fb-pageview-tracker
ယခုလအတြင္း ယာဥ္​ အစီး ၄၀၀၀ တြင္ စတင္​စမ္းသပ္တပ္ဆင္သြားမည္​့ YBS ကဒ္စနစ္


Zawgyi Version

ရန္ကုန္ျမိဳ႕တြင္းေျပးဆြဲလ်က္ရွိ​ေနသည္​့ ခရီးသည္​တင္​ YBS ယာဥ္လိုင္းမ်ားတြင္ယာဥ္စီးခအ​ေႂကြ​ေပးေခ်သည္​့ စနစ္​အစား ကဒ္စနစ္ကို ယခုလအတြင္​း ကားအစီးေရ ၄၀၀၀ ၌စတင္ စ​မ္းသပ္တပ္ဆင္သြားမည္ျဖစ္ေႀကာင္း ကရင္တိုင္းရင္းသားေရးရာဝန္ႀကီး ေနာ္ပန္းသဥၨာမ်ဳိးက ရန္​ကုန္​တိုင္း​ေဒသႀကီး အစိုးရအဖြဲ႕ရံုးတြင္​ သတင္း​မီဒီယာမ်ားအား​ေျပာခဲ့သည္။

ခရီးသည္​တင္​ YBS ယာဥ္လိုင္းမ်ားတြင္ ယာဥ္စီးခ ​ေပးေခ်သည့္ ကဒ္စနစ္YPS (Yangon Payment System) စနစ္​အား တပ္​ဆင္​ရန္​ Asia Starmar Transport Intelligent ကုမၸဏီမွ တင္​ဒါ​ေအာင္​ျမင္​သူအျဖစ္​​ေရြးခ်ယ္​ထား႐ွိရာ MOU လက္မွတ္ေရးထိုးျပီးစီးျပီျဖစ္ေႀကာင္း သိရသည္။

"YBS ကဒ္စနစ္အတြက္​လုပ္ဖို႔ ​အကုန္လံုး အဆင္သင္႔လည္းျဖစ္ေနပါျပီ။ ဗဟိုဘဏ္ကလည္း ခြင္႔ျပဳခ်က္ရျပီဆိုေတာ႔ YBS ကႏွစ္ႏွစ္ျပည့္ အခမ္းအနားမွာ လုပ္​​ေဆာင္​သြားမယ္​့အ​ေၾကာင္​း ေႀကညာဖို႔ရွိတယ္၊ ဒီကဒ္က ဘယ္လို​ေ​ႀကာင့္ႀကာေနရတာလဲ ဆိုတာကိုလည္​း ​ေသခ်ာရွင္းျပပါမယ္။ ျမိဳ႕ထဲမွာေျပးဆြဲေနတဲ့ ကားေတြကို နမူနာအရင္စမ္းသပ္ျပမယ္၊ အဲဒါျပီးရင္ ျဖည္းျဖည္းခ်င္း စတင္တ​ပ္ဆင္မယ္။ ဒီကဒ္ ​စနစ္နဲ႔ ျပည္သူအကုန္လံုးအကၽြမ္း၀င္သြားရင္ သြားတဲ့အကြာအေဝး အတိုင္း တြက္ျပီး ေပးရမယ္၊အဲဒီအခါ ၁၅၀ ပဲျဖစ္ခ်င္ျဖစ္မယ္၊ ကဒ္နဲ႔သံုးရင္ ၁၈၀ က်ခ်င္က်မယ္၊ ၂၀၀ ျဖစ္ခ်င္ျဖစ္မယ္၊ ျပည္သူအတြက္ ရာခိုင္ႏႈန္းတစ္ခုသက္သာေအာင္ လုပ္သြားမယ္​။" ဟု ကရင္တိုင္းရင္းသားေရးရာဝန္ႀကီး ေနာ္ပန္းသဥၨာမ်ဳိးက ​ေျပာသည္​။

ယာဥ္​လိုင္​းကုမၸဏီမ်ားမွ လက္​႐ွိ​ေကာက္​ခံ​ေနသည္​့ ယာဥ္​စီးခႏွုန္​းထားမ်ားမွာ ၁၀၀က်ပ္​၊၂၀၀က်ပ္​၊ ၃၀၀ က်ပ္​ ႏွင္​့ ၅၀၀ က်ပ္​​ေကာက္​ခံ​ေနၿပီး တူညီမွုမ႐ွိ​​ေသာ္​လည္​း ကဒ္​စနစ္​စတင္​ပါက ယာဥ္​စီးခႏွုန္​းထားမ်ား တူညီသြားမည္ျဖစ္​​ေၾကာင္​းလည္း သိရသည္။

ခရီးသည္​တင္​ YBS ကားမ်ားတြင္​ယာဥ္​စီးခ​ေပး​ေခ်ရ​ေသာ ကဒ္​စနစ္​တပ္​ဆင္​ရန္​ ယာဥ္အစီးေရ ၄၀၀၀ တြင္​ ကနဦး တပ္​ဆင္​သြားမည္ျဖစ္​ရာ ကဒ္​စနစ္​အတြက္​အသံုးျပဳသြားမည့္ ကဒ္ျပားေပါင္း၂ သန္းခန္႔ ထုတ္လုပ္သြားမည္ျဖစ္ေႀကာင္းသိရသည္​။


