fb-pageview-tracker
၂၀၁၉ ဂ်ီနီဗာကားျပပြဲမွ ထူးထူးျခားျခား လွ်ပ္စစ္ကား ၁၀ စီး


Zawgyi Version

ကမၻာ့ဂုဏ္သိကၡာအႀကီးမားဆံုးကားျပပြဲတစ္ခုျဖစ္တဲ့ ဂ်ီနီဗာကားျပပြဲကို ႏွစ္စဥ္က်င္းပေလ့ရွိၿပီး ယခု ၂၀၁၉ ခုႏွစ္မွာေတာ့ ၈၉ ႀကိမ္ေျမာက္္အျဖစ္ က်င္းပေနၿပီျဖစ္ပါတယ္။ ဂ်ီနီဗာကားျပပြဲကို ဆြစ္ဇာလန္ႏုိင္ငံ၊ ဂ်ီနီဗာၿမိဳ႕မွာ မတ္လ ၇ ရက္ကေန ၁၇ ရက္ေန႔အထိ ၁၀ ရက္ၾကာက်င္းပသြားမွာျဖစ္ၿပီး ကမၻာအရပ္ရပ္က ကားကုမၸဏီႀကီးေတြရဲ႕အသစ္ထြက္ကားေမာ္ဒယ္အမ်ားအျပားကို ေတြ႕ျမင္ၾကရမွာပါ။ လက္ရွိက်င္းပေနတဲ့ ၂၀၁၉ ခုႏွစ္ ဂ်ီနီဗာေမာ္ေတာ္ကားျပပြဲ (Geneva Motor Show 2019) မွာ အသစ္မိတ္ဆက္ျပသခဲ့တဲ့ကားအမ်ားစုဟာ လွ်ပ္စစ္ကားအမ်ိဳးအစားေတြျဖစ္ေနတာကိုေတြ႕ရပါတယ္။ သဘာဝပတ္ဝန္းက်င္နဲ႔ေလထုညစ္ညမ္းမႈကိုကာကြယ္ဖို႔အတြက္ EU ရဲ႕ ကာဘြန္ဒိုင္ေအာက္ဆုိဒ္ထုတ္လႊတ္မႈထိန္းခ်ဳပ္ကန္႔သတ္ေရးဥပေဒထြက္ေပၚလာဖို႔ရွိေနခ်ိန္မွာ ကားကုမၸဏီအမ်ားစုကလည္း zero emission အမ်ိဳးအစားျဖစ္တဲ့လွ်ပ္စစ္ကားေတြကို အားျပဳထုတ္လုပ္ေနၾကၿပီျဖစ္ပါတယ္။ ယခုႏွစ္ရဲ႕ဂ်ီနီဗာျပပြဲမွာ ေရပန္းအစားဆံုးျဖစ္ခဲ့တဲ့လွ်ပ္စစ္ကား ၁၀ စီးကို CarsDB ပရိသတ္ေတြအတြက္ ေရြးခ်ယ္ေဖာ္ျပေပးလုိက္ပါတယ္။

(၁) Polestar 2

ဆီြဒင္အေျခစိုက္ေမာ္ေတာ္ကားကုမၸဏီ Volvo က အသစ္ထုတ္လုပ္လုိက္တဲ့ Polestar 2 ေမာ္ေတာ္ကားဟာ တံခါး ၅ ေပါက္ လွ်ပ္စစ္ကားအမ်ိဳးအစားျဖစ္ၿပီး ေဈးကြက္အတြင္းမွာ Tesla Model 3 ကို စိန္ေခၚႏုိင္မယ့္ကားတစ္စီးအျဖစ္ သတ္မွတ္ခံထားရပါတယ္။ ကနဦးေဈးႏႈန္းပမာဏကလည္း ယခင္ Polestar ေမာ္ဒယ္ေဟာင္းထက္ ပိုေလ်ာ့နည္းၿပီး ယူရို ၅၀,၀၀၀ အၾကမ္းဖ်င္းသတ္မွတ္ထားတယ္လုိ႔ ဆိုပါတယ္။ Polestar 2 ရဲဲ႕လွ်ပ္စစ္စြမ္းအင္ရုန္းအားဟာ တစ္နာရီ ၁၀၀ ကီလိုမီတာႏႈန္းကို ၅ စကၠန္႔အတြင္းျမွင့္တင္ႏိုင္ၿပီး အတြင္းပိုင္းမွာေတာ့ Phone-as-Key technology နဲ႔ ယာဥ္ေမာင္းထုိင္ခံု အာရံုခံကိရိယာေတြတပ္ဆင္ေပးထားတယ္လုိ႔ သိရပါတယ္။

