ကားေလာကကို ေျပာင္းလဲေစခဲ့ေသာ ကားဒီဇိုင္း (၁၃) ခု

လမ္းမေတြေပၚမွာ ေမာင္းႏွင္ေနတဲ့ ေမာ္ေတာ္ကားကို တီထြင္ခဲ့တာ ခုဆိုရင္ ရာစုႏွစ္တစ္ခုေက်ာ္ ၾကာျမင့္ခဲ့ပါၿပီ.။ ဒီအခ်ိန္မွာ ကုမၸဏီေပါင္းမ်ားစြာက ကားေမာ္ဒယ္ေပါင္းမ်ားစြာကို တီထြင္ထုတ္လုပ္ေရာင္းခ်ခဲ့ၾကၿပီးျဖစ္ပါတယ္.။ ကားအမ်ားစုဟာ ဒီဇိုင္းတစ္ခုခုုကို အေျခခံၿပီး ဖန္တီးခဲ့ၾကတာျဖစ္ၿပီး Innovative လို႔ေခၚရမယ့္ ဒီဇိုင္းပိုင္း တီထြင္ဆန္းသစ္ခဲ့တဲ့ ကားအမ်ိဳးအစားကေတာ့ အနည္းငယ္သာရွိပါတယ္.။ ဒီေဆာင္းပါးမွာေတာ့ ကားေလာကကို ယခုကြ်န္ေတာ္တို႔ျမင္ေတြ႕ေနရတဲ့ ကားဒီဇိုင္းေတြအထိ ေျပာင္းလဲလာေအာင္ ေရွးဦးတီထြင္ဖန္တီးခဲ့တဲ့ ဒီဇိုင္းေတြကို စုစည္းတင္ျပေပးထားတာျဖစ္ပါတယ္.။

ဒီစာရင္းထဲမွာ
⦁ ကမာၻ႔ပထမဆံုး ကား
⦁ Assembly lines လို႔ေခၚတဲ့ ကားအစိတ္အပိုင္းမ်ားကို စုစည္းတပ္ဆင္ၿပီး ေနာက္ဆံုး Final Product ရရွိေအာင္ တည္ေဆာက္တဲ့နည္းလမ္းကို အသံုးျပဳခဲ့တဲ့ ပထမဆံုးကား
⦁ Electric Starter စတင္အသံုးျပဳခဲ့တဲ့ကား
⦁ ကမာၻ႔ပထမဆံုး အလံုပိတ္ကား
⦁ V8 အင္ဂ်င္အသံုးျပဳထားေသာ ပထမဆံုးကား
⦁ Concept Car လို႔ေခၚတဲ့ ေစ်းကြက္တင္ေရာင္းခ်ျခင္း မျပဳခင္ ႀကိဳတင္ျပသေသာ အေလ့အထကို စတင္ေဖာ္ေဆာင္ခဲ့တဲ့ ကား
⦁ သမိုင္းတစ္ေလွ်ာက္ ကမာၻ႔ေရာင္းအားအေကာင္းဆံုးကား
⦁ ဒုတိယကမာၻစစ္အတြင္း စစ္တပ္သံုးအျဖစ္ တီထြင္ခဲ့ၿပီး ေနာက္ပိုင္းမွာ ျပည္သူလူထုအၾကား အလြန္ေရပန္းစားလာခဲ့တဲ့ကား
⦁ ေရွ႕ဘီးယက္ ႏွင့္ ေလးဘီးယက္စနစ္မ်ား ခြဲျခားထုတ္လုပ္ျဖစ္ေအာင္ ဒီဇိုင္းပိုင္း စတင္တည္ေဆာက္ခဲ့ေသာကား
⦁ ႏွစ္ငါးဆယ္ေက်ာ္ၾကာသည့္တိုင္ အသံုးျပဳခဲ့တဲ့ ၿပိဳင္ကားဒီဇိုင္းကို စတင္ေဖာ္ေဆာင္ခဲ့တဲ့ ကား
⦁ အေမရိကန္ႏိုင္ငံ လူငယ္ထုကို ဆြဲေဆာင္ဖို႔ Sport Type ဆန္ဆန္ ဖန္တီးခဲ့တဲ့ကား
⦁ မိသားစုသံုးကား
⦁ Hybrid လို႔ေခၚတဲ့ လွ်ပ္စစ္ဓါတ္အားနဲ႔ ေလာင္စာဆီ တြဲဖက္ေမာင္းႏွင္ႏိုင္တဲ့ ပထမဆံုးကား

စသည့္စသည့္ ကားမ်ားစြာပါဝင္ပါတယ္.။

1. BENZ’S PATENT-MOTORWAGEN – 1885

Benz-Patent-Motorwagen-500x323

1885 ခုႏွစ္မွာ ထုတ္လုပ္ခဲ့တဲ့ Benz's Patent-MotorWagen ဟာ တစ္ခုတည္းေသာ အေၾကာင္းျပခ်က္အတြက္ Innovative ျဖစ္တယ္လို႔ေျပာလို႔ရပါတယ္.။ အဲဒီအေၾကာင္းျပခ်က္ကေတာ့ ကမာၻ႔ပထမဆံုးကား ျဖစ္လို႔ပါပဲ.။ ဒီကားကို မတီထြင္ခင္တုန္းက လူေတြဟာ ျမင္းေတြလွည္းေတြနဲ႔ ခရီးသြားၾကပါတယ္.။ ဒီကားဟာ (၂) ေယာက္ထိုင္ခံုတစ္ခုပါဝင္ၿပီး ဆလင္ဒါတစ္လံုးထိုး၊ ေလးခ်က္အင္ဂ်င္တစ္လံုးကို ကားအေနာက္ဘက္မွာ တပ္ဆင္ေပးထားပါတယ္.။ ဒီကားမွာ ဘီးသံုးဘီးသာပါဝင္ၿပီး ဘီးေတြကို ဝါယာႀကိဳးေတြနဲ႔ ခ်ိတ္ဆက္ထားပါတယ္.။ ထိုင္ခံုကိုေတာ့ စတီးေဘာင္ကြတ္ထားၿပီး သစ္သားနဲ႔ ထည့္သြင္းတည္ေဆာက္ထားတာျဖစ္ပါတယ္.။ ဒီကားကို အေရာင္းျမွင့္တင္ဖို႔အတြက္ Benz ရဲ႕ ဇနီးျဖစ္သူ Bertha ဟာ ကေလးႏွစ္ေယာက္နဲ႔အတူ မိုင္ ၁၂၀ ကြာေဝးတဲ့ခရီးကို ေမာင္းႏွင္ျပခဲ့ပါသတဲ့.။

