ယခုတစ်ပတ်အတွက် ရန်ကုန်၊ မန္တလေး ကားဈေးကွက်
ဇုန်စလစ်ကားများ အရောင်းအ၀ယ်ကောင်းနေသောကြောင့် ဇုန်စလစ်များဈေးမြင့်တက်သွားသည့် ရန်ကုန်ကားဈေးကွက်
ယခုရက်ပိုင်းအတွင်း ကားအရောင်းစင်တာများတွင် စလစ်ကပ်ကားများအရောင်းအ၀ယ်ဖြစ်နေသလို တစ်ဦးချင်းတင်သွင်းသူများကလည်း စလစ်ကပ်ကားများကို ဦးစားပေးတင်သွင်းလာသောကြောင့် အပ်ကား များဈေးအနည်းငယ်မြင့်တက်သွားခဲ့သည်။
အောက်တိုဘာ ၆ ရက်နေ့တွင် အပ်နှံခွင့်ပြုမည့် ‘၂က’ အက္ခရာကားများမှာ ကြိုပွိုင့်ဝယ်ယူသူများ ကြောင့် ကျပ်သိန်း ၆၀ ကျော်အထိ ဈေးများမြင့်တက်သွားခဲ့ပြီး ၂၀၀၆၊ ၂၀၀၇ မော်ဒယ် Honda Civic ၊ Toyota Ractis နှင့် Toyata Belta ကားများကို သုံးဘီးစလစ်ကပ်ပြီး တင်သွင်းလာကြသောကြောင့် သုံးဘီးကားများ လည်း အ၀ယ်လိုက်လာကာ ကျပ် ၂၃ သိန်းဝင်းကျင်ပေါက်ဈေးရှိကြောင်း ကားဟောင်းစလစ်ဝယ်ရောင်းများထံ မှ သိရသည်။
တစ်ပတ်အတွင်း ငါးသိန်းလောက်ဈေးအဟနှင့် ‘၂က’ တွေ အရောင်းသွက်လာသည့် မန်း ဈေးကွက်
‘၂က’ အက္ခရာယာဉ်များကို အောက်တိုဘာ ၆ ရက်နေ့မှစ၍ အပ်နှံခွင့်ပြုမည်ဖြစ်သောကြောင့် ‘၂က’ အက္ခရာယာဉ်များ ကျပ်သိန်း ၆၀ ကျော်ဈေးအထိဖြင့်ပင် အရောင်းအ၀ယ်ဖြစ်လျက်ရှိကြောင်း စက်တင်ဘာ ၃၀ ရက် မန္တလေးကား ၀ယ်/ရောင်း ဈေးကွက်အတွင်းမှသိရသည်။
စက်မှုဇုန်ထုတ်ဂျစ်ကားများမှာလည်း မန္တလေးကား ၀ယ်/ရောင်း ဈေးကွက်အတွင်း ကျပ်သိန်း ၄၀ ၀န်း ကျင်ဖြင့် အရောင်းအ၀ယ်ဖြစ်လျက်ရှိပြီး ယခင်တစ်ပတ်ထက် ကျပ်သုံးသိန်းကျော် ဈေးပြန်မြင့်သွားခဲ့သည်။
တစ်ခန်းခွဲပစ်ကပ်ကားများကို နယ်စပ်မှတစ်ဆင့် တင်သွင်းခွင့်ပြုလိုက်သောကြောင့် ထိုင်းနိုင်ငံထုတ် Toyota Vigo ကားများမှာ ဈေးနှုန်းသက်သာသွားပြီး မန္တလေးကားဈေးကွက်အတွင်း အရောင်းအ၀ယ်ကောင်း လျက်ရှိကြောင်း သိရသည်။
လက်ရှိမန္တလေးကားဈေးကွက်အတွင်ုးထိုင်းနိုင်ငံထုတ် ၂၀၁၃ မော်ဒယ် Vigo တစ်ခန်းခွဲမှာ ကျပ် ၂၅၅ သိန်းဝင်းကျင် ၊ ၂၀၁၄ မော်ဒယ် Vigo တစ်ခန်းခွဲမှာ ကျပ် ၂၇၅ သိန်းဝင်းကျင်တို့ဖြင့် အရောင်းအ၀ယ်ဖြစ်လျက် ရှိပြီး စလစ်ကပ်ကားများမှာလည်း စက်မှုဇုန်ဂျစ်ကားစလစ်များ ကပ်လာသဖြင့် ယခင်ဈေးနှုန်းများထက် သက်သာသောကြောင့် Mark II ရွှေငါးကားများမှာ အရောင်းအ၀ယ်ကောင်းလျက်ရှိသည်။
