ဒီတစ်ပတ်အတွက် ရန်ကုန် ၊ မန္တလေး ကားဈေးကွက်
ရန်ကုန်ကားဈေးကွက်
သီလ၀ါသင်္ဘောဖျက်စက်ရုံတွင် သံရည်ကျိုကားများကို တစ်ရက်လျှင် အစီးတစ်ရာမှနှစ်ရာကြား အပ်နှံခွင့်ပြုလိုက် သောကြောင့် စက်မှုဇုန်ဂျစ်များ ဈေးအနည်းငယ် မြင့်တက်သွားခဲ့သည်။ ယခင်က သံရည်ကျိုစလစ်တစ်စောင်ထုတ်ရန် တစ်လနီးပါး အချိန်ကြာမြင့်ခဲ့သောကြောင့် ရန်ကုန်မြို့ရှိ စက်မှုဇုန်ဂျစ်ကားများသည် ကျပ် ၃၄ သိန်းအထိ ဈေးများကျဆင်း သွားခဲ့ရာမှ ယခုအခါ စလစ်တစ်စောင်ထုတ်ရန် အများဆုံးတစ်ပတ်ဝန်းကျင်သာ ကြာမြင့်သောကြောင့် ဇုန်ဂျစ်များ၏ဈေး  နှုန်းသည်လည်း ကျပ် ၃၇ သိန်းအထိ ဈေးမြင့်တက်သွားခဲ့သည်။
အင်ဂျင်ပါဝါ ၆၆၀ စီစီ မီနီဝက်ဂန်ကားလေးများသည် ကျပ်သိန်း ၆၀ အထက် ပေါက်ဈေးရှိပြီး Suzuki Alto ကား လေးများသည် အရောင်းအ၀ယ်အများဆုံးဖြစ်သည်။ စလစ်ဈေးများကျဆင်းမှုကြောင့် စလစ်ကပ်ကားများလည်း အရောင်း အ၀ယ်ဆက်လက်ကောင်းနေပြီး CIF တန်ဖိုးငါးထောင်အောက် ကားများဖြစ်သည့် ရွှေငါး၊ Crown ၊RAV4၊ Kluger စသည့် ကားများ အရောင်းအ၀ယ်ဖြစ်နေကြောင်း ကားအရောင်းစင်တာများမှသိရသည်။
ယခုရက်ပိုင်းအတွင်း ဖြစ်ပေါ်နေသော စလစ်ကပ်ကားများ၏ ပေါက်ဈေးများမှာ Lexus GS Series ၂၀၀၅ မိုဒယ် သည် ၂၇၅ သိန်း+ဇုန်စလစ်၊ Toyota Harrier ၂၀၀၃ မိုဒယ်သည် ၁၉၅ သိန်း+ဇုန်စလစ်၊ Toyota Hilux Surf (ပုံပြောင်း) ၂၀၀၃ မိုဒယ်သည် ၂၇၅ သိန်း+ဇုန်စလစ်၊ Toyota Crown ၂၀၀၄ မိုဒယ်သည် သိန်း ၁၇၀+ဇုန်စလစ်၊ Toyota Land Cruiser ၂၀၀၀ မိုဒယ်(ဓါတ်ဆီ)သည် သိန်း ၃၂၀+ဇုန်စလစ်ရှိကြောင်း ‘Distinct Trading ကုမ္ပဏီလီမိတက်’မှ သိရသည်။
ပရာဒို၊ ပါဂျဲရိုး၊ ဆာ့ဖ်နှင့် RAV4 တွေ အလုပ်ဖြစ်တဲ့ မန္တလေးကားဈေးကွက်
ယခုတစ်ပတ်အတွင်း မန္တလေးကားဈေးကွက်၌ စလစ်ကပ်ကားများဖြစ်သည့် ပရာဒို၊ ပါဂျဲရိုး၊ ဆာ့ဖ် နှင့် RAV4 တို့ ကဲ့သို့ကားများ အရောင်းအ၀ယ်ဖြစ်လျက်ရှိကြောင်း ကားဝယ်/ရောင်း ဈေးကွက်အတွင်းမှ သိရသည်။
လက်ရှိမန္တလေးကားဈေးကွက်တွင်အင်ဂျင်ပါဝါ ၁၅၀၀ စီစီနှင့် ၁၃၀၀ စီစီ ဗန်လေးများအရောင်းအ၀ယ် ဖြစ်လျက်ရှိကြောင်း ကားဝယ်/ရောင်း ဈေးကွက်အတွင်းမှသိရသည်။
သုံးဘီးယာဉ်များကို အပ်နှံ၍ အစားထိုးတင်သွင်းရမည့်ယာဉ်များမှာ ဖရီးပါမစ်ဖြင့်သွင်းနိုင်သည့်အတွက်  သုံးဘီး ကားများ ဈေးကွက်အတွင်း အရောင်းအ၀ယ်ပျောက်လျက်ရှိကြောင်း ကားဝယ်/ရောင်းတစ်ဦးက သုံးသပ်သည်။တန်ဖိုးမြင့် ကားများဖြစ်သည့် Land Cruiser ၊Cygnus အစရှိသည့်ကားများမှာလည်းယခုတစ်ပတ်အတွင်းအရောင်းအ၀ယ်အေးလျက် ရှိကြောင်း ကားဝယ်/ရောင်းဈေးကွက်အတွင်းမှသိရသည်။
Unicode Version