(၂) Centoventi

ယခုႏွစ္ဂ်ီနီဗာကားျပပြဲမွာ ပရိသတ္ရဲ႕အာရံုကိုဆြဲေဆာင္ခဲ့တဲ့ေနာက္ထပ္လွ်ပ္စစ္ကားတစ္စီးကေတာ့ အီတလီအေျခစိုက္ Fiat ကုမၸဏီကထုတ္လုပ္လိုက္တဲ့ Centoventi လို႔ အမည္ေပးထားတဲ့ကားေမာ္ဒယ္သစ္ပဲျဖစ္ပါတယ္။ Centoventi ဆိုတာ အီတလီဘာသာနဲ႔ ၁၂၀ လို႔ အဓိပၸာယ္ရၿပီး ကုမၸဏီတည္ေထာင္တဲ့ႏွစ္ေပါင္း ၁၂၀ ျပည့္အထိမ္းအမွတ္အျဖစ္ ထုတ္လုပ္ခဲ့ျခင္းျဖစ္ပါတယ္။ Fiat ရဲ႕အဆိုအရ Centoventi လွ်ပ္စစ္ကားဟာ ၁၉၈၀ ျပည့္လြန္ႏွစ္ေတြကထုတ္လုပ္ခဲ့တဲ့ Fiat Panda ကားရဲ႕ဒီဇိုင္းကိုျပန္လည္ဆန္းသစ္ထုတ္လုပ္ခဲ့တယ္လုိ႔လည္း သိရပါတယ္။ ဒီကားရဲ႕ထူးျခားခ်က္ကေတာ့ အသုံးျပဳသူသာ ဆႏၵရွိမယ္ဆိုရင္ အပိုထပ္ေဆာင္း battery unit ေတြကို ထပ္မံဝယ္ယူၿပီးပဲျဖစ္ျဖစ္၊ ကုမၸဏီကေန ငွားရမ္းၿပီးေတာ့ပဲျဖစ္ျဖစ္ တပ္ဆင္အသံုးျပဳႏုိင္တာပါပဲ။

(၃) Minimo

ထူးျခားတဲ့ကုိယ္ထည္ဒီဇိုင္းနဲ႔ လွ်ပ္စစ္ကားတစ္မ်ိဳးကိုလည္း ဂ်ီနီဗာကားျပပြဲမွာ ေတြ႕ျမင္ရဦးမွာပါ။ အဲဒါကေတာ့ စပိန္ကားထုတ္လုပ္ေရးကုမၸဏီ Seat က ထုတ္လုပ္လုိက္တဲ့ၿမိဳ႕တြင္းသံုးလွ်ပ္စစ္ကားအမ်ိဳးအစား Minimo ပဲျဖစ္ပါတယ္။ Seat ဟာ ဂ်ာမနီအေျခစိုက္ Volkswagen ကုမၸဏီအုပ္စုရဲ႕စပိန္ကုမၸဏီခြဲျဖစ္ၿပီး ၿမိဳ႕ျပေဒသေတြမွာ ေပါ့ပါးလ်င္ျမန္စြာသြားလာႏုိင္ဖို႔ရည္ရြယ္တဲ့လွ်ပ္စစ္ကားငယ္တစ္မ်ိဳးကို ထုတ္လုပ္ခဲ့တာပါ။ Seat ရဲ႕အဆုိအရ Minomo ကားဟာ ေဘးကင္းလံုၿခံဳမႈနဲ႔ သက္ေတာင့္သက္သာရွိမႈကို ဦးစားေပးထားၿပီး ေမာ္ေတာ္ဆိုင္ကယ္တစ္စီးလို အလြယ္တကူပါကင္ထုိးႏုိင္မယ္လုိ႔ သိရပါတယ္။ ေနာက္ထပ္အားသာခ်က္တစ္ခုကေတာ့ Minimo ကို မိနစ္ပိုင္းအတြင္း ဘက္ထရီအားအျပည့္ျပန္သြင္းႏုိင္တာပဲ ျဖစ္ပါတယ္။

(၄) Carmen

သက္တမ္း ၁၁၅ ႏွစ္ရွိၿပီျဖစ္တဲ့ စပိန္ကားကုမၸဏီ Hispano Suiza ဟာလည္း ၄င္းတုိ႔ရဲ႕ေမွးမွိန္ေနတဲ့အမွတ္တံဆိပ္ကို ျပန္လည္အသက္သြင္းဖုိ႔အတြက္ လွ်ပ္စစ္ကားတစ္မ်ိဳးကို ဂ်ီနီဗာမွာ ပြဲထုတ္ျပသခဲ့ပါေသးတယ္။ အဲဒါကေတာ့ ကနဦး တန္ဖိုးယူရို ၁ သန္းခြဲသတ္မွတ္ထားတဲ့ Carmen ကားေမာ္ဒယ္သစ္ပဲျဖစ္ပါတယ္။ စစ္ႀကိဳေခတ္ ၂ ေယာက္စီး Luxury ၿပိဳင္ကားပံုစံထုတ္လုပ္ထားတဲ့ Carmen ဟာ ျမင့္မားလြန္းတဲ့လွ်ပ္စစ္စြမ္းအင္နဲ႔ ဇိမ္ခံကားတစ္စီးရဲ႕ဝိေသသလကၡဏာေတြကို ေပါင္းစပ္ထားတယ္လို႔ ဆိုရမွာျဖစ္ပါတယ္။ ဘက္ထရီစြမ္းအင္တစ္ခုတည္းနဲ႔ တစ္နာရီ ၁၀၀ ကီလိုမီတာႏႈန္းကို ၃ စကၠန္႔အတြင္းျမွင့္တင္ႏုိင္တယ္လုိ႔လည္း သိရပါတယ္။

