fb-pageview-tracker
ရန်ကုန်လိုင်စင်ကို စနစ်တစ်ခုဖြင့် ယခုနှစ်အတွင်း ခွင့်ပြုချထားပေးရန် လုပ်ဆောင်နေဟုဆို


Zawgyi Version



ရန်ကုန်လိုင်စင်ခွင့်ပြုပေးရန် မသေချာသေး၍ ရန်ကုန်လိုင်စင်အဓိကရရှိနေသော ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံသည့် အမည်ပေါက်စလစ်ဈေးများမှာ ယခင်က ကျပ် ၁၁၅ သိန်းမှ ယခုအချိန်တွင် ကျပ် ၁၃၅ သိန်း အထိ မြင့်တက်လာခဲ့ပြီး ရန်ကုန်လိုင်စင်ခွင့်ပြုခြင်းကို ယာဉ်ကြောကျပ်တည်းမှုကြောင့် လွန်ခဲ့သော ၂၀၁၆ ဧပြီလ ၁ ရက်နေ့မှစ၍ ရန်ကုန်လိုင်စင်ဖြင့် ကားတင်သွင်းခွင့်ပြုခြင်းကို ရပ်ဆိုင်းထားရှိခဲ့ကြောင်း သိရသည်။


Unicode Version

လိုင်စင်ကို Yangon Vehicle Quota Certificate (YVQC) စနစ်ဖြင့် တန်ဖိုးသတ်မှတ်၍ ယခုနှစ်အတွင်း ခွင့်ပြုချထားပေးရန် လုပ်ဆောင်နေလျက်ရှိကြောင်း ရန်ကုန်လိုင်စင် YVQC စနစ်အတွက် တာဝန်ယူလုပ်ဆောင်နေသူတစ်ဦးထံမှ သိရသည်။ရန်ကုန်လိုင်စင် Yangon Vehicle Quota Certificate (YVQC) လက်မှတ်စနစ်ကို ၂၀၁၉ နှစ်စပိုင်းတွင် ကျပ်သိန်း ၉၀ ဖြင့် ရောင်းချမည်ဆိုသော သတင်းများထွက်ပေါ်လာခဲ့ပြီးနောက် မူဝါဒများဖြင့် မကိုက်ညီ၍ ခွင့်မပြုခဲ့ဘဲ ရန်ကုန်တိုင်းတွင် ရန်ကုန်လိုင်စင် ပိတ်ထားသည်မှာလည်း ၃ နှစ်ကျော်နီးပါးအထိ ကြာမြင့်နေခဲ့ပြီဖြစ်သည်။

“ရန်ကုန်လိုင်စင်ကို စနစ်တစ်ခုနဲ့ ခွင့်ပြုပေးဖို့ လုပ်ဆောင်နေပါတယ်။ တချို့မူဝါဒအချက်တွေကို ပြန်လည်ပြင်ဆင်ပြီး ရှေ့နေချုပ်ရုံးကိုတင်ပြထားပါတယ်။ ရန်ကုန်လိုင်စင်ကို YVQC စနစ်လိုမျိုး တန်ဖိုးသတ်မှတ်ရောင်းချပေးဖို့ လုပ်နေပါတယ်။” ဟု ရန်ကုန်လိုင်စင် YVQC စနစ်အတွက် တာဝန်ယူလုပ်ဆောင်သူတစ်ဦးထံမှ သိရသည်။

ရန်ကုန်လိုင်စင်ခွင့်ပြုပေးရန် မသေချာသေး၍ ရန်ကုန်လိုင်စင်အဓိကရရှိနေသော ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံသည့် အမည်ပေါက်စလစ်ဈေးများမှာ ယခင်က ကျပ် ၁၁၅ သိန်းမှ ယခုအချိန်တွင် ကျပ် ၁၃၅ သိန်း အထိ မြင့်တက်လာခဲ့ဲပြီး ရန်ကုန်လိုင်စင်ခွင့်ပြုခြင်းကို ယာဉ်ကြောကျပ်တည်းမှုကြောင့် လွန်ခဲ့သော ၂၀၁၆ ဧပြီလ ၁ ရက်နေ့မှစ၍ ရန်ကုန်လိုင်စင်ဖြင့် ကားတင်သွင်းခွင့်ပြုခြင်းကို ရပ်ဆိုင်းထားရှိခဲ့ကြောင်း သိရသည်။

Latest News

သင့်ကားအင်ဂျင်ကျနေပြီလားဆိုတာ သိနိုင်မယ့် အချက်...

Zawgyi Version “ကားအင်ဂျင်ကျတာ၊ အင်ဂျင်ကိုင်တာ၊ အင်ဂျင်တင်တာ၊ အင်ဂျင်အပေါ်ဖွင့်/အောက်ဖွင့်လုပ်တာ" ဆိုတာမျိုးတွေကို ကားလောက...

Read more »

မြန်မာအပါအဝင် ဥရောပနှင့် အာရှနိုင်ငံပေါင်း ၁၀...

Zawgyi Version ဥရောပနှင့် မြန်မာအပါအဝင် အာရှနိုင်ငံပေါင်း ၁၀ နိုင်ငံကျော်မှ professional rally drivers နှင့်...

Read more »

ယာဉ်​အမည်​​ပေါက်​​ပြောင်းလဲခြင်းကို ၃...

Zawgyi Version ​မော်​​တော်​ယာဉ်​အမည်​​ပေါက်​​ပြောင်းလဲခြင်းကို ၃ ရာခိုင်​နှုန်းအထိ ​ဖြေ​လျှော့သတ်​မှတ်​​ပေးရန်​အတွက်​...

Read more »

Suzuki Ertiga 2019 Review (Local)

Zawgyi Version ကိုယ်တွေနိုင်ငံနဲ့ အဆင်ပြေမယ့် ကားတစ်စီးဆိုတာဟာ ပုံမှန်ထက် မြင့်ရမယ်၊ ကျယ်ရမယ်၊ ဆီစားသက်သာရမယ်။ နောက်တစ်ခု ဈေးနှုန်းလည်း...

Read more »

ကမ္ဘာ့အမြန်ဆုံး full-size luxury sedan...

Zawgyi Version Twin-turbo W-12 အင်ဂျင်၊ အမြင့်ဆုံးပါဝင်ထုတ်လွှတ်နိုင်မှု 626hp၊ အမြန်ဆုံးမြန်နှုန်း 207mph နဲ့ Bentley ရဲ့ Flying Spur 2020...

Read more »