fb-pageview-tracker

Volkswagen CrossPolo 2012

ရောင်းထွက်ပြီး

662 total views, 1 today

Lot Number: #667388
ကားအချက်အလက်များ

MDY/1K-5*** (အနက်)

1200 CC

Auto

အရောင်

အမည်း

လောင်စာ အမျိုးအစား

Petrol

မောင်းနှင်ပြီး ကီလို

40 - 45k Km

ဘယ်မောင်း / ညာမောင်း

ညာမောင်း

ယခင်ကားပိုင်ရှင်ပေါင်း

1

ကားပုံစံ

Hatchback

ကားဂရိတ်

ချယ်စီနံပါတ်

နောက်ဆုံးပြင်ဆင်ထားသည့်အချိန်

5 လ

ကားရောင်းသူ၏ အချက်အလက်
ကိုဇေယျာ
Aungmyaythazan, Mandalay Division
ဖော်ပြချက်များ

ကားဝယ်ချင်တဲ့မိတ်ဆွေအပေါင်းအသင်းများခင်ဗျာ...အောက်က postလေးကိုအချိန်ခဏလောက်ပေးပြီးဖတ်ကြည့်ပြီး မိတ်ဆွေတို့ကားဝယ်မယ့်အချိန်ကျယှဉ်ပြီးတော့ထည့်သွင်းစဉ်းစားကြည့်စေချင်ပါတယ်
Germany တံဆိပ် Volkswagen ရဲ့ လုံခြုံစိတ်ချရမှု ၊ ညိမ့်ညောင်းမှုတွေနဲ့အတူ အောက်ပိုင်းမာပြီး အကြမ်းအရမ်း သုံးချင်သူတွေအတွက်တော့ Cross Polo ကို ရွေးချယ်ဖို့ အကြံပေးပါရစေ
Cross Polo ဆိုတာ Polo အမျိုးအစား ကို လမ်းကြမ်းရော လမ်းချောပါ မောင်းရ အသုံးပြုရ အဆင်ပြေအောင် အောက်ပိုင်း ၊ Steering ၊ ကားရဲ့ထုထည် ကို အဆင့်မြင့်ထားပြီး Crossover (လမ်းကြမ်းမောင်း) ဆိုတဲ့ စကားစုရဲ့ Cross ကိုယူ ပေါင်းစပ်ပြီး Cross Polo ဆိုပြီး မွမ်းမံ အဆင့်မြင့် ထုတ်လုပ် ခေါ်ဆိုထားတာဘဲ ဖြစ်ပါတယ်။

XXX ...Cross Polo အမျိုးအစားဖြစ်သောကြောင့် ရိုးရိုး Polo နဲ့ ကွဲပြားသွားတဲ့ အဓိကအချက်တွေကတော့ ရုပ်ပိုင်းအနေနဲ့ ရှေ့ရုပ် ၊ နောက်ရုပ် ၊ ရှေ့မီးကြီး ၊ နောက်မီးခွက် ၊ ခေါင်မိုး Roll bar ၊ ရှေ့နောက် Bumper အရောင်ကွဲ Guard ၊ နောက်ကြည့်မှန်အရောင်ကြား ၊ Over Fender ( ဘီးကုပ်အထပ် ) ၊ VW 17" Alloys ၊ အတွင်းခန်း Side Cover အရောင်ကြား ၊ Cross Polo Logo ထိုင်ခုံ အရောင်ကြား ၊ လမ်းကြမ်းမောင်းရင် Body အောက်ပိုင်းပတ်လည် ဆေးဘော်ဒီ ထိခိုက်မှု သက်သာအောင် Body Cover ပတ်လည်ပါတာ တွေဘဲ ဖြစ်ပါတယ်။