2. FORD’S MODEL T – 1908

Ford-Model-T-500x278
ဒီကားဟာ ကားေလာကကို အခ်က္သံုးခ်က္နဲ႔ ေျပာင္းလဲေစခဲ့ပါတယ္.။ ပထမအခ်က္ကေတာ့ Assembly Lines လို႔ေခၚတဲ့ ကားအစိတ္အပိုင္းမ်ားကို စုစည္းတပ္ဆင္ၿပီး ေနာက္ဆံုး Final Product ရရွိေအာင္ တည္ေဆာက္တဲ့နည္းလမ္းကို အသံုးျပဳခဲ့တဲ့ ပထမဆံုးကား ျဖစ္ခဲ့ပါတယ္.။ ဒုတိယအခ်က္ကေတာ့ လူလတ္တန္းစား Level အထိ လက္လွမ္းမွီေအာင္ ေစ်းႏႈန္းေလွ်ာ့ခ်ထုတ္လုပ္ခဲ့ပါတယ္.။ တတိယအခ်က္ကေတာ့ ကမာၻလံုးဆိုင္ရာ ကား Market ႀကီးတစ္ခု ျဖစ္လာေအာင္ စတင္လုပ္ေဆာင္ခဲ့တာပဲျဖစ္ပါတယ္.။ Assembly Line ကိုအသံုးမျပဳခင္တုန္းက ကားတည္ေဆာက္ရာမွာ အစအဆံုး တစ္ေနရာတည္းမွာ အၿပီးအစီးတည္ေဆာက္ခဲ့တာျဖစ္ပါတယ္.။ Henry Ford ဟာ Assembly Line နည္းလမ္းကို စတင္တည္ေထာင္ခဲ့တာမဟုတ္ေပမယ့္ ကားေတြနဲ႔ပတ္သက္ၿပီး ပထမဆံုးစတင္အသံုးျပဳခဲ့တဲ့သူ ျဖစ္ပါတယ္.။ ယေန႔ေခတ္မွာလဲ ထုတ္လုပ္တဲ့ နည္းစနစ္ (ဥပမာ စက္ရုပ္လက္တံမ်ား အသံုးျပဳထုတ္လုပ္ျခင္း) ေတြေျပာင္းလဲခဲ့ေပမယ့္ Assembly Line နည္းစနစ္ကိုေတာ့ ဆက္လက္အသံုးျပဳေနၾကဆဲျဖစ္ပါတယ္.။ Assembly Line စနစ္ကို အသံုးျပဳခဲ့တဲ့အတြက္ ထုုတ္လုပ္မႈကုန္က်စရိတ္ကို ေလွ်ာ့ခ်ႏိုင္ခဲ့တာမို႔ လူခ်မ္းသာမဟုတ္တဲ့ လူလတ္တန္းစားေတြ ဝယ္ယူလာႏိုင္ခဲ့ပါတယ္.။ Ford ဟာ ကားေတြကို ကမာၻအႏွံ႔မွာ စက္ရံုေတြတည္ေထာင္ထုတ္လုပ္ခဲ့တာျဖစ္လို႔ တင္ပို႔တဲ့အခါ သယ္ယူပို႔ေဆာင္ခ ေပးစရာမလိုေတာ့ပါဘူး.။ အျခားကားကုမၸဏီေတြက ပိုမိုေကာင္းမြန္တဲ့ ကားေတြကို တည္ေဆာက္ထုတ္လုပ္လာခဲ့ေပမယ့္ Ford ကေတာ့ Model T ရဲ႕ ေစ်းႏႈန္းကိုေလွ်ာ႔ခ်ႏိုင္ဖို႔ ဒီဇိုင္းနဲ႔ အျခားလိုအပ္ခ်က္ေတြကို တိုးျမွင့္ျခင္းမရွိခဲ့ပါဘူး.။ ဒါဟာ အျခားကားကုမၸဏီေတြကို အခြင့္အေရးေပးသလို ျဖစ္ခဲ့တဲ့အတြက္ ကားေလာကအနာဂတ္အတြက္ အက်ိဳးရွိေစခဲ့ပါတယ္.။

3. CADILLAC’S TOURING EDITION – 1912

Cadillac-57-1918-Sieber-Copyright-Egger-eu-moto-images-classic-cars-5001-500x333
Cadillac ကို Henry Ford က စတင္တည္ေထာင္ခဲ့တာျဖစ္ေပမယ့္ ကုမၸဏီအတြင္း အျငင္းပြားမႈတစ္ခုရွိခဲ့လို႔ ေနာက္ပိုင္းမွာ Ford ဟာ Cadillac ကို စြန္႔ခြာခဲ့ပါတယ္.။ Cadillac ဟာ Ford မပါဘဲ ဆက္လက္ရပ္တည္ရင္း 1912 အေရာက္မွာ Touring Edition လို႔ေခၚတဲ့ ကားေမာ္ဒယ္တစ္မ်ိဳးကို ထုတ္လုပ္ခဲ့ပါတယ္.။ ဒီကားဟာ Electric Starter ကို စတင္အသံုးျပဳခဲ့တဲ့ ပထမဆံုးကားျဖစ္လာခဲ့ပါတယ္.။ ဒီကားကို မထုတ္လုပ္ခင္တုန္းက ကားေတြကို စက္စႏိႈးတဲ့အခါမွာ အင္ဂ်င္ကို လက္နဲ႔လွည့္ၿပီး ႏိႈးရတဲ့အတြက္ လက္ေကာက္ဝတ္နဲ႔ လက္ေခ်ာင္းေတြမွာ ထိခိုက္ဒဏ္ရာရမႈေတြ အမ်ားႀကီးျဖစ္ခဲ့ရပါတယ္.။ ဒီအခ်က္ေၾကာင့္ပဲ Touring Edition ဟာ ကားေလာကကို တစ္ေခတ္ဆန္းေစခဲ့ၿပီး အမ်ိဳးသမီးကားေမာင္းသူေတြကိုလဲ စြဲေဆာင္ႏိုင္ခဲ့ပါတယ္.။ ဒါေၾကာင့္ Cadillac ဟာ ဒီကားရဲ႕ ေၾကာ္ျငာေတြမွာ အမ်ိဳးသမီးရုပ္ပံုေတြ ထည့္သြင္းအသံုးျပဳခဲ့ပါတယ္.။

4. ESSEX’S CLOSED COACH – 1918

Essex-500x375
Essex ဟာအစပိုင္းမွာ Hudson ရဲ႕ ကုမၸဏီခြဲအျဖစ္ စတင္ခဲ့တာျဖစ္ေပမယ့္ ေလးႏွစ္ၾကာအၿပီးမွာ Model တစ္ခုအေနနဲ႔ ေျပာင္းလဲထုတ္လုပ္ခဲ့ပါတယ္.။ အဲဒီေလးႏွစ္အတြင္းမွာ Essex ဟာ ေသးငယ္ၿပီး စြမ္းေဆာင္ရည္ျမင့္တဲ့ ကားေလးေတြ ထုတ္လုပ္ေရာင္းခ်ခဲ့ပါတယ္.။ ဒါ့အျပင္ Essex ဟာ အလံုပိတ္ကားပံုစံကိုလဲ မိတ္ဆက္ေပးခဲ့ၿပီး အမိုးဖြင့္ကားေတြကို အပို Option အေနနဲ႔ ထုတ္လုပ္ခဲ့ပါတယ္.။ Essex ေၾကာင့္ပဲ ယေန႔ေခတ္ကားေလာကမွာ အလံုပိတ္ကားေတြဟာ ပိုမိုအသံုးမ်ားခဲ့ၿပီး Convertable လို႔ေခၚတဲ့ အမိုးဖြင့္ကားေတြကေတာ့ ေစ်းပိုႀကီးလာခဲ့တာျဖစ္ပါတယ္.။