ရန်ကုန်ကားစျေးကွက်
သီလဝါသင်္ဘောဖျက်စက်ရုံတွင် သံရည်ကျိုကားများကို တစ်ရက်လျှင် အစီးတစ်ရာမှနှစ်ရာကြား အပ်နှံခွင့်ပြုလိုက် သောကြောင့် စက်မှုဇုန်ဂျစ်များ စျေးအနည်းငယ် မြင့်တက်သွားခဲ့သည်။ ယခင်က သံရည်ကျိုစလစ်တစ်စောင်ထုတ်ရန် တစ်လနီးပါး အချိန်ကြာမြင့်ခဲ့သောကြောင့် ရန်ကုန်မြို့ရှိ စက်မှုဇုန်ဂျစ်ကားများသည် ကျပ် ၃၄ သိန်းအထိ စျေးများကျဆင်း သွားခဲ့ရာမှ ယခုအခါ စလစ်တစ်စောင်ထုတ်ရန် အများဆုံးတစ်ပတ်ဝန်းကျင်သာ ကြာမြင့်သောကြောင့် ဇုန်ဂျစ်များ၏စျေး  နှုန်းသည်လည်း ကျပ် ၃၇ သိန်းအထိ စျေးမြင့်တက်သွားခဲ့သည်။
သီရိမင်္ဂလာနှင့်လှိုင်ယာဉ်ရောင်းဝယ်ရေးစခန်းတို့တွင် ညအိပ်ကားများ ထားခွင့်မပေးတော့ခြင်းကြောင့် ယင်းစခန်း များတွင် အရောင်းအဝယ်ပြုလုပ်သည့် ကားအရေအတွက်လည်း နည်းပါးသွားခဲ့ပြီး ယခုရက်ပိုင်းအတွင်း ယာဉ်ရောင်းဝယ် ရေးစခန်းများတွင် အပ်ကားများ၊ ၁၃ဝဝ စီစီအောက်ကားများနှင့် Carry Truck  များ အရောင်းအဝယ်ဖြစ်နေကြောင်း သိရ သည်။
အင်ဂျင်ပါဝါ ၆၆ဝ စီစီ မီနီဝက်ဂန်ကားလေးများသည် ကျပ်သိန်း ၆ဝ အထက် ပေါက်စျေးရှိပြီး Suzuki Alto ကား လေးများသည် အရောင်းအဝယ်အများဆုံးဖြစ်သည်။ စလစ်စျေးများကျဆင်းမှုကြောင့် စလစ်ကပ်ကားများလည်း အရောင်း အဝယ်ဆက်လက်ကောင်းနေပြီး CIF တန်ဖိုးငါးထောင်အောက် ကားများဖြစ်သည့် ရွှေငါး၊ Crown ၊RAV4၊ Kluger စသည့် ကားများ အရောင်းအဝယ်ဖြစ်နေကြောင်း ကားအရောင်းစင်တာများမှသိရသည်။
ယခုရက်ပိုင်းအတွင်း ဖြစ်ပေါ်နေသော စလစ်ကပ်ကားများ၏ ပေါက်စျေးများမှာ Lexus GS Series ၂ဝဝ၅ မိုဒယ် သည် ၂၇၅ သိန်း+ဇုန်စလစ်၊ Toyota Harrier ၂ဝဝ၃ မိုဒယ်သည် ၁၉၅ သိန်း+ဇုန်စလစ်၊ Toyota Hilux Surf (ပုံပြောင်း) ၂ဝဝ၃ မိုဒယ်သည် ၂၇၅ သိန်း+ဇုန်စလစ်၊ Toyota Crown ၂ဝဝ၄ မိုဒယ်သည် သိန်း ၁၇ဝ+ဇုန်စလစ်၊ Toyota Land Cruiser ၂ဝဝဝ မိုဒယ်(ဓါတ်ဆီ)သည် သိန်း ၃၂ဝ+ဇုန်စလစ်ရှိကြောင်း ‘Distinct Trading ကုမ္ပဏီလီမိတက်’မှ သိရသည်။
ပရာဒို၊ ပါဂျဲရိုး၊ ဆာ့ဖ်နှင့် RAV4 တွေ အလုပ်ဖြစ်တဲ့ မန္တလေးကားစျေးကွက်
ယခုတစ်ပတ်အတွင်း မန္တလေးကားစျေးကွက်၌ စလစ်ကပ်ကားများဖြစ်သည့် ပရာဒို၊ ပါဂျဲရိုး၊ ဆာ့ဖ် နှင့် RAV4 တို့ ကဲ့သို့ကားများ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကားဝယ်/ရောင်း စျေးကွက်အတွင်းမှ သိရသည်။
စက်မှုဇုန်ထုတ်ဂျစ်ကားများမှာစျေးကွက်အတွင်းအရောင်းအဝယ်ဖြစ်သော်လည်း ဝယ်လိုအားထက်ရောင်းလိုအား ပိုများသဖြင့် ကျပ် ၃၇ သိန်းဝန်းကျင်ဖြင့်သာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ယာဉ်အို၊ ယာဉ်ဟောင်းအဖြစ် အပ်နှံခွင့်ပြုခဲ့သည့် ‘၁က’ အက္ခရာကားများမှာလည်း အရောင်းအဝယ်အေးလျက်ရှိပြီး ကျပ် ၇၂ သိန်းဝန်းကျင်ဖြင့်သာ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။