အသေးစိတ်အချက်အလက်များ ။ ။
-----Model မြင့် 2011 - 2012 Volkswagen Cross Polo
--- Auto + Manual Gear (2wd)(7speed+reverse gear=8speed)
---Engine Oil + Filter , Gear Oil
Machantronic Oil + Filter New change
---Power Steering with Hydraulic Pump
VW Polo" ရဲ့ အားသာချက်တစ်ခုဖြစ်တဲ့ Power-steering ကို Electronic Type မဟုတ်ဘဲ Hydraulic Motor Type နဲ့တည်ဆောက်ထားလို့ မောင်းပြီးစီးပြီးသွားရင်တော့ Compact (ကျစ်ကျစ်လစ်လစ်) ဖြစ်ပြီး စီးရမောင်းရငြိမ့်ညောင်း၍ လုံခြုံစိတ်ချအကြမ်းခံတဲ့ Germany Brand ကားလေးအဖြစ် အသိအမှတ်ပြု မိစေမှာပါ
---All Auto Power Windows / Remote ဖြင့် တံခါးလေးပေါက် မှန်အတင်အချ ပြုလုပ်နိုင်
---Digital Auto Aircon (AAC)
---Tyres Pressure Alarm & Reset Button
---Safetyပိုင်းအတွက်SRS Airbag 6 Units အသက်ကယ်လေအိတ် 6 လုံး ( 6 SRS Airbags) ၊ ESC ( Electronic Stability Control ) ကားကို အကွေ့တွေမှာ လမ်းဘေးဆွဲချခြင်းကို ထိန်းချုပ်ပေးခြင်း ၊
---စိတ်ချရသော Four Parallel Disc Brakes System တွေကတော့ အသက်အန္တရာယ် လုံခြုံရေးအတွက် Safety First ပါဘဲ။
/ Armrest (လက်တင်) / Steering ကြိုးချုပ် / ဂီယာကြိုးချုပ်
---Original TV with Surround Speakers
---Original Back camera with Sonars / Back Wiper
---Cool Box
---ESC ( Electronic Stability Control )
---Back Mirror Defroster / Original Tinted Privacy Glasses
---Fog lamp / ဘက်မှန် Signals / Key Remote
---Original VW Cross Polo 17" Alloys / Original ခြေခင်း / ....အစရှိသဖြင့်

အင်္ဂျင်ပါဝါ ။ ။ 1200 CC ( 1.2 cc )
ဆီစားကလည်း 1200 CC ကို Turbo ပါသည့်အပြင် ရှေ့ Drive Gear ( 7 ) ချက် + Rear Gear ( 1 ) ချက် ပေါင်း 8 ချက် ပါသောကြောင့် ဆီစားအလွန်သက်သာပါသည်။

လိုင်စင်။ ။ MDY licence
ဈေး။ သိန်း ၂၁၀(ပိုင်ရှင်ကိုယ်တိုင်ပါ)
09783496702
ကားကိုမန်းလေးမှာကြည့်ရှုနိုင်ပါသည်

ဗဟုသုတအတွက်...
ကဲ VW Cross Polo / VW Polo တွေကိုကြိုက်တယ် Honda Fit တို့ Toyota Vitz တို့ထက် သေးမှာစိုးလို့ ဆိုပြီး ဝေခွဲမရ ဖြစ်နေတဲ့ မိတ်ဆွေ 9ငယ်ချင်းတွေအတွက် ကား 4 စီးရဲ့ အလျှား×အနံ×အမြင့် ၊ အလေးချိန်တွေ နှိင်းယှဉ်ပြထားပါတယ်။

အလျှား(အရှည်) က Polo က fit ထက် 3လက်မခွဲလောက်ပိုရှည်ပြီး အနံ(ဗျက်) မှာတော့ Polo က Fit ထက် 0.3" (1 လက်မ မပြည့်) လောက် လျှော့ပါတယ်
အပေါ်က ရေးခဲ့တာ Polo အတွက်ပါ
Cross Polo ကတော့ Fit ထက် အလျှား(အရှည်) 4လက်မ ပိုရှည်ပြီး အနံ(ဗျက်)မှာတော့ 0.5" (1လက်မ မပြည့်) လောက်ပိုကျယ်ပါတယ်
အခုယှဉ်ပြထားတဲ့ ကား 4 စီးထဲမှာ Cross Polo ကတော့ အလျှားအနံ အရှည်ဆုံးပါ ၊ ကားရဲ့ အလေးချိန် ကတော့ Europe ကားတွေရဲ့ သဘာဝအတိုင်း VW က ကျန်တဲ့ကားတွေထက် 100kg (61 ပိသာ) လောက်ပိုပါတယ် .....
ကားရဲ့အချက်အလက်၊ကောင်းကွက်အချက်အလက်များကိုကိုအံကျော်ကြီးဆီမှစု တု ပြုပါသည်ခင်ဗျာ

Recommend Financing