တစ်ပါတ်အတွက်ရန်ကုန် ၊ မန္တလေးကားဈေးကွက်
ဈေးကွက်အတွင်း စက်မှုဇုံဂျစ်အပ်ကားများပေါများခြင်းနှင့်အတူ စလစ်ဈေးများလည်း ကျဆင်းနေပြီး စက်မှုဇုံဂျစ်  စလစ်တစ်စောင်လျှင် ကျပ် ၄၇ သိန်းဝန်းကျင်သာရှိကြောင်း ကားဟောင်းစလစ် ၀ယ်ရောင်းများထံမှသိရှိရသည်။စက်မှုဇုံ  ဂျစ်ကားများသည် ရောင်းလိုအားများပြားနေခြင်းကြောင့် စလစ်ဈေးများကျဆင်းလျက်ရှိရာ ‘၁က’ အက္ခရာကားများမှာ ၀ယ် လိုအားနည်းပါးနေသည့်အတွက် ကျပ်သိန်းရှစ်ဆယ်ဝန်းကျင်အထိ ဈေးများကျဆင်းသွားခဲ့သည်။
မြန်မာနိုင်ငံ မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့်တင်သွင်းဖြန့်ဖြူးရောင်းချသူများအသင်းမှ သုံးဘီးယာဉ်များအပ်နှံပြီး အငှားယာဉ်တင်သွင်းခွင့်ပေးရန် တောင်းဆိုထားသောကြောင့် သုံးဘီးယာဉ်များ၏ဈေးကွက်လည်း အနည်းငယ်လှုပ်ခတ်  သွားခဲ့သည်။သို့သော် ကားဟောင်းစလစ် ၀ယ်ရောင်းများမှာ သုံးဘီးယာဉ်များကိုအရဲစွန့်ပြီး မ၀ယ်ယူရဲသောကြောင့် ထို  ကားများ၏ဈေးနှုန်းသည် တန့်နေပြီး သုံးဘီးယာဉ်အမည်ပေါက်စလစ်တစ်စောင်လျှင် ကျပ်၂၇ သိန်းဝင်းကျင် ပေါက်ဈေးရှိ  ကြောင်း မြန်မာပြည်အထက်ပိုင်းရှိ ကား ၀ယ်ရောင်းများထံမှသိရသည်။
ခွေးဘီလူးနှင့် ဂျစ်တွေလှုပ်ရှားနေတဲ့ မန္တလေးကားဈေးကွက်
ယခုသြဂုတ်လပထမပတ်မန္တလေးကားဈေးကွက်တွင်စက်မှုဇုံထုတ်ဂျစ်များနှင့်ခွေးဘီလူး(မီနီထရပ်)များ အရောင်း အ၀ယ်ဖြစ်လျက်ရှိကြောင်း မန္တလေးယာဉ်ရောင်းဝယ်ရေး ဈေးကွက်မှသိရသည်။
စက်မှုဇုံထုတ်ဂျစ်ကားများမှာ လက်ရှိတွင် ကျပ် ၄၃ သိန်းဝင်းကျင်ဖြင့် အရောင်းအ၀ယ်ဖြစ်လျက်ရှိပြီး အရောင်းအ  ၀ယ်ဈေးကွက်တွင်အ၀ယ်လိုက်မှုရှိနေခြင်းကြောင့်ဇုန်ဂျစ်များမျက်နှာပန်းလှလျက်ရှိကြောင်းဝယ်ရောင်းများထံမှသိရသည်။
စက်မှုဇုံဂျစ်ကားများ အအပ်ခံပြီးနောက်ပိုင်းတွင် ၁၃၀၀ စီစီ ဆလွန်းကားများနှင့် ဂျပန်နိုင်ငံထုတ် လိုက်ထရပ်များ  မှာ ဈေးအနည်းငယ်ကျပြီး ယခင်ကျပ်သိန်း ၈၀ ၊ သိန်း ၁၀၀ တို့ဖြင့်အရောင်းအ၀ယ်ဖြစ်လျက်ရှိခဲ့ရာမှ ယခုအခါ ကျပ်ဆယ်  သိန်းဝန်းကျင်ခန့် ဈေးကျလျက်ရှိကာ အရောင်းအ၀ယ်အေးလျက်ရှိသည်။
ဖရီးပါမစ်ဖြင့် တင်သွင်းလာသည့်ကားများအနက်မှ Suzuki,Swift ,Honda Fit , Toyota Belta များမှာ အရောင်း အ၀ယ်အေးလျက်ရှိပြီး ဈေးနှုန်းကျဆင်းလျက်ရှိသဖြင့် အရောင်းအ၀ယ်အေးလျက်ရှိကြောင်းသိရသည်။
ယာဉ်အိုဟောင်း အဖြစ်အပ်နှံခွင့်ပြုခဲ့သည့် ‘၁က’ အက္ခရာကားများမှာမူ ကျပ် ၇၅ သိန်းနှင့် သိန်း ၈၀ ၀န်းကျင်ခန့် သာ ပေါက်ဈေးရှိပြီး အရောင်းအ၀ယ်အေးလျက်ရှိသည်။