လက်ရှိ ယာဉ်အို၊ယာဉ်ဟောင်းအဖြစ် အပ်နှံခွင့်ပြုလျက်ရှိသည့် ‘၁က’ အက္ခရာကားများမှာလည်း ကျပ် သိန်း ၆၀ ၀န်းကျင်ဈေးနှုန်းရှိပြီး အရောင်းအ၀ယ်အနည်းငယ်အေးလျက်ရှိကြောင်း ကားဝယ်/ရောင်းများထံမှ သိရသည်။
နှစ်နှစ်ဆယ်သက်တမ်းရှိကားများတွင် ဆလွန်းကားလေးများမှာ ကျပ်သိန်း ၄၀ ၀န်းကျင်ဖြင့် အရောင်း အ၀ယ်ဖြစ်နေပြီး တက္ကစီ စလစ်ကပ် EE အက္ခရာတင်သွင်းမည့်သူများ ပို၍အ၀ယ်များကြောင်း မန္တလေးကားဈေး ကွက်အတွင်းမှသိရသည်။
သြဂုတ်လ ၁ ရက်နေ့မှစပြီး အပ်နှံခွင့်ပြုခဲ့သည့် သုံးဘီးယာဉ်များမှာလည်း မန္တလေးကားဈေးကွက်အ တွင်း၌ ကျပ်သိန်း ၂၀ မှ ၂၃ သိန်းဝင်းကျင်ဈေးနှုန်းရှိပြီး အရောင်းအ၀ယ်အေးလျက်ရှိကြောင်းသိရသည်။ မန္တလေးကားဈေးကွက်အတွင်း၌ ကက နှင့် ခခ တက္ကစီ စလစ်များမှာလည်း ကျပ် ၄၇ သိန်းဝင်းကျင်ဖြင့် အရောင်းအ၀ယ်ဖြစ်ပြီး အမည်ပေါက်ကားတင်သွင်းချင်သူများ အ၀ယ်များလျက်ရှိကြောင်းသိရသည်။
ယခုစက်တင်ဘာနောက်ဆုံးပတ် မန္တလေးကားဈေးကွက်မှာ အရောင်းအ၀ယ်ပို၍ဖြစ်ထွန်းလျက်ရှိပြီး ‘၂က’ အက္ခရာ ကားများမှာလည်း ဈေးနှုန်းများဆက်လက်မြင့်တက်သွားနိုင်သေးကြောင်း ကား ၀ယ်/ရောင်း အများစုကသုံးသပ်ကြသည်။
Unicode Version
ဇုန်စလစ်ကားများ အရောင်းအဝယ်ကောင်းနေသောကြောင့် ဇုန်စလစ်များစျေးမြင့်တက်သွားသည့် ရန်ကုန်ကားစျေးကွက်
ယခုရက်ပိုင်းအတွင်း ကားအရောင်းစင်တာများတွင် စလစ်ကပ်ကားများအရောင်းအဝယ်ဖြစ်နေသလို တစ်ဦးချင်းတင်သွင်းသူများကလည်း စလစ်ကပ်ကားများကို ဦးစားပေးတင်သွင်းလာသောကြောင့် အပ်ကား များစျေးအနည်းငယ်မြင့်တက်သွားခဲ့သည်။
အောက်တိုဘာ ၆ ရက်နေ့တွင် အပ်နှံခွင့်ပြုမည့် ‘၂က’ အက္ခရာကားများမှာ ကြိုပွိုင့်ဝယ်ယူသူများ ကြောင့် ကျပ်သိန်း ၆ဝ ကျော်အထိ စျေးများမြင့်တက်သွားခဲ့ပြီး ၂ဝဝ၆၊ ၂ဝဝ၇ မော်ဒယ် Honda Civic ၊ Toyota Ractis နှင့် Toyata Belta ကားများကို သုံးဘီးစလစ်ကပ်ပြီး တင်သွင်းလာကြသောကြောင့် သုံးဘီးကားများ လည်း အဝယ်လိုက်လာကာ ကျပ် ၂၃ သိန်းဝင်းကျင်ပေါက်စျေးရှိကြောင်း ကားဟောင်းစလစ်ဝယ်ရောင်းများထံ မှ သိရသည်။
