fb-pageview-tracker
ကမၻာေက်ာ္ ၾကယ္ပြင့္ေတြနဲ႕ ထူးထူးျခားျခား သူတိုရဲ့ကားမ်ား


Zawgyi Version

ကမၻာေက်ာ္ၾကယ္ပြင့္ေတြ ျဖစ္ၾကတဲ့အတိုင္းပါပဲ။ သူတို႕စီးတဲ့ကားေတြက ထိပ္တန္းေတြခ်ည့္ပါ။ ဒါေပမယ့္ အခုေဖၚျပေပးမယ့္ကားေတြကေတာ့ အဲဒီေကာင္းေပ့ဆိုတဲ့ ထိပ္တန္းကားေတြထဲကမွ သူတို႕ကိုယ္တိုင္ ထူးထူးျခားျခားႏွစ္သက္စြာ ေမာင္းႏွင္စီးနင္းခဲ့ၾကတဲ့ ကားေတြပါ။ ဘယ္လိုကားေတြျဖစ္မလဲ? တစ္ခ်က္ေလာက္....

၁။ Justin Bieber - 1965 Lincoln Continental

JB မွာက ျပိဳင္ဘက္ကင္း၊ ေဈးအရမ္းၾကီးတဲ့ ကား ၅ စီးေလာက္ရွိတယ္ဗ်။ အေရာင္ေတြကေတာ့ JB အၾကိဳက္ဆုံးအေရာင္ျဖစ္တဲ့ matte black ေတာ္ေတာ္မ်ားပါတယ္။ ပိုင္ဆုိင္ထားတဲ့ကားေတြအားလုံးဟာ တန္ဖိုးၾကီး၊ ျပိဳင္ဘက္ကင္းေတြျဖစ္ၾကတဲ့အျပင္ အေရာင္ကလည္း JB အၾကိဳက္ဆုံး အေရာင္ေတြခ်ည့္ဆိုေတာ့ အျပင္ထြက္ဖို႕ ဘယ္ကားစီးရမလဲဆိုတာ ဆုံးျဖတ္ရေတာ္ေတာ္ခက္မယ့္ပုံပါပဲ။ ဒါေပမယ့္ သူ႕ပရိတ္သက္ေတြေရြးခ်ယ္ေပးတဲ့ JB အသုံးဆုံးကားကေတာ့ သူ ၂၁ ျပည့္ေမြးေန႕တုန္းက လက္ေဆာင္ရရွိခဲ့တဲ့ 1965 Lincoln Continental ျဖစ္ပါသတဲ့။

၂။ David Beckham - Aston Martin V8 Vantage convertible

JB ျပီးေတာ့ DB ေပ့ါ။ တစ္ခ်ိန္တုန္းက အဂၤလန္ေဘာလုံးေလာကရဲ့ လွ်မ္းလွ်မ္းေတာက္ မင္းသားတစ္ပါးလို႕ဆိုရင္ မမွားပါဘူး။ နာမည္ေက်ာ္ ေဘာလုံးသမားအမ်ားစုလိုပါပဲ။ David ဟာလည္း ေမာ္ေတာ္ကား ခ်စ္သူတစ္ေယာက္ပါ။ သူ႕မွာလည္း ရွားရွားပါးပါး၊ တန္ဖိုးၾကီးၾကီး စုေဆာင္းထားတဲ့ ကားေတြအမ်ားၾကီးပါပဲ။ အေဖေကာင္းတစ္ေယာက္၊ ေယာက္က်ားေကာင္းတစ္ေယာက္၊ ေမာ္ဒယ္၊ Brand ambassador စတဲ့ ဂုဏ္ျဒပ္ေတြအမ်ားၾကီးပိုင္ဆိုင္ထားတဲ့ David နဲ႕ သူ႕ရဲ့ခ်စ္ဇနီး Victoria တို႕စီးနင္းမႈအမ်ားဆုံးကားအျဖစ္ သူ႕တို႕ပရိတ္သက္ေတြေရြးခ်ယ္ေပးထားတာကေတာ့ Aston Martin V8 Vantage convertible ျဖစ္ပါတယ္။ ဒါဟာ ဂႏၳဝင္ကားတစ္စီးလည္းျဖစ္ပါတယ္။

