(၂၀၁၄) လက်ကျန်ပါမစ်များအတွက်နှင့် က.ည.န အခွန်အပြည့်ကောက်ခံချိန် နီးလာ၍ ကားတင်သွင်းမှု များပြားကာ လေလံတွင် ဈေးမြောက်
(၂၀၁၄) ခုနှစ်အတွင်း လျှောက်ထားသော ကားပါမစ်များအတွက် ကားပါကင်ထောက်ခံချက် မလိုဘဲ (၂၀၁၅) ခုနှစ်အတွင်း Free Permit ဖြင့်တင်သွင်းမှုအတွက် ကားပါကင်ထောက်ခံချက်လိုအပ်ပြီး အဆိုပါ ပါမစ်တစ်စောင်လျှင် ကျပ် (၈) သိန်းနှင့် (၉) သိန်းကြား ပေါက်ဈေးရှိနေကြောင်း သိရသည်.။
ရွှေစံ
No.1 Car Site in Myanmar
www.myanmarcarsdb.com
Unicode Version
(၂ဝ၁၄) ခုနှစ်အတွင်း လျှောက်ထားခဲ့သော လက်ကျန်ပါမစ်များ သက်တမ်းမကုန်ဆုံးခင် တင်သွင်းရန်အတွက် လေလံတွင် ဝယ်လိုအားများကာ စျေးတက်လာကြောင်း သိရသည်.။ ပါမစ်သက်တမ်း (၃) လပြည့်ပြီးပါက သက်တမ်းထပ်မံတိုးပေးခြင်း ပြုလုပ်ပေးမည်မဟုတ်တော့သဖြင့် သက်တမ်းမကုန်ခင် ကားများအပြိုင်အဆိုင်တင်သွင်းလာခြင်းဖြစ်ကြောင်း ကားလေလံကုမ္ပဏီတစ်ခု၏ ဒါရိုက်တာတစ်ဦးက ပြောသည်.။
ထို့အပြင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (က.ည.န) မှ မတ်လ (၃၁)ရက်နေ့ နောက်ပိုင်းမှ အခွန်နှုန်းထားများကို အပြည့်ကောက်ခံတော့မည်ဖြစ်ရာ အခွန်လျှော့ပေါ့သည့်အတွင်း ပါဝင်ရန် တင်သွင်းလာကြကြောင်း သိရသည်.။ ဝယ်လိုအားများသည့်အတွက် လေလံတွင် စျေးနှုန်းများမြင့်ပြီး ပြည်တွင်းစီးနင်းမှုများသော ကားအမျိုးအစားများသာ တင်သွင်းမှုများကြောင်း သိရသည်.။
MyanmarCarsDB မှ ကားများကိုကြည့်ရန်
(1300 CC) အင်ဂျင်ပါဝါရှိ Probox မှာ ဝယ်လိုအားပြန်တက်လာပြီး AD Van မှာ ဝယ်လိုအား အနည်းငယ်လျော့နည်းသွားကြောင်း သိရသည်.။ စလစ်ကပ်ရန်အတွက် Kluger နှင့် Surf ကားအမျိုးအစားများ ဝယ်လိုအားများကာ Hiject ကဲ့သို့ လုပ်ငန်းသုံး Truck ကားများမှာလည်း ဝယ်လိုအားကောင်းကြောင်း သိရသည်.။
Probox ဘာဖြစ်မှန်းမသိဘူး။ အဝယ်ပြန်လိုက်နေတယ်။ ဇန်နဝါရီ နောက်ဆုံးပတ်ထဲမှာ ကားသွင်းတာအပြိုင်အဆိုင်ပဲ.။ အခွန်လျှော့တဲ့အကျိုး ခံစားခွင့်ပါအောင် သွင်းကြတာ။ လေလံမှာ စျေးတွေမြောက်နေတယ်.။ ဒါပေမယ့် ဒီမှာ စျေးမခေါ်ရဲဘူး.။ ဖေဖော်ဝါရီ (၁) ရက်မှာစမယ့် နံပါတ်မယူရင် တစ်ရက်ဒဏ်ငွေ (၃ဝဝဝ) ထဲပါမှာစိုးလို့ လက်ကျန်ကားတွေ မြန်မြန်ရှင်းနေရတယ် လို့ အဆိုပါပုဂ္ဂိုလ်က ပြောသည်.။
(၂ဝ၁၄) ခုနှစ်အတွင်း လျှောက်ထားသော ကားပါမစ်များအတွက် ကားပါကင်ထောက်ခံချက် မလိုဘဲ (၂ဝ၁၅) ခုနှစ်အတွင်း Free Permit ဖြင့်တင်သွင်းမှုအတွက် ကားပါကင်ထောက်ခံချက်လိုအပ်ပြီး အဆိုပါ ပါမစ်တစ်စောင်လျှင် ကျပ် (၈) သိန်းနှင့် (၉) သိန်းကြား ပေါက်စျေးရှိနေကြောင်း သိရသည်.။
ရွှေစံ
ဖေဖော်ဝါရီ (၆) - (၁၂) ၊ ၂ဝ၁၅ ရက်နေ့ထုတ် Auto World ဂျာနယ်မှ ကူးယူဖော်ပြသည်.။
No.1 Car Site in Myanmar
www.myanmarcarsdb.com
Latest News
(ခ) လိုင်စင်နှင့် (င) လိုင်စင်ကိုင်ဆောင်သူများ...
Latest news1 13 150x150
Zawgyi Version မြန်​မာတစ်​ပြည်​လုံးတွင်​​ မောင်းနှင်​ခွင့်​ရှိ​သော (ခ) လိုင်စင်နှင့် (င) လိုင်စင် ကိုင်ဆောင်ထားသည့် ယာဉ်မောင်းများ အနေဖြင့်...
Read more »
အဲကွန်းမဖွင့်​​သော YBS ကားများ ​ယာဉ်​စီးခ...
Latest news1 12 150x150
Zawgyi Version ရန်​ကုန်​တိုင်း​အတွင်း ပြေးဆွဲလျှက်​ရှိ​နေသော ခရီးသည်​တင်​ YBS ကားများအနက် အဲယားကွန်းမဖွင့်​​ပဲ​ မောင်းေ​သာ ကားများနှင့်...
Read more »
ပိတ်​သိမ်းထား​ပြီး စာရင်းမရှင်း​နိုင်​သည့်...
Latest news1 12 150x150
Zawgyi Version ပိတ်​သိမ်းထား​ပြီး စာရင်းမရှင်း​နိုင်​သည့်​ ကားအ​ရောင်းစင်​တာ ၁၉ ခု ​ကို ထိ​ရောက်စွာ ​အ​ရေးယူသွားမည်ဖြစ်ကြောင်း...
Read more »
အ​ကောက်​ခွန်​ ဒဏ်​​ကြေးများ နိုင်​ငံဘဏ္ဍသို့...
23825675 2163404850378933 415467733 o 150x150
Zawgyi Version ပြည်​ပနိုင်ငံ​မှ တင်​သွင်းလာသည့်​ ​မော်​​တော်​ယာဉ်​များအား ​ကောက်​ခံ​ရရှိ​နေသည့် အ​ကောက်​ခွန်​ဒဏ်​​ကြေးများကို...
Read more »
စည်းကမ်းပျက်​ ​ ယာဉ်​များကို online complaint...
Latest news1 12 150x150
Zawgyi Version စည်းကမ်းမဲ့ ​မောင်းနှင်​​သော ယာဉ်​များ online complaint စင်​တာထံ တိုင်​ကြားမှု ၁သောင်း ၈ထောင် ​ကျော်​အထိ...
Read more »