‘၂က’ အက္ခရာ ကားများမှာလည်း ကျပ်သိန်း ၆ဝ ခန့်ဖြင့် အရောင်းအဝယ်အေးလျက်ရှိကြောင်းသိရသည်။ ဖရီးပါ မစ်ဖြင့်တင်သွင်းသော Honda Fit ၊Toyota Belta ၊Toyota Vitz နှင့် Mini Truck (ခွေးဘီလူး) များမှာလည်း အရောင်းအ ဝယ် အနည်းငယ်အေးလျက်ရှိသည်။
လက်ရှိမန္တလေးကားစျေးကွက်တွင်အင်ဂျင်ပါဝါ ၁၅ဝဝ စီစီနှင့် ၁၃ဝဝ စီစီ ဗန်လေးများအရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ကားဝယ်/ရောင်း စျေးကွက်အတွင်းမှသိရသည်။
သုံးဘီးယာဉ်များကို အပ်နှံ၍ အစားထိုးတင်သွင်းရမည့်ယာဉ်များမှာ ဖရီးပါမစ်ဖြင့်သွင်းနိုင်သည့်အတွက်  သုံးဘီး ကားများ စျေးကွက်အတွင်း အရောင်းအဝယ်ပျောက်လျက်ရှိကြောင်း ကားဝယ်/ရောင်းတစ်ဦးက သုံးသပ်သည်။တန်ဖိုးမြင့် ကားများဖြစ်သည့် Land Cruiser ၊Cygnus အစရှိသည့်ကားများမှာလည်းယခုတစ်ပတ်အတွင်းအရောင်းအဝယ်အေးလျက် ရှိကြောင်း ကားဝယ်/ရောင်းစျေးကွက်အတွင်းမှသိရသည်။
Credit : Auto Mobile Journal မှထုတ်နှုတ်ဖေါ်ပြသည်။  ။
Latest News
city taxi များ မှတ်ပုံတင်ပြုလုပ်မှု အင်းစိန်​...
23484516 2151118281607590 1169006877 o 1 150x150
Zawgyi Version ရန်​ကုန်​တွင်​ ​မောင်းနှင်​​နေ​သော city taxi ယာဉ်​များ မှတ်​ပုံတင်​...
Read more »
နိုင်​ငံ​တော်​ အတိုင်​ပင်​ခံရုံးမှ...
Latest news1 9 150x150
Zawgyi Version နိုင်​ငံ​တော်​ အတိုင်​ပင်​ခံရုံးမှ မှတ်​ပုံတင်​ပြုလုပ်​ထား​သော ယာဉ်​များ၏ မိုဒယ်​ခုနှစ်​အလိုက်​စာရင်း​များ၊...
Read more »
The Pizza Company မှ သိန်း၅၀၀တန်ဖိုးရှိ...
Pizza 150x150
Zawgyi Version The Pizza Company သည် နှစ်သစ်ကူးကာလ အရောင်းမြင့်တင်သည့်အနေဖြင့် The Pizza Company ဆိုင်ခွဲ တိုင်းတွင်တွင် ၂၉၀၀၀ ကျပ်ဖိုး...
Read more »
မိုဒယ်​သတ်​မှတ်​ချက်​ထုတ်​ပြန်​ပြီး...
23667525 2159301577455927 209492361 n 150x150
Zawgyi Version မိုဒယ်​သတ်​မှတ်​ချက်​ထုတ်​ပြန်​ပြီးနောက်​ပိုင်း ​ အ​ရောင်းစင်​တာ ဖွင့်​ရန်​ ​လျှောက်​ထားမှုများအား ဒီနှစ် Consignment...
Read more »
ယာဉ်အပိုပစ္စည်းနှင့်...
Img 0593 1 150x150
             carsdb Zawgyi Version မြန်မာနိုင်ငံ၏ အကြီးကျယ်ဆုံးသော ယာဉ်အပိုပစ္စည်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများဆိုင်ရာ နိုင်ငံ တကာ...
Read more »