၃။ Nicki Minaj - Lamborghini Aventador

ကမၻာေက်ာ္ေတြနဲ႕ Lamborghini ဟာ ခြဲျခားလို႕မရတဲ့ အမွတ္တံဆိပ္တစ္ခုပါ။ Nicki စီးတဲ့ Lamborghini Aventador ကေတာ့ $400K ေလာက္အဖိုးတန္ပါတယ္။ အေရာင္အေသြးကေတာ့ Nicki အၾကိဳက္ဆုံးအေရာင္၊ ပန္းေရာင္ပါ။ အတိအက်ေျပာရမယ္ဆိုရင္ေတာ့ bright matte pink ျဖစ္ပါတယ္။ အဲဒီကားကို Nicki စစီးတုန္းကဆိုရင္ တစ္ကမၻာလုံးမွာရွိတဲ့ Lamborghini ပရိသတ္ေတြက Lamborghini ရဲ့အေရာင္အေသြးကို Nicki ဖ်က္ဆီးလိုက္ျပီလို႕ ဝိုင္းေဝဖန္ခဲ့ၾကပါေသးတယ္။ ဘယ္သူေတြဘာေတြေျပာေျပာ Nicki ဟာ ဒီ ပန္းေရာင္ Lamborghini ကို အခါအားေလ်ာ္စြာ အသုံးျပဳေနဆဲပါပဲ။

၄။ Kylie Jenner - Ferrari 458 Italia

ဆယ္ေက်ာ္သက္အရြယ္ကတည္းက တစ္ကမၻာလုံးက ကိုကိုေတြကို ဖမ္းစားႏိုင္ခဲ့သူေတြထဲမွာ Kylie Jenner လည္း ထိပ္ဆုံးေနရက ပါဝင္ပါတယ္။ ေမာ္ေတာ္ကားနဲ႕ပတ္သက္ရင္ ေငြကို ေဖာေဖာသီသီအသုံးျပဳေလ့ရွိသူ Kylie Jenner ဟာ တန္ဖိုးၾကီး ကားအခ်ိဳ႕ကို ပိုင္ဆိုင္ထားေပမယ့္ လြန္ခဲ့တဲ့ သုံးေလးႏွစ္အတြင္း သူ(မ) အသုံးမ်ားတဲ့ကားကေတာ့ Ferrari 458 Italia ပါ။ Instagram မွာ Mercedes G Class SUV နဲ႕ပုံေတြ အမ်ားၾကီးတင္တတ္ေပမယ့္ သူ(မ)အႏွစ္သက္ဆုံးကေတာ့ Ferrari ျဖစ္ပုံပါပဲ။ ေနာက္တစ္ခုက ဒီ Ferrari 458 က သူ(မ)ရဲ့ေမြးေန႕မွာ သူ(မ)ခ်စ္သူက လက္ေဆာင္ေပးခဲ့တဲ့ ကားတစ္စီး ျဖစ္ေနတာေၾကာင့္လည္း ျဖစ္ႏုိင္ပါတယ္။

၅။ Jay-Z - Maybach Exelero

Jay-Z ရဲ့ကားကို ဒီစာရင္းမွာ ထည့္ဖို႕ဆိုရင္ သိတဲ့သူေတြ ၾကိဳျပီးခန္႕မွန္းလို႕ေတာင္ ရေနေလာက္ျပီ။ သိၾကတဲ့အတိုင္း platinum ဓါတ္ျပားဆုေတြအမ်ားၾကီး သိမ္းပိုက္ထားတဲ့ နာမည္ေက်ာ္တစ္ေယာက္အေနနဲ႕ Jay-Z ရဲ့ကားဂိုေထာင္ထဲမွာ နာမည္ေက်ာ္ကားေတြကလည္း အမ်ားၾကီးပါ။ ဒါေပမယ့္ ႏွစ္ရွည္လမ်ား သူစီးေလ့ရွိတဲ့ကားကေတာ့ Maybach Exelero ဆိုတာ အားလုံးက သိၾကပါတယ္။ V12 အင္ဂ်င္၊ 700 HP ထြက္တဲ့အဲဒီကားဟာ တစ္နာရီ မိုင္ ၆၀ ႏႈန္းကို ၄ စကၠန္႕ထဲနဲ႕တင္လို႕ရတယ္ေလ။ တန္ဖိုးကိုလည္း ၾကည့္ပါဦး။ $8M ပါ။

