fb-pageview-tracker

Lexus IS 250 2006

500 သိန်း

လိုင်စင်အပြီးအစီး

2044 total views, 11 today

Lot Number: #645490
ကားအချက်အလက်များ

1J-1***

2500 CC

Auto

အရောင်

ပုလဲဖြူ

လောင်စာ အမျိုးအစား

Petrol

မောင်းနှင်ပြီး ကီလို

100 - 105k Km

ဘယ်မောင်း / ညာမောင်း

ညာမောင်း

ယခင်ကားပိုင်ရှင်ပေါင်း

2

ကားပုံစံ

Sedan

နောက်ဆုံးပြင်ဆင်ထားသည့်အချိန်

11 ရက်

ကားရောင်းသူ၏ အချက်အလက်
Shan Gyi
Chanayethazan, Mandalay Division
ဖော်ပြချက်များ

ကားရောင်းမယ်ဗျာ ကားဆိုမှကား ရှယ် project ကားလေးပါ။ ဘာတွေရှယ်လဲတခုချင်းရှင်းပြပါ့မယ်

ပထမဦးဆုံးကတော့ ဒီကားလေးက Lexus IS 2006/7Late ကို version L premium ဂရိတ်ပါ။ Lexus IS မှာ ဂရိတ် ၂ မျိုးရှိပါတယ် version s ကအနိမ့်ဆုံးပါ။ version L ဆိုရင်တော့ Pioneer Audio with Sub woofer ပါမယ်။ Seat heater seat aircon တွေပါမယ် အတွင်းခန်းအဖြူဖြစ်မယ်ပေါ့ဗျာ။ L Premium မှာတော့ Radar စနစ်ပါလာပါတယ်။ ဟိုင်းဝေးတွေဘာတွေမောင်းရင် ရှေ့ကကားကို radar lock လုပ်ပေးလိုက်ရင် လီဘာ ဘရိတ်နင်းစရာမလိုတော့ပဲ နောက်ကလိုက်နိုင်တယ်ဆိုပါတော့။ ကျွန်တော်တော့ နေပြည်တော်ခနခနသွားတော့ အဲ့ဟာလေးက အတော်ကိုအသုံးဝင်တယ်ဗျာ ပြီးတော့ မြို့တွင်းဆိုရင်လဲ Pre Collision Avoidance System ပါတယ်။ ရုတ်တရက်ကားဖြတ်ထွက်တာတို့ ရှေ့ကကားဘရိတ်စောင့်အုပ်တာတို့ဆိုရင် သူ့အလိုလို အရှိန်လျော့ပေးတယ် ခါးပါတ်ကိုစောင့်ဆွဲပြီးသတိပေးတယ် လိုအပ်ရင် တချက်တည်းရပ်လို့ရအောင် ဘရိတ်အုတ်ပေးတယ်ဗျာ။ မြန်မာပြည်မှာတော့ S တွေရော L တွေရောတွေ့ဖူးပါတယ် L Premium ကတော့ ဒီတစ်စီးပဲရှိမယ်ထင်တယ်။ ဒါကတော့ ကားရဲ့အော် ဂရိတ်ပါ ခု mod တွေပြောပါ့မယ်

ပထမဆုံး mod ကတော့ 2015 ရုပ်ထွက်အောင်ပြင်တာပါပဲ။ ခုတော့ 2015 ရုပ်ပြောင်းတွေအတော်များလာပါပြီ ကျွန်တော်တို့တုန်းကတော့ 2015 ရုပ်ကိုပြောင်းဖို့ club Lexus မှာတူတူကြိုးစားကြတဲ့ ပထမဆုံးကား ၄ စီးထဲမှာပါပါတယ်။ တရုတ်ကလာတဲ့ replica bumper တွေမပေါ်သေးတော့ တကယ့် 2015 ကားရဲ့ bumper ကို တိုယိုတာကနေ ရအောင်မှာပြီး ပြင်ပြီးရအောင်တပ်ရတာပါ။ ရလဒ်ကတော့ ရှေ့ရှဲရဲ့အရောင်ရော ရုပ်ထွက်ရောအချိုးအစားတွေရော ကွာပါတယ်။ 2015 ရုပ်ထွက်ရဖို့ ရှေ့မီးခွက်ရော နောက်မီးခွက်ရောလဲရပါသေးတယ်။ ရှေ့မှာ OSRAM HID တွေသုံးထားပြီးနောက်ကတော့ full led bar တွေသုံးထားပါတယ်။ မီးခွက်လဲလို့ AFS ချက်မီးလင်းတဲ့ကားတွေတွေ့ဘူးတယ်ဆိုရင်တော့ ဒီကားမှာ မလင်းပါဘူးလို့ အားလုံး OK အောင်သေချာရွေးဝယ်ထားပါတယ်။ ဘန်ပါအဟောင်းလဲသိမ်းထားပါတယ်ပေးလိုက်ပါ့မယ်။ ဒါပေမယ့်လိုတော့မလိုပါဘူးလို့ ဘာလို့လဲဆို ကညန ဝှီးတက်မှာပါ ဒီရုပ်ထွက်ထားတာမို့လို့ပါလို့။

