက်လုပ်ခွင့်ပါမစ်ချပေးသွားမည်ကြောင်း ​​ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင် နီယာဌာနက သိရပါသည်။


ယခုလက်ရှိ ရန်ကုန်မြို့တွင် တည်ဆောက်ထားသည့် အထပ်မြင့်အဆောက်အအုံအချို့မှာ မျက်နှာစာ ၂၅ ​ပေ ကျော် မြေအကျယ်အ၀န်းရှိသော်လည်း ယာဉ်ရပ်နားရန် သီးသန့် ကားပါကင်နေရာမရှိသည့်အတွက် ယာဉ်ကြောပိတ် ဆို့မှုများ ဖြစ်ပေါ်လျက်ရှိသောကြောင့် ယခုကဲ့သို့ ကားပါကင်သီးသန့်နေရာထားရှိရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီထံက သိရသည်။



P-01


Unicode Version

၂၀၁၈ခုနှစ်တွင် ရန်ကုန်မြို့ စည်ပင်သာယာနယ်နမိတ်အတွင်း တည်ဆောက်ရန် တင်ပြထားသော အထပ်မြင့် အဆောက်အအုံများကိုု ဆောက်လုပ်ရာတွင် အကျယ်အဝန်း မျက်နှာစာ ၂၅ ပေ နှင့်အထက်ရှိပါက ကားရပ်နားရန် နေရာပါရှိမှသာ ဆောက်လုပ်ခွင့်ပါမစ်ချပေးသွားမည်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင် နီယာဌာနက သိရပါသည်။

"၂၀၁၈ ကစပြီး အထပ်မြင့် အဆောက်အဦး ဆောက်တော့မယ်ဆိုရင် ကားရပ်နားဖို့ ကားပါကင် နေရာရှိမှ ခွင့်ပြုမှာပါ။ အထပ်မြင့်အဆောက်အဦးရဲ့ ဆောက်မယ့် မြေအကျယ်အဝန်းက မျက်နှာစာ ၂၅ပေ ရှိပြီး ကားရပ်ဖို့ ကားပါကင် ပါ ပူးတွဲတင်ပြရမယ်။ ကားပါကင်နေရာ မရှိရင်တော့ ဆောက်လုပ်ခွင့်ပါမစ် ခွင့်မပြုပါဘူး။" လို့ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီအင်ဂျင်နီယာဌာနက တာဝန် ရှိ သူတစ်ဦးက ပြောကြားသည်။

ယခုလက်ရှိ ရန်ကုန်မြို့တွင် တည်ဆောက်ထားသည့် အထပ်မြင့်အဆောက်အအုံအချို့မှာ မျက်နှာစာ ၂၅ ပေ ကျော် မြေအကျယ်အဝန်းရှိသော်လည်း ယာဉ်ရပ်နားရန် သီးသန့် ကားပါကင်နေရာမရှှိသည့်အတွက် ယာဉ်ကြောပိတ် ဆို့မှုများ ဖြစ်ပေါ်လျက်ရှိသောကြောင့် ယခုကဲ့သို့ ကားပါကင်သီးသန့်နေရာထားရှိရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီထံက သိရသည်။

ရန်ကုန်မြို့တွင် အထပ်မြင့် အဆောက်အဦးများ၊ ဈေးဝယ်စင်တာများနှင့် ကွန်ဒိုတိုက်ခန်းများကို ဆောက်လုပ်ရာတွင် ကားရပ်နားရန် ကားပါကင်များမရှိဘဲ ဆောက်လုပ်မှုများရှိနေပြီး ကားများကို လမ်းမများတွင် ရပ်နားထားမှုများရှိနေ၍ လူသွားလမ်းများ ပျောက်ကွယ်လာနေကြောင်း သိရသည်။

ယခင်က အထပ်မြင့် အဆောက်အဦးများ ဆောက်လုပ်မှုကို စည်ပင်သာယာက အဆောက်အဦးမျက်နှာစာ ပေ ၅၀ ရှိမှ ကားပါကင်နေရာရှိရန် သတ်မှတ်ထားရာ ၂၀၁၈ တွင် အဆောက်အဦး ဆောက်လုပ်ခွင့်ပါမစ်များကို ပြန်လည်ကန့် သတ်လိုက်ခြင်းဖြစ်ကြောင်းသိရသည်။

Latest News

ယာဉ်​​ရောင်းဝယ်​​ရေးစခန်းများတွင်...

Cardb latest news 3 150x150

Zawgyi Version ရန်​ကုန်​တိုင်းအတွင်း လုပ်​ကိုင်​​နေ​သော ယာဉ်​​ရောင်းဝယ်​​ရေးစခန်းများ၊ ယာဉ်​အပိုပစ္စည်း ​ရောင်းဝယ်​​ရေးစခန်းများ၊...

Read more »

သက်​တမ်း နှစ်​ ၂၀ ပြည့်​ပြီးကားများ...

News 150x150

Zawgyi Versionရန်​ကုန်​တိုင်း​ဒေသကြီးအတွင်းတွင်​ရှိ​နေ​သော ​သက်​တမ်းနှစ်​ ၂၀ ပြည့်​ပြီးသား ၁၉၉၈ မိုဒယ်​​အောက်​ကားများ ယာဉ်​​ဟောင်း...

Read more »

ခန့်ညားကြံ့ခိုင်တဲ့ Ford Ranger Wildtrak

Zawgyi VersionFord Ranger မော်ဒယ်ကားအမျိုးအစားများတွင် အခန်းတစ်ခန်းတည်းကား၊ တစ်ခန်းခွဲကားနှင့် နှစ်ခန်းပါကားဟူ၍ အမျိုးအစားသုံး မျိုးရှိရာ Ford...

Read more »

စက်သုံးဆီအရည်အသွေး 500ppm အစား ဒီဇယ် 10ppm...

27901187 2248028151916602 53515596 o 1 150x150

Zawgyi Version ပြည်​တွင်းတွင် သုံးစွဲ​နေ​သော စက်သုံးဆီအရည်းအသွေးကို နိုင်ငံတကာအဆင့်နှင့်အညီ 500ppm အစား ဒီဇယ် 10ppm...

Read more »

Original delivery van သတ်​မှတ်​ချက်​ ၄ ချက်​...

27536843 2238616232857794 493741989 o

Zawgyi Version ပြည်​ပမှတင်​သွင်း​သော original delivery van အဖြစ် သတ်မှတ်သော အချက်​ ၄ ချက်​ဖြင့် ကိုက်​ညီသည့် ကားများကို ထုတ်​ခွင့်​​ပေး၊...

Read more »