၆။ Kendall Jenner - 1969 Chevrolet Camaro SS Convertible

အခုအခ်ိန္မွာ ကမၻာ့အသက္အငယ္ဆုံး ဘီလီယံနာျဖစ္ေနျပီျဖစ္တဲ့ Kendall Jenner မွာ သူ(မ) စြဲစြဲျမဲျမဲစီးေလ့ရွိတဲ့ ကားရွိပါတယ္။ အဲဒါကေတာ့ 1969 Chevrolet Camaro SS Convertible ပါပဲ။ ကိုယ္တိုင္က နာမည္ေက်ာ္ ေမာ္ဒယ္တစ္ေယာက္ျဖစ္ေနတဲ့အျပင္ အလွကုန္ပစၥည္းထုတ္လုပ္ေရာင္းခ်ရာကေန ကိုယ္ထူးကိုယ္ခြ်န္ ဘီလီယံနာတစ္ေယာက္ျဖစ္လာသူ Kendall Jenner ရဲ့ အႏွစ္သက္ဆုံး Chevrolet ဟာ သူ(မ) မေမြးခင္ လြန္ခဲ့တဲ့ ၂၆ တုန္းက ထုတ္ထားတဲ့ကားလည္း ျဖစ္ပါတယ္။

၇။ Drake - Mercedes-Maybach S 600 Pullman

“What a time to be alive” သီခ်င္းထြက္တဲ့အခ်ိန္တုန္းကဆိုရင္ ကမၻာေက်ာ္ rapper Drake ဟာ သူအရမ္းၾကိဳက္ေနခဲ့တဲ့ ဒီကားအေၾကာင္းကို သီခ်င္းထဲမွာေတာင္ ထည့္ဆိုခဲ့ပါေသးတယ္။ သူဝယ္ထားတာ Mercedes Pullman ျဖစ္တဲ့အေၾကာင္း၊ မၾကားဖူးရင္ Google မွာ ရွာေဖြႏိုင္တဲ့အေၾကာင္း ထည့္ဆိုထားတာပါ။ အဲဒီ Mercedes-Maybach S 600 Pullman ဟာ ဇိမ္ခံကားတစ္စီးျဖစ္ျပီး အဲဒီအခ်ိန္က $5.5M အထက္ အဖိုးတန္ပါတယ္။

၈။ Simon Cowell – Bugatti Veyron

တစ္ႏွစ္တာအတြင္း $95M ေလာက္ရွာေဖြႏိုင္ခဲ့သူ၊ idol ဘုရင္ၾကီး Simon Cowell ကေတာ့ Bugatti ကို အထူးႏွစ္သက္ခဲ့သူတစ္ေယာက္ပါ။ သူလိုလူမ်ိဳး Bugatti ကို ႏွစ္ႏွစ္ျခိဳက္ျခိဳက္စီးခဲ့တယ္ဆိုတာကလည္း တြက္ၾကည့္မယ္ဆိုရင္ ထူးဆန္းအံ့ၾသဖြယ္ရာေတာ့ မရွိလွပါဘူး။ သူ႕ရဲ့ ေခ်ာမြတ္ေျပာင္လက္ေနတဲ့ အနက္ေရာင္ Bugatti ဟာ $1.7M ေလာက္တန္ဖိုးရွိပါတယ္။

၉။ Leonardo DiCaprio – Fisker Karma EV Speedster

ကမၻာေက်ာ္မင္းသား Leonardo ႏွစ္ျခိဳက္ခဲ့တဲ့ ကားကေရာ ဘယ္လိုကားမ်ိဳးျဖစ္မလဲ။ Leonardo ဟာ Fisker လို႕ေခၚတဲ့ Hybrid ကားကုမၸဏီမွာ သူကိုယ္တိုင္ဝင္ေရာက္ရင္းႏွီးျမွဳပ္ႏွံခဲ့ရုံတင္မကဘဲနဲ႕ Fisker Karma EV Speedster ကိုပါ အခ်ိန္အေတာ္ၾကာၾကာ ဝယ္ယူေမာင္းႏွင္ေနခဲ့ပါေသးတယ္။ တန္ဖိုးကေတာ့ $600K ေလာက္တန္ပါတယ္။ Fisker Karma ဟာ သူတို႕ရဲ့ နည္းပညာခိုးယူသုံးစြဲထားတယ္ဆိုျပီး  Tesla ရဲ့ တရားစြဲဆိုျခင္းခံခဲ့ရေပမယ့္ အျပီးသတ္အမိန္႕ခ်မွတ္ရမွာေတာ့ Fisker က အႏိုင္ရရွိခဲ့တာပါ။