ဒုတိယ mod ကတော့ ကားကိုနှိမ့်နှိမ့်လေးနဲ့လဲသွားချင် လမ်းမလွတ်လို့ ခနခနအောက်နဲ့တိုက်တဲ့ဘဝလဲမဖြစ်ချင်လို့ air suspension တပ်ထားတာပါပဲ။ airbag လို့ခေါ်လိုက်ရင် သုံးဖူးတဲ့သူတွေ အရမ်းကြောက်ကြပါတယ် ဘာလို့လဲဆိုတော့ aftermarket airbag တပ်ထားတဲ့ကားအားလုံးနီးပါးက management system မပါလို့ပါ။ ပါရင်လဲဈေးအတော်ကြီးပါတယ် ကျွန်တော်ဆင်ထားတဲ့စနစ်က လက်ရှိအကောင်းဆုံးလို့ပြောလို့ရတဲ့ AirLift 3H စနစ်ကို ဒီကားအတွက်သီးသန်းဒီဇိုင်းလုပ်ထားတဲ့ shock တွေနဲ့ပါ။ အရှေ့ကို BC monotube shock နဲ့ double bellow လေအိတ်သုံးထားပြီး နောက်ကို TEIN streetflex ပေါ်မှာ sleeve လေအိတ်နဲ့ပါ။ Airlift 3H ရဲ့ first 100 customer ထဲမှာပါလို့ airlift ကိုယ်တိုင်ဒီကားအတွက် လေအိတ်တွေ ဘယ်လောက် pressure ရှိရမယ်ကအစ သေချာတွက်ပေးထားတာပါ၊ စုစုပေါင်းဆင်ထားတုန်းက $5000 ကျော်လောက်ကျထားပါတယ်။ ရလဒ်ကတော့ ငြိမ့်ချင်ရင် ခလုပ်တချက်၊ track ပေါ်တက်ပြီးပြိုင်မောင်းချင်ရင်ခလုပ်တချက်၊ ဟိုင်းဝေးသွားတောတက်တောင်တက်လဲ ခလုပ်တချက်ပါပဲ၊ လေအိတ်တွေကလဲ ခုခေတ် tubeless တာယာတွေလို စတီးပိုက်ကွန်ခံထားတဲ့လေအိတ်တွေမို့ ပေါက်မှာပြုမှာစိတ်မပူရဘူး၊ ဝေါ့ရှော့သွားလို့ ဂျိုက်ထောက်ချင်ရင်လဲ ဒီအတိုင်းထောက်လိုက်ရုံပဲ ပြဲထွက်သွားမှာမပူရပါဘူး။ AirLift 3H ကလဲ ကွေ့လို့ကားနဲနဲစောင်းရင်တောင် လိုက်ညှိပေးပါတယ်။ ဒါနဲ့ ကားအနိမ့်အမြင့်ကို ဖုန်းနဲ့လဲချိန်လို့ရတယ်နော်။

