fb-pageview-tracker
YBS မီနီဘတ်​စ်​ကားများ​ မြို့ပြင်​သို့​ပြောင်း​ရွှေ့၍ စီးတီးဘတ်စ်​ယာဉ်​ကြီးများဖြင့်​ အစားထိုး ​ပြေးဆွဲ​ပေးသွားမည်


Zawgyi Version


လက်​ရှိ ရန်​ကုန်​မြို့တွင်း ​ပြေးဆွဲ​နေလျက်ရှိ​သော ခရီးသည်​တင်​ယာဉ်​များအားလုံးကို မကြာခင်​ ယာဉ်​စီးခ​ပေး​ချေ​သော ကဒ်​စနစ်​ တပ်​ဆင်​အသုံးပြုတော့မည်ဖြစ်ရာ​ မီနီဘတ်​စ်​ကားများမှာ တံခါးတစ်​​ပေါက်​ပါကားများဖြစ်​သောကြောင့်​ ခရီးသည်​အတက်​အဆင်းနှင့် ကဒ်​စနစ်​လုပ်​​ဆောင်​ရာတွင်​အခက်​အခဲရှိ​နေသဖြင့် ထိုမီနီဘတ်​စ်ကားများ​နေရာတွင်​ စီးတီးဘတ်​စ်​ယာဉ်​ကြီးများဖြင့်​ အစားထိုး​ပြေးဆွဲ​ပေးသွားမည်ဖြစ်ပြီး မီနီဘတ်စ်များကိုမူ မြို့အစွန်​​နေရာများသို့​ ​ပြောင်းလဲ​ပြေးဆွဲရန် လုပ်​​ဆောင်​သွားမည်ဖြစ်ေ​ကြာင်း သိရသည်​။




Unicode Version

ရန်ကုန်မြို့တွင်း YBS ယာဉ်လိုင်းများတွင် ပြေးဆွဲနေသော မီနီဘတ်စ် ကားများကို မြို့ပြင်နေရာများသို့ပြောင်းရွှေ့၍ ၎င်းတို့နေရာတွင် စီးတီးဘတ်စ် ယာဉ်ကြီးများဖြင့် မကြာခင် အစားထိုး ပြေးဆွဲသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု အာဏာပိုင်အဖွဲ့မှ သိရသည်။

လက်ရှိ ရန်ကုန်မြို့တွင်း ပြေးဆွဲနေလျက်ရှိသော ခရီးသည်တင်ယာဉ်များအားလုံးကို မကြာခင် ယာဉ်စီးခပေးချေသော ကဒ်စနစ် တပ်ဆင်အသုံးပြုတော့မည်ဖြစ်ရာ မီနီဘတ်စ်ကားများမှာ တံခါးတစ်ပေါက်ပါကားများဖြစ်သောကြောင့် ခရီးသည်အတက်အဆင်းနှင့် ကဒ်စနစ်လုပ်ဆောင်ရာတွင်အခက်အခဲရှိနေသဖြင့် ထိုမီနီဘတ်စ်ကားများနေရာတွင် စီးတီးဘတ်စ်ယာဉ်ကြီးများဖြင့် အစားထိုးပြေးဆွဲပေးသွားမည်ဖြစ်ပြီး မီနီဘတ်စ်များကိုမူ မြို့အစွန်နေရာများသို့ ပြောင်းလဲပြေးဆွဲရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

"မီနီဘတ်စ်ကားတွေကို မကြာခင် မြို့ပြင်နေရာတွေကို ပြောင်းလဲပြေးဆွဲဖို့လုပ်သွားမှာပါ။ YBS ကားတွေမှာ ယာဉ်စီးခပေးတဲ့ ကဒ်စနစ်လုပ်ရင် တံခါးတစ်ပေါက်ပဲပါတဲ့ မီနီဘတ်စ် ကားတွေအတွက်အခက်အခဲရှိတယ်။ အဲဒီကားတွေနေရာမှာ စီးတီးဘတ်စ်ကားတွေနဲ့ အစားထိုးပြေးဆွဲပေးမှာပါ။" ဟု ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုအာဏာပိုင်အဖွဲ့ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ခရီးသည်တင် မီနီဘတ်စ် ကားအစီးရေ ၄၀၀ နီးပါး ရှိနေပြီး ယခင်က မြို့လယ်ခေါင်တွင် ဝင်ရောက်ပြေးဆွဲနေခြင်းကို ယခုနောက်ပိုင်းတွင် တဖြည်းဖြည်းကန့်သတ်ခဲ့ပြီး နောက်ပိုင်းတွင် ထိုကားများကို စည်ပင်သာယာနယ်နိမိတ် ပြင်ပများတွင်သာ ပြေးဆွဲခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

Latest News

ရန်​ကုန်​​ဆေးရုံကြီးဝန်းအတွင်း...

Zawgyi Version ရန်​ကုန်​ပြည်​သူ့​ဆေးရုံကြီးဝန်းအဝင်​ဝနှင့်​ လမ်းမများ​ပေါ်တွင်​ စည်းကမ်းမဲ့ရပ်​နားထား​သော တက္ကစီများ...

Read more »

ရန်​ကုန်​လိုင်​စင်​အားခွင့်​ပြု/မပြု...

Zawgyi Version ရန်​ကုန်​လိုင်​စင်​အား YVQC စနစ်​ဖြင့်​ ခွင့်​ပြု/မပြုကို တိကျစွာ သတင်းထုတ်​ပြန်​​ပေးရန်​ လိုအပ်​​နြေ​ပီး...

Read more »

ကားဘောနက် ဟစိ နဲ့ heat တက်တဲ့ အယူအဆ အမှားများ

Zawgyi Version အခု ရန်ကုန်က taxi တချို့ car bonnet ကို lock ကျအောင် မပိတ်ဘဲ ဟစိလေးလုပ်ပြီး မောင်းနေတာတွေ့ရတယ်ဗျ။ အရင်က...

Read more »

Ford EcoSport Review (International)

Zawgyi Version အမေရိက က ထရပ်ကားအရုပ်လေးတွေနဲ့ဆင်တဲ့ small SUV Ford EcoSport ဟာ ဖျတ်ဖျတ်လတ်လတ် မောင်းနှင်နိုင်မယ့် ကားမျိုးပါ။...

Read more »

လတ်တလောအမြင်နဲ့ မဆုံးဖြတ်ပါနဲ့

Zawgyi Version လတ်တလောအမြင်နဲ့ မဆုံးဖြတ်ပါနဲ့။ သံပြားထူရင်ပိုမာပါတယ်။ ပိုမာလို့ထိခိုက်ရင် ပိုမိုတောင့်ခံနိုင်တယ်၊ ပိုမိုအန္တရယ်ကင်းတယ်လို့...

Read more »