၁၀။ Beyonce Knowles – 1959 Rolls Royce Silver Cloud II Convertible


အခုေတာ့ သူ(မ) အဲဒီကားကို သိပ္မစီးေတာ့ပါဘူူး။ သူ(မ) အသက္ ၂၅ ႏွစ္ျပည့္တုန္းက Jay-Z က suprise လုပ္ခဲ့တဲ့ကား။ သူ(မ) ျမတ္ျမတ္ႏိုးႏိုးစီးခဲ့တဲ့ကား။ ၁၉၅၉ ခုႏွစ္ထုတ္ Rolls Royce Silver Cloud II Convertible ပါ။ ဒါဟာ ေအာင္ျမင္သူေတြရဲ့ ခ်စ္သက္လက္ေဆာင္တစ္ခုျဖစ္ခဲ့သလို ဂႏၳဝင္အလွတရားတစ္ခုလည္း ျဖစ္ေနဆဲပါ။ တန္ဖိုးကေတာ့ $1M ဝန္းက်င္ရွိပါတယ္။

Ref: 10 Unique Celebrity Cars by Amandalina Letterio
စာေရးသူ : စိုင္းဆုိင္(ရန္ကုန္)


ကမ္ဘာကျော်ကြယ်ပွင့်တွေ ဖြစ်ကြတဲ့အတိုင်းပါပဲ။ သူတို့စီးတဲ့ကားတွေက ထိပ်တန်းတွေချည့်ပါ။ ဒါပေမယ့် အခုဖေါ်ပြပေးမယ့်ကားတွေကတော့ အဲဒီကောင်းပေ့ဆိုတဲ့ ထိပ်တန်းကားတွေထဲကမှ သူတို့ကိုယ်တိုင် ထူးထူးခြားခြားနှစ်သက်စွာ မောင်းနှင်စီးနင်းခဲ့ကြတဲ့ ကားတွေပါ။ ဘယ်လိုကားတွေဖြစ်မလဲ? တစ်ချက်လောက်....

၁။ Justin Bieber - 1965 Lincoln Continental

JB မှာက ပြိုင်ဘက်ကင်း၊ ဈေးအရမ်းကြီးတဲ့ ကား ၅ စီးလောက်ရှိတယ်ဗျ။ အရောင်တွေကတော့ JB အကြိုက်ဆုံးအရောင်ဖြစ်တဲ့ matte black တော်တော်များပါတယ်။ ပိုင်ဆိုင်ထားတဲ့ကားတွေအားလုံးဟာ တန်ဖိုးကြီး၊ ပြိုင်ဘက်ကင်းတွေဖြစ်ကြတဲ့အပြင် အရောင်ကလည်း JB အကြိုက်ဆုံး အရောင်တွေချည့်ဆိုတော့ အပြင်ထွက်ဖို့ ဘယ်ကားစီးရမလဲဆိုတာ ဆုံးဖြတ်ရတော်တော်ခက်မယ့်ပုံပါပဲ။ ဒါပေမယ့် သူ့ပရိတ်သက်တွေရွေးချယ်ပေးတဲ့ JB အသုံးဆုံးကားကတော့ သူ ၂၁ ပြည့်မွေးနေ့တုန်းက လက်ဆောင်ရရှိခဲ့တဲ့ 1965 Lincoln Continental ဖြစ်ပါသတဲ့။

