လာမည့်နှစ်တွင် တင်သွင်းရမည့် မော်ဒယ်သတ်မှတ်ချက် တိကျစွာမထုတ်ပြန်သေးသော်လည်း ၂၀၀၃ မော်ဒယ် များ လေလံတွင်စုပြုံဝယ်


စလစ်ကပ်တင်သွင်းနိုင်သော မြန်မာပြည်အကြိုက် Kluger, RAV4 စသည့်ကားများမှာ ၂၀၀၃ မော်ဒယ် ကိုဝယ်ယူမှုများပြီး ဈေးနှုန်းများမှာလည်း နှစ်ပတ်အတွင်း ကျပ်သိန်း ၃၀ ခန့်တက်လာကြောင်းသိရသည်။ လာမည့်နှစ်အတွက် စလစ်ကပ်ကားများအား ၂၀၀၃ မော်ဒယ်မှစတင်သွင်းရမည်ဟု ကျိန်းသေမှုမရှိသေးသော် လည်း အမှန်တကယ်တင်သွင်းရခဲ့ပါက စုပြုံဝယ်ယူမှုကြောင့် ဈေးတက်မည်ကိုစိုးရိမ်သည့်အတွက် ၀ယ်ယူထား ကြခြင်းဖြစ်ကြောင်း ကား Sale Center ပိုင်ရှင်တစ်ဦးက ပြောပြခဲ့သည်။


ယခုအချိန်တွင် နှစ်ကုန်ဆုံးချိန်အခွန်နှုန်းထားလျှော့ပေါ့ပေးချိန် ကုန်ဆုံးတော့မည်ဖြစ်ရာ စလစ်ကပ် ကား ၂၀၀၃ မော်ဒယ်များအား အ၀ယ်စိတ်လာပြီး Free Permit ဈေးကွက်မှာငြိမ်နေကြောင်းသိရသည်။




Unicode Version

လာမည့် ၂ဝ၁၅ တွင် စလစ်ကပ်ကားများအား ၂ဝဝ၃ မော်ဒယ်မှလည်းကောင်း၊ Free Permit ကားများ အား ၂ဝ၁၁ မော်ဒယ်မှလည်းကောင်း တင်သွင်းရမည်ဟူသောသတင်းကြောင့် ထုတ်ပြန်ချက်တိကျစွာ မထွက် ရှိသေးသော်လည်း လေလံတွင် ဝယ်ယူမှုများလာသူများနှင့် အဝယ်ရပ်ထားသောသူများပါ ရှိလာကြောင်းသိရ သည်။

စလစ်ကပ်တင်သွင်းနိုင်သော မြန်မာပြည်အကြိုက် Kluger, RAV4 စသည့်ကားများမှာ ၂ဝဝ၃ မော်ဒယ် ကိုဝယ်ယူမှုများပြီး စျေးနှုန်းများမှာလည်း နှစ်ပတ်အတွင်း ကျပ်သိန်း ၃ဝ ခန့်တက်လာကြောင်းသိရသည်။ လာမည့်နှစ်အတွက် စလစ်ကပ်ကားများအား ၂ဝဝ၃ မော်ဒယ်မှစတင်သွင်းရမည်ဟု ကျိန်းသေမှုမရှိသေးသော် လည်း အမှန်တကယ်တင်သွင်းရခဲ့ပါက စုပြုံဝယ်ယူမှုကြောင့် စျေးတက်မည်ကိုစိုးရိမ်သည့်အတွက် ဝယ်ယူထား ကြခြင်းဖြစ်ကြောင်း ကား Sale Center ပိုင်ရှင်တစ်ဦးက ပြောပြခဲ့သည်။

ကြိုဝယ်ထားသူများရှိသကဲ့သို့ မူဝါဒထွက်ရှိလာပါက အကြောင်းကြောင်းကြောင့် လွဲချော်မည်ကိုစိုးရိမ် သူများကမူ လေလံတွင်အဝယ်ရပ်ထားကာ ဝယ်သူလာမှပင်ဝယ်ယူပေးတော့ကြောင်း ကားလေလံကုမ္ပဏီ ဒါရိုက်တာတစ်ဦးကပြောပြခဲ့သည်။Free Permit အား လာမည့်နှစ်အတွက် ၂ဝ၁၁ မှစကာ တင်သွင်းရမည်ဟုဆိုသော်လည်းကြိုတင်ဝယ်ယူထားပြီးနောက်တင်သွင်းရမည့်မော်ဒယ်အပြောင်းအလဲဖြစ်မည်ကိုစိုးရိမ်မိကြောင်းပြောပြခဲ့သည်။

ယခုအချိန်တွင် နှစ်ကုန်ဆုံးချိန ်အခွန်နှုန်းထားလျှော့ပေါ့ပေးချိန် ကုန်ဆုံးတော့မည်ဖြစ်ရာ စလစ်ကပ် ကား ၂ဝဝ၃ မော်ဒယ်များအား အဝယ်စိတ်လာပြီး Free Permit စျေးကွက်မှာငြိမ်နေကြောင်းသိရသည်။

Ref: Auto World Journal မှထုတ်နှုတ်ဖေါ်ပြသည်။

Latest News

မိုဒယ်​သတ်​မှတ်​ချက်​ထုတ်​ပြန်​ပြီး...

23667525 2159301577455927 209492361 n 150x150

Zawgyi Version မိုဒယ်​သတ်​မှတ်​ချက်​ထုတ်​ပြန်​ပြီးနောက်​ပိုင်း ​ အ​ရောင်းစင်​တာ ဖွင့်​ရန်​ ​လျှောက်​ထားမှုများအား ဒီနှစ် Consignment...

Read more »

ယာဉ်အပိုပစ္စည်းနှင့်...

Img 0593 1 150x150

             carsdb Zawgyi Version မြန်မာနိုင်ငံ၏ အကြီးကျယ်ဆုံးသော ယာဉ်အပိုပစ္စည်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများဆိုင်ရာ နိုင်ငံ တကာ...

Read more »

City bus ကားများ seater ကွဲလွဲခြင်းများ...

23714985 2158394427546642 1602509892 o 150x150

မြန်မာအပြည်ပြည်ဆိုင်ရာ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိလာသော city bus များ   Zawgyi Version ပြည်​ပက​နေ တင်​သွင်းလာ​သော city bus ကားများ...

Read more »

Consignment စနစ်​တင်​သွင်းထား​သော ကားများ...

Latest news1 10 150x150

Zawgyi Version အ​ရောင်​စင်​တာများမှ အပ်​ကုန်​စနစ်​ဖြင့်​တင်​သွင်းထား​​သော ကားများ အပ်​နှံမည်​ဆိုပါက ခွင့်​ပြု​ပေးသွား ရန်​ရှိ​သည်ဟု...

Read more »

ယာဉ်​အို၊ ယာဉ်​​ဟောင်းအပ်​နှံပြီး...

Latest news1 10 150x150

Zawgyi Version ယာဉ်​အို၊ ယာဉ်​​ဟောင်း အစီအစဉ်ဖြင့်​ ကား​ဟောင်းတစ်​စီး အပ်​နှံပြီး ကားသစ်​တစ်​စီး အစားထိုးတင်​သွင်းခြင်းကို...

Read more »