လူသိနည်းသော Andorra နိုင်ငံတွင် တစ်နိုင်ငံလုံး အရောင်းရဆုံးမော်တော်ကားမှာ Porsche 911 ဖြစ်နေ …

  • 870 views

2025-porsche-911-carrera-gts-101-668d444c83859.jpg
ဥရောပမှာ ကားလုပ်ငန်း၏ ဧကရာဇ်ဟုဆိုလျှင် Porsche 911 မှာ မကိုဋ်ထိပ်မှ စိန်ပွင့်ကြီးတစ်ခုပမာ ဖြစ်သည်။

ဂျာမနီသည် ကားထုတ်လုပ်မှုတွင် ထိပ်တန်းနိုင်ငံကြီးတစ်ခု ဖြစ်သည်။

ပြိုင်ကားနယ်ပယ်တွင် Porsche 911 မှာ စံနမူနာတစ်ခုသဖွယ် ရပ်တည်နေသည်။

ဥရောပမှ လူသိနည်းသော နိုင်ငံငယ်တစ်ခုတွင် Porsche 911 မှာ အရောင်းရဆုံးကား ဖြစ်နေသည်။

 

2025-porsche-911-carrera-gts-102-668d444cb87c6.jpg

((Andorra တွင် အဘယ်ကြောင့် Porsche 911 များ များစွာဝယ်ယူနိုင်ကြသနည်း))

Andorra အကြောင်း ကြားဖူးသူ နည်းပါးနိုင်သည်။

Andorra သည် ပြင်သစ်နှင့် စပိန်ကြားတွင် တည်ရှိပြီး ကုန်းတွင်းပိတ်နိုင်ငံတစ်ခု ဖြစ်သည်။

၂၀၂၃ ခုနှစ် အချက်အလက်များအရ လူဦးရေမှာ ၈၀၈၅၆ ဦးသာ ရှိသည်။

2025-porsche-911-carrera-gts-112-668d4450c5f43.jpg

Andorra နိုင်ငံ၏ အကျယ်အဝန်းမှာ မြန်မာနိုင်ငံမှ ရန်ကုန်မြို့၏ အကျယ်အဝန်းမျှပင် မရှိချေ။

Andorra ၏ အကျယ်အဝန်းမှာ ၄၆၇ စတုရန်းကီလိုမီတာ (၁၈၀ စတုရန်းမိုင်) သာရှိသည်။

ရန်ကုန်မြို့၏ အကျယ်အဝန်းမှာ ၅၉၈ စတုရန်းကီလိုမီတာ ဖြစ်သည်။

စပိန်နှင့် ပြင်သစ်ကြားတွင်ရှိသော Pyrenees တောင်တန်းကြီးပေါ်တွင် တည်ရှိသောကြောင့် အလွန်သာယာလှပသည်။

လမ်းဘေးဝဲယာ လှပသာယာလွန်းသော ရှုမျှော်ခင်းများကြောင့် မော်တော်ကားနှင့် ဆိုင်ကယ်များ စီးရန် အလွန်ကောင်းသည်။

image-20.jpg
(ဓာတ်ပုံ- Caitriana Nicholson)

 

Andorra နိုင်ငံ အဘယ်ကြောင့် အလွန်ချမ်းသာရသည့်အကြောင်းရင်းကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က ဖော်ပြခဲ့သည်မှာ Andorra တွင် ဘဏ်လုပ်ငန်းနှင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းတို့ အလွန်အားကောင်းပြီး အခွန်နှုန်းထား အလွန်နိမ့်ပါးသောကြောင့်ဖြစ်သည်ဟု ဆိုသည်။

လူဦးရေ ၈၀၀၀၀ မှ ၉၀၀၀၀ ကြားသာရှိကာ သေးငယ်သောနိုင်ငံငယ်လေးတစ်ခု ဖြစ်သည်။

နိုင်ငံငယ်လေးဖြစ်သော်လည်း မော်တော်ကားများကို အရူးအမူး စွဲလမ်းကြသော နိုင်ငံဖြစ်သည်။

2025-porsche-911-carrera-gts-107-668d444f1f6b0.jpg


((Andorra နိုင်ငံသားတို့က Porsche 911 ကို နှစ်သက်မြတ်နိုးကြ))

Andorra မှာ Porsche 911 ၏ အမာခံပရိသတ်ဖြစ်သည်ဟု ဆိုနိုင်သည်။

Andorra ၏ အရောင်းရဆုံးကားမှာ Porsche 911 ဖြစ်ကြောင်း သိလာရသည်မှာ JATO Dynamics တွင် Automotive Analysis အဖြစ် လုပ်ကိုင်နေသူ Felipe Munoz ကြောင့် ဖြစ်သည်။

2025-porsche-911-carrera-gts-108-668d444f7edfe.jpg

Munoz သည် @carindustryanalysis အမည်ရှိ အင်စတာဂရမ် စာမျက်နှာတစ်ခုကို တည်ထောင်ထားပြီး ထိုစာမျက်နှာမှတဆင့် Andorra တွင် အရောင်းရဆုံးကားများစာရင်းကို ဖော်ပြခဲ့သည်။

Andorra တွင် အရောင်းရဆုံး Top 10 ကားများထဲ၌ Porsche မော်ဒယ် ၃ ခုပါဝင်နေသည်။

911 ရောင်းအားမှာ ၂၀၂၄ ခုနှစ်အတွင်း ၄၁ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး စုစုပေါင်း အစင်းရေ ၈၃ စင်း ရောင်းချခဲ့ရသည်ဟု ဆိုသည်။

2025-porsche-911-carrera-gts-122-668d445465506.jpg

စိတ်ဝင်စားဖွယ်ကောင်းသည်မှာ Cayenne SUV ၏ ရောင်းအားမှာ ၂၀၂၄ ခုနှစ်အတွင်း ၂၈၃ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး စုစုပေါင်း အစင်းရေ ၄၆ စင်း ရောင်းချခဲ့ရသည်။

Macan မှာ စုစုပေါင်း အစင်းရေ ၄၅ စင်း ရောင်းချထားရကာ Cayenne အောက် ၁ စင်းသာ နည်းပါးသည်။

Macan ၏ ရောင်းအားမှာ ၂၀၂၃ ခုနှစ် ရောင်းအားနှင့် ထပ်တူဖြစ်သည်။

2025-porsche-911-carrera-gts-124-668d445545003.jpg

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: European nation is so wealthy the Porsche 911 is its best-selling car 
(supercarblondie)