(၅) Lagonda All-Terrain Concept

ၿဗိတိန္အေျခစိုက္နာမည္ေက်ာ္ကားကုမၸဏီတစ္ခုျဖစ္တဲ့ Aston Martin ဟာလည္း ၄င္းတို႔ရဲ႕လက္ရာမြန္လုိ႔ဆိုရမယ့္ Lagonda All-Terrain လုိ႔အမည္ေပးထားတဲ့ လွ်ပ္စစ္ကားတစ္စီးကို ဂ်ီနီဗာျပပြဲမွာ ဝင္ေရာက္ျပသခဲ့ပါတယ္။ ဒါေပမဲ့ zero emission လွ်ပ္စစ္ကားျဖစ္ၿပီး SUV ပံုစံျဖစ္တဲ့ Lagonda All-Terrain ဟာ စမ္းသပ္ထုတ္လုပ္ေနဆဲ concept အမ်ိဳးအစားကားတစ္စီးသာျဖစ္တာေၾကာင့္ ၂၀၂၂ ခုႏွစ္ဝန္းက်င္မွ ေဈးကြက္အတြင္းေရာက္ရွိလာႏုိင္မယ္လို႕လည္း သိရပါတယ္။

(၆) Mark Zero

ကိုယ္ထည္ဒီဇိုင္းပိုင္းအရ စြဲမက္စရာေကာင္းတဲ့လွ်ပ္စစ္ကားေမာ္ဒယ္သစ္တစ္စီးကိုလည္း ဂ်ီနီဗာျပပြဲမွာျမင္ေတြ႕ရဦးမွာပါ။ အဲဒါကေတာ့ Mark Zero လို႔ အမည္ေပးထားတဲ့လွ်ပ္စစ္စြမ္းအင္သံုးၿပိဳင္ကားတစ္စီးပဲျဖစ္ပါတယ္။ Mark Zero ဟာ ဂ်ာမန္-ဆြစ္ဇာလန္ ေမာ္ေတာ္ကားထုတ္လုပ္ေရးကုမၸဏီ Piech က ဒီဇိုင္းဆြဲထုတ္လုပ္ထားတဲ့လွ်ပ္စစ္္ကားတစ္စီးျဖစ္ၿပီး ကိုယ္ထည္ပိုင္းက classic ၿပိဳင္ကားေတြရဲ႕အေငြ႕အသက္ေတြဖံုးလႊမ္းေနတာပါ။ အထူးသျဖင့္ ၁၉၆၀ နဲ႔ ၁၉၇၀ ျပည့္လြန္ႏွစ္ေတြမွာ ေခတ္စားခဲ့တဲ့တန္ဖိုးႀကီးၿပိဳင္ကားေတြရဲ႕ပံုစံကို ျပန္လည္ဆန္းသစ္ထားျခင္းျဖစ္ၿပီး စြမ္းအင္ပိုင္းကိုေတာ့ လွ်ပ္စစ္ကားအျဖစ္လံုးဝေျပာင္းလဲခ့ဲတာပါပဲ။ ဥေရာပရဲ႕တက္သစ္စ ကားကုမၸဏီျဖစ္တဲ့ Piech ဟာ ၄င္းတို႔ရဲ႕ပြဲဦးထြက္လွ်ပ္စစ္ကားအျဖစ္ Mark Zero ကို ထုတ္လုပ္လုိက္ျခင္းျဖစ္ၿပီး အသံုးျပဳထားတဲ့ဘက္ထရီရဲ႕စြမ္းအား ၈၀ ရာခိုင္ႏႈန္းကို ၅ မိနစ္အတြင္းျပန္လည္ျဖည့္တင္းႏိုင္မယ္လုိ႔လည္း သိရပါတယ္။

(၇) Ami One Concept

ၿမိဳ႕ျပသံုး city car လို႔ေခၚတဲ့ ေနာက္ထပ္ကားအေသးစားတစ္မ်ိဳးကိုလည္း ဂ်ီနီဗာကားျပပြဲမွာ ေတြ႕ျမင္ရဦးမွာပါ။ အဲဒါကေတာ့ ျပင္သစ္အေျခစုိက္ Citroën ကုမၸဏီက ထုတ္လုပ္တဲ့ Ami One ပဲျဖစ္ပါတယ္။ concept အဆင့္သာရွိေသးတဲ့ Ami One ဟာ လွ်ပ္စစ္စြမ္းအင္သံုး city car အမ်ိဳးအစားျဖစ္ၿပီး အနာဂတ္ရဲ႕ၿမိဳ႕ျပသြားလာေရးအတြက္ ရည္ရြယ္ဒီဇိုင္းထုတ္ထားတဲ့ကားမ်ိဳးပါပဲ။ အထူးသျဖင့္ ၿမိဳ႕တြင္းမွာ လွ်ပ္စစ္စက္ဘီး၊ scooter စတဲ့ယာဥ္မ်ိဳးေတြ အသံုးျပဳမယ့္အစား ပိုၿပီးသက္ေတာင့္သက္သာရွိတဲ့ Ami One ကို အသံုးျပဳႏုိင္ၾကေစဖို႔ရည္ရြယ္တယ္လုိ႔ Citroën ကုမၸဏီက ဆိုပါတယ္။ ၿမိဳ႕ျပသံုးျဖစ္တဲ့အတြက္ Ami One ရဲ႕အျမင့္ဆံုးျမန္ႏႈန္းက တစ္နာရီကို ၂၈ မုိင္အထိပဲ ကန္႔သတ္ထားတယ္လုိ႔ သိရပါတယ္။

