fb-pageview-tracker
YBS ယာဥ္​လိုင္​းတြင္​ သက္​ႀကီးရြယ္​အိုမ်ားႏွင္​့ ကိုယ္​ဝန္​​ေဆာင္​မိခင္​မ်ား စီးနင္း​ႏိုင္​ရန္​  low floor bus ၁၂ စီးျဖင္​့ ​ေျပးဆြဲ​ေပးသြားမည္​

Zawgyi Version

ရန္​ကုန္​ၿမိဳ႕ ခရီးသည္​သယ္​ယူပို႔​ေဆာင္​​ေရးတြင္​ Power Eleven Company မွတာဝန္​ယူ​ေျပးဆြဲ​ေနသည္​့ ခရီးသည္​တင္​ YBS 21 ယာဥ္လိုင္းမွ သက္​ႀကီးရြယ္​အိုမ်ားႏွင္​့ ကိုယ္​ဝန္​​ေဆာင္​မိခင္​မ်ား ခရီးသည္​အတက္​အဆင္​းျပဳလုပ္​ရာတြင္​ အဆင္​​ေျပ​ေစရန္​ low floor bus ၁၂ စီးျဖင္​့ ေျပးဆြဲ​ေပးသြားမည္​ျဖစ္​​ေၾကာင္​း Power Eleven ကုမၸဏီမွ သိရသည္​။

လက္ရွိေျပးဆြဲေနေသာ ယာဥ္မ်ားသည္ one step ၊ two step ယာဥ္မ်ားျဖစ္ေသာေၾကာင့္ သာမန္ခရီးသြားျပည္သူမ်ား အေနျဖင့္ အဆင္ေျပႏိုင္ေသာ္လည္း သက္ႀကီးရြယ္အိုမ်ားအေနႏွင့္ ကား၏ေျခနင္းခုံ ႏွစ္ဆင့္၊ သုံးဆင့္ တက္ရန္မူ အခက္အခဲရွိ​ေသာေၾကာင့္ YBS 21 ယာဥ္​လိုင္​းအ​ေနျဖင္​့ ဝန္ေဆာင္မႈ အပိုင္းမ်ားအား တိုးျမႇင့္ႏိုင္​ရန္​ priority seat မ်ားပါရွိသည့္ disabled bus မ်ားကို ေျပးဆြဲႏိုင္​ရန္​ လုပ္​​ေဆာင္​သြားမည္​ျဖစ္​ရာ သက္ႀကီးရြယ္အိုမ်ား၊ က်န္းမာေရးမေကာင္းသူမ်ား၊ မသန္စြမ္းသူႏွင္​့ ကိုယ္ဝန္ေဆာင္မိခင္မ်ား အတြက္ရည္ရြယ္၍ low floor bus ၁၂ စီးျဖင္​့ ​ေျပးဆြဲရန္​ အမ်ားျပည္​သူသယ္​ယူပို႔​ေဆာင္​​ေရး အာဏာပိုင္​အဖြဲ႔ (YRTA) သို႔တင္​ျပထား႐ွိ​ေၾကာင္​း သိရသည္​။

"Power Eleven ကုမၸဏီက low floor bus ယာဥ္​အစီး​ေရ ၁၂ စီးကို သက္​ႀကီးရြယ္​အို​ေတြ၊ မ်က္​မျမင္​​ေတြ၊ ကိုယ္​ဝန္​​ေဆာင္​မိခင္​​ေတြ အတက္​အဆင္​းလုပ္​ရတာ အဆင္​​ေျပဖို႔ ​ေျပးဆြဲ​ေပးဖို႔႐ွိတယ္​။ YRTA ကို ယာဥ္​လိုင္​း​ေျပးဆြဲဖို႔ တင္​ျပထားတယ္​။ နည္​းပညာပိုင္​း​ေတြကိုလည္​း အဆင္​့ျမွင္​့ထားတယ္​။ မ်က္​မျမင္​​ေတြအတြက္​ ​ေရာက္​႐ွိတဲ့ခရီးစဥ္​ကို ​ေၾကညာ​ေပး​တာ​ေတြ၊ နားမၾကားတဲ့သူ​ေတြအတြက္​ မွတ္​တိုင္​​ေတြကို TV က​ေနျပ​တာ​ေတြ၊ wheel chair ​နဲ႔အတက္​အဆင္​းလုပ္​မယ္​့သူ​ေတြအတြက္​ ထိုင္​ခံု​ေတြကိုလည္​း အဆင္​​ေျပေျပ စီစဥ္​​ေပးထားမွာပါ။" ဟု Power Eleven ကုမၸဏီမွ အုပ္​ခ်ဳပ္​မႈဒါ႐ိုက္​တာ ကိုတရုတ္ေလးက ​ေျပာၾကားခဲ့သည္​။

