ပဲရစ် မော်တာ ရှိုးပွဲမှာ အတည်ပြု ပြသမယ့် Ferrari ရဲ့ LaFerrari Spider 2017


ferreri


ferreri1




ဈေးနှုန်းကိုတော့ ထုတ်ဖော်ပြောပြထားခြင်းမရှိပေမယ့် ကြိုတင်ရောင်းချခံထားရတဲ့ သူတွေဆီက သတင်းစကားအရ LaFerrari Spider အသစ်တစ်စီးကို အခွန် မပါပဲ ယူရို ၃.၅ သန်း ရှိတယ်လို့ ဆိုပါတယ်။




Unicode Version

ferreri

ပြီးခဲ့တဲ့ ဇူလိုင် ၅ရက်နေ့က Laferrari Spider 2017 ရဲ့ ပုံသုံးပုံ ထွက်ရှိလို့လာပါတယ်။ ကားအရှေ့ပိုင်း တစ်ဖက်တစ်ချက်မှ ရိုက်ကူးထားတဲ့ ပုံ နှစ်ပုံ နဲ့ အပေါ်စိးက ရိုက်ထားတဲ့ ပုံတစ်ပုံပါ။အရှေ့က ထွက်ရှိခဲ့တဲ့ LaFerrari နဲ့ Spider တွေရဲ့ အကြီးဆုံး ကွာခြားချက်ကတော့ ခေါင်မိုးပိုင်းပါပဲ။ Ferrari တွေရဲ့ လောလောလတ်လတ် ထွက်ရှိထားခဲ့တဲ့ မော်ဒယ်တွေရဲ့ ခေါင်မိုးအရှင်တွေဟာ သတ္တု နဲ့ အမာသားတွေကို အသုံးပြုထားတာဖြစ်ပြီး LaFerrari Spider ရဲ့ ခေါင်မိုးကတော့ ဖွင့်ပိတ်လို့ရတဲ့ ကာဗွန် ဖိုက်ဘာ အမာ နဲ့ အပျော့သားဆိုပြီး နှစ်မျိုး ရွေးချယ်နိုင်ပါတယ်။

ferreri1

LaFerrari ကားတွေဟာ Hybrid System ဖြစ်တာကြောင့် ၆.၃ လီတာ V12 အင်ဂျင် ကို ဘက်ထရီ ပါဝင်တဲ့ 950bhp လျှပ်စစ် မော်တာ တို့ပေါင်းစပ်ပါဝင်ပြီး ခုထွက်ရှိတဲ့ Spider ကိုလည်း ယခင်ကအတိုင်း မပြောင်းလည်းပဲထုတ်လုပ်ထားပါတယ်။

laferrari_serie_limitata_4

Ferrari ရဲ့ CEO Sergio Marchionne အတည်ပြုတာကတော့ ယခုနှစ်အစောပိုင်းမှာပဲ ထွက်ရှိလာမယ့် Spider ကို ဝယ်နိုင်ခြေရှိတဲ့ Customer တွေကို ပြထားပြီးဖြစ်ပြီး အချို့တွေကတော့ ဝယ်ယူဖို့လည်း အတည်ပြုလိုက်ပြီလို့သိရပါတယ်။

စျေးနှုန်းကိုတော့ ထုတ်ဖော်ပြောပြထားခြင်းမရှိပေမယ့် ကြိုတင်ရောင်းချခံထားရတဲ့ သူတွေဆီက သတင်းစကားအရ LaFerrari Spider အသစ်တစ်စီးကို အခွန် မပါပဲ ယူရို ၃.၅ သန်း ရှိတယ်လို့ ဆိုပါတယ်။

Reference from Autocar

Latest News

အဲကွန်းမဖွင့်​​သော YBS ကားများ ​ယာဉ်​စီးခ...

Latest news1 12 150x150

Zawgyi Version ရန်​ကုန်​တိုင်း​အတွင်း ပြေးဆွဲလျှက်​ရှိ​နေသော ခရီးသည်​တင်​ YBS ကားများအနက် အဲယားကွန်းမဖွင့်​​ပဲ​ မောင်းေ​သာ ကားများနှင့်...

Read more »

ပိတ်​သိမ်းထား​ပြီး စာရင်းမရှင်း​နိုင်​သည့်...

Latest news1 12 150x150

Zawgyi Version ပိတ်​သိမ်းထား​ပြီး စာရင်းမရှင်း​နိုင်​သည့်​ ကားအ​ရောင်းစင်​တာ ၁၉ ခု ​ကို ထိ​ရောက်စွာ ​အ​ရေးယူသွားမည်ဖြစ်ကြောင်း...

Read more »

အ​ကောက်​ခွန်​ ဒဏ်​​ကြေးများ နိုင်​ငံဘဏ္ဍသို့...

23825675 2163404850378933 415467733 o 150x150

Zawgyi Version ပြည်​ပနိုင်ငံ​မှ တင်​သွင်းလာသည့်​ ​မော်​​တော်​ယာဉ်​များအား ​ကောက်​ခံ​ရရှိ​နေသည့် အ​ကောက်​ခွန်​ဒဏ်​​ကြေးများကို...

Read more »

စည်းကမ်းပျက်​ ​ ယာဉ်​များကို online complaint...

Latest news1 12 150x150

Zawgyi Version စည်းကမ်းမဲ့ ​မောင်းနှင်​​သော ယာဉ်​များ online complaint စင်​တာထံ တိုင်​ကြားမှု ၁သောင်း ၈ထောင် ​ကျော်​အထိ...

Read more »

Uber က ဈေးနှုန်းပိုသက်သာသည့် စနစ်သစ်ကို...

Picture1 150x150

Zawgyi Version Uber ကုမ္ပဏီသည် ဈေးပိုသက်သာပြီး ကားမခေါ်ခင် ဈေးနှုန်းအတိအကျကြိုသိနိုင်သည့် စနစ်သစ်ကို ရန်ကုန်မြို့တွင် နိုဝင်ဘာလ...

Read more »