ဇုန်ကား စတင်အပ်နှံခွင့်ပြုသောနေ့တွင် ကားစလစ်ဈေး ပြုတ်ကျ

စက်မှုဇုန်ထုတ်ကားများ ကို ယာဉ်အိုယာဉ်ဟောင်းစနစ်ဖြင့်   စတင်အပ်နှံခွင့်ပြုသောနေ့တွင် ကားစလစ်ဈေးနှုန်းများ ပြုတ်ကျ သွားကြောင်း ကားဝယ်ရောင်း ဈေးကွက်မှ သတင်းရရှိသည်။ဇုန်ထုတ်ကားများ စတင် လက်ခံသော ဇူလိုင် ၁၄ ရက်တွင်  ကားပြန်အပ်မှု များပြားနေပြီး ဈေးကစားသူများကြောင့် စလစ် နှင့် ဂျစ်ကားဈေးများ ကျပ်သိန်း ဆယ်ချီကျဆင်းသွားသဖြင့် ဈေးကောင်း စောင့်ဆိုင်းလိုက်သူများ အဆင်မပြေ ဖြစ်သွားရကြောင်း ကားဈေးကွက်မှ သတင်းရရှိသည်။

myanmar-jeep-500x377သက်ဆိုင်ရာ ကုန်းလမ်းပို့ ဆောင်ရေးရုံးများတွင် ဇုန်ကား များ စတင်အပ်နှံခံသောနေ့တွင် ပင်ဇုန်ကားများ လာရောက်အပ် နှံမှုများနေပြီး လက်ခံလိုက်ပါက စလစ်များ များလာသည့်အတွက်  ဈေးကွက်က ဈေးလျှော့ပေးလာ သောကြောင့် ဂျစ်ကားနှင့် စလစ်များ  ဈေးကျဆင်းလာခဲ့သည်။

ဇုန်ကားများ စတင်လက်ခံ လိုက်သော နေ့တွင်ပင် ဂျစ်ကား ခေါ်ဈေးနှင့် ၁က စလစ်ကားများ ဈေးကွက်မှာ ကျပ်သိန်း ၂၀ ကျော်ကျဆင်းလာခဲ့သည်။

‘‘အစကတော့ အအပ်ခံ လိုက်ရင် ဇုန်ကားဈေးတွေ တက် လာမယ်ထင်ပြီး တချို့မထုတ် သေးဘဲ ထားတာတွေရှိပေမယ့် အခုက အအပ်ခံလိုက်တဲ့အချိန် မှာ ကားဈေးရော၊ စလစ်ဈေးတွေ ပါ ထပ်ကျသွားတယ်။ ဒီရက်ပိုင်း တွေမှာ ဈေးတွေက ဆက်ကျ သွားနိုင်သေးတယ်’’ဟု ကားဈေး ကွက်မှ ၀ယ်ရောင်းပြုလုပ်နေသူ ဦးအောင်သန်းဦးကပြောသည်။

ဂျစ်ကားများ အပ်နှံမှုလက်ခံမည်ဟု သတင်းထုတ်ပြန်သော ဇူလိုင် ၈ ရက်တွင် ကျပ်သိန်း ၅၀ ၀န်းကျင် ပေါက်ဈေးရှိနေသော ကားများကို ကျပ်သိန်း ၂၀ ဈေး မြှင့်ကာ ကျပ်သိန်း ၇၀အထိ ဈေး မြင့်ခေါ်လိုက်သည်။ သို့သော် ယခု အပ်နှံခံလိုက်သည့်နေ့တွင် ဂျစ်ကားဈေးနှုန်းများ ကျပ်သိန်း ၅၀-၅၅ သိန်းခန့်အတွင်းသာ အရောင်းအ၀ယ် ဖြစ်နေတော့ ကြောင်း ကားဝယ်ရောင်းဈေး ကွက်မှ သိရသည်။

ထို့အတူ အပ်နှံခံနေသော ၁က စလစ်ကားများ ဈေးကွက်မှာ လည်း ယခင်က ကျပ်သိန်း ၁၁၀ ခန့်ရှိနေရာမှ ဇုန်ကားအပ်နှံမှုများ ပြုလုပ်လိုက်သော ရက်တွင် ၈၅ သိန်းအထိ ဈေးနှုန်းများကျဆင်း သွားသည်ဟု ကားဝယ်ရောင်း ပြု လုပ်သူများကဆိုသည်။