5. FORD’S MODEL 18 – 1932

Ford-Model-18-V8-UP-53-48-Ford-Model-A-DD-71-29-Zwitserland-1967-500x253
1932 ခုႏွစ္အေရာက္မွာ Ford's Model 18 ဟာ V8 အင္ဂ်င္ေတြကို စတင္အသံုးျပဳခဲ့တဲ့ ကားအမ်ိဳးအစားျဖစ္လာခဲ့ပါတယ္.။ Ford ဟာ Model 18 နဲ႔အတူတူ ဆလင္ဒါေလးလံုးထိုး Model B ကိုလဲ ထုတ္လုပ္ခဲ့ေပမယ့္ Model 18 ရဲ႕ ေအာင္ျမင္မႈကိုေတာ့ မယွဥ္ၿပိဳင္ႏိုင္ခဲ့ပါဘူး.။ Model 18 ရဲ႕ 3.6L V8 အင္ဂ်င္ဟာ ျမင္းေကာင္ေရ ၆၅ ေကာင္အား ထုတ္လုပ္ေပးႏိုင္ၿပီး ကားေလာကတစ္ခုလံုးကို ေျပာင္းလဲေစခဲ့ျပန္ပါတယ္.။

6. BUICK’S Y-JOB – 1938

1938-Buick-Y-Job--500x309
1938 ခုႏွစ္ထုတ္ Y-JOB ဟာ ကမာၻ႔ပထမဆံုး Concept Car ျဖစ္ခဲ့ပါတယ္.။ General Motors ဟာ ကားေမာ္ဒယ္တစ္မ်ိဳးကို ထုတ္လုပ္ေရာင္းခ်ျခင္းမျပဳခင္မွာ အမ်ားျပည္သူကို မိတ္ဆက္ေပးတဲ့အေနနဲ႔ Y-Job ကို Concept ကားအျဖစ္ ထုတ္လုပ္ျပသခဲ့တာျဖစ္ပါတယ္.။ ဒီကားမွာ Electric သံုး Windows ေတြ၊ pop-up headlights ေတြ၊ ပိုမိုျပားၿပီး ပါးလွ်တဲ့ တံခါးလက္ကိုင္ေတြနဲ႔ လံုးဝိုင္းတဲ့ bumper ေတြ တပ္ဆင္ထားၿပီး BUICK ရဲ႕ 1950 ျပည့္ႏွစ္မ်ားအထိ အသံုးျပဳခဲ့တဲ့ ဒီဇိုင္းပိုင္းေတြ အသံုးျပဳထားတာျဖစ္ပါတယ္.။ ကားရဲ႕ Shell ဟာလဲ ယေန႔တိုင္အသံုးျပဳေနတဲ့ ေရတံခြန္ဒီဇိုင္း ျဖစ္ပါတယ္.။

7. VOLKSWAGEN’S BEETLE – 1938

Volkswagen-Beetle-Kafer-Garbus-500x375
ျမန္မာျပည္မွာ လိပ္ခံုးကားလို႔ ေခၚေဝၚၾကတဲ့ BEETLE ဟာ 1938 ခုႏွစ္မွာ ပိုမိုေသးငယ္က်စ္လ်စ္ၿပီး၊ ေမာင္းႏွင္ရလြယ္ကူတဲ့ဒီဇိုင္းနဲ႔ ေစ်းလဲမႀကီးတဲ့ ေမာ္ဒယ္အေနနဲ႔ စတင္ထြက္ရွိခဲ့တာျဖစ္ပါတယ္.။ ဒုတိယကမာၻစစ္အၿပီး 1945 ခုႏွစ္မွာ ဒီကားဟာ အမ်ားျပည္သူအၾကားေရပန္းစားလာခဲ့တာျဖစ္ပါတယ္.။ The Beetle ကားဟာ 2003 ခုႏွစ္အထိ စုစုေပါင္း ၆၅ ႏွစ္ၾကာေအာင္ ထုတ္လုပ္ခဲ့ၿပီး ကမာၻေပၚမွာ သက္တမ္းအရွည္ၾကာဆံုး ေမာ္ဒယ္အျဖစ္ စံခ်ိန္္တင္ထားႏိုင္ခဲ့ပါတယ္.။ ဒီကားဟာ အစီးေရအမ်ားဆံုး ထုတ္လုပ္ခဲ့တဲ့ကားအျဖစ္လဲ စံခ်ိန္တင္ထားခဲ့ၿပီး သက္တမ္းတစ္ေလွ်ာက္ အစီးေရ ၂၁ သန္းအထိ ထုတ္လုပ္ခဲ့ပါသတဲ့.။ ဒီကားကို ဒီဇိုင္းေရးဆြဲခဲ့သူကေတာ့ Ferdinand Porsche ျဖစ္ပါတယ္.။ သူဟာ ေနာက္ပိုင္းထုတ္လုပ္တဲ့ သူ႔ကိုယ္ပိုင္ကားေတြမွာ Bettle ရဲ႕ ကားဒီဇိုင္းျဖစ္တဲ့ အေနာက္အင္ဂ်င္နဲ႔ ေနာက္ဘီးယက္ဒီဇိုင္းကို ဆက္လက္အသံုးျပဳခဲ့ပါတယ္.။

8. BANTAM’S JEEP – 1940

General-Patton-s-1941-Bantam-Jeep-Peep--500x334
Jeep ကားေတြကို ပထမဆံုး စတင္ထုတ္လုပ္ခဲ့တာဟာ အေမရိကန္ႏိုင္ငံ Butler, Pennsylvania အေျခစိုက္ Bantam ကားကုမၸဏီျဖစ္ပါတယ္.။ ဒုတိယကမာၻစစ္အတြင္း စစ္ေရးကိစၥေတြမွာ အသံုးျပဳဖို႔ စတင္ထုတ္လုပ္ခဲ့တာျဖစ္ပါတယ္.။ ဒီကားထုတ္လုပ္တဲ့အခ်ိန္မွာ စိတ္ဝင္စားစရာ အေၾကာင္းအရာတစ္ခုကေတာ့ ဒီကားကိုစတင္ထုတ္လုပ္ခဲ့တဲ့ ကုမၸဏီဟာ ေဒဝါလီခံရေတာ့မယ့္ကုမၸဏီျဖစ္ၿပီး ဒီကားေတြကို ေသးငယ္တဲ့ စက္ရံုေလးတစ္ခုမွာ ထုတ္လုပ္ခဲ့တာျဖစ္ပါတယ္.။ ကားထုတ္လုပ္ရာမွာ ပါဝင္သူေတြကေတာ့ စစ္တပ္ရဲ႕ အေရးႀကီးစစ္ဆင္ေရးကိစၥေတြကို ေအာင္ျမင္ေစဖို႔ ကူညီေပးဖို႔ဆံုးျဖတ္ထားတဲ့ ၿမိဳ႕ခံျပည္သူလူထုက ဝိုင္းဝန္းကူညီေပးခဲ့ၾကတာျဖစ္ပါသတဲ့.။ ဒီကားဟာ ေတာေတြထဲမွာ၊ ေတာင္ေတြၾကားထဲမွာ၊ ကမ္းေျခေတြေပၚမွာ ေမာင္းႏွင္သြားလာႏိုင္ဖို႔ ထုတ္လုပ္ဖန္တီးခဲ့တာျဖစ္ၿပီး ယေန႔ေခတ္မွာလဲ အရင္ေခတ္နဲ႔တူညီတဲ့ ရည္ရြယ္ခ်က္နဲ႔ ေရွ႕ဆက္ေနခဲ့တာပဲျဖစ္ပါတယ္.။

