2013 Honda N-One Mini Car ထြက္ရွိ - ဒီဇိုင္းဆန္းသစ္ၿပီး ႏွစ္လိုဖြယ္ေကာင္း


ယခုတစ္ေလာ နာမည္ၾကီးကားကုမၸဏီၾကီးမ်ား မီနီကားငယ္ေလးေတြ အျပိဳင္အဆိုင္ထုတ္လာၾကတာကိုေတြ႕ရပါသည္။ Chevy Spark, Scion IQ, Mini Cooper, FIAT 500 စသည္ျဖင့္ေစ်းကြက္မွာ အျပိဳင္အဆိုင္ျဖစ္ေနတာကို စာဖတ္သူတို႕သတိထားမိၾကမည္ထင္ပါသည္ ။ မီနီကားငယ္ေလးေတြကို ဂ်ပန္ေစ်းကြက္မွာသာ ယခင္ကအေတြ႕မ်ားခဲ့ပါသည္။ Kei Car ဟု ဂ်ပန္လိုေခၚၾကၿပီး ဂ်ပန္ျပည္သြင္းသံုးရန္သာထုတ္လုပ္ၾကျခင္းျဖစ္ပါသည္။ Export လုပ္ေလ့မရွိၾကပါ။ ထို႕အတြက္ေၾကာင့္လည္း အေမရိကန္ကုမၸဏီမ်ားက အထက္ပါ မီနီကားမ်ားကို စတင္ထုတ္လုပ္လာၾကျခင္းျဖစ္ႏိုင္သည္။ ၎တိုင္းျပည္မ်ားတြင္ ယာဥ္ရပ္နားရန္ခက္ခဲျခင္း၊ ယာဥ္ေၾကာပိတ္ဆို႕ျခင္း၊ ဓါတ္ဆီ ေစ်းၾကီးျခင္းတို႕ေၾကာင့္ မီနီကားမ်ားေပၚျပဴလာျဖစ္လာပါသည္။


honda02


honda01


ထို႕အတြက္ေၾကာင့္ ယမန္ေန႕တြင္ Honda ကုမၸဏီမွလည္း ယင္း၏ ေပၚျပဴလာ N-One 2013 ထြက္ရွိေတာ့မည္ဟု အေသးစိတ္ေၾကျငာလိုက္သည္။ ၁၉၆၇ ခုႏွစ္တြင္စထုတ္ခဲ့ေသာ ထိုကားငယ္ေလးမ်ားသည္ ဂ်ပန္ျပည္တြင္းေစ်းကြက္တြင္ အလြန္အသံုး၀င္ေသာ လူၾကိဳက္မ်ားေသာကားေလးမ်ားျဖစ္ခဲ့သည္။ ယခု Honda N-One 2013 တြင္လည္း ဒီဇုိင္း၊ ကိရိယာစံုလင္ ဆန္းသစ္စြာျဖင့္ တစ္ဖန္ျပန္ထုတ္လုပ္ထားသျဖင့္ လူငယ္ဆန္၊ ခ်စ္ခင္ႏွစ္သက္ဖြယ္ေကာင္းေသာ ကားတစ္စီးျဖစ္သည္ကို ျမင္ေတြ႕ရေပမည္။ 660 cc (.66 liter) ကားငယ္ေလးျဖစ္ၿပီး 2WD သို႕ 4WD (all wheel drive) ဆိုၿပီး ေရြးခ်ယ္၀ယ္ယူႏိုင္ပါသည္။ Power အားျဖင့္ ပံုမွန္ ျမင္းေကာင္ေရ 58 HP ရွိၿပီး Turbo Charge လုပ္လွ်င္ 64 HP အထိ အသံုးျပဳႏိုင္သည္။ ျမန္ႏႈန္း ကီလို 100-120 အထိ ေမာင္းႏွင္ႏိုင္မည္ဟု ၾကားသိရသည္။ ျမိဳ႕တြင္းနဲ႕ ဟိုင္းေ၀းအနည္းအက်ဥ္းေလာက္ေတာ့ရႏိုင္မည္ထင္သည္။ Auto Gear နည္းပညာတစ္ခုျဖစ္သည့္ ဆီစားသက္သာေသာ CVT (continuously variable transmission) ကို အသံုးျပဳထားသည့္အတြက္ Manual သမားမ်ားေတာ့ စိတ္ပ်က္ေပလိမ့္မည္။ သို႕ေသာ္ Honda N-One ကားသည္ 133.3 inches သာ ရွည္လ်ားၿပီး ၁တန္ ျပည့္ဖို႕ အမ်ားၾကီးလိုေသာေၾကာင့္အင္မတန္ ေသးငယ္ေပါ့ပါးသည္ဟုဆိုႏိုင္သည္။ အနီးစပ္ဆံုး FIAT 500 ထက္အဆမ်ားစြာေသးငယ္ေနေသးသည္ဟုလည္း သိရွိရသည္။ ကားအရြယ္အစားကိုေလွ်ာ့ခ်ရန္ Honda သည္ ဤကားငယ္တြင္ ဆီတိုင္ကီကို မူလ အေနာက္ဘက္ ခရီးသည္ထိုင္ခံုအနားမွ ဒရိုင္ဘာထိုင္ခံုေအာက္သို႕ေရႊ႕ေျပာင္း ထားရွိလိုက္သည္။ အသစ္ ေရာင္းေစ်း US$ 14,000 ခန္႕ရွိမည္ျဖစ္ၿပီး ဂ်ပန္ႏိုင္ငံတြင္သာေရာင္းခ်မည္ျဖစ္သည့္အတြက္ မိတ္ေဆြတို႕ လုိခ်င္လွ်င္ Second Hand သာရႏိုင္ပါသည္။