Unicode Version

ရန်ကုန်မြို့တွင်းပြေးဆွဲလျက်ရှိနေသည့် ခရီးသည်တင် YBS ယာဉ်လိုင်းများတွင်ယာဉ်စီးခအကြွေပေးချေသည့် စနစ်အစား ကဒ်စနစ်ကို ယခုလအတွင်း ကားအစီးရေ ၄၀၀၀ ၌စတင် စမ်းသပ်တပ်ဆင်သွားမည်ဖြစ်ကြောင်း ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် သတင်းမီဒီယာများအားပြောခဲ့သည်။

ခရီးသည်တင် YBS ယာဉ်လိုင်းများတွင် ယာဉ်စီးခ ပေးချေသည့် ကဒ်စနစ်YPS (Yangon Payment System) စနစ်အား တပ်ဆင်ရန် Asia Starmar Transport Intelligent ကုမ္ပဏီမှ တင်ဒါအောင်မြင်သူအဖြစ်ရွေးချယ်ထားရှိရာ MOU လက်မှတ်ရေးထိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

"YBS ကဒ်စနစ်အတွက်လုပ်ဖို့ အကုန်လုံး အဆင်သင့်လည်းဖြစ်နေပါပြီ။ ဗဟိုဘဏ်ကလည်း ခွင့်ပြုချက်ရပြီဆိုတော့ YBS ကနှစ်နှစ်ပြည့် အခမ်းအနားမှာ လုပ်ဆောင်သွားမယ့်အကြောင်း ကြေညာဖို့ရှိတယ်၊ ဒီကဒ်က ဘယ်လိုကြောင့်ကြာနေရတာလဲ ဆိုတာကိုလည်း သေချာရှင်းပြပါမယ်။ မြို့ထဲမှာပြေးဆွဲနေတဲ့ ကားတွေကို နမူနာအရင်စမ်းသပ်ပြမယ်၊ အဲဒါပြီးရင် ဖြည်းဖြည်းချင်း စတင်တပ်ဆင်မယ်။ ဒီကဒ် စနစ်နဲ့ ပြည်သူအကုန်လုံးအကျွမ်းဝင်သွားရင် သွားတဲ့အကွာအဝေး အတိုင်း တွက်ပြီး ပေးရမယ်၊အဲဒီအခါ ၁၅၀ ပဲဖြစ်ချင်ဖြစ်မယ်၊ ကဒ်နဲ့သုံးရင် ၁၈၀ ကျချင်ကျမယ်၊ ၂၀၀ ဖြစ်ချင်ဖြစ်မယ်၊ ပြည်သူအတွက် ရာခိုင်နှုန်းတစ်ခုသက်သာအောင် လုပ်သွားမယ်။" ဟု ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ပြောသည်။

ယာဉ်လိုင်းကုမ္ပဏီများမှ လက်ရှိကောက်ခံနေသည့် ယာဉ်စီးခနှုန်းထားများမှာ ၁၀၀ကျပ်၊၂၀၀ကျပ်၊ ၃၀၀ ကျပ် နှင့် ၅၀၀ ကျပ်ကောက်ခံနေပြီး တူညီမှုမရှိသော်လည်း ကဒ်စနစ်စတင်ပါက ယာဉ်စီးခနှုန်းထားများ တူညီသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ခရီးသည်တင် YBS ကားများတွင်ယာဉ်စီးခပေးချေရသော ကဒ်စနစ်တပ်ဆင်ရန် ယာဉ်အစီးရေ ၄၀၀၀ တွင် ကနဦး တပ်ဆင်သွားမည်ဖြစ်ရာ ကဒ်စနစ်အတွက်အသုံးပြုသွားမည့် ကဒ်ပြားပေါင်း၂ သန်းခန့် ထုတ်လုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

Latest News

နည္းပညာျမင့္မားျခင္းႏွင့္ ယာဥ္ေမာင္းတို႔အတြက္...

Zawgyi Version ေမာ္ေတာ္ကားမ်ားႏွင့္ တြဲဖက္အသံုးျပဳရသည့္နည္းပညာမ်ား တစ္ဟုန္ထိုးျမင့္မားလာခဲ့ျခင္းေၾကာင့္ ယာဥ္ေမာင္းသူမ်ား...

Read more »

ျပည္​ပမွတင္​သြင္​းလာ​သည္​့ ကားမ်ား...

Zawgyi Version ျပည္​ပမွ တင္​သြင္​းလာ​သည္​့ ​ေမာ္​​ေတာ္​ယာဥ္​မ်ားကို အ​ေကာက္​ခြန္​တန္​ဖိုး WTO Valuation ျဖင္​့...

Read more »

Tokyo Century မွ ျမန္မာ...

Zawgyi Version ဂ်ပန္ ဘ႑ာေရး ဝန္ေဆာင္မႈကုမၸဏီတစ္ခုျဖစ္ေသာ Tokyo Century သည္ SGX (Singapore Exchange Limited) စာရင္းဝင္ Yoma Strategic...

Read more »

ယခင္​႐ုပ္​​ေျပာင္​းကားမ်ားကို...

Zawgyi Version ယခင္​႐ုပ္​​ေျပာင္​းကားမ်ားကို ခြင္​့ျပဳ​ေပးထားၿပီးျဖစ္​၍ ထပ္​မံတင္​သြင္​းလာ​ေသာ ကားမ်ားကုိလည္​း နံပါတ္​ယူ...

Read more »

New Toyota C-HR Review (International)

Zawgyi Version Toyota C-HR အသစ္ သုံးသပ္ခ်က္ ပစၥည္းပစၥယ မ်ားျပားစုံလင္တဲ့ Toyota ရဲ့ မိသားစုစီး small SUV သို႕မဟုတ္ C-HR...

Read more »