9. BMC’S MINI – 1959

60s-Minis-in-the-21st-Century-234-500x332
BMC ရဲ႕ Mini ဟာ ဆီစားသက္သာမႈ၊ ကုန္က်စရိတ္နည္းပါးမႈ စတဲ့ Economy ရည္ရြယ္ခ်က္ေတြနဲ႔ ကားအေသးေစ်းကြက္ကို ေျပာင္းလဲခဲ့ပါတယ္.။ ယခုအခါမွာေတာ့ Mini ေတြကို ေရွ႕အင္ဂ်င္၊ ေရွ႕ဘီးယက္စနစ္နဲ႔ ေျပာင္းလဲထုတ္လုပ္လာခဲ့ၿပီ ျဖစ္ပါတယ္.။ Mini ဟာ ေနရာစားသက္သာေစတဲ့ rubber cones ေတြကို ဂီယာစနစ္အတြင္း စတင္အသံုးျပဳခဲ့တဲ့ကားလဲ ျဖစ္ခဲ့ပါတယ္.။

10. COOPER’S T43 – 1957

 

1957-Cooper-T43-500x334
1957 မွာ ထုတ္လုပ္ခဲ့တဲ့ T43 ဟာ ေမာင္းႏွင္သူရဲ႕ အေနာက္ဘက္မွာ တပ္ဆင္ထားတဲ့ ဆလင္ဒါေလးလံုးထိုး 2.0L အင္ဂ်င္ မွတဆင့္ ေနာက္ဘီး ၂ လံုးကို ပါဝါေပးထားတာျဖစ္ပါတယ္.။ ဒီကားဟာ 1958 ခုႏွစ္မွာက်င္းပခဲ့တဲ့ ပထမဆံုး Grand Prix ၿပိဳင္ပြဲကို အႏိုင္ရခဲ့တဲ့ ကားျဖစ္ပါတယ္.။ စိတ္ဝင္စားစရာေကာင္းတာကေတာ့ ဒီကားအႏိုင္ယူခဲ့တဲ့ ကားေတြထဲမွာ သူ႔ထက္အင္ဂ်င္ပါဝါျမင့္မားတဲ့ 2.5L အင္ဂ်င္တပ္ဆင္ထားတဲ့ကားေတြ ပါဝင္ေနခဲ့တာျဖစ္ပါတယ္.။ ဒီကားဟာ ယေန႔ေခတ္က်ေနာ္တို႔ သိေနၾကတဲ့ Grand Prix ၿပိဳင္ပြဲဝင္ကားေတြကို အဆင့္ျမွင့္တင္ေပးခဲ့တဲ့ ကားျဖစ္ပါတယ္.။

11. FORD’S MUSTANG – 1964

Ford-Mustang-No-Stripes-500x260
Mustang 1964 ဟာ Ford Falcon’s compact-sized economy car platform ေပၚမွာ အေျခတည္ၿပီး တည္ေဆာက္ခဲ့တာျဖစ္ေပမယ့္ အေရွ႕ဘက္ပိုင္းကို ပိုမိုရွည္လ်ားေစၿပီး အေနာက္ပိုင္းကို အနည္းငယ္တိုထားခဲ့တဲ့အတြက္ ပိုမိုၿပီး Powerful ျဖစ္ေစတဲ့အျမင္ကို ရရွိေစပါတယ္.။ ဒီကားဟာ မိသားစုသံုးကားမဟုတ္ဘဲ Sport Type အေနနဲ႔ထုတ္လုပ္ခဲ့တာျဖစ္ၿပီး Ford ကုမၸဏီရဲ႕ ေရာင္းအားအေကာင္းဆံုး ကားတစ္စီးျဖစ္လာခဲ့ပါတယ္.။ ယေန႔ေခတ္အခ်ိန္ထိ ေပၚျပဴလာအျဖစ္ဆံုး sport ကားတစ္စီးလဲ ျဖစ္ပါတယ္.။

12. CHRYSLER’S MINIVAN – 1984

Walter-P-Chrysler-Museum-1984-Plymouth-Voyager-500x375
1984 မွာ စတင္ထုတ္လုပ္ခဲ့တဲ့ Minivan ဟာ မိသားစုသံုးကားေစ်းကြက္ကို တစ္ႏွစ္အတြင္းေျပာင္းလဲ ေစခဲ့ပါတယ္.။ Minivan ေတြဟာ Station wagon ေတြကို အစားထိုးဝင္ေရာက္လာခဲ့ၿပီး Chrysler ဟာ Minivan ေတြကို ထုတ္လုပ္ရာမွာ ဝယ္လိုအားကို ျပည့္မီေအာင္ ထုတ္လုပ္ႏိုင္ျခင္းမရွိတဲ့အထိ ေရာင္းအားေကာင္းခဲ့ပါတယ္.။ ဒါေၾကာင့္ ၿပိဳင္ဘက္ေတြဟာ Minivan အမ်ိဳးအစားကားေတြကို ထုတ္လုပ္လာခဲ့ၿပီး ေစ်းကြက္ေဝစုရယူဖို႔ ယွဥ္ၿပိဳင္လာခဲ့ၾကပါတယ္.။ Minivan ဟာလဲ ကားေလာကကို ေျပာင္းလဲေစခဲ့တဲ့ ကားအမ်ိဳးအစားတစ္မ်ိဳးျဖစ္ခဲ့ပါတယ္.။

13. TOYOTA’S PRIUS – 1997

Toyota-Prius-XW10--500x290
1995 ခုႏွစ္ Tokyo Motor Show မွာ Toyota ဟာ Hybrid ကားအမ်ိဳးအစားတစ္မ်ိဳးကို မိတ္ဆက္ေပးခဲ့ပါတယ္.။ ပထမဆံုး Prius ကားကို 1997 ခုႏွစ္မွာ စတင္ထုတ္လုပ္ခဲ့ၿပီး Car of the Year Japan ဆု၊ 1998 ခုႏွစ္မွာ Automotive Researchers’ and Journalists’ Conference Car of the Year ဆုတို႔ကို အသီးသီးဆြတ္ခူးခဲ့ပါတယ္.။ Prius ဟာ ယေန႔ေခတ္ Hybrid ကားေတြရဲ႕ ပထမဆံုးမ်ိဳးဆက္ျဖစ္ခဲ့ၿပီး Hybrid ကားေလာကကို တစ္ေခတ္ဆန္းေစခဲ့တဲ့ ကားအမ်ိဳးအစားတစ္မ်ိဳးပဲ ျဖစ္ပါတယ္.။

 

Curated by Aung Mon Chan

www.myanmarcarsdb.com

No. 1 Car Site in Myanmar

 