honda04


honda03


စာေရးသူအေနျဖင့္ Honda N-One ကို Chevy Spark 2013 ျဖင့္ႏိႈင္းယွဥ္ၾကည့္မိရာ ေအာက္ပါ အခ်က္မ်ားတြင္ မယွဥ္ႏိုင္သည္ကိုေတြ႕ရွိရသည္။
၁. Honda N-One ၏အျမင့္ဆံုးပါ၀ါသည္ 64 HP သာရွိၿပီး Chevy Spark က 84 HP အထိ အသံုးျပဳႏိုင္ျခင္း

၂. Chevy Spark တြင္ Manual 5-Step Gear အသံုးျပဳႏိုင္ျခင္း

၃. ႏိုင္ငံတကာတြင္ ၀ယ္ယူႏိုင္ျခင္း

honda05


သို႕ေသာ္ျငားလည္း အင္မတန္ ဆန္းသစ္ႏွစ္လိုဖြယ္ေကာင္းသည့္ ဒီဇိုင္း၊ အတြင္းခန္းက်ယ္၀န္းမႈ စသည့္အခ်က္မ်ားေၾကာင့္ Honda N-One ကိုလည္း ကမာၻတစ္၀ွမ္းလူၾကိဳက္မ်ားၾကမည္မွာမလြဲေပ။ ကြ်န္ေတာ္တို႕ ျမန္မာႏိုင္ငံတြင္လည္း မၾကာမီကာလမ်ားမွာ တင္သြင္းလာသည္ကို ေတြ႕ရမွာ ေသခ်ာပါသည္။ မိတ္ေဆြတို႕ေကာ ဤ ကားငယ္ေလးမ်ားကို ႏွစ္သက္ၾကပါသလား။ သုိ႕မဟုတ္ အျခားဘယ္ မီနီကားကို အၾကိဳက္ဆံုးလဲ ခင္ဗ်ာ။

MyanmarCarsDB Editor

2013_honda_n-one_1




Unicode Version

ယခုတစ်လော နာမည်ကြီးကားကုမ္ပဏီကြီးများ မီနီကားငယ်လေးတွေ အပြိုင်အဆိုင်ထုတ်လာကြတာကိုတွေ့ရပါသည်။ Chevy Spark, Scion IQ, Mini Cooper, FIAT 500 စသည်ဖြင့်စျေးကွက်မှာ အပြိုင်အဆိုင်ဖြစ်နေတာကို စာဖတ်သူတို့သတိထားမိကြမည်ထင်ပါသည် ။ မီနီကားငယ်လေးတွေကို ဂျပန်စျေးကွက်မှာသာ ယခင်ကအတွေ့များခဲ့ပါသည်။ Kei Car ဟု ဂျပန်လိုခေါ်ကြပြီး ဂျပန်ပြည်သွင်းသုံးရန်သာထုတ်လုပ်ကြခြင်းဖြစ်ပါသည်။ Export လုပ်လေ့မရှိကြပါ။ ထို့အတွက်ကြောင့်လည်း အမေရိကန်ကုမ္ပဏီများက အထက်ပါ မီနီကားများကို စတင်ထုတ်လုပ်လာကြခြင်းဖြစ်နိုင်သည်။ ၎င်းတိုင်းပြည်များတွင် ယာဉ်ရပ်နားရန်ခက်ခဲခြင်း၊ ယာဉ်ကြောပိတ်ဆို့ခြင်း၊ ဓါတ်ဆီ စျေးကြီးခြင်းတို့ကြောင့် မီနီကားများပေါ်ပြူလာဖြစ်လာပါသည်။