ယခုရက်ပိုင်းအတွင်း စလစ်ကပ်ကားများထဲတွင် ၂ဝဝ၁ ၊ ၂ဝဝ၂ မော်ဒယ် Mark II ရွှေငါး နှင့် Kluger ၊ ၂ဝဝ၃ မော်ဒယ် Crown စသည့်ကားများမှာ အရောင်းအဝယ်ကောင်းနေသည်။ Mark II ရွှေငါးများမှာ ကျပ်သိန်း ၁၃ဝ မှ ၁၄ဝ ကြား၊ Kluger များမှာ ကျပ်သိန်း ၁၉ဝ မှ ၂ဝဝ ကြား၊ Crown များမှာ ကျပ်သိန်း ၂ဝဝ ဝန်းကျင်တွင် အရောင်းအဝယ်ဖြစ်နေသည်။ Free Permit ကားများထဲတွင် AD van နှင့် Probox ကားလေးများ လည်း သိန်း ၉ဝ ဝန်းကျင်တွင် အရောင်းအဝယ်ဖြစ်နေသည်။ အင်ဂျင်ပါဝါ ၆၆ဝ စီစီ ကားလေးများထဲတွင် Carry Truck ကားလေးများမှာ ရန်ကုန်အဝယ်အေးနေပြီး မီနီဝက်ဂန်ကားလေးများဖြစ်သည့် Suzuki Alto, Daihatsu Mira နှင့် Nissan Pino ကားလေးများမှာ ရန်ကုန်အဝယ်ကောင်းနေသည်။
‘၂က’ အက္ခရာကားများ မကြာခင် အပ်နှံခွင့်ပြုမည်ဖြစ်သောကြောင့် သာမန် CIF တန်ဖိုးတစ်သောင်းခွဲ အောက်ကားများကို တင်သွင်းမှုပြုလုပ်နေသည့် ကားအရောင်းစင်တာများမှာ အနည်းငယ်အရောင်းအဝယ် အေးစက်သွားနိုင်ပြီး မိုဒယ်မြင့်ကားများ တင်သွင်းသည့် အရောင်းစင်တာများအနေနှင့် ကျန်ရှိသည့်နှစ်လတာ ကာလအတွင်း အရောင်းအဝယ်ကောင်းမွန်လာနိုင်ကြောင်း ကားတင်သွင်းသူများက သုံးသပ်ထားကြသည်။ ယခုရက်ပိုင်းအတွင်း စလစ်စျေးများအနည်းငယ်မြင့်တက်သွားခဲ့သော်လည်း ယခုနှစ်မကုန်ခင်အထိ စျေးကွက် ကြီးကြီးမားမားပြောင်းလဲသွားနိုင်ခြေမရှိကြောင်း ‘မြန်မာနိုင်ငံ မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့်တင်သွင်းဖြန့်ဖြူး ရောင်းချရေး လုပ်ငန်းရှင်များအသင်း’ ဥက္ကဌ ဒေါက်တာစိုးထွန်းက ဆိုသည်။
တစ်ပတ်အတွင်း ငါးသိန်းလောက်စျေးအဟနှင့် ‘၂က’ တွေ အရောင်းသွက်လာသည့် မန်း စျေးကွက်
‘၂က’ အက္ခရာယာဉ်များကို အောက်တိုဘာ ၆ ရက်နေ့မှစ၍ အပ်နှံခွင့်ပြုမည်ဖြစ်သောကြောင့် ‘၂က’ အက္ခရာယာဉ်များ ကျပ်သိန်း ၆ဝ ကျော်စျေးအထိဖြင့်ပင် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း စက်တင်ဘာ ၃ဝ ရက် မန္တလေးကား ဝယ်/ရောင်း စျေးကွက်အတွင်းမှသိရသည်။