စလစ်ကပ်သမားအချို့မှာ ‘၂က’အက္ခရာ အပ်နှံရမည့်အချိန်ကို စောင့်ကြည့်လျက်ရှိပြီး စလစ်ဈေးသက်သာနိုင်စေ ရန် စီစဉ်လျက်ရှိသည်ဟုလည်းသိရသည်။
Unicode Version
စျေးကွက်အတွင်း စက်မှုဇုံဂျစ်အပ်ကားများပေါများခြင်းနှင့်အတူ စလစ်စျေးများလည်း ကျဆင်းနေပြီး စက်မှုဇုံဂျစ်  စလစ်တစ်စောင်လျှင် ကျပ် ၄၇ သိန်းဝန်းကျင်သာရှိကြောင်း ကားဟောင်းစလစ် ဝယ်ရောင်းများထံမှသိရှိရသည်။စက်မှုဇုံ  ဂျစ်ကားများသည် ရောင်းလိုအားများပြားနေခြင်းကြောင့် စလစ်စျေးများကျဆင်းလျက်ရှိရာ ‘၁က’ အက္ခရာကားများမှာ ဝယ် လိုအားနည်းပါးနေသည့်အတွက် ကျပ်သိန်းရှစ်ဆယ်ဝန်းကျင်အထိ စျေးများကျဆင်းသွားခဲ့သည်။
စက်မှုဇုံထုတ်ဂျစ်ကားများကို အပ်နှံခွင့်ပေးခဲ့သည့်အချိန်မှစ၍ CIF တန်ဖိုးငါးထောင်နှင့်အောက် ကားများဖြစ်      သည့် ၂ဝဝ၃ မော်ဒယ်နှင့်အောက် Kluger ၊ ရွှေငါး ၊ RAV4 ၊ Crown စသည့်ကားများ အရောင်းအဝယ်ဖြစ်နေပြီး CIF တန်  ဖိုးတစ်သောင်းအထက်ကားများမှာ အရောင်းအဝယ်အေးစက်နေသည်။
မြန်မာနိုင်ငံ မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့်တင်သွင်းဖြန့်ဖြူးရောင်းချသူများအသင်းမှ သုံးဘီးယာဉ်များအပ်နှံပြီး အငှားယာဉ်တင်သွင်းခွင့်ပေးရန် တောင်းဆိုထားသောကြောင့် သုံးဘီးယာဉ်များ၏စျေးကွက်လည်း အနည်းငယ်လှုပ်ခတ်  သွားခဲ့သည်။သို့သော် ကားဟောင်းစလစ် ဝယ်ရောင်းများမှာ သုံးဘီးယာဉ်များကိုအရဲစွန့်ပြီး မဝယ်ယူရဲသောကြောင့် ထို  ကားများ၏စျေးနှုန်းသည် တန့်နေပြီး သုံးဘီးယာဉ်အမည်ပေါက်စလစ်တစ်စောင်လျှင် ကျပ်၂၇ သိန်းဝင်းကျင် ပေါက်စျေးရှိ  ကြောင်း မြန်မာပြည်အထက်ပိုင်းရှိ ကား ဝယ်ရောင်းများထံမှသိရသည်။
လှိုင်ယာဉ်ရောင်းဝယ်ရေးစခန်းတွင် ညအိပ်ကားများထားရှိခွင့်မပေးသောကြောင့် ယင်းစခန်းရှိ ကားဝယ်ရောင်း   များအနေနှင့် ကားများတစ်ပိုင်တစ်နိုင်သာ ယူဆောင်လာသည့်အတွက် အဝယ်များအနေနှင့် ရွေးချယ်စရာနည်းသွားသော  ကြောင့် အရောင်းအဝယ်အေးစက်သွားနိုင်ကြောင်း ကားဝယ်ရောင်းတစ်ဦးကဆိုသည်။
ခွေးဘီလူးနှင့် ဂျစ်တွေလှုပ်ရှားနေတဲ့ မန္တလေးကားစျေးကွက်
ယခုသြဂုတ်လပထမပတ်မန္တလေးကားစျေးကွက်တွင်စက်မှုဇုံထုတ်ဂျစ်များနှင့်ခွေးဘီလူး(မီနီထရပ်)များ အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း မန္တလေးယာဉ်ရောင်းဝယ်ရေး စျေးကွက်မှသိရသည်။
စက်မှုဇုံထုတ်ဂျစ်ကားများမှာ လက်ရှိတွင် ကျပ် ၄၃ သိန်းဝင်းကျင်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး အရောင်းအ  ဝယ်စျေးကွက်တွင်အဝယ်လိုက်မှုရှိနေခြင်းကြောင့်ဇုန်ဂျစ်များမျက်နှာပန်းလှလျက်ရှိကြောင်းဝယ်ရောင်းများထံမှသိရသည်။