honda02


honda01


ထို့အတွက်ကြောင့် ယမန်နေ့တွင် Honda ကုမ္ပဏီမှလည်း ယင်း၏ ပေါ်ပြူလာ N-One 2013 ထွက်ရှိတော့မည်ဟု အသေးစိတ်ကြေငြာလိုက်သည်။ ၁၉၆၇ ခုနှစ်တွင်စထုတ်ခဲ့သော ထိုကားငယ်လေးများသည် ဂျပန်ပြည်တွင်းစျေးကွက်တွင် အလွန်အသုံးဝင်သော လူကြိုက်များသောကားလေးများဖြစ်ခဲ့သည်။ ယခု Honda N-One 2013 တွင်လည်း ဒီဇိုင်း၊ ကိရိယာစုံလင် ဆန်းသစ်စွာဖြင့် တစ်ဖန်ပြန်ထုတ်လုပ်ထားသဖြင့် လူငယ်ဆန်၊ ချစ်ခင်နှစ်သက်ဖွယ်ကောင်းသော ကားတစ်စီးဖြစ်သည်ကို မြင်တွေ့ရပေမည်။ 660 cc (.66 liter) ကားငယ်လေးဖြစ်ပြီး 2WD သို့ 4WD (all wheel drive) ဆိုပြီး ရွေးချယ်ဝယ်ယူနိုင်ပါသည်။ Power အားဖြင့် ပုံမှန် မြင်းကောင်ရေ 58 HP ရှိပြီး Turbo Charge လုပ်လျှင် 64 HP အထိ အသုံးပြုနိုင်သည်။ မြန်နှုန်း ကီလို 100-120 အထိ မောင်းနှင်နိုင်မည်ဟု ကြားသိရသည်။ မြို့တွင်းနဲ့ ဟိုင်းဝေးအနည်းအကျဉ်းလောက်တော့ရနိုင်မည်ထင်သည်။ Auto Gear နည်းပညာတစ်ခုဖြစ်သည့် ဆီစားသက်သာသော CVT (continuously variable transmission) ကို အသုံးပြုထားသည့်အတွက် Manual သမားများတော့ စိတ်ပျက်ပေလိမ့်မည်။ သို့သော် Honda N-One ကားသည် 133.3 inches သာ ရှည်လျားပြီး ၁တန် ပြည့်ဖို့ အများကြီးလိုသောကြောင့်အင်မတန် သေးငယ်ပေါ့ပါးသည်ဟုဆိုနိုင်သည်။ အနီးစပ်ဆုံး FIAT 500 ထက်အဆများစွာသေးငယ်နေသေးသည်ဟုလည်း သိရှိရသည်။ ကားအရွယ်အစားကိုလျှော့ချရန် Honda သည် ဤကားငယ်တွင် ဆီတိုင်ကီကို မူလ အနောက်ဘက် ခရီးသည်ထိုင်ခုံအနားမှ ဒရိုင်ဘာထိုင်ခုံအောက်သို့ရွှေ့ပြောင်း ထားရှိလိုက်သည်။ အသစ် ရောင်းစျေး US$ 14,000 ခန့်ရှိမည်ဖြစ်ပြီး ဂျပန်နိုင်ငံတွင်သာရောင်းချမည်ဖြစ်သည့်အတွက် မိတ်ဆွေတို့ လိုချင်လျှင် Second Hand သာရနိုင်ပါသည်။

honda04


honda03


စာရေးသူအနေဖြင့် Honda N-One ကို Chevy Spark 2013 ဖြင့်နှိုင်းယှဉ်ကြည့်မိရာ အောက်ပါ အချက်များတွင် မယှဉ်နိုင်သည်ကိုတွေ့ရှိရသည်။
၁. Honda N-One ၏အမြင့်ဆုံးပါဝါသည် 64 HP သာရှိပြီး Chevy Spark က 84 HP အထိ အသုံးပြုနိုင်ခြင်း