Unicode Version

လမ်းမတွေပေါ်မှာ မောင်းနှင်နေတဲ့ မော်တော်ကားကို တီထွင်ခဲ့တာ ခုဆိုရင် ရာစုနှစ်တစ်ခုကျော် ကြာမြင့်ခဲ့ပါပြီ.။ ဒီအချိန်မှာ ကုမ္ပဏီပေါင်းများစွာက ကားမော်ဒယ်ပေါင်းများစွာကို တီထွင်ထုတ်လုပ်ရောင်းချခဲ့ကြပြီးဖြစ်ပါတယ်.။ ကားအများစုဟာ ဒီဇိုင်းတစ်ခုခုကို အခြေခံပြီး ဖန်တီးခဲ့ကြတာဖြစ်ပြီး Innovative လို့ခေါ်ရမယ့် ဒီဇိုင်းပိုင်း တီထွင်ဆန်းသစ်ခဲ့တဲ့ ကားအမျိုးအစားကတော့ အနည်းငယ်သာရှိပါတယ်.။ ဒီဆောင်းပါးမှာတော့ ကားလောကကို ယခုကျွန်တော်တို့မြင်တွေ့နေရတဲ့ ကားဒီဇိုင်းတွေအထိ ပြောင်းလဲလာအောင် ရှေးဦးတီထွင်ဖန်တီးခဲ့တဲ့ ဒီဇိုင်းတွေကို စုစည်းတင်ပြပေးထားတာဖြစ်ပါတယ်.။

ဒီစာရင်းထဲမှာ
⦁ ကမ္ဘာ့ပထမဆုံး ကား
⦁ Assembly lines လို့ခေါ်တဲ့ ကားအစိတ်အပိုင်းများကို စုစည်းတပ်ဆင်ပြီး နောက်ဆုံး Final Product ရရှိအောင် တည်ဆောက်တဲ့နည်းလမ်းကို အသုံးပြုခဲ့တဲ့ ပထမဆုံးကား
⦁ Electric Starter စတင်အသုံးပြုခဲ့တဲ့ကား
⦁ ကမ္ဘာ့ပထမဆုံး အလုံပိတ်ကား
⦁ V8 အင်ဂျင်အသုံးပြုထားသော ပထမဆုံးကား
⦁ Concept Car လို့ခေါ်တဲ့ စျေးကွက်တင်ရောင်းချခြင်း မပြုခင် ကြိုတင်ပြသသော အလေ့အထကို စတင်ဖော်ဆောင်ခဲ့တဲ့ ကား
⦁ သမိုင်းတစ်လျှောက် ကမ္ဘာ့ရောင်းအားအကောင်းဆုံးကား
⦁ ဒုတိယကမ္ဘာစစ်အတွင်း စစ်တပ်သုံးအဖြစ် တီထွင်ခဲ့ပြီး နောက်ပိုင်းမှာ ပြည်သူလူထုအကြား အလွန်ရေပန်းစားလာခဲ့တဲ့ကား
⦁ ရှေ့ဘီးယက် နှင့် လေးဘီးယက်စနစ်များ ခွဲခြားထုတ်လုပ်ဖြစ်အောင် ဒီဇိုင်းပိုင်း စတင်တည်ဆောက်ခဲ့သောကား
⦁ နှစ်ငါးဆယ်ကျော်ကြာသည့်တိုင် အသုံးပြုခဲ့တဲ့ ပြိုင်ကားဒီဇိုင်းကို စတင်ဖော်ဆောင်ခဲ့တဲ့ ကား
⦁ အမေရိကန်နိုင်ငံ လူငယ်ထုကို ဆွဲဆောင်ဖို့ Sport Type ဆန်ဆန် ဖန်တီးခဲ့တဲ့ကား
⦁ မိသားစုသုံးကား
⦁ Hybrid လို့ခေါ်တဲ့ လျှပ်စစ်ဓါတ်အားနဲ့ လောင်စာဆီ တွဲဖက်မောင်းနှင်နိုင်တဲ့ ပထမဆုံးကား

စသည့်စသည့် ကားများစွာပါဝင်ပါတယ်.။

1. BENZ’S PATENT-MOTORWAGEN – 1885

Benz-Patent-Motorwagen-500x323

1885 ခုနှစ်မှာ ထုတ်လုပ်ခဲ့တဲ့ Benz's Patent-MotorWagen ဟာ တစ်ခုတည်းသော အကြောင်းပြချက်အတွက် Innovative ဖြစ်တယ်လို့ပြောလို့ရပါတယ်.။ အဲဒီအကြောင်းပြချက်ကတော့ ကမ္ဘာ့ပထမဆုံးကား ဖြစ်လို့ပါပဲ.။ ဒီကားကို မတီထွင်ခင်တုန်းက လူတွေဟာ မြင်းတွေလှည်းတွေနဲ့ ခရီးသွားကြပါတယ်.။ ဒီကားဟာ (၂) ယောက်ထိုင်ခုံတစ်ခုပါဝင်ပြီး ဆလင်ဒါတစ်လုံးထိုး၊ လေးချက်အင်ဂျင်တစ်လုံးကို ကားအနောက်ဘက်မှာ တပ်ဆင်ပေးထားပါတယ်.။ ဒီကားမှာ ဘီးသုံးဘီးသာပါဝင်ပြီး ဘီးတွေကို ဝါယာကြိုးတွေနဲ့ ချိတ်ဆက်ထားပါတယ်.။ ထိုင်ခုံကိုတော့ စတီးဘောင်ကွတ်ထားပြီး သစ်သားနဲ့ ထည့်သွင်းတည်ဆောက်ထားတာဖြစ်ပါတယ်.။ ဒီကားကို အရောင်းမြှင့်တင်ဖို့အတွက် Benz ရဲ့ ဇနီးဖြစ်သူ Bertha ဟာ ကလေးနှစ်ယောက်နဲ့အတူ မိုင် ၁၂ဝ ကွာဝေးတဲ့ခရီးကို မောင်းနှင်ပြခဲ့ပါသတဲ့.။