(၈) Berlinetta

အီတလီၿပိဳင္ကားကုမၸဏီ Puritalia ကလည္း ၄င္းတို႔ရဲ႕ေနာက္ဆံုးေပၚလွ်ပ္စစ္ၿပိဳင္ကားတစ္စီးျဖစ္တဲ့ Berlinetta ကို ဂ်ီနီဗာျပပြဲမွာ ပြဲထုတ္ျပသခဲ့ပါတယ္။ လွ်ပ္စစ္ကားလို႔ဆိုေပမယ့္ တကယ္တမ္းမွာေတာ့ V8 အင္ဂ်င္တစ္လံုးကို ကားေရွ႕ဦးပိုင္းမွာတပ္ဆင္ထားၿပီး super-hybrid အင္ဂ်င္အျဖစ္အသံုးျပဳထားေၾကာင္း Puritalia ကုမၸဏီက ဝန္ခံထားပါတယ္။ အင္ဂ်င္နဲ႔ ဘက္ထရီရဲ႕ခ်ိတ္ဆက္ကူးေျပာင္းအသံုးျပဳမႈကို ယာဥ္ေမာင္းသူကိုယ္တုိင္ထိန္းခ်ဳပ္ေျပာင္းလဲစရာမလိုဘဲ AI (ေခၚ) အသိဉာဏ္တုေဆာ့ဖ္ဝဲတစ္မ်ိဳးက ျမန္ႏႈန္းအေျခအေနအလိုက္ေျပာင္းလဲေပးသြားမယ္လုိ႔ဆိုထားတာပါ။ အဆိုပါ AI ေဆာ့ဖ္ဝဲကိုလည္း Puritalia ကုမၸဏီက ေရးဆြဲထားတာေၾကာင့္ Berlinetta ဟာ ယခုႏွစ္ဂ်ီနီဗာျပပြဲရဲ႕ နည္းပညာအျမင့္မားဆံုးလွ်ပ္စစ္ကားလု႔ိဆိုရင္လည္း မွားမယ္မထင္ပါဘူး။

(၉) Q4 e-tron

ဂ်ာမနီအမွတ္တံဆိပ္တစ္ခုျဖစ္တဲ့ Audi ကလည္း SUV အမ်ိဳးအစားလွ်ပ္စစ္ကားတစ္စီးကို ဂ်ီနီဗာျပပြဲမွာ ဝင္ေရာက္ျပသခဲ့ပါတယ္။ ဒီကားကို Q4 e-tron လို႔အမည္ေပးထားၿပီး ကုမၸဏီရဲ႕ပဥၥမေျမာက္ထုတ္လုပ္တဲ့လွ်ပ္စစ္ကားအမ်ိဳးအစားပဲျဖစ္ပါတယ္။ အတြင္းပိုင္းတည္ေဆာက္ပံုနဲ႔ အသံုးျပဳထားတဲ့ပစၥည္းေတြက အဆင့္အတန္းျမင့္သလို Q4 e-tron ရဲ႕အျပင္ပိုင္းကိုယ္ထည္မွာလည္း ေနေရာင္ျခည္ကို တန္ျပန္ကာကြယ္ႏုိင္တဲ့ solar sky လို႔ေခၚတဲ့ေဆးသားကိုအသံုးျပဳထားတာေၾကာင့္ ေအးျမတဲ့သဘာဝခံစားမႈကို ကားအတြင္းပိုင္းမွာ ရရွိႏိုင္မယ္လုိ႔ ဆိုပါတယ္။ ဒါေပမဲ့ Audi ဟာ Q4 e-tron ေမာ္ဒယ္ SUV ကားေတြကို ၂၀၂၀ ျပည့္ႏွစ္မွ စတင္ထုတ္လုပ္ေရာင္းခ်မယ္လုိ႔ ေၾကညာထားတာပါ။

(၁၀) Battista

အခုေနာက္ဆံုးေဖာ္ျပမွာကေတာ့ ယခုႏွစ္ဂ်ီနီဗာျပပြဲမွာ ျပသခဲ့တဲ့လွ်ပ္စစ္ကားေတြထဲက ဘက္ထရီနဲ႔ေမာ္တာစြမ္းရည္အျမင့္ဆံုးကားတစ္စီးလို႔ဆိုရင္ မွားမယ္မထင္ပါဘူး။ အဲဒီကားကေတာ့ အီတလီကုမၸဏီ Pininfarina က ထုတ္လုပ္တဲ့ Battista ဆိုတဲ့လွ်ပ္စစ္ၿပိဳင္ကားပဲျဖစ္ပါတယ္။ ဒီကားမွာ လွ်ပ္စစ္ေမာ္တာ ၄ လံုးအထိပါဝင္ၿပီး ဘီးတစ္ဘီးအတြက္ ေမာ္တာတစ္လံုးစီ တပ္ဆင္ေပးထားတယ္လုိ႔ သိရပါတယ္။ ဒါ့ေၾကာင့္ ကားတစ္စီးလံုးက ထုတ္လုပ္တဲ့စုစုေပါင္းစြမ္းအင္က ၁,၄၀၀ ကီလိုဝပ္အထိရွိၿပီး ျမင္းေကာင္ေရ ၁၉၀၀ နဲ႔ညီမွ်တယ္လုိ႔သိရပါတယ္။ တစ္နာရီမိုင္ ၆၀ အရွိန္ႏႈန္းကို ၂ စကၠန္႔အတြင္း ျမွင့္တင္ႏုိင္စြမ္းရွိၿပီး ကနဦးတန္ေၾကးက ေဒၚလာ ၂ ဒသမ ၆ သန္းလုိ႔ သိရပါတယ္။

စာေရးသူ : ကိုဆြဲ (မံုရြာ)

Ref: 10 electric cars getting in gear at Geneva Motor Show 2019 by Natashah Hitti