၂. Chevy Spark တွင် Manual 5-Step Gear အသုံးပြုနိုင်ခြင်း

၃. နိုင်ငံတကာတွင် ဝယ်ယူနိုင်ခြင်း

honda05


သို့သော်ငြားလည်း အင်မတန် ဆန်းသစ်နှစ်လိုဖွယ်ကောင်းသည့် ဒီဇိုင်း၊ အတွင်းခန်းကျယ်ဝန်းမှု စသည့်အချက်များကြောင့် Honda N-One ကိုလည်း ကမ္ဘာတစ်ဝှမ်းလူကြိုက်များကြမည်မှာမလွဲပေ။ ကျွန်တော်တို့ မြန်မာနိုင်ငံတွင်လည်း မကြာမီကာလများမှာ တင်သွင်းလာသည်ကို တွေ့ရမှာ သေချာပါသည်။ မိတ်ဆွေတို့ကော ဤ ကားငယ်လေးများကို နှစ်သက်ကြပါသလား။ သို့မဟုတ် အခြားဘယ် မီနီကားကို အကြိုက်ဆုံးလဲ ခင်ဗျာ။

MyanmarCarsDB Editor

2013_honda_n-one_1


Latest News

ဒီဇင္​ဘာ ၃၁ အထိ စီးတီးတကၠစီ​...

Latest news1 13 150x150

Zawgyi Version ရန္​ကုန္​တိုင္းအတြင္း ​​အဌားယာဥ္​အျဖစ္​ မွတ္​ပံုတင္​ထားသည္​့ကားမ်ားကို ယခုႏွစ္​ ဒီဇင္​ဘာလ ၃၁ ရက္​​ေန႔​ေနာက္​ဆံုးထား၍ city taxi...

Read more »

ေမာ္​​ေတာ္​ယာဥ္​ အမည္ေျပာင္းလဲလွ်င္ ေဆာလ်င္စြာ...

For news 150x150

Zawgyi Version ေမာ္​​ေတာ္​ယာဥ္​ အမည္ေျပာင္းလဲလွ်င္ ေဆာလ်င္စြာ လာေရာက္ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ အမည္ေပါက္သူတြင္ သာ တာဝန္ရွိေၾကာင္းႏွင့္...

Read more »

(ခ) လိုင္စင္ႏွင့္ (င) လိုင္စင္ကိုင္ေဆာင္သူမ်ား...

Latest news1 13 150x150

Zawgyi Version ျမန္​မာတစ္​ျပည္​လံုးတြင္​​ ေမာင္​းႏွင္​ခြင္​့႐ွိ​ေသာ (ခ) လိုင္စင္ႏွင့္ (င) လိုင္စင္ ကိုင္ေဆာင္ထားသည့္ ယာဥ္ေမာင္းမ်ား အေနျဖင့္...

Read more »

အဲကြန္​းမဖြင္​့​ေသာ YBS ကားမ်ား ​ယာဥ္​စီးခ...

Latest news1 12 150x150

Zawgyi Version ရန္​ကုန္​တိုင္​း​အတြင္​း ေျပးဆြဲလွ်က္​႐ွိ​ေနေသာ ခရီးသည္​တင္​ YBS ကားမ်ားအနက္ အဲယားကြန္​းမဖြင္​့​ပဲ​ ေမာင္း​ေ​သာ ကားမ်ားနွင့္...

Read more »

ပိတ္​သိမ္​းထား​ၿပီး စာရင္​းမ႐ွင္​း​နိုင္​သည့္...

Latest news1 12 150x150

Zawgyi Version ပိတ္​သိမ္​းထား​ၿပီး စာရင္​းမ႐ွင္​း​နိုင္​သည္​့ ကားအ​ေရာင္​းစင္​တာ ၁၉ ခု ​ကို ထိ​ေရာက္စြာ ​အ​ေရးယူသြားမည္ျဖစ္ေၾကာင္း...

Read more »