2. FORD’S MODEL T – 1908

Ford-Model-T-500x278
ဒီကားဟာ ကားလောကကို အချက်သုံးချက်နဲ့ ပြောင်းလဲစေခဲ့ပါတယ်.။ ပထမအချက်ကတော့ Assembly Lines လို့ခေါ်တဲ့ ကားအစိတ်အပိုင်းများကို စုစည်းတပ်ဆင်ပြီး နောက်ဆုံး Final Product ရရှိအောင် တည်ဆောက်တဲ့နည်းလမ်းကို အသုံးပြုခဲ့တဲ့ ပထမဆုံးကား ဖြစ်ခဲ့ပါတယ်.။ ဒုတိယအချက်ကတော့ လူလတ်တန်းစား Level အထိ လက်လှမ်းမှီအောင် စျေးနှုန်းလျှော့ချထုတ်လုပ်ခဲ့ပါတယ်.။ တတိယအချက်ကတော့ ကမ္ဘာလုံးဆိုင်ရာ ကား Market ကြီးတစ်ခု ဖြစ်လာအောင် စတင်လုပ်ဆောင်ခဲ့တာပဲဖြစ်ပါတယ်.။ Assembly Line ကိုအသုံးမပြုခင်တုန်းက ကားတည်ဆောက်ရာမှာ အစအဆုံး တစ်နေရာတည်းမှာ အပြီးအစီးတည်ဆောက်ခဲ့တာဖြစ်ပါတယ်.။ Henry Ford ဟာ Assembly Line နည်းလမ်းကို စတင်တည်ထောင်ခဲ့တာမဟုတ်ပေမယ့် ကားတွေနဲ့ပတ်သက်ပြီး ပထမဆုံးစတင်အသုံးပြုခဲ့တဲ့သူ ဖြစ်ပါတယ်.။ ယနေ့ခေတ်မှာလဲ ထုတ်လုပ်တဲ့ နည်းစနစ် (ဥပမာ စက်ရုပ်လက်တံများ အသုံးပြုထုတ်လုပ်ခြင်း) တွေပြောင်းလဲခဲ့ပေမယ့် Assembly Line နည်းစနစ်ကိုတော့ ဆက်လက်အသုံးပြုနေကြဆဲဖြစ်ပါတယ်.။ Assembly Line စနစ်ကို အသုံးပြုခဲ့တဲ့အတွက် ထုတ်လုပ်မှုကုန်ကျစရိတ်ကို လျှော့ချနိုင်ခဲ့တာမို့ လူချမ်းသာမဟုတ်တဲ့ လူလတ်တန်းစားတွေ ဝယ်ယူလာနိုင်ခဲ့ပါတယ်.။ Ford ဟာ ကားတွေကို ကမ္ဘာအနှံ့မှာ စက်ရုံတွေတည်ထောင်ထုတ်လုပ်ခဲ့တာဖြစ်လို့ တင်ပို့တဲ့အခါ သယ်ယူပို့ဆောင်ခ ပေးစရာမလိုတော့ပါဘူး.။ အခြားကားကုမ္ပဏီတွေက ပိုမိုကောင်းမွန်တဲ့ ကားတွေကို တည်ဆောက်ထုတ်လုပ်လာခဲ့ပေမယ့် Ford ကတော့ Model T ရဲ့ စျေးနှုန်းကိုလျှော့ချနိုင်ဖို့ ဒီဇိုင်းနဲ့ အခြားလိုအပ်ချက်တွေကို တိုးမြှင့်ခြင်းမရှိခဲ့ပါဘူး.။ ဒါဟာ အခြားကားကုမ္ပဏီတွေကို အခွင့်အရေးပေးသလို ဖြစ်ခဲ့တဲ့အတွက် ကားလောကအနာဂတ်အတွက် အကျိုးရှိစေခဲ့ပါတယ်.။

3. CADILLAC’S TOURING EDITION – 1912

Cadillac-57-1918-Sieber-Copyright-Egger-eu-moto-images-classic-cars-5001-500x333
Cadillac ကို Henry Ford က စတင်တည်ထောင်ခဲ့တာဖြစ်ပေမယ့် ကုမ္ပဏီအတွင်း အငြင်းပွားမှုတစ်ခုရှိခဲ့လို့ နောက်ပိုင်းမှာ Ford ဟာ Cadillac ကို စွန့်ခွာခဲ့ပါတယ်.။ Cadillac ဟာ Ford မပါဘဲ ဆက်လက်ရပ်တည်ရင်း 1912 အရောက်မှာ Touring Edition လို့ခေါ်တဲ့ ကားမော်ဒယ်တစ်မျိုးကို ထုတ်လုပ်ခဲ့ပါတယ်.။ ဒီကားဟာ Electric Starter ကို စတင်အသုံးပြုခဲ့တဲ့ ပထမဆုံးကားဖြစ်လာခဲ့ပါတယ်.။ ဒီကားကို မထုတ်လုပ်ခင်တုန်းက ကားတွေကို စက်စနှိုးတဲ့အခါမှာ အင်ဂျင်ကို လက်နဲ့လှည့်ပြီး နှိုးရတဲ့အတွက် လက်ကောက်ဝတ်နဲ့ လက်ချောင်းတွေမှာ ထိခိုက်ဒဏ်ရာရမှုတွေ အများကြီးဖြစ်ခဲ့ရပါတယ်.။ ဒီအချက်ကြောင့်ပဲ Touring Edition ဟာ ကားလောကကို တစ်ခေတ်ဆန်းစေခဲ့ပြီး အမျိုးသမီးကားမောင်းသူတွေကိုလဲ စွဲဆောင်နိုင်ခဲ့ပါတယ်.။ ဒါကြောင့် Cadillac ဟာ ဒီကားရဲ့ ကြော်ငြာတွေမှာ အမျိုးသမီးရုပ်ပုံတွေ ထည့်သွင်းအသုံးပြုခဲ့ပါတယ်.။

4. ESSEX’S CLOSED COACH – 1918

Essex-500x375
Essex ဟာအစပိုင်းမှာ Hudson ရဲ့ ကုမ္ပဏီခွဲအဖြစ် စတင်ခဲ့တာဖြစ်ပေမယ့် လေးနှစ်ကြာအပြီးမှာ Model တစ်ခုအနေနဲ့ ပြောင်းလဲထုတ်လုပ်ခဲ့ပါတယ်.။ အဲဒီလေးနှစ်အတွင်းမှာ Essex ဟာ သေးငယ်ပြီး စွမ်းဆောင်ရည်မြင့်တဲ့ ကားလေးတွေ ထုတ်လုပ်ရောင်းချခဲ့ပါတယ်.။ ဒါ့အပြင် Essex ဟာ အလုံပိတ်ကားပုံစံကိုလဲ မိတ်ဆက်ပေးခဲ့ပြီး အမိုးဖွင့်ကားတွေကို အပို Option အနေနဲ့ ထုတ်လုပ်ခဲ့ပါတယ်.။ Essex ကြောင့်ပဲ ယနေ့ခေတ်ကားလောကမှာ အလုံပိတ်ကားတွေဟာ ပိုမိုအသုံးများခဲ့ပြီး Convertable လို့ခေါ်တဲ့ အမိုးဖွင့်ကားတွေကတော့ စျေးပိုကြီးလာခဲ့တာဖြစ်ပါတယ်.။

5. FORD’S MODEL 18 – 1932

Ford-Model-18-V8-UP-53-48-Ford-Model-A-DD-71-29-Zwitserland-1967-500x253
1932 ခုနှစ်အရောက်မှာ Ford's Model 18 ဟာ V8 အင်ဂျင်တွေကို စတင်အသုံးပြုခဲ့တဲ့ ကားအမျိုးအစားဖြစ်လာခဲ့ပါတယ်.။ Ford ဟာ Model 18 နဲ့အတူတူ ဆလင်ဒါလေးလုံးထိုး Model B ကိုလဲ ထုတ်လုပ်ခဲ့ပေမယ့် Model 18 ရဲ့ အောင်မြင်မှုကိုတော့ မယှဉ်ပြိုင်နိုင်ခဲ့ပါဘူး.။ Model 18 ရဲ့ 3.6L V8 အင်ဂျင်ဟာ မြင်းကောင်ရေ ၆၅ ကောင်အား ထုတ်လုပ်ပေးနိုင်ပြီး ကားလောကတစ်ခုလုံးကို ပြောင်းလဲစေခဲ့ပြန်ပါတယ်.။