Unicode Version

ကမ္ဘာ့ဂုဏ်သိက္ခာအကြီးမားဆုံးကားပြပွဲတစ်ခုဖြစ်တဲ့ ဂျီနီဗာကားပြပွဲကို နှစ်စဉ်ကျင်းပလေ့ရှိပြီး ယခု ၂၀၁၉ ခုနှစ်မှာတော့ ၈၉ ကြိမ်မြောက်အဖြစ် ကျင်းပနေပြီဖြစ်ပါတယ်။ ဂျီနီဗာကားပြပွဲကို ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ မတ်လ ၇ ရက်ကနေ ၁၇ ရက်နေ့အထိ ၁၀ ရက်ကြာကျင်းပသွားမှာဖြစ်ပြီး ကမ္ဘာအရပ်ရပ်က ကားကုမ္ပဏီကြီးတွေရဲ့အသစ်ထွက်ကားမော်ဒယ်အများအပြားကို တွေ့မြင်ကြရမှာပါ။ လက်ရှိကျင်းပနေတဲ့ ၂၀၁၉ ခုနှစ် ဂျီနီဗာမော်တော်ကားပြပွဲ (Geneva Motor Show 2019) မှာ အသစ်မိတ်ဆက်ပြသခဲ့တဲ့ကားအများစုဟာ လျှပ်စစ်ကားအမျိုးအစားတွေဖြစ်နေတာကိုတွေ့ရပါတယ်။ သဘာဝပတ်ဝန်းကျင်နဲ့လေထုညစ်ညမ်းမှုကိုကာကွယ်ဖို့အတွက် EU ရဲ့ ကာဘွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုထိန်းချုပ်ကန့်သတ်ရေးဥပဒေထွက်ပေါ်လာဖို့ရှိနေချိန်မှာ ကားကုမ္ပဏီအများစုကလည်း zero emission အမျိုးအစားဖြစ်တဲ့လျှပ်စစ်ကားတွေကို အားပြုထုတ်လုပ်နေကြပြီဖြစ်ပါတယ်။ ယခုနှစ်ရဲ့ဂျီနီဗာပြပွဲမှာ ရေပန်းအစားဆုံးဖြစ်ခဲ့တဲ့လျှပ်စစ်ကား ၁၀ စီးကို CarsDB ပရိသတ်တွေအတွက် ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။

(၁) Polestar 2

ဆွီဒင်အခြေစိုက်မော်တော်ကားကုမ္ပဏီ Volvo က အသစ်ထုတ်လုပ်လိုက်တဲ့ Polestar 2 မော်တော်ကားဟာ တံခါး ၅ ပေါက် လျှပ်စစ်ကားအမျိုးအစားဖြစ်ပြီး ဈေးကွက်အတွင်းမှာ Tesla Model 3 ကို စိန်ခေါ်နိုင်မယ့်ကားတစ်စီးအဖြစ် သတ်မှတ်ခံထားရပါတယ်။ ကနဦးဈေးနှုန်းပမာဏကလည်း ယခင် Polestar မော်ဒယ်ဟောင်းထက် ပိုလျော့နည်းပြီး ယူရို ၅၀,၀၀၀ အကြမ်းဖျင်းသတ်မှတ်ထားတယ်လို့ ဆိုပါတယ်။ Polestar 2 ရဲ့လျှပ်စစ်စွမ်းအင်ရုန်းအားဟာ တစ်နာရီ ၁၀၀ ကီလိုမီတာနှုန်းကို ၅ စက္ကန့်အတွင်းမြှင့်တင်နိုင်ပြီး အတွင်းပိုင်းမှာတော့ Phone-as-Key technology နဲ့ ယာဉ်မောင်းထိုင်ခုံ အာရုံခံကိရိယာတွေတပ်ဆင်ပေးထားတယ်လို့ သိရပါတယ်။

(၂) Centoventi

ယခုနှစ်ဂျီနီဗာကားပြပွဲမှာ ပရိသတ်ရဲ့အာရုံကိုဆွဲဆောင်ခဲ့တဲ့နောက်ထပ်လျှပ်စစ်ကားတစ်စီးကတော့ အီတလီအခြေစိုက် Fiat ကုမ္ပဏီကထုတ်လုပ်လိုက်တဲ့ Centoventi လို့ အမည်ပေးထားတဲ့ကားမော်ဒယ်သစ်ပဲဖြစ်ပါတယ်။ Centoventi ဆိုတာ အီတလီဘာသာနဲ့ ၁၂၀ လို့ အဓိပ္ပာယ်ရပြီး ကုမ္ပဏီတည်ထောင်တဲ့နှစ်ပေါင်း ၁၂၀ ပြည့်အထိမ်းအမှတ်အဖြစ် ထုတ်လုပ်ခဲ့ခြင်းဖြစ်ပါတယ်။ Fiat ရဲ့အဆိုအရ Centoventi လျှပ်စစ်ကားဟာ ၁၉၈၀ ပြည့်လွန်နှစ်တွေကထုတ်လုပ်ခဲ့တဲ့ Fiat Panda ကားရဲ့ဒီဇိုင်းကိုပြန်လည်ဆန်းသစ်ထုတ်လုပ်ခဲ့တယ်လို့လည်း သိရပါတယ်။ ဒီကားရဲ့ထူးခြားချက်ကတော့ အသုံးပြုသူသာ ဆန္ဒရှိမယ်ဆိုရင် အပိုထပ်ဆောင်း battery unit တွေကို ထပ်မံဝယ်ယူပြီးပဲဖြစ်ဖြစ်၊ ကုမ္ပဏီကနေ ငှားရမ်းပြီးတော့ပဲဖြစ်ဖြစ် တပ်ဆင်အသုံးပြုနိုင်တာပါပဲ။