တတိယကတော့ engine power ပါ။ အစက supercharger တပ်ဖို့ကြံစည်နေရာကနေ club Lexus ထဲမှာပဲ Russia ကဘော်ဒါတွေက Lexus ecu ကို hack လုပ်လို့ရသွားပြီး အင်ဂျင်ဘလောက်ကို GS300 နဲ့လဲတဲ့နည်းလမ်းကိုရှာတွေ့သွားတော့ ကျွန်တော်လဲ ဒီမှာသူတို့အကူအညီနဲ့လိုက်လုပ်ပါတယ်။ ရလဒ်က သူတို့ dyno တွေအရ 260+ HP ထွက်မယ်, 0-100 ကို 6 second နဲ့ရောက်ပါတယ်၊ ထူးခြားတာက အဲ့လိုလုပ်တာက အင်ဂျင်တခုလုံးလဲတာလိုမျိုး ပြသနာတခုမှမရှိတာပါပဲ ecu လဲမလဲရတော့ ချက်မီးဘာညာ ဘာတခုမှမလင်းသလို radar တွေနဲ့တခြားစနစ်တွေအကုန် အထိအခိုက်မရှိပဲ 60hp အလကားရသလိုပါပဲ၊ ဆီစားကလဲထူးထူးခြားခြားပြောင်းမသွားဘူး ရန်ကုန် မန်းလေးကို ၃သောင်းခွဲကျော်ကျော်ဖို့နဲ့ရောက်တယ် 16km/l ရတယ်ဗျာ။ မြို့တွင်းကတော့ 7-8 km/l ပေါ့ ကားသိပ်မပိတ်ရင်ပေါ့၊ ခုတော့ အဲ့ဒီ Russian တွေက GS300 block ပေါ်မှာ supercharger ထိုင်ပြီး 320hp, 0-100 5second နဲ့ပျော်နေကြပါပြီ။ ဝယ်ပြိးသွားလို့ဆက်လုပ်ချင်ရင်လဲ link တွေပေးပါ့မယ်။

နောက်ဆုံးတစ်ခုက audio ပါ။ Lexus မှာ ကျွန်တော့ကားထက်မြင့်တဲ့ ဂရိတ်တခုရှိသေးတယ်ဗျ အဲ့ဒါက Mark Levinson sound system ပါတဲ့ဂရိတ်ပေါ့။ Pioneer system နဲ့အဓိကကွာတာက DSP လို့ခေါ်တဲ့ digital ဘူးတစ်ခုအပိုပါတာ၊ အသံပိုကြည်တယ်ပေါ့ဗျာ၊ ကျွန်တော်လဲ အဲ့ဒါလိုချင်လို့လိုက်ရှာရင်းနဲ့ ကား dashboard ကို tablet ပြောင်းတဲ့ဟာတွေတွေ့သွားပြီးလိုက်လုပ်လိုက်တယ်။ Lexus က tablet ထည့်ရတာ အခက်ဆုံးထဲမှာပါတယ် ဘာလို့လဲဆိုတော့ aircon control တွေပါ tablet ထဲမှာပြန်ထည့်ရတာ၊ ရလဒ်ကတော့ အရင်ခလုပ်အရှုတ်တွေနေရာမှာ 10" tablet screen ကြီးနဲ့ဗျာ၊ DSP ပါတပ်ထားတော့ အသံထွက်ကအော်ထက်ပိုကြည်တယ် woofer ပိုထုတယ်၊ steering control တွေအကုန်အလုပ်လုပ်တယ်၊ အဲကွန်းစနစ်တွေလဲ touch screen နဲ့ထိမ်းလို့ရတယ်၊ အဲကွန်းခလုပ်တွေဘယ်ညာမှန်အောင်ကိုယ်တိုင်ပြင်ရေးထားတယ်ဗျာ။ DVD, FM, MP3, Bluetooth, WiFi, အကုန်ရတယ်ဗျာ၊ original player လဲသိမ်းထားတယ် လိုချင်ရင်ထည့်ပေးလိုက်ပါ့မယ်။

တခြားအသေးအဖွဲလေးတွေလဲထည့်ထားသေးတယ် ဥပမာ ရှေ့နောက် strut tower bar တွေ၊ JoeZ intake နဲ့ K&N filter တွေ StopTech Break Kit တွေ၊ ဖုန်းနဲ့စက်လှမ်းနှိုး အဲ့ကွန်းဖွင့်ထားလို့ရတဲ့စနစ်တွေ၊ duck tail spoiler တွေ diffuser တွေဘာတွေပေါ့။ လိုင်စင်က 22 Feb 2018 ကမှအသစ်ဝင်ထားတာ ရဲမှုလုံးဝမရှိပါ၊

ရောင်းဈေးက ၅၀၀ ပါ

Mandalay မှာ ကားကြည့်လို့ရပါတယ်

09 7911 53 990 ကိုဖုန်းခေါ်လိုက်ပါ....

****CarsDB တွင်ကြော်ငြာတင်ထားသောကားဟုပြောကာ ဆက်သွယ်စုံစမ်းနိုင်ပါသည်။****

Recommend Insurance
Recommend Financing
Similar Listings