6. BUICK’S Y-JOB – 1938

1938-Buick-Y-Job--500x309
1938 ခုနှစ်ထုတ် Y-JOB ဟာ ကမ္ဘာ့ပထမဆုံး Concept Car ဖြစ်ခဲ့ပါတယ်.။ General Motors ဟာ ကားမော်ဒယ်တစ်မျိုးကို ထုတ်လုပ်ရောင်းချခြင်းမပြုခင်မှာ အများပြည်သူကို မိတ်ဆက်ပေးတဲ့အနေနဲ့ Y-Job ကို Concept ကားအဖြစ် ထုတ်လုပ်ပြသခဲ့တာဖြစ်ပါတယ်.။ ဒီကားမှာ Electric သုံး Windows တွေ၊ pop-up headlights တွေ၊ ပိုမိုပြားပြီး ပါးလျှတဲ့ တံခါးလက်ကိုင်တွေနဲ့ လုံးဝိုင်းတဲ့ bumper တွေ တပ်ဆင်ထားပြီး BUICK ရဲ့ 1950 ပြည့်နှစ်များအထိ အသုံးပြုခဲ့တဲ့ ဒီဇိုင်းပိုင်းတွေ အသုံးပြုထားတာဖြစ်ပါတယ်.။ ကားရဲ့ Shell ဟာလဲ ယနေ့တိုင်အသုံးပြုနေတဲ့ ရေတံခွန်ဒီဇိုင်း ဖြစ်ပါတယ်.။

7. VOLKSWAGEN’S BEETLE – 1938

Volkswagen-Beetle-Kafer-Garbus-500x375
မြန်မာပြည်မှာ လိပ်ခုံးကားလို့ ခေါ်ဝေါ်ကြတဲ့ BEETLE ဟာ 1938 ခုနှစ်မှာ ပိုမိုသေးငယ်ကျစ်လျစ်ပြီး၊ မောင်းနှင်ရလွယ်ကူတဲ့ဒီဇိုင်းနဲ့ စျေးလဲမကြီးတဲ့ မော်ဒယ်အနေနဲ့ စတင်ထွက်ရှိခဲ့တာဖြစ်ပါတယ်.။ ဒုတိယကမ္ဘာစစ်အပြီး 1945 ခုနှစ်မှာ ဒီကားဟာ အများပြည်သူအကြားရေပန်းစားလာခဲ့တာဖြစ်ပါတယ်.။ The Beetle ကားဟာ 2003 ခုနှစ်အထိ စုစုပေါင်း ၆၅ နှစ်ကြာအောင် ထုတ်လုပ်ခဲ့ပြီး ကမ္ဘာပေါ်မှာ သက်တမ်းအရှည်ကြာဆုံး မော်ဒယ်အဖြစ် စံချိန်တင်ထားနိုင်ခဲ့ပါတယ်.။ ဒီကားဟာ အစီးရေအများဆုံး ထုတ်လုပ်ခဲ့တဲ့ကားအဖြစ်လဲ စံချိန်တင်ထားခဲ့ပြီး သက်တမ်းတစ်လျှောက် အစီးရေ ၂၁ သန်းအထိ ထုတ်လုပ်ခဲ့ပါသတဲ့.။ ဒီကားကို ဒီဇိုင်းရေးဆွဲခဲ့သူကတော့ Ferdinand Porsche ဖြစ်ပါတယ်.။ သူဟာ နောက်ပိုင်းထုတ်လုပ်တဲ့ သူ့ကိုယ်ပိုင်ကားတွေမှာ Bettle ရဲ့ ကားဒီဇိုင်းဖြစ်တဲ့ အနောက်အင်ဂျင်နဲ့ နောက်ဘီးယက်ဒီဇိုင်းကို ဆက်လက်အသုံးပြုခဲ့ပါတယ်.။

8. BANTAM’S JEEP – 1940

General-Patton-s-1941-Bantam-Jeep-Peep--500x334
Jeep ကားတွေကို ပထမဆုံး စတင်ထုတ်လုပ်ခဲ့တာဟာ အမေရိကန်နိုင်ငံ Butler, Pennsylvania အခြေစိုက် Bantam ကားကုမ္ပဏီဖြစ်ပါတယ်.။ ဒုတိယကမ္ဘာစစ်အတွင်း စစ်ရေးကိစ္စတွေမှာ အသုံးပြုဖို့ စတင်ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်.။ ဒီကားထုတ်လုပ်တဲ့အချိန်မှာ စိတ်ဝင်စားစရာ အကြောင်းအရာတစ်ခုကတော့ ဒီကားကိုစတင်ထုတ်လုပ်ခဲ့တဲ့ ကုမ္ပဏီဟာ ဒေဝါလီခံရတော့မယ့်ကုမ္ပဏီဖြစ်ပြီး ဒီကားတွေကို သေးငယ်တဲ့ စက်ရုံလေးတစ်ခုမှာ ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်.။ ကားထုတ်လုပ်ရာမှာ ပါဝင်သူတွေကတော့ စစ်တပ်ရဲ့ အရေးကြီးစစ်ဆင်ရေးကိစ္စတွေကို အောင်မြင်စေဖို့ ကူညီပေးဖို့ဆုံးဖြတ်ထားတဲ့ မြို့ခံပြည်သူလူထုက ဝိုင်းဝန်းကူညီပေးခဲ့ကြတာဖြစ်ပါသတဲ့.။ ဒီကားဟာ တောတွေထဲမှာ၊ တောင်တွေကြားထဲမှာ၊ ကမ်းခြေတွေပေါ်မှာ မောင်းနှင်သွားလာနိုင်ဖို့ ထုတ်လုပ်ဖန်တီးခဲ့တာဖြစ်ပြီး ယနေ့ခေတ်မှာလဲ အရင်ခေတ်နဲ့တူညီတဲ့ ရည်ရွယ်ချက်နဲ့ ရှေ့ဆက်နေခဲ့တာပဲဖြစ်ပါတယ်.။

9. BMC’S MINI – 1959

60s-Minis-in-the-21st-Century-234-500x332
BMC ရဲ့ Mini ဟာ ဆီစားသက်သာမှု၊ ကုန်ကျစရိတ်နည်းပါးမှု စတဲ့ Economy ရည်ရွယ်ချက်တွေနဲ့ ကားအသေးစျေးကွက်ကို ပြောင်းလဲခဲ့ပါတယ်.။ ယခုအခါမှာတော့ Mini တွေကို ရှေ့အင်ဂျင်၊ ရှေ့ဘီးယက်စနစ်နဲ့ ပြောင်းလဲထုတ်လုပ်လာခဲ့ပြီ ဖြစ်ပါတယ်.။ Mini ဟာ နေရာစားသက်သာစေတဲ့ rubber cones တွေကို ဂီယာစနစ်အတွင်း စတင်အသုံးပြုခဲ့တဲ့ကားလဲ ဖြစ်ခဲ့ပါတယ်.။

10. COOPER’S T43 – 1957

 

