fb-pageview-tracker
ပြည်​ပမှတင်​သွင်းလာ​သည့်​ ကားများ အ​ကောက်​ခွန်​တန်​ဖိုး WTO Valuation ဖြင့်​ အခွန်​စည်းကြပ်​​ကောက်​ခံရာတွင်​ ​မူရင်းဝယ်​ယူသည့်​ ​ဈေးနှုန်းထက်​ ပိုမို​ပေး​ဆောင်​​​နေရ


Zawgyi Version





Unicode Version

ပြည်ပမှ တင်သွင်းလာသည့် မော်တော်ယာဉ်များကို အကောက်ခွန်တန်ဖိုး WTO Valuation ဖြင့် အခွန်စည်းကြပ်ကောက်ခံရာတွင် မူရင်းဝယ်ယူသည့် ဈေးနှုန်းထက် ပိုမိုပေးဆောင်နေရလျက်ရှိပြီး တင်ပြရာတွင်လည်း ပွင့်လင်းမြင်သာမှုနည်းပါးနေကြောင်း ပြည်ပမှမော်တော်ယာဉ်တင်သွင်းသူများက ပြောဆိုနေကြသည်။ ပြည်ပမှ မော်တော်ယာဉ်များတင်သွင်းမှုကို (CIF) Cost, Insurance and Freight ဈေးနှုန်း မသတ်မှတ်တော့ဘဲ ၂၀၁၈ ခုနှစ်မှစ၍ WTO Valuation အတိုင်း အမှန်တကယ်အရောင်းအဝယ်ဖြစ်ခဲ့သည့် ဈေးနှုန်းအပေါ်အခွန်စည်းကြပ်ကောက်ခံနေလျက်ရှိကြောင်း သိရသည်။

“ပြည်ပက ကုန်ပစ္စည်းတွေ၊ ကားတွေတင်သွင်းတာ မူရင်းဈေးဆိုလို့ မူရင်းဝယ်ဈေးနဲ့တင်ပြထားတယ်။ ဈေးနှုန်းဖြတ်တာက မူရင်းဝယ်တဲ့ဈေးထက်ပိုပြီးအခွန်ဖြတ်နေတယ်။ ဘယ်ကိုတင်ပြလို့တင်ပြရမလဲ။ ပွင့်လင်းမြင်သာစွာ မဖော်ပြထားဘူး။ ဒီစနစ်လုပ်လိုက်တာ မြန်မာနိုင်ငံလို မဖွံ့ဖြိုးသေးတဲ့ နိုင်ငံအတွက် မလုပ်သင့်သေးပါဘူး။ အမှန်တကယ်ဝယ်တဲ့ဈေးဆိုလို့ အဲ့ဈေးနဲ့တင်ပြတာပဲ။ အကောက်ခွန်ဈေးနှုန်း ဖြတ်တာကလည်း များနေတာကများနေတယ်။ ကုန်သည်တွေကလည်း အဲ့ဒါတွေသိပ်နားမလည်ကြဘူး ဖြစ်နေတယ်။” ဟု ပြည်ပမှ မော်တော်ယာဉ်တင်သွင်းနေသူ ဦးကိုကိုမောင်ကပြောသည်။

ပြည်ပမှ မော်တော်ကားတင်သွင်းမှုကို ဘယ်မောင်းကားများသာ တင်သွင်းရန်သတ်မှတ်ထားရာ မော်ဒယ်မြင့် ကားများကို တင်သွင်းခွင့်ပြုနေ၍ တန်ဖိုးမြင့်ကားများဖြစ်ကြသော luxury ကားများကို ကညနအခွန်နှုန်းထားများနှင့် အကောက်ခွန်ဦးစီးဌာနမှ သတ်မှတ်သည့် ဆိပ်ကမ်းရောက်တန်ဖိုးများကိုလည်း လျော့ချဆောင်ရွက်ပေးသင့်ကြောင်း ကားတင်သွင်းသူများက ပြောဆိုနေကြသည်။

Latest News

ယာဉ်​အမည်​​​ပြောင်းခွန်​ကောက်​ခံခြင်းကို...

 Zawgyi Version ​မော်​​တော်​ယာဉ်​အမည်​​​ပြောင်းခွန်​ ​ကောက်​ခံခြင်းကို ​လျှော့​ချ​ကောက်​ခံရန်​ ​ဆွေး​နွေးထားမှု မရှိ​သေးဘဲ ယခုအတိုင်းသာ...

Read more »

ကားရှေ့မီးကြီးနဲ့ ဝါယာရှော့ အန္တရာယ်

Zawgyi Version အမျိုးသမီး တစ်ဦးမောင်းတဲ့ Honda Fit ကားလေးတစ်စီး ကားရှေ့မီးကြီး တစ်ဖက်မလာလို့ဆိုပြီး ကျနော်တို့ကားဝပ်ရှော့ ကို ရောက်လာတယ်။...

Read more »

အာမခံထားသော ကားတစ်စီး မတော်တဆမှုဖြစ်ပွားလျင် ......

Zawgyi Version ယာဉ်ကြောတွေပိတ်ဆို့ပြီး ကားအစီးရေတွေများပြားလွန်းလှတဲ့ ရန်ကုန်မြို့ရဲ့လမ်းမတွေပေါ်မှာ ယာဉ်မတော်တဆမှုဆိုတာ...

Read more »

ရန်ကုန်တိုင်း စည်​ပင်​နယ်​နိမိတ်​အတွင်း...

Zawgyi Version ရန်ကုန်တိုင်းစည်​ပင်​နယ်​နိမိတ်​မြို့နယ်​များအတွင်း ဆိုင်ကယ်စီးနင်းခွင့် မပြုထား​သော်​လည်း လိုင်​စင်​မဲ့ဆိုင်​ကယ်​များ...

Read more »

YBS ယာဉ်လိုင်းများ နည်းပညာအသုံးပြုရာတွင်...

Zawgyi Version YBS ယာဉ်လိုင်းများ နည်းပညာအသုံးပြုရာတွင် အားနည်းနေသေးဟု ရန်ကုန်တိုင်းဒေသကြီး...

Read more »