စက်မှုဇုံဂျစ်ကားများ အအပ်ခံပြီးနောက်ပိုင်းတွင် ၁၃ဝဝ စီစီ ဆလွန်းကားများနှင့် ဂျပန်နိုင်ငံထုတ် လိုက်ထရပ်များ  မှာ စျေးအနည်းငယ်ကျပြီး ယခင်ကျပ်သိန်း ၈ဝ ၊ သိန်း ၁ဝဝ တို့ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိခဲ့ရာမှ ယခုအခါ ကျပ်ဆယ်  သိန်းဝန်းကျင်ခန့် စျေးကျလျက်ရှိကာ အရောင်းအဝယ်အေးလျက်ရှိသည်။
ဖရီးပါမစ်ဖြင့် တင်သွင်းလာသည့်ကားများအနက်မှ Suzuki,Swift ,Honda Fit , Toyota Belta များမှာ အရောင်း အဝယ်အေးလျက်ရှိပြီး စျေးနှုန်းကျဆင်းလျက်ရှိသဖြင့် အရောင်းအဝယ်အေးလျက်ရှိကြောင်းသိရသည်။
ယာဉ်အိုဟောင်း အဖြစ်အပ်နှံခွင့်ပြုခဲ့သည့် ‘၁က’ အက္ခရာကားများမှာမူ ကျပ် ၇၅ သိန်းနှင့် သိန်း ၈ဝ ဝန်းကျင်ခန့် သာ ပေါက်စျေးရှိပြီး အရောင်းအဝယ်အေးလျက်ရှိသည်။
စလစ်ကပ်သမားအချို့မှာ ‘၂က’အက္ခရာ အပ်နှံရမည့်အချိန်ကို စောင့်ကြည့်လျက်ရှိပြီး စလစ်စျေးသက်သာနိုင်စေ ရန် စီစဉ်လျက်ရှိသည်ဟုလည်းသိရသည်။
Ref: Auto Mobile ဂျာနယ်မှကူးယူဖေါ်ပြသည်။။။
Latest News
၂၀၁၈ တွင် YBS ငွေပေးချေမှုစနစ်ကို...
Untitled 2 150x150
Zawgyi Version YBS ငွေပေးချေမှု စနစ်ကို ၂၀၁၈ ခုနှစ်တွင် ဘဏ်များဖြင့် ချိတ်ဆက်ထားသော ကဒ်စနစ်ဖြင့် ပေးချေဖို့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း...
Read more »
၂၀၁၈ တွင် ၂၅ ​ပေ နှင့်အထက်...
Image uploaded from ios 1 150x150
Zawgyi Version ၂၀၁၈ခုနှစ်တွင် ရန်ကုန်မြို့ စည်​ပင်​သာယာနယ်​နမိတ်​အတွင်း တည်​​ဆောက်​ရန်​ တင်​ပြထား​သော အထပ်မြင့် အဆောက်အအုံများကို...
Read more »
YBS စနစ် တစ်​နှစ်​အတွင်း ၇၀ ရာခိုင်​နှုန်းအထိ...
Img 3144 2 150x150
Zawgyi Version ရန်ကုန် သယ်​ယူပို့​ဆောင်​​ရေး YBS စနစ်​ အကောင်အထည်ဖော်သည့် တစ်​နှစ်​တာကာလအတွင်း ၇၀ ရာခိုင်​နှုန်း ​အောင်​မြင်​ခဲ့ပြီး...
Read more »
ဝါးတန်းမီးရထားဘူတာတွင် ကွန်​တိန်​နာယာဉ်​...
Container burn 150x150
Zawgyi Version ဆိပ်​ကမ်းမြို့နယ်​၊​ မော်​တင်​ရပ်​ကွက်​ ဝါးတန်းမီးရထားကုန်​ရုံဘူတာတွင် ဇန်​နဝါရီလ ၁၆ ၊ နံနက်​ ၁၀ နာရီ ၄၅ မိနစ်​တွင်​​...
Read more »
ပြစ်​မှုဖြစ်​ပွား​သောကားများနှင့်...
Untitled 1 150x150
Zawgyi Version ရန်​ကုန်​တိုင်း​ဒေသကြီးတွင်​ ပြစ်​မှုကျူးလွန်​ထား​သောကားများနှင့် တရားမဝင်​ လိုင်​စင်​မဲ့ without ကားများ ကို control...
Read more »