(၃) Minimo

ထူးခြားတဲ့ကိုယ်ထည်ဒီဇိုင်းနဲ့ လျှပ်စစ်ကားတစ်မျိုးကိုလည်း ဂျီနီဗာကားပြပွဲမှာ တွေ့မြင်ရဦးမှာပါ။ အဲဒါကတော့ စပိန်ကားထုတ်လုပ်ရေးကုမ္ပဏီ Seat က ထုတ်လုပ်လိုက်တဲ့မြို့တွင်းသုံးလျှပ်စစ်ကားအမျိုးအစား Minimo ပဲဖြစ်ပါတယ်။ Seat ဟာ ဂျာမနီအခြေစိုက် Volkswagen ကုမ္ပဏီအုပ်စုရဲ့စပိန်ကုမ္ပဏီခွဲဖြစ်ပြီး မြို့ပြဒေသတွေမှာ ပေါ့ပါးလျင်မြန်စွာသွားလာနိုင်ဖို့ရည်ရွယ်တဲ့လျှပ်စစ်ကားငယ်တစ်မျိုးကို ထုတ်လုပ်ခဲ့တာပါ။ Seat ရဲ့အဆိုအရ Minomo ကားဟာ ဘေးကင်းလုံခြုံမှုနဲ့ သက်တောင့်သက်သာရှိမှုကို ဦးစားပေးထားပြီး မော်တော်ဆိုင်ကယ်တစ်စီးလို အလွယ်တကူပါကင်ထိုးနိုင်မယ်လို့ သိရပါတယ်။ နောက်ထပ်အားသာချက်တစ်ခုကတော့ Minimo ကို မိနစ်ပိုင်းအတွင်း ဘက်ထရီအားအပြည့်ပြန်သွင်းနိုင်တာပဲ ဖြစ်ပါတယ်။

(၄) Carmen

သက်တမ်း ၁၁၅ နှစ်ရှိပြီဖြစ်တဲ့ စပိန်ကားကုမ္ပဏီ Hispano Suiza ဟာလည်း ၎င်းတို့ရဲ့မှေးမှိန်နေတဲ့အမှတ်တံဆိပ်ကို ပြန်လည်အသက်သွင်းဖို့အတွက် လျှပ်စစ်ကားတစ်မျိုးကို ဂျီနီဗာမှာ ပွဲထုတ်ပြသခဲ့ပါသေးတယ်။ အဲဒါကတော့ ကနဦး တန်ဖိုးယူရို ၁ သန်းခွဲသတ်မှတ်ထားတဲ့ Carmen ကားမော်ဒယ်သစ်ပဲဖြစ်ပါတယ်။ စစ်ကြိုခေတ် ၂ ယောက်စီး Luxury ပြိုင်ကားပုံစံထုတ်လုပ်ထားတဲ့ Carmen ဟာ မြင့်မားလွန်းတဲ့လျှပ်စစ်စွမ်းအင်နဲ့ ဇိမ်ခံကားတစ်စီးရဲ့ဝိသေသလက္ခဏာတွေကို ပေါင်းစပ်ထားတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ဘက်ထရီစွမ်းအင်တစ်ခုတည်းနဲ့ တစ်နာရီ ၁၀၀ ကီလိုမီတာနှုန်းကို ၃ စက္ကန့်အတွင်းမြှင့်တင်နိုင်တယ်လို့လည်း သိရပါတယ်။

(၅) Lagonda All-Terrain Concept

ဗြိတိန်အခြေစိုက်နာမည်ကျော်ကားကုမ္ပဏီတစ်ခုဖြစ်တဲ့ Aston Martin ဟာလည်း ၎င်းတို့ရဲ့လက်ရာမွန်လို့ဆိုရမယ့် Lagonda All-Terrain လို့အမည်ပေးထားတဲ့ လျှပ်စစ်ကားတစ်စီးကို ဂျီနီဗာပြပွဲမှာ ဝင်ရောက်ပြသခဲ့ပါတယ်။ ဒါပေမဲ့ zero emission လျှပ်စစ်ကားဖြစ်ပြီး SUV ပုံစံဖြစ်တဲ့ Lagonda All-Terrain ဟာ စမ်းသပ်ထုတ်လုပ်နေဆဲ concept အမျိုးအစားကားတစ်စီးသာဖြစ်တာကြောင့် ၂၀၂၂ ခုနှစ်ဝန်းကျင်မှ ဈေးကွက်အတွင်းရောက်ရှိလာနိုင်မယ်လို့လည်း သိရပါတယ်။

