ယခုလ ၅ ရက္တြင္ ဘုရင့္ေနာင္ ႏွစ္ထပ္ခံုးေက်ာ္တံတား ဖြင့္ပြဲျပဳလုပ္မည္။


လာမည့္ ဇန္န၀ါရီ ၅ ရက္တြင္ မရမ္းကုန္းၿမိဳ႕နယ္ ဘုရင့္ေနာင္ ႏွစ္ထပ္ခံုးေက်ာ္တံတားကို သက္ဆိုင္ရာ တာ၀န္ရွိသူမ်ားႏွင့္ တိုင္း ေဒသႀကီး အစိုးရအဖြဲ႕၀န္ႀကီးမ်ား တက္ေရာက္ဖြင့္လွစ္မည္ ျဖစ္ေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီမွ သတင္းရရွိသည္။

kone-500x333


ဘုရင့္ေနာင္ ႏွစ္ထပ္ခံုးေက်ာ္ တံတားကို ၂၀၁၂ ခုႏွစ္၊ ဇြန္ ၅ ရက္ တြင္ စတင္ေဆာက္လုပ္ခဲ့ၿပီး ၂၀၁၃ ခုႏွစ္၊ ႏို၀င္ဘာလ ပထမပတ္တြင္ တည္ေဆာက္ေရး လုပ္ငန္းမ်ား အလံုးစံု ၿပီးစီးခဲ့သည္။ဘုရင့္ေနာင္လမ္းအတိုင္း တည္ေဆာက္ ထားေသာ ေလးလမ္းသြားတံတားကို ၂၀၁၃ ခုႏွစ္၊ ႏို၀င္ဘာ ၃၁ ရက္တြင္လည္းေကာင္း၊ သမိုင္းဘူတာ႐ံုလမ္းအတိုင္း တည္ေဆာက္ထားေသာ ႏွစ္လမ္းသြားအေပၚလႊာ