စက်မှုဇုန်ထုတ်ဂျစ်ကားများမှာလည်း မန္တလေးကား ဝယ်/ရောင်း စျေးကွက်အတွင်း ကျပ်သိန်း ၄ဝ ဝန်း ကျင်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်တစ်ပတ်ထက် ကျပ်သုံးသိန်းကျော် စျေးပြန်မြင့်သွားခဲ့သည်။
တစ်ခန်းခွဲပစ်ကပ်ကားများကို နယ်စပ်မှတစ်ဆင့် တင်သွင်းခွင့်ပြုလိုက်သောကြောင့် ထိုင်းနိုင်ငံထုတ် Toyota Vigo ကားများမှာ စျေးနှုန်းသက်သာသွားပြီး မန္တလေးကားစျေးကွက်အတွင်း အရောင်းအဝယ်ကောင်း လျက်ရှိကြောင်း သိရသည်။
လက်ရှိမန္တလေးကားစျေးကွက်အတွင်း ုထိုင်းနိုင်ငံထုတ် ၂ဝ၁၃ မော်ဒယ် Vigo တစ်ခန်းခွဲမှာ ကျပ် ၂၅၅ သိန်းဝင်းကျင် ၊ ၂ဝ၁၄ မော်ဒယ် Vigo တစ်ခန်းခွဲမှာ ကျပ် ၂၇၅ သိန်းဝင်းကျင်တို့ဖြင့် အရောငး်အဝယ်ဖြစ်လျက် ရှိပြီး စလစ်ကပ်ကားများမှာလည်း စက်မှုဇုန်ဂျစ်ကားစလစ်များ ကပ်လာသဖြင့် ယခင်စျေးနှုန်းများထက် သက်သာသောကြောင့် Mark II ရွှေငါးကားများမှာ အရောင်းအဝယ်ကောင်းလျက်ရှိသည်။
35 th Anniversary ရွှေငါးအထူးထုတ်တစ်စီးလျှင် ကျပ်သိန်း ၁၇ဝ ဝန်းကျင်၊ ၂ဝဝ၁ ခုနှစ်မော်ဒယ် ရွှေငါးရိုးရိုးတစ်စီးလျှင် ကျပ်သိန်း ၁၃ဝ ဝန်းကျင်၊ ၂ဝ၁၄ မော်ဒယ် ရွှေငါးရိုးရိုးမှာ ကျပ် ၁၅၅ သိန်းဝင်းကျင်တို့ ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိသည်။
လက်ရှိ ယာဉ်အို၊ယာဉ်ဟောင်းအဖြစ် အပ်နှံခွင့်ပြုလျက်ရှိသည့် ‘၁က’ အက္ခရာကားများမှာလည်း ကျပ် သိန်း ၆ဝ ဝန်းကျင်စျေးနှုန်းရှိပြီး အရောင်းအဝယ်အနည်းငယ်အေးလျက်ရှိကြောင်း ကားဝယ်/ရောင်းများထံမှ သိရသည်။
နှစ်နှစ်ဆယ်သက်တမ်းရှိကားများတွင် ဆလွန်းကားလေးများမှာ ကျပ်သိန်း ၄ဝ ဝန်းကျင်ဖြင့် အရောင်း အဝယ်ဖြစ်နေပြီး တက္ကစီ စလစ်ကပ် EE အက္ခရာတင်သွင်းမည့်သူများ ပို၍အဝယ်များကြောင်း မန္တလေးကားစျေး ကွက်အတွင်းမှသိရသည်။