1957-Cooper-T43-500x334
1957 မှာ ထုတ်လုပ်ခဲ့တဲ့ T43 ဟာ မောင်းနှင်သူရဲ့ အနောက်ဘက်မှာ တပ်ဆင်ထားတဲ့ ဆလင်ဒါလေးလုံးထိုး 2.0L အင်ဂျင် မှတဆင့် နောက်ဘီး ၂ လုံးကို ပါဝါပေးထားတာဖြစ်ပါတယ်.။ ဒီကားဟာ 1958 ခုနှစ်မှာကျင်းပခဲ့တဲ့ ပထမဆုံး Grand Prix ပြိုင်ပွဲကို အနိုင်ရခဲ့တဲ့ ကားဖြစ်ပါတယ်.။ စိတ်ဝင်စားစရာကောင်းတာကတော့ ဒီကားအနိုင်ယူခဲ့တဲ့ ကားတွေထဲမှာ သူ့ထက်အင်ဂျင်ပါဝါမြင့်မားတဲ့ 2.5L အင်ဂျင်တပ်ဆင်ထားတဲ့ကားတွေ ပါဝင်နေခဲ့တာဖြစ်ပါတယ်.။ ဒီကားဟာ ယနေ့ခေတ်ကျနော်တို့ သိနေကြတဲ့ Grand Prix ပြိုင်ပွဲဝင်ကားတွေကို အဆင့်မြှင့်တင်ပေးခဲ့တဲ့ ကားဖြစ်ပါတယ်.။

11. FORD’S MUSTANG – 1964

Ford-Mustang-No-Stripes-500x260
Mustang 1964 ဟာ Ford Falcon’s compact-sized economy car platform ပေါ်မှာ အခြေတည်ပြီး တည်ဆောက်ခဲ့တာဖြစ်ပေမယ့် အရှေ့ဘက်ပိုင်းကို ပိုမိုရှည်လျားစေပြီး အနောက်ပိုင်းကို အနည်းငယ်တိုထားခဲ့တဲ့အတွက် ပိုမိုပြီး Powerful ဖြစ်စေတဲ့အမြင်ကို ရရှိစေပါတယ်.။ ဒီကားဟာ မိသားစုသုံးကားမဟုတ်ဘဲ Sport Type အနေနဲ့ထုတ်လုပ်ခဲ့တာဖြစ်ပြီး Ford ကုမ္ပဏီရဲ့ ရောင်းအားအကောင်းဆုံး ကားတစ်စီးဖြစ်လာခဲ့ပါတယ်.။ ယနေ့ခေတ်အချိန်ထိ ပေါ်ပြူလာအဖြစ်ဆုံး sport ကားတစ်စီးလဲ ဖြစ်ပါတယ်.။

12. CHRYSLER’S MINIVAN – 1984

Walter-P-Chrysler-Museum-1984-Plymouth-Voyager-500x375
1984 မှာ စတင်ထုတ်လုပ်ခဲ့တဲ့ Minivan ဟာ မိသားစုသုံးကားစျေးကွက်ကို တစ်နှစ်အတွင်းပြောင်းလဲ စေခဲ့ပါတယ်.။ Minivan တွေဟာ Station wagon တွေကို အစားထိုးဝင်ရောက်လာခဲ့ပြီး Chrysler ဟာ Minivan တွေကို ထုတ်လုပ်ရာမှာ ဝယ်လိုအားကို ပြည့်မီအောင် ထုတ်လုပ်နိုင်ခြင်းမရှိတဲ့အထိ ရောင်းအားကောင်းခဲ့ပါတယ်.။ ဒါကြောင့် ပြိုင်ဘက်တွေဟာ Minivan အမျိုးအစားကားတွေကို ထုတ်လုပ်လာခဲ့ပြီး စျေးကွက်ဝေစုရယူဖို့ ယှဉ်ပြိုင်လာခဲ့ကြပါတယ်.။ Minivan ဟာလဲ ကားလောကကို ပြောင်းလဲစေခဲ့တဲ့ ကားအမျိုးအစားတစ်မျိုးဖြစ်ခဲ့ပါတယ်.။

13. TOYOTA’S PRIUS – 1997

Toyota-Prius-XW10--500x290
1995 ခုနှစ် Tokyo Motor Show မှာ Toyota ဟာ Hybrid ကားအမျိုးအစားတစ်မျိုးကို မိတ်ဆက်ပေးခဲ့ပါတယ်.။ ပထမဆုံး Prius ကားကို 1997 ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပြီး Car of the Year Japan ဆု၊ 1998 ခုနှစ်မှာ Automotive Researchers’ and Journalists’ Conference Car of the Year ဆုတို့ကို အသီးသီးဆွတ်ခူးခဲ့ပါတယ်.။ Prius ဟာ ယနေ့ခေတ် Hybrid ကားတွေရဲ့ ပထမဆုံးမျိုးဆက်ဖြစ်ခဲ့ပြီး Hybrid ကားလောကကို တစ်ခေတ်ဆန်းစေခဲ့တဲ့ ကားအမျိုးအစားတစ်မျိုးပဲ ဖြစ်ပါတယ်.။

 

Curated by Aung Mon Chan

www.myanmarcarsdb.com

No. 1 Car Site in Myanmar

 

Latest News

Without ကားမ်ားကို RFID စနစ္​အသံုးျပု၍...

Latest news1 13 150x150

Zawgyi Version လိုင္​စင္​မဲ့ Without ကားမ်ားကို RFID စနစ္​အသံုးျပဳ၍ ဖမ္​းဆီးစစ္​ဆးမည္​့စနစ္​အတြက္​ အၾကံ​ေပးအဖြဲ႔ ၅ ဖြဲ႔​ကိုု...

Read more »

Mazda Myanmar က All New Mazda CX 9 ကားကိုု...

Mazda cx9 150x150

Zawgyi Version Mazda Myanmar က ၂၀၁၇ ေမာ္ဒယ္ All New Mazda CX 9 ကိုု ျမန္မာႏုုိင္ငံေစ်းကြက္သိုု႔ မိတ္ဆက္ပြဲကိုု ႏုုိဝင္ဘာ ၂၃ က...

Read more »

ဒီဇင္​ဘာ ၃၁ အထိ စီးတီးတကၠစီ​...

Latest news1 13 150x150

Zawgyi Version ရန္​ကုန္​တိုင္းအတြင္း ​​အဌားယာဥ္​အျဖစ္​ မွတ္​ပံုတင္​ထားသည္​့ကားမ်ားကို ယခုႏွစ္​ ဒီဇင္​ဘာလ ၃၁ ရက္​​ေန႔​ေနာက္​ဆံုးထား၍ city taxi...

Read more »

ေမာ္​​ေတာ္​ယာဥ္​ အမည္ေျပာင္းလဲလွ်င္ ေဆာလ်င္စြာ...

For news 150x150

Zawgyi Version ေမာ္​​ေတာ္​ယာဥ္​ အမည္ေျပာင္းလဲလွ်င္ ေဆာလ်င္စြာ လာေရာက္ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ အမည္ေပါက္သူတြင္ သာ တာဝန္ရွိေၾကာင္းႏွင့္...

Read more »

(ခ) လိုင္စင္ႏွင့္ (င) လိုင္စင္ကိုင္ေဆာင္သူမ်ား...

Latest news1 13 150x150

Zawgyi Version ျမန္​မာတစ္​ျပည္​လံုးတြင္​​ ေမာင္​းႏွင္​ခြင္​့႐ွိ​ေသာ (ခ) လိုင္စင္ႏွင့္ (င) လိုင္စင္ ကိုင္ေဆာင္ထားသည့္ ယာဥ္ေမာင္းမ်ား အေနျဖင့္...

Read more »