၂။ David Beckham - Aston Martin V8 Vantage convertible

JB ပြီးတော့ DB ပေ့ါ။ တစ်ချိန်တုန်းက အင်္ဂလန်ဘောလုံးလောကရဲ့ လျှမ်းလျှမ်းတောက် မင်းသားတစ်ပါးလို့ဆိုရင် မမှားပါဘူး။ နာမည်ကျော် ဘောလုံးသမားအများစုလိုပါပဲ။ David ဟာလည်း မော်တော်ကား ချစ်သူတစ်ယောက်ပါ။ သူ့မှာလည်း ရှားရှားပါးပါး၊ တန်ဖိုးကြီးကြီး စုဆောင်းထားတဲ့ ကားတွေအများကြီးပါပဲ။ အဖေကောင်းတစ်ယောက်၊ ယောက်ကျားကောင်းတစ်ယောက်၊ မော်ဒယ်၊ Brand ambassador စတဲ့ ဂုဏ်ဒြပ်တွေအများကြီးပိုင်ဆိုင်ထားတဲ့ David နဲ့ သူ့ရဲ့ချစ်ဇနီး Victoria တို့စီးနင်းမှုအများဆုံးကားအဖြစ် သူ့တို့ပရိတ်သက်တွေရွေးချယ်ပေးထားတာကတော့ Aston Martin V8 Vantage convertible ဖြစ်ပါတယ်။ ဒါဟာ ဂန္ထဝင်ကားတစ်စီးလည်းဖြစ်ပါတယ်။

၃။ Nicki Minaj - Lamborghini Aventador

ကမ္ဘာကျော်တွေနဲ့ Lamborghini ဟာ ခွဲခြားလို့မရတဲ့ အမှတ်တံဆိပ်တစ်ခုပါ။ Nicki စီးတဲ့ Lamborghini Aventador ကတော့ $400K လောက်အဖိုးတန်ပါတယ်။ အရောင်အသွေးကတော့ Nicki အကြိုက်ဆုံးအရောင်၊ ပန်းရောင်ပါ။ အတိအကျပြောရမယ်ဆိုရင်တော့ bright matte pink ဖြစ်ပါတယ်။ အဲဒီကားကို Nicki စစီးတုန်းကဆိုရင် တစ်ကမ္ဘာလုံးမှာရှိတဲ့ Lamborghini ပရိသတ်တွေက Lamborghini ရဲ့အရောင်အသွေးကို Nicki ဖျက်ဆီးလိုက်ပြီလို့ ဝိုင်းဝေဖန်ခဲ့ကြပါသေးတယ်။ ဘယ်သူတွေဘာတွေပြောပြော Nicki ဟာ ဒီ ပန်းရောင် Lamborghini ကို အခါအားလျော်စွာ အသုံးပြုနေဆဲပါပဲ။

၄။ Kylie Jenner - Ferrari 458 Italia

ဆယ်ကျော်သက်အရွယ်ကတည်းက တစ်ကမ္ဘာလုံးက ကိုကိုတွေကို ဖမ်းစားနိုင်ခဲ့သူတွေထဲမှာ Kylie Jenner လည်း ထိပ်ဆုံးနေရက ပါဝင်ပါတယ်။ မော်တော်ကားနဲ့ပတ်သက်ရင် ငွေကို ဖောဖောသီသီအသုံးပြုလေ့ရှိသူ Kylie Jenner ဟာ တန်ဖိုးကြီး ကားအချို့ကို ပိုင်ဆိုင်ထားပေမယ့် လွန်ခဲ့တဲ့ သုံးလေးနှစ်အတွင်း သူ(မ) အသုံးများတဲ့ကားကတော့ Ferrari 458 Italia ပါ။ Instagram မှာ Mercedes G Class SUV နဲ့ပုံတွေ အများကြီးတင်တတ်ပေမယ့် သူ(မ)အနှစ်သက်ဆုံးကတော့ Ferrari ဖြစ်ပုံပါပဲ။ နောက်တစ်ခုက ဒီ Ferrari 458 က သူ(မ)ရဲ့မွေးနေ့မှာ သူ(မ)ချစ်သူက လက်ဆောင်ပေးခဲ့တဲ့ ကားတစ်စီး ဖြစ်နေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