သြဂုတ်လ ၁ ရက်နေ့မှစပြီး အပ်နှံခွင့်ပြုခဲ့သည့် သုံးဘီးယာဉ်များမှာလည်း မန္တလေးကားစျေးကွက်အ တွင်း၌ ကျပ်သိန်း ၂ဝ မှ ၂၃ သိန်းဝင်းကျင်စျေးနှုန်းရှိပြီး အရောင်းအဝယ်အေးလျက်ရှိကြောင်းသိရသည်။ မန္တလေးကားစျေးကွက်အတွင်း၌ ကက နှင့် ခခ တက္ကစီ စလစ်များမှာလည်း ကျပ် ၄၇ သိန်းဝင်းကျင်ဖြင့် အရောင်းအဝယ်ဖြစ်ပြီး အမည်ပေါက်ကားတင်သွင်းချင်သူများ အဝယ်များလျက်ရှိကြောင်းသိရသည်။
ယခုစက်တင်ဘာနောက်ဆုံးပတ် မန္တလေးကားစျေးကွက်မှာ အရောင်းအဝယ်ပို၍ဖြစ်ထွန်းလျက်ရှိပြီး ‘၂က’ အက္ခရာ ကားများမှာလည်း စျေးနှုန်းများဆက်လက်မြင့်တက်သွားနိုင်သေးကြောင်း ကား ဝယ်/ရောင်း အများစုကသုံးသပ်ကြသည်။
Ref: Auto Mobile Journal မှထုတ်နှုတ်ဖေါ်ပြသည်။
Latest News
မိုဒယ်​သတ်​မှတ်​ချက်​ထုတ်​ပြန်​ပြီး...
23667525 2159301577455927 209492361 n 150x150
Zawgyi Version မိုဒယ်​သတ်​မှတ်​ချက်​ထုတ်​ပြန်​ပြီးနောက်​ပိုင်း ​ အ​ရောင်းစင်​တာ ဖွင့်​ရန်​ ​လျှောက်​ထားမှုများအား ဒီနှစ် Consignment...
Read more »
ယာဉ်အပိုပစ္စည်းနှင့်...
Img 0593 1 150x150
             carsdb Zawgyi Version မြန်မာနိုင်ငံ၏ အကြီးကျယ်ဆုံးသော ယာဉ်အပိုပစ္စည်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများဆိုင်ရာ နိုင်ငံ တကာ...
Read more »
City bus ကားများ seater ကွဲလွဲခြင်းများ...
23714985 2158394427546642 1602509892 o 150x150
မြန်မာအပြည်ပြည်ဆိုင်ရာ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိလာသော city bus များ   Zawgyi Version ပြည်​ပက​နေ တင်​သွင်းလာ​သော city bus ကားများ...
Read more »
Consignment စနစ်​တင်​သွင်းထား​သော ကားများ...
Latest news1 10 150x150
Zawgyi Version အ​ရောင်​စင်​တာများမှ အပ်​ကုန်​စနစ်​ဖြင့်​တင်​သွင်းထား​​သော ကားများ အပ်​နှံမည်​ဆိုပါက ခွင့်​ပြု​ပေးသွား ရန်​ရှိ​သည်ဟု...
Read more »
ယာဉ်​တိုက်​မှု ဖြစ်​ပွား​သော...
23602231 2157311237654961 2105906177 n 150x150
Zawgyi Version   ယာဉ်​တိုက်​မှု ဖြစ်​ပွား​ခဲ့သော တိုက်​​ပြေးကားများ၊ ကားခိုးမှုများနှင့် ကား​ပျောက်​မှုများကို ဗဟိုထိန်းချူပ်​​ရေး (control...
Read more »