(၆) Mark Zero

ကိုယ်ထည်ဒီဇိုင်းပိုင်းအရ စွဲမက်စရာကောင်းတဲ့လျှပ်စစ်ကားမော်ဒယ်သစ်တစ်စီးကိုလည်း ဂျီနီဗာပြပွဲမှာမြင်တွေ့ရဦးမှာပါ။ အဲဒါကတော့ Mark Zero လို့ အမည်ပေးထားတဲ့လျှပ်စစ်စွမ်းအင်သုံးပြိုင်ကားတစ်စီးပဲဖြစ်ပါတယ်။ Mark Zero ဟာ ဂျာမန်-ဆွစ်ဇာလန် မော်တော်ကားထုတ်လုပ်ရေးကုမ္ပဏီ Piech က ဒီဇိုင်းဆွဲထုတ်လုပ်ထားတဲ့လျှပ်စစ်ကားတစ်စီးဖြစ်ပြီး ကိုယ်ထည်ပိုင်းက classic ပြိုင်ကားတွေရဲ့အငွေ့အသက်တွေဖုံးလွှမ်းနေတာပါ။ အထူးသဖြင့် ၁၉၆၀ နဲ့ ၁၉၇၀ ပြည့်လွန်နှစ်တွေမှာ ခေတ်စားခဲ့တဲ့တန်ဖိုးကြီးပြိုင်ကားတွေရဲ့ပုံစံကို ပြန်လည်ဆန်းသစ်ထားခြင်းဖြစ်ပြီး စွမ်းအင်ပိုင်းကိုတော့ လျှပ်စစ်ကားအဖြစ်လုံးဝပြောင်းလဲခဲ့တာပါပဲ။ ဥရောပရဲ့တက်သစ်စ ကားကုမ္ပဏီဖြစ်တဲ့ Piech ဟာ ၎င်းတို့ရဲ့ပွဲဦးထွက်လျှပ်စစ်ကားအဖြစ် Mark Zero ကို ထုတ်လုပ်လိုက်ခြင်းဖြစ်ပြီး အသုံးပြုထားတဲ့ဘက်ထရီရဲ့စွမ်းအား ၈၀ ရာခိုင်နှုန်းကို ၅ မိနစ်အတွင်းပြန်လည်ဖြည့်တင်းနိုင်မယ်လို့လည်း သိရပါတယ်။

(၇) Ami One Concept

မြို့ပြသုံး city car လို့ခေါ်တဲ့ နောက်ထပ်ကားအသေးစားတစ်မျိုးကိုလည်း ဂျီနီဗာကားပြပွဲမှာ တွေ့မြင်ရဦးမှာပါ။ အဲဒါကတော့ ပြင်သစ်အခြေစိုက် Citroën ကုမ္ပဏီက ထုတ်လုပ်တဲ့ Ami One ပဲဖြစ်ပါတယ်။ concept အဆင့်သာရှိသေးတဲ့ Ami One ဟာ လျှပ်စစ်စွမ်းအင်သုံး city car အမျိုးအစားဖြစ်ပြီး အနာဂတ်ရဲ့မြို့ပြသွားလာရေးအတွက် ရည်ရွယ်ဒီဇိုင်းထုတ်ထားတဲ့ကားမျိုးပါပဲ။ အထူးသဖြင့် မြို့တွင်းမှာ လျှပ်စစ်စက်ဘီး၊ scooter စတဲ့ယာဉ်မျိုးတွေ အသုံးပြုမယ့်အစား ပိုပြီးသက်တောင့်သက်သာရှိတဲ့ Ami One ကို အသုံးပြုနိုင်ကြစေဖို့ရည်ရွယ်တယ်လို့ Citroën ကုမ္ပဏီက ဆိုပါတယ်။ မြို့ပြသုံးဖြစ်တဲ့အတွက် Ami One ရဲ့အမြင့်ဆုံးမြန်နှုန်းက တစ်နာရီကို ၂၈ မိုင်အထိပဲ ကန့်သတ်ထားတယ်လို့ သိရပါတယ်။

(၈) Berlinetta

အီတလီပြိုင်ကားကုမ္ပဏီ Puritalia ကလည်း ၎င်းတို့ရဲ့နောက်ဆုံးပေါ်လျှပ်စစ်ပြိုင်ကားတစ်စီးဖြစ်တဲ့ Berlinetta ကို ဂျီနီဗာပြပွဲမှာ ပွဲထုတ်ပြသခဲ့ပါတယ်။ လျှပ်စစ်ကားလို့ဆိုပေမယ့် တကယ်တမ်းမှာတော့ V8 အင်ဂျင်တစ်လုံးကို ကားရှေ့ဦးပိုင်းမှာတပ်ဆင်ထားပြီး super-hybrid အင်ဂျင်အဖြစ်အသုံးပြုထားကြောင်း Puritalia ကုမ္ပဏီက ဝန်ခံထားပါတယ်။ အင်ဂျင်နဲ့ ဘက်ထရီရဲ့ချိတ်ဆက်ကူးပြောင်းအသုံးပြုမှုကို ယာဉ်မောင်းသူကိုယ်တိုင်ထိန်းချုပ်ပြောင်းလဲစရာမလိုဘဲ AI (ခေါ်) အသိဉာဏ်တုဆော့ဖ်ဝဲတစ်မျိုးက မြန်နှုန်းအခြေအနေအလိုက်ပြောင်းလဲပေးသွားမယ်လို့ဆိုထားတာပါ။ အဆိုပါ AI ဆော့ဖ်ဝဲကိုလည်း Puritalia ကုမ္ပဏီက ရေးဆွဲထားတာကြောင့် Berlinetta ဟာ ယခုနှစ်ဂျီနီဗာပြပွဲရဲ့ နည်းပညာအမြင့်မားဆုံးလျှပ်စစ်ကားလု့ိဆိုရင်လည်း မှားမယ်မထင်ပါဘူး။