၅။ Jay-Z - Maybach Exelero

Jay-Z ရဲ့ကားကို ဒီစာရင်းမှာ ထည့်ဖို့ဆိုရင် သိတဲ့သူတွေ ကြိုပြီးခန့်မှန်းလို့တောင် ရနေလောက်ပြီ။ သိကြတဲ့အတိုင်း platinum ဓါတ်ပြားဆုတွေအများကြီး သိမ်းပိုက်ထားတဲ့ နာမည်ကျော်တစ်ယောက်အနေနဲ့ Jay-Z ရဲ့ကားဂိုထောင်ထဲမှာ နာမည်ကျော်ကားတွေကလည်း အများကြီးပါ။ ဒါပေမယ့် နှစ်ရှည်လများ သူစီးလေ့ရှိတဲ့ကားကတော့ Maybach Exelero ဆိုတာ အားလုံးက သိကြပါတယ်။ V12 အင်ဂျင်၊ 700 HP ထွက်တဲ့အဲဒီကားဟာ တစ်နာရီ မိုင် ၆၀ နှုန်းကို ၄ စက္ကန့်ထဲနဲ့တင်လို့ရတယ်လေ။ တန်ဖိုးကိုလည်း ကြည့်ပါဦး။ $8M ပါ။

၆။ Kendall Jenner - 1969 Chevrolet Camaro SS Convertible

အခုအချိန်မှာ ကမ္ဘာ့အသက်အငယ်ဆုံး ဘီလီယံနာဖြစ်နေပြီဖြစ်တဲ့ Kendall Jenner မှာ သူ(မ) စွဲစွဲမြဲမြဲစီးလေ့ရှိတဲ့ ကားရှိပါတယ်။ အဲဒါကတော့ 1969 Chevrolet Camaro SS Convertible ပါပဲ။ ကိုယ်တိုင်က နာမည်ကျော် မော်ဒယ်တစ်ယောက်ဖြစ်နေတဲ့အပြင် အလှကုန်ပစ္စည်းထုတ်လုပ်ရောင်းချရာကနေ ကိုယ်ထူးကိုယ်ချွန် ဘီလီယံနာတစ်ယောက်ဖြစ်လာသူ Kendall Jenner ရဲ့ အနှစ်သက်ဆုံး Chevrolet ဟာ သူ(မ) မမွေးခင် လွန်ခဲ့တဲ့ ၂၆ တုန်းက ထုတ်ထားတဲ့ကားလည်း ဖြစ်ပါတယ်။

၇။ Drake - Mercedes-Maybach S 600 Pullman

“What a time to be alive” သီချင်းထွက်တဲ့အချိန်တုန်းကဆိုရင် ကမ္ဘာကျော် rapper Drake ဟာ သူအရမ်းကြိုက်နေခဲ့တဲ့ ဒီကားအကြောင်းကို သီချင်းထဲမှာတောင် ထည့်ဆိုခဲ့ပါသေးတယ်။ သူဝယ်ထားတာ Mercedes Pullman ဖြစ်တဲ့အကြောင်း၊ မကြားဖူးရင် Google မှာ ရှာဖွေနိုင်တဲ့အကြောင်း ထည့်ဆိုထားတာပါ။ အဲဒီ Mercedes-Maybach S 600 Pullman ဟာ ဇိမ်ခံကားတစ်စီးဖြစ်ပြီး အဲဒီအချိန်က $5.5M အထက် အဖိုးတန်ပါတယ်။

၈။ Simon Cowell – Bugatti Veyron

တစ်နှစ်တာအတွင်း $95M လောက်ရှာဖွေနိုင်ခဲ့သူ၊ idol ဘုရင်ကြီး Simon Cowell ကတော့ Bugatti ကို အထူးနှစ်သက်ခဲ့သူတစ်ယောက်ပါ။ သူလိုလူမျိုး Bugatti ကို နှစ်နှစ်ခြိုက်ခြိုက်စီးခဲ့တယ်ဆိုတာကလည်း တွက်ကြည့်မယ်ဆိုရင် ထူးဆန်းအံ့သြဖွယ်ရာတော့ မရှိလှပါဘူး။ သူ့ရဲ့ ချောမွတ်ပြောင်လက်နေတဲ့ အနက်ရောင် Bugatti ဟာ $1.7M လောက်တန်ဖိုးရှိပါတယ်။

