၂၀၁၃-၂၀၁၄ မိုဒယ် Brand New ကားများကို ညာမောင်း တင်သွင်းလာပါက သက်ဆိုင်ရာ ကုန်ပို့နိုင်ငံသို့ ပြန်လည်ပို့ဆောင်ရမည်




left-hand-cars




 

Ref: Automobile



Unicode Version

၂ဝ၁၃ မိုဒယ်(Reconditioned Brand New )နှင့် ၂ဝ၁၄ မိုဒယ် (Brand New) မော်တော်ယာဉ်များကို ညာမောင်း(Right Hand Drive)ဖြင့် တင်သွင်းလာပါက သက် ဆိုင်ရာ ကုန်ပို့နိုင်ငံသို့ ပြန်လည် ပို့ဆောင်ရမည် ဖြစ်ကြောင်း ‘မော်တော်ယာဉ် တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်ရေးကော်မတီ’မှ အသိပေး ကြေညာခဲ့သည်။


left-hand-cars


၂ဝ၁၄ ခုနှစ် အတွက်အသစ် ထုတ်ပြန်ခဲ့သော CIF တန်ဖိုးသစ်တွင် လူပုဂ္ဂိုလ်တစ်ဦးချင်း အစီအစဉ်အရ မော်တော်ယာဉ်ပါမစ် လျှောက်ထားသူများအား ၂ဝ၁၃ မိုဒယ်နှင့် ၂ဝ၁၄ မိုဒယ် မော်တော်ယာဉ်များကို တင်သွင်းပါက ဘယ်မောင်း ကားများကိုသာ ခွင့်ပြုမည် ဖြစ်ကြောင်း ဇန်နဝါရီ ၂၇ ရက်က မော်တော်ယာဉ် တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်ရေး ကော်မတီမှ ကြေညာချက် ထုတ်ပြန်ခဲ့သည်။ Brand New ကားများကို ဘယ်မောင်းများသာ တင်သွင်းခွင့်ပြုမည် ဖြစ်သောကြောင့် ညာမောင်းများ တင်သွင်းလာပါက သက်ဆိုင်ရာ ကုန်ပို့နိုင်ငံသို့ ပြန်လည် ပို့ဆောင်ရမည် ဖြစ်ကြောင်း သိရသည်။ Brand New ကားများ တင်သွင်းရာ၌ ဘယ်မောင်း တစ်မျိုးတည်း ကိုသာခွင့်ပြုပေးခြင်း နှင့်ပတ်သက်၍ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက “Brand New လို့ သတ်မှတ်ထားတဲ့ ၂ဝ၁၃-၂ဝ၁၄ မိုဒယ်ကား တွေကို ဘယ်မောင်း တစ်မျိုးတည်းပဲ တင်သွင်းခွင့် ပေးမှာဖြစ်ပါတယ်၊ မြန်မာနိုင်ငံရဲ့ လမ်းအနေအထားအရ ဘယ်မောင်းကားတွေကိုပဲ အသုံးပြုဖို့ သင့်တော်တဲ့ အတွက် ၂ဝ၁၃ မိုဒယ်ကို Brake ထားပြီးတော့ ဘယ်မောင်းတွေကိုသာ တင်သွင်းခွင့်ပေးဖို့ စီစဉ်ထားပါတယ်၊ ဒီလို ၂ဝ၁၃ မိုဒယ်ကို Brake ထားပြီး ဘယ်မောင်းတွေကိုပဲ တင်သွင်းခွင့်ပေးမယ်ဆိုရင် လာမယ့်နှစ် (၂ဝ) မှာ ဘယ်မောင်းကားတွေပဲ ရှိလာတော့မှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။


 

Ref: Automobile

Latest News

မိုဒယ်​သတ်​မှတ်​ချက်​ထုတ်​ပြန်​ပြီး...

23667525 2159301577455927 209492361 n 150x150

Zawgyi Version မိုဒယ်​သတ်​မှတ်​ချက်​ထုတ်​ပြန်​ပြီးနောက်​ပိုင်း ​ အ​ရောင်းစင်​တာ ဖွင့်​ရန်​ ​လျှောက်​ထားမှုများအား ဒီနှစ် Consignment...

Read more »

ယာဉ်အပိုပစ္စည်းနှင့်...

Img 0593 1 150x150

             carsdb Zawgyi Version မြန်မာနိုင်ငံ၏ အကြီးကျယ်ဆုံးသော ယာဉ်အပိုပစ္စည်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများဆိုင်ရာ နိုင်ငံ တကာ...

Read more »

City bus ကားများ seater ကွဲလွဲခြင်းများ...

23714985 2158394427546642 1602509892 o 150x150

မြန်မာအပြည်ပြည်ဆိုင်ရာ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိလာသော city bus များ   Zawgyi Version ပြည်​ပက​နေ တင်​သွင်းလာ​သော city bus ကားများ...

Read more »

Consignment စနစ်​တင်​သွင်းထား​သော ကားများ...

Latest news1 10 150x150

Zawgyi Version အ​ရောင်​စင်​တာများမှ အပ်​ကုန်​စနစ်​ဖြင့်​တင်​သွင်းထား​​သော ကားများ အပ်​နှံမည်​ဆိုပါက ခွင့်​ပြု​ပေးသွား ရန်​ရှိ​သည်ဟု...

Read more »

ယာဉ်​တိုက်​မှု ဖြစ်​ပွား​သော...

23602231 2157311237654961 2105906177 n 150x150

Zawgyi Version   ယာဉ်​တိုက်​မှု ဖြစ်​ပွား​ခဲ့သော တိုက်​​ပြေးကားများ၊ ကားခိုးမှုများနှင့် ကား​ပျောက်​မှုများကို ဗဟိုထိန်းချူပ်​​ရေး (control...

Read more »