(၉) Q4 e-tron

ဂျာမနီအမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Audi ကလည်း SUV အမျိုးအစားလျှပ်စစ်ကားတစ်စီးကို ဂျီနီဗာပြပွဲမှာ ဝင်ရောက်ပြသခဲ့ပါတယ်။ ဒီကားကို Q4 e-tron လို့အမည်ပေးထားပြီး ကုမ္ပဏီရဲ့ပဉ္စမမြောက်ထုတ်လုပ်တဲ့လျှပ်စစ်ကားအမျိုးအစားပဲဖြစ်ပါတယ်။ အတွင်းပိုင်းတည်ဆောက်ပုံနဲ့ အသုံးပြုထားတဲ့ပစ္စည်းတွေက အဆင့်အတန်းမြင့်သလို Q4 e-tron ရဲ့အပြင်ပိုင်းကိုယ်ထည်မှာလည်း နေရောင်ခြည်ကို တန်ပြန်ကာကွယ်နိုင်တဲ့ solar sky လို့ခေါ်တဲ့ဆေးသားကိုအသုံးပြုထားတာကြောင့် အေးမြတဲ့သဘာဝခံစားမှုကို ကားအတွင်းပိုင်းမှာ ရရှိနိုင်မယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ Audi ဟာ Q4 e-tron မော်ဒယ် SUV ကားတွေကို ၂၀၂၀ ပြည့်နှစ်မှ စတင်ထုတ်လုပ်ရောင်းချမယ်လို့ ကြေညာထားတာပါ။

(၁၀) Battista

အခုနောက်ဆုံးဖော်ပြမှာကတော့ ယခုနှစ်ဂျီနီဗာပြပွဲမှာ ပြသခဲ့တဲ့လျှပ်စစ်ကားတွေထဲက ဘက်ထရီနဲ့မော်တာစွမ်းရည်အမြင့်ဆုံးကားတစ်စီးလို့ဆိုရင် မှားမယ်မထင်ပါဘူး။ အဲဒီကားကတော့ အီတလီကုမ္ပဏီ Pininfarina က ထုတ်လုပ်တဲ့ Battista ဆိုတဲ့လျှပ်စစ်ပြိုင်ကားပဲဖြစ်ပါတယ်။ ဒီကားမှာ လျှပ်စစ်မော်တာ ၄ လုံးအထိပါဝင်ပြီး ဘီးတစ်ဘီးအတွက် မော်တာတစ်လုံးစီ တပ်ဆင်ပေးထားတယ်လို့ သိရပါတယ်။ ဒါ့ကြောင့် ကားတစ်စီးလုံးက ထုတ်လုပ်တဲ့စုစုပေါင်းစွမ်းအင်က ၁,၄၀၀ ကီလိုဝပ်အထိရှိပြီး မြင်းကောင်ရေ ၁၉၀၀ နဲ့ညီမျှတယ်လို့သိရပါတယ်။ တစ်နာရီမိုင် ၆၀ အရှိန်နှုန်းကို ၂ စက္ကန့်အတွင်း မြှင့်တင်နိုင်စွမ်းရှိပြီး ကနဦးတန်ကြေးက ဒေါ်လာ ၂ ဒသမ ၆ သန်းလို့ သိရပါတယ်။

စာရေးသူ : ကိုဆွဲ (မုံရွာ)

Ref: 10 electric cars getting in gear at Geneva Motor Show 2019 by Natashah Hitti

Latest News

Mazda Myanmar ရဲ့ Knockout Deal Road Show...

Zawgyi Version Mazda Myanmar ရဲ့ Knockout Deal Road Show ပြဲကို Junction City မွာ ေမလ (၂၃) ရက္ေန႔ကေနျပီး (၂၆)...

Read more »

ယာဥ္​အမည္​​​ေျပာင္​းခြန္​ေကာက္​ခံျခင္​းကို...

​ Zawgyi Version ​ေမာ္​​ေတာ္​ယာဥ္​အမည္​​​ေျပာင္​းခြန္​ ​ေကာက္​ခံျခင္​းကို ​ေလ်ွာ႔​ခ်​ေကာက္​ခံရန္​ ​ေဆြး​ေႏြးထားမႈ မရွိ​ေသးဘဲ ယခုအတိုင္​းသာ...

Read more »

ကားေရွ႕မီးၾကီးနဲ႕ ဝါယာေရွာ့ အႏၱရာယ္

Zawgyi Version အမ်ိဳးသမီး တစ္ဦးေမာင္းတဲ့ Honda Fit ကားေလးတစ္စီး ကားေရွ႕မီးၾကီး တစ္ဖက္မလာလုိ႕ဆုိျပီး က်ေနာ္တုိ႕ကားဝပ္ေရွာ့ ကုိ ေရာက္လာတယ္။...

Read more »

အာမခံထားေသာ ကားတစ္စီး မေတာ္တဆမႈျဖစ္ပြားလ်င္ ......

Zawgyi Version ယာဥ္ေၾကာေတြပိတ္ဆို႔ၿပီး ကားအစီးေရေတြမ်ားျပားလြန္းလွတဲ့ ရန္ကုန္ၿမိဳ႕ရဲ့လမ္းမေတြေပၚမွာ ယာဥ္မေတာ္တဆမႈဆိုတာ...

Read more »

ရန္ကုန္တိုင္​း စည္​ပင္​နယ္​နိမိတ္​အတြင္​း...

Zawgyi Version ရန္ကုန္တိုင္​းစည္​ပင္​နယ္​နိမိတ္​ၿမိဳ႕နယ္​မ်ားအတြင္​း ဆိုင္ကယ္စီးနင္းခြင့္ မျပဳထား​ေသာ္​လည္​း လိုင္​စင္​မဲ့ဆိုင္​ကယ္​မ်ား...

Read more »