၉။ Leonardo DiCaprio – Fisker Karma EV Speedster

ကမ္ဘာကျော်မင်းသား Leonardo နှစ်ခြိုက်ခဲ့တဲ့ ကားကရော ဘယ်လိုကားမျိုးဖြစ်မလဲ။ Leonardo ဟာ Fisker လို့ခေါ်တဲ့ Hybrid ကားကုမ္ပဏီမှာ သူကိုယ်တိုင်ဝင်ရောက်ရင်းနှီးမြှုပ်နှံခဲ့ရုံတင်မကဘဲနဲ့ Fisker Karma EV Speedster ကိုပါ အချိန်အတော်ကြာကြာ ဝယ်ယူမောင်းနှင်နေခဲ့ပါသေးတယ်။ တန်ဖိုးကတော့ $600K လောက်တန်ပါတယ်။ Fisker Karma ဟာ သူတို့ရဲ့ နည်းပညာခိုးယူသုံးစွဲထားတယ်ဆိုပြီး  Tesla ရဲ့ တရားစွဲဆိုခြင်းခံခဲ့ရပေမယ့် အပြီးသတ်အမိန့်ချမှတ်ရမှာတော့ Fisker က အနိုင်ရရှိခဲ့တာပါ။

၁၀။ Beyonce Knowles – 1959 Rolls Royce Silver Cloud II Convertible


အခုတော့ သူ(မ) အဲဒီကားကို သိပ်မစီးတော့ပါဘူူး။ သူ(မ) အသက် ၂၅ နှစ်ပြည့်တုန်းက Jay-Z က suprise လုပ်ခဲ့တဲ့ကား။ သူ(မ) မြတ်မြတ်နိုးနိုးစီးခဲ့တဲ့ကား။ ၁၉၅၉ ခုနှစ်ထုတ် Rolls Royce Silver Cloud II Convertible ပါ။ ဒါဟာ အောင်မြင်သူတွေရဲ့ ချစ်သက်လက်ဆောင်တစ်ခုဖြစ်ခဲ့သလို ဂန္ထဝင်အလှတရားတစ်ခုလည်း ဖြစ်နေဆဲပါ။ တန်ဖိုးကတော့ $1M ဝန်းကျင်ရှိပါတယ်။

Ref: 10 Unique Celebrity Cars by Amandalina Letterio
စာရေးသူ : စိုင်းဆိုင်(ရန်ကုန်)

Latest News

ရန္​ကုန္​လိုင္​စင္​အားခြင္​့ျပဳ/မျပဳ...

Zawgyi Version ရန္​ကုန္​လိုင္​စင္​အား YVQC စနစ္​ျဖင္​့ ခြင္​့ျပဳ/မျပဳကို တိက်စြာ သတင္​းထုတ္​ျပန္​​ေပးရန္​ လိုအပ္​​ေနၿ​ပီး...

Read more »

ကားေဘာနက္ ဟစိ နဲ႕ heat တက္တဲ့ အယူအဆ အမွားမ်ား

Zawgyi Version အခု ရန္ကုန္က taxi တခ်ဳိ႕ car bonnet ကို lock က်ေအာင္ မပိတ္ဘဲ ဟစိေလးလုပ္ၿပီး ေမာင္းေနတာေတြ႕ရတယ္ဗ်။ အရင္က...

Read more »

Ford EcoSport Review (International)

Zawgyi Version အေမရိက က ထရပ္ကားအရုပ္ေလးေတြနဲ႕ဆင္တဲ့ small SUV Ford EcoSport ဟာ ဖ်တ္ဖ်တ္လတ္လတ္ ေမာင္းႏွင္ႏိုင္မယ့္ ကားမ်ိဳးပါ။...

Read more »

လတ္တေလာအျမင္နဲ႔ မဆံုးျဖတ္ပါနဲ႔

Zawgyi Version လတ္တေလာအျမင္နဲ႔ မဆံုးျဖတ္ပါနဲ႔။ သံျပားထူရင္ပိုမာပါတယ္။ ပိုမာလို႔ထိခိုက္ရင္ ပိုမိုေတာင့္ခံႏိုင္တယ္၊ ပိုမိုအႏၱရယ္ကင္းတယ္လို႔...

Read more »

လိုင္​စင္​မဲ့ကားမ်ားရွိ​ေနမႈကို...

Zawgyi Version ေနအိမ္​ၿခံဝန္​းမ်ားတြင္​ လိုင္​စင္​မဲ့ကားရွိ​ေနမႈမ်ားကို ထိ​ေရာက္​စြာဖမ္းဆီးႏိုင္​ရန္​အတြက္​ ဆု​ေၾကး​ေငြ​ေပး၍...

Read more »