fb-pageview-tracker
လိုင်​စင်​မဲ့ကားများ၊ စည်းကမ်း​ဖောက်​​ဖျက်​ကားများ ယာဉ်​ထိန်းအင်​အား ထုထည်​နှင့်​ ဖမ်းဆီးမှုပြုလုပ်​သွားမည်

 


Zawgyi Version




ရန်​ကုန်​တိုင်းအတွင်း မြို့နယ်​များအလိုက်​ လိုင်​စင်​မဲ့ယာဉ်​များနှင့် ကုန်းလမ်းပို့​ဆောင်​​ရေး ညွန်​ကြားမှုဦးစီးဌာနက ထုတ်​​ပေးထားသည့်​ သတ်​မှတ်​နံပတ်​ပြား မဟုတ်​သည့်​ ယာဉ်များကို အထူးစီမံချက်ဖြင့်​ အဖွဲ့ ၃၀ ဖွဲ့စည်းပြီး တစ်ရက်​လျှင်​ ၁၀ ဖွဲ့နှုန်းဖြင့်​ ထိ​ရောက်​စွာဖမ်းဆီးစစ်ေ​ဆး​နေရာ ၂၀၁၈ ခုနှစ် ​ဒီဇင်​ဘာလကုန်​အထိ လိုင်​စင်​မဲ့ကား အစီး​ရေ ၁၃၅ စီး၊ စည်းကမ်း​ဖောက်​ဖျက်​ကားအစီးရေ ၂ ထောင် နီးပါးအထိ ဖမ်းဆီးရမိခဲ့​ကြောင်း သိရသည်​။


Unicode Version

ရန်ကုန်တိုင်း ဒေသကြီးအတွင်း မောင်းနှင်သွားလာနေသော လိုင်စင်မဲ့ကားများနှင့် စည်းကမ်းဖောက်ဖျက်ကားများကို ယာဉ်ထိန်းအင်အား ထုထည်နှင့် ဖမ်းဆီးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အမှတ် ၂ ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူးရုံးမှ သိရသည်။

ရန်ကုန်တိုင်းအတွင်း မှတ်ပုံတင်ထားသော ယာဉ်အစီးရေ ၆ သိန်း နီးပါးခန့်ရှိရာ စည်းကမ်းဖောက်ဖျက်သွားလာနေသော ယာဉ်များကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ၊ ယာဉ်တိုက်မှုများ မကြာခဏဖြစ်ပေါ်နေကာ လိုင်စင်မဲ့ Without ကားများ ဖမ်းဆီးရမိပါက သိမ်းဆည်းသွားမည်ဖြစ်ပြီး ယာဉ်မောင်းနှင်သူကိုလည်း ထုတ်ကုန်သွင်းကုန် ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

"လိုင်စင်မဲ့ကားတွေ စည်းကမ်းဖောက်ဖျက်တဲ့ကားတွေကို စီမံချက်နဲ့ ဖမ်းဆီးနေတာတွေရှိပါတယ်။ နောက်ပိုင်းလည်း ဒီကားတွေကို အင်တိုက်အားတိုက် ထိထိရောက်ရောက် ဖမ်းဆီးတာမျိုးတွေ လုပ်သွားမှာပါ။၂၀၁၈ တစ်နှစ်ထဲမှာ လိုင်စင်မဲ့ကားအစီးရေ ၁၃၀ ကျော်ဖမ်းဆီးနိုင်ခဲ့တယ်။ ဖမ်းဆီးရမိတဲ့ ကားအများစုက ရပ်နားထားတဲ့ ပိုင်ရှင်မဲ့ကားတွေများတယ်။ ရန်ကုန်တိုင်းမှာ တောင်ပိုင်းခရိုင်နဲ့ အနောက်ပိုင်းခရိုင်တွေမှာ အများဆုံးဖမ်းဆီးရမိတယ်။" ဟု ရန်ကုန်တိုင်းဒေသကြီး အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ရန်ကုန်တိုင်းအတွင်း မြို့နယ်များအလိုက် လိုင်စင်မဲ့ယာဉ်များနှင့် ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနက ထုတ်ပေးထားသည့် သတ်မှတ်နံပတ်ပြား မဟုတ်သည့် ယာဉ်များကို အထူးစီမံချက်ဖြင့် အဖွဲ့ ၃၀ ဖွဲ့စည်းပြီး တစ်ရက်လျှင် ၁၀ ဖွဲ့နှုန်းဖြင့် ထိရောက်စွာဖမ်းဆီးစစ်ဆေးနေရာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကုန်အထိ လိုင်စင်မဲ့ကား အစီးရေ ၁၃၅ စီး၊ စည်းကမ်းဖောက်ဖျက်ကားအစီးရေ ၂ ထောင် နီးပါးအထိ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

Latest News

ခွင့်ပြုနိုင်သောပြောင်းလဲခြင်းနှင့်...

Zawgyi Version ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ မော်တော်ယာဉ်အမျိုးအစားပြောင်းလဲခြင်းနှင့်စပ်လျဉ်းပြီး...

Read more »

ရူးသွပ်ဖွယ်ရာ မဟားတရားပါဝါတွေနဲ့ ၁၉-၂၀...

Zawgyi Version စွမ်းဆောင်ရည် အဆုံးစွန်နဲ့ sport ကားတွေဟာ မော်တော်ကားထုတ်လုပ်မှုနယ်ပယ်ကို အရှိန်အဟုန်နဲ့ တိုးချဲ့နေတာပါ။...

Read more »

မော်တော်ယာဉ်များ ယာဉ်စည်းကမ်းဖောက်ဖျက်ခဲ့မှု...

Zawgyi Version မြန်မာနိုင်ငံအတွင်းရှိ ယာဉ်များအားလုံးကို မည်သည့်တိုင်း၊ ပြည်နယ်၊ မြို့နယ်၊ နေရာများတွင်မဆို...

Read more »

ကား ဘက်ထရီအားသွင်းစနစ်နှင့် ပြဿနာများ

Zawgyi Version ဟိုးတလောလေးက ကျနော့်ဘော်ဒါတစ်ယောက် သူ့ကားလေးနဲ့ နယ်ကို ခရီးထွက်တယ်ဗျ။ ခရီးထွက်နေတုန်း ကားရဲ့ ဒိုင်ခွက်ထဲမှာ battery...

Read more »

၂၀၁၉ ခုနှစ်၊ ဇူလိုင်လအတွင်း...

Zawgyi Version ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့်...

Read more »