Power Eleven ကုမၸဏီ သည္ YBS 21 ယာဥ္လိုင္းတြင္ယာဥ္အစီးေရ ၈၃ စီးျဖင့္ ေန႔စဥ္ ေျပးဆြဲလ်က္ရွိရာ ခရီးသည္​ ၃၅,၀၀၀ ခန္႔ ေန႔စဥ္ပို႔ေဆာင္၍ ဝန္ေဆာင္မႈေပးေနျပီး ယခုအခါတြင္ ယာဥ္ ၃၅ စီးသည္ ခရီးစဥ္လမ္းေၾကာင္းတူ၊ ယာဥ္လိုင္းနံပါတ္တူ ေခတ္သစ္ဘုရင့္ေနာင္ ကုမၸဏီသို႔ေျပာင္းေရြ႕​ေျပးဆြဲ​ေပး​ေနလ်က္​႐ွိ​ေၾကာင္​း သိရသည္။

Unicode Version

ရန်ကုန်မြို့ ခရီးသည်သယ်ယူပို့ဆောင်ရေးတွင် Power Eleven Company မှတာဝန်ယူပြေးဆွဲနေသည့် ခရီးသည်တင် YBS 21 ယာဉ်လိုင်းမှ သက်ကြီးရွယ်အိုများနှင့် ကိုယ်ဝန်ဆောင်မိခင်များ ခရီးသည်အတက်အဆင်းပြုလုပ်ရာတွင် အဆင်ပြေစေရန် low floor bus ၁၂ စီးဖြင့် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း Power Eleven ကုမ္ပဏီမှ သိရသည်။

လက်ရှိပြေးဆွဲနေသော ယာဉ်များသည် one step ၊ two step ယာဉ်များဖြစ်သောကြောင့် သာမန်ခရီးသွားပြည်သူများ အနေဖြင့် အဆင်ပြေနိုင်သော်လည်း သက်ကြီးရွယ်အိုများအနေနှင့် ကား၏ခြေနင်းခုံ နှစ်ဆင့်၊ သုံးဆင့် တက်ရန်မူ အခက်အခဲရှိသောကြောင့် YBS 21 ယာဉ်လိုင်းအနေဖြင့် ဝန်ဆောင်မှု အပိုင်းများအား တိုးမြှင့်နိုင်ရန် priority seat များပါရှိသည့် disabled bus များကို ပြေးဆွဲနိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ရာ သက်ကြီးရွယ်အိုများ၊ ကျန်းမာရေးမကောင်းသူများ၊ မသန်စွမ်းသူနှင့် ကိုယ်ဝန်ဆောင်မိခင်များ အတွက်ရည်ရွယ်၍ low floor bus ၁၂ စီးဖြင့် ပြေးဆွဲရန် အများပြည်သူသယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ (YRTA) သို့တင်ပြထားရှိကြောင်း သိရသည်။