‘‘ကားတွေ အပ်နှံခံလိုက် တော့ စလစ်ဈေးတွေက အများ ကြီးလည်းထွက်လာမယ်ဆိုတော့၊ဈေးကစားသူတွေလည်းရှိတော့ ဈေးတွေက ကျသွားတာ။ စောင့် နိုင်လို့ နောက်ပိုင်းစလစ်တွေ ရှား လာရင်တော့ ဈေးကပြန်တက် လာမှာပဲ’’ ဟု ကားဝယ်ရောင်းပြု လုပ်သူတစ်ဦးကပြောသည်။




 




Unicode Version

စက်မှုဇုန်ထုတ်ကားများ ကို ယာဉ်အိုယာဉ်ဟောင်းစနစ်ဖြင့်   စတင်အပ်နှံခွင့်ပြုသောနေ့တွင် ကားစလစ်စျေးနှုန်းများ ပြုတ်ကျ သွားကြောင်း ကားဝယ်ရောင်း စျေးကွက်မှ သတင်းရရှိသည်။ဇုန်ထုတ်ကားများ စတင် လက်ခံသော ဇူလိုင် ၁၄ ရက်တွင်  ကားပြန်အပ်မှု များပြားနေပြီး စျေးကစားသူများကြောင့် စလစ် နှင့် ဂျစ်ကားစျေးများ ကျပ်သိန်း ဆယ်ချီကျဆင်းသွားသဖြင့် စျေးကောင်း စောင့်ဆိုင်းလိုက်သူများ အဆင်မပြေ ဖြစ်သွားရကြောင်း ကားစျေးကွက်မှ သတင်းရရှိသည်။

myanmar-jeep-500x377သက်ဆိုင်ရာ ကုန်းလမ်းပို့ ဆောင်ရေးရုံးများတွင် ဇုန်ကား များ စတင်အပ်နှံခံသောနေ့တွင် ပင်ဇုန်ကားများ လာရောက်အပ် နှံမှုများနေပြီး လက်ခံလိုက်ပါက စလစ်များ များလာသည့်အတွက်  စျေးကွက်က စျေးလျှော့ပေးလာ သောကြောင့် ဂျစ်ကားနှင့် စလစ်များ  စျေးကျဆင်းလာခဲ့သည်။

ဇုန်ကားများ စတင်လက်ခံ လိုက်သော နေ့တွင်ပင် ဂျစ်ကား ခေါ်စျေးနှင့် ၁က စလစ်ကားများ စျေးကွက်မှာ ကျပ်သိန်း ၂ဝ ကျော်ကျဆင်းလာခဲ့သည်။

‘‘အစကတော့ အအပ်ခံ လိုက်ရင် ဇုန်ကားစျေးတွေ တက် လာမယ်ထင်ပြီး တချို့မထုတ် သေးဘဲ ထားတာတွေရှိပေမယ့် အခုက အအပ်ခံလိုက်တဲ့အချိန် မှာ ကားစျေးရော၊ စလစ်စျေးတွေ ပါ ထပ်ကျသွားတယ်။ ဒီရက်ပိုင်း တွေမှာ စျေးတွေက ဆက်ကျ သွားနိုင်သေးတယ်’’ဟု ကားစျေး ကွက်မှ ဝယ်ရောင်းပြုလုပ်နေသူ ဦးအောင်သန်းဦးကပြောသည်။

ဂျစ်ကားများ အပ်နှံမှုလက်ခံမည်ဟု သတင်းထုတ်ပြန်သော ဇူလိုင် ၈ ရက်တွင် ကျပ်သိန်း ၅ဝ ဝန်းကျင် ပေါက်စျေးရှိနေသော ကားများကို ကျပ်သိန်း ၂ဝ စျေး မြှင့်ကာ ကျပ်သိန်း ၇ဝအထိ စျေး မြင့်ခေါ်လိုက်သည်။ သို့သော် ယခု အပ်နှံခံလိုက်သည့်နေ့တွင် ဂျစ်ကားစျေးနှုန်းများ ကျပ်သိန်း ၅ဝ-၅၅ သိန်းခန့်အတွင်းသာ အရောင်းအဝယ် ဖြစ်နေတော့ ကြောင်း ကားဝယ်ရောင်းစျေး ကွက်မှ သိရသည်။

ထို့အတူ အပ်နှံခံနေသော ၁က စလစ်ကားများ စျေးကွက်မှာ လည်း ယခင်က ကျပ်သိန်း ၁၁ဝ ခန့်ရှိနေရာမှ ဇုန်ကားအပ်နှံမှုများ ပြုလုပ်လိုက်သော ရက်တွင် ၈၅ သိန်းအထိ စျေးနှုန်းများကျဆင်း သွားသည်ဟု ကားဝယ်ရောင်း ပြု လုပ်သူများကဆိုသည်။

