- ပင်မစာမျက်နှာ
- ကားသတင်းများ
- Geely ထုတ် 1,600 km range ရှိသော Galaxy Starshine 8 PHEV ကန်ဒေါ်လာ ၁၇၄၀၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ
Geely ထုတ် 1,600 km range ရှိသော Galaxy Starshine 8 PHEV ကန်ဒေါ်လာ ၁၇၄၀၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ
- 2155 views
Geely သည် မေလ ၉ ရက်တွင် Starshine 8 plug-in hybrid ဆီဒင်ကို Geely Galaxy brand ဖြင့် ဈေးကွက်တင်လာသည်။
ရွေးချယ်စရာ Trim ၇ မျိုးရှိပြီး ဈေးတန်းအနေဖြင့် ယွမ် ၁၂၅၈၀၀ မှ ၁၆၅၈၀၀ ကြား (ကန်ဒေါ်လာ ၁၇၄၀၀ မှ ၂၂၉၀၀ ကြား) ရှိသည်။
အဆိုပါ trim များတွင် comprehensive range များအနေဖြင့် 1,500 km နှင့် 1,600 km ဟု လာသည်။Geely Galaxy Starshine 8 သည် fastback ဒီဇိုင်းဖြစ်ပြီး dimension အနေဖြင့် 5018/1918/1480 mm နှင့် wheelbase မှာ 2928 mm ရှိသည်။အသားတင်အလေးချိန်အားဖြင့် trim အပေါ်မူတည်ပြီး 1908 kg, 1860 kg နှင့် 1760 kg ဟု အစားစား ရှိသည်။
Geely ၏ Thor EM-P (သို့မဟုတ်) Thor EM-i plug-in hybrid system ကို အသုံးပြုထားသည်။ အတားအဆီးများ ရုတ်တရက်တွေ့ပါက အကောင်းဆုံး ထိန်းချုပ်နိုင်စွမ်းရှိသည့် အမြန်နှုန်းမှာ 80 km/h ဖြစ်သည်။
((EM-P trim များ))
● 1.5T အင်ဂျင်သုံးထားပြီး ဆွဲအား 120 kW (161 hp) နှင့် ရုန်းအား 255 Nm ရှိကာ DHT Evo ဂီယာသုံးထား
● ရှေ့ဘက်တွင် ဆွဲအား 160 kW (215 hp) နှင့် ရုန်းအား 350 Nm ရှိသော permanent magnet synchronous မော်တာသုံးထား
● ဆီစားနှုန်းမှာ 3.67L/100km (CLTC) ဖြစ်
● 0–100 km/h အမြန်နှုန်းကို ၆ ဒသမ ၄၉ စက္ကန့်အတွင်းရနိုင်
● 18.4 kWh လီသီယမ် အိုင်းယွန်းဖော့စဖိတ်ဘက်ထရီ
● ဘက်ထရီသီးသန့်ဖြင့် ကီလို ၁၃၀ မောင်းနိုင် (CLTC)
● စုစုပေါင်း မောင်းနှင်နိုင်သော range ကီလို 1,500
((EM-i trim များ))
● 1.5L အင်ဂျင်။ ဆွဲအား 82 kW (110 hp) နှင့် ရုန်းအား 136 Nm။ E-DHT ဂီယာသုံးထားသည်။
● ရှေ့ဘက်တွင် ဆွဲအား 175 kW (211 hp) နှင့် ရုန်းအား 262 Nm ရှိ permanent magnet synchronous မော်တာ သုံးထားသည်။
● ဆီစားနှုန်း 3.43L/100 km
● 0–100 km/h အမြန်နှုန်းတင်ရန် ၈ ဒသမ ၄ စက္ကန့် (entry-level)
● 8.5 kWh (entry-level) နှင့် 18.4 kWh လီသီယမ် အိုင်းယွန်းဖော့စဖိတ် ဘက်ထရီများ ရွေးချယ်စရာရှိ
● ဘက်ထရီအား သီးသန့်ဖြင့် ကီလို ၆၀ (သို့မဟုတ်) ကီလို ၁၃၀ အသီးသီးမောင်းနိုင် (CLTC)
● စုစုပေါင်း မောင်းနိုင်သည့် comprehensive range ကီလို ၁၆၀၀
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Geely Galaxy Starshine 8 PHEV with 1,600 km range entered market at 17,400 USD (carnewschina)