"Power Eleven ကုမ္ပဏီက low floor bus ယာဉ်အစီးရေ ၁၂ စီးကို သက်ကြီးရွယ်အိုတွေ၊ မျက်မမြင်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ အတက်အဆင်းလုပ်ရတာ အဆင်ပြေဖို့ ပြေးဆွဲပေးဖို့ရှိတယ်။ YRTA ကို ယာဉ်လိုင်းပြေးဆွဲဖို့ တင်ပြထားတယ်။ နည်းပညာပိုင်းတွေကိုလည်း အဆင့်မြှင့်ထားတယ်။ မျက်မမြင်တွေအတွက် ရောက်ရှိတဲ့ခရီးစဉ်ကို ကြေညာပေးတာတွေ၊ နားမကြားတဲ့သူတွေအတွက် မှတ်တိုင်တွေကို TV ကနေပြတာတွေ၊ wheel chair နဲ့အတက်အဆင်းလုပ်မယ့်သူတွေအတွက် ထိုင်ခုံတွေကိုလည်း အဆင်ပြေပြေ စီစဉ်ပေးထားမှာပါ။" ဟု Power Eleven ကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာ ကိုတရုတ်လေးက ပြောကြားခဲ့သည်။

Power Eleven ကုမ္ပဏီ သည် YBS 21 ယာဉ်လိုင်းတွင်ယာဉ်အစီးရေ ၈၃ စီးဖြင့် နေ့စဉ် ပြေးဆွဲလျက်ရှိရာ ခရီးသည် ၃၅,၀၀၀ ခန့် နေ့စဉ်ပို့ဆောင်၍ ဝန်ဆောင်မှုပေးနေပြီး ယခုအခါတွင် ယာဉ် ၃၅ စီးသည် ခရီးစဉ်လမ်းကြောင်းတူ၊ ယာဉ်လိုင်းနံပါတ်တူ ခေတ်သစ်ဘုရင့်နောင် ကုမ္ပဏီသို့ပြောင်းရွေ့ပြေးဆွဲပေးနေလျက်ရှိကြောင်း သိရသည်။

Latest News

Mazda Myanmar ရဲ့ Knockout Deal Road Show...

Zawgyi Version Mazda Myanmar ရဲ့ Knockout Deal Road Show ပြဲကို Junction City မွာ ေမလ (၂၃) ရက္ေန႔ကေနျပီး (၂၆)...

Read more »

ယာဥ္​အမည္​​​ေျပာင္​းခြန္​ေကာက္​ခံျခင္​းကို...

​ Zawgyi Version ​ေမာ္​​ေတာ္​ယာဥ္​အမည္​​​ေျပာင္​းခြန္​ ​ေကာက္​ခံျခင္​းကို ​ေလ်ွာ႔​ခ်​ေကာက္​ခံရန္​ ​ေဆြး​ေႏြးထားမႈ မရွိ​ေသးဘဲ ယခုအတိုင္​းသာ...

Read more »

ကားေရွ႕မီးၾကီးနဲ႕ ဝါယာေရွာ့ အႏၱရာယ္

Zawgyi Version အမ်ိဳးသမီး တစ္ဦးေမာင္းတဲ့ Honda Fit ကားေလးတစ္စီး ကားေရွ႕မီးၾကီး တစ္ဖက္မလာလုိ႕ဆုိျပီး က်ေနာ္တုိ႕ကားဝပ္ေရွာ့ ကုိ ေရာက္လာတယ္။...

Read more »

အာမခံထားေသာ ကားတစ္စီး မေတာ္တဆမႈျဖစ္ပြားလ်င္ ......

Zawgyi Version ယာဥ္ေၾကာေတြပိတ္ဆို႔ၿပီး ကားအစီးေရေတြမ်ားျပားလြန္းလွတဲ့ ရန္ကုန္ၿမိဳ႕ရဲ့လမ္းမေတြေပၚမွာ ယာဥ္မေတာ္တဆမႈဆိုတာ...

Read more »

ရန္ကုန္တိုင္​း စည္​ပင္​နယ္​နိမိတ္​အတြင္​း...

Zawgyi Version ရန္ကုန္တိုင္​းစည္​ပင္​နယ္​နိမိတ္​ၿမိဳ႕နယ္​မ်ားအတြင္​း ဆိုင္ကယ္စီးနင္းခြင့္ မျပဳထား​ေသာ္​လည္​း လိုင္​စင္​မဲ့ဆိုင္​ကယ္​မ်ား...

Read more »