‘‘ကားတွေ အပ်နှံခံလိုက် တော့ စလစ်စျေးတွေက အများ ကြီးလည်းထွက်လာမယ်ဆိုတော့၊စျေးကစားသူတွေလည်းရှိတော့ စျေးတွေက ကျသွားတာ။ စောင့် နိုင်လို့ နောက်ပိုင်းစလစ်တွေ ရှား လာရင်တော့ စျေးကပြန်တက် လာမှာပဲ’’ ဟု ကားဝယ်ရောင်းပြု လုပ်သူတစ်ဦးကပြောသည်။

လက်ရှိ ယာဉ်အိုယာဉ် ဟောင်းစနစ်ဖြင့် အပ်နှံခံနေ သော ၁ကနှင့် ဂျစ်ကားစလစ်များ ပေးဆောင်ရမည့် ကညနခွန် များမှာ CIF တန်ဖိုးအလိုက် နှစ်ဆထိ ကွာခြားမှုရှိနေသည်။

ဇုန်ထုတ်ကားများကို ဖျက် သိမ်းခွင့်ပြု၍ အစားထိုးတင်သွင်း ရာတွင် CIF ကန်ဒေါ်လာ ၁၅ဝဝဝနှင့် အောက်ယာဉ်ကိုသာ တင် သွင်းခွင့်ပြုပြီး ၂ဝ ရာခိုင်နှုန်း လျှော့ပေါ့ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိ သူတစ်ဦးကပြောသည်။

စက်မှုဇုန်ကားများဖြစ်သော် လည်း ယာဉ်တိုက်မှု ဖြစ်ပွားပြီး အပ်နှံလျှင် သတ်မှတ်ခွင့်ပြုမည့် ယာဉ်သာ တင်သွင်းခွင့်ပြုပြီး ၁ဝ ရာခိုင်နှုန်းသာ အခွန်လျှော့ပေါ့ မည်ဖြစ်သည်။

 

7 Days Daily Journal 15 July 2014 မှ ကူးယူဖော်ပြပါသည်။ မူလဆောင်းပါးရှင် - သိမ့်သိမ့်စိုး


Latest News

Without ကားများကို RFID စနစ်​အသုံးပြု၍...

Latest news1 13 150x150

Zawgyi Version လိုင်​စင်​မဲ့ Without ကားများကို RFID စနစ်​အသုံးပြု၍ ဖမ်းဆီးစစ်​ဆးမည့်​စနစ်​အတွက်​ အကြံ​ပေးအဖွဲ့ ၅ ဖွဲ့​ကို...

Read more »

Mazda Myanmar က All New Mazda CX 9 ကားကို...

Mazda cx9 150x150

Zawgyi Version Mazda Myanmar က ၂၀၁၇ မော်ဒယ် All New Mazda CX 9 ကို မြန်မာနိုင်ငံဈေးကွက်သို့ မိတ်ဆက်ပွဲကို နိုဝင်ဘာ ၂၃ က...

Read more »

ဒီဇင်​ဘာ ၃၁ အထိ စီးတီးတက္ကစီ​...

Latest news1 13 150x150

Zawgyi Version ရန်​ကုန်​တိုင်းအတွင်း ​​အဌားယာဉ်​အဖြစ်​ မှတ်​ပုံတင်​ထားသည့်​ကားများကို ယခုနှစ်​ ဒီဇင်​ဘာလ ၃၁ ရက်​​နေ့​နောက်​ဆုံးထား၍ city taxi...

Read more »

မော်​​တော်​ယာဉ်​ အမည်ပြောင်းလဲလျှင် ဆောလျင်စွာ...

For news 150x150

Zawgyi Version မော်​​တော်​ယာဉ်​ အမည်ပြောင်းလဲလျှင် ဆောလျင်စွာ လာရောက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အမည်ပေါက်သူတွင် သာ တာဝန်ရှိကြောင်းနှင့်...

Read more »

(ခ) လိုင်စင်နှင့် (င) လိုင်စင်ကိုင်ဆောင်သူများ...

Latest news1 13 150x150

Zawgyi Version မြန်​မာတစ်​ပြည်​လုံးတွင်​​ မောင်းနှင်​ခွင့်​ရှိ​သော (ခ) လိုင်စင်နှင့် (င) လိုင်စင် ကိုင်ဆောင်ထားသည့် ယာဉ်မောင်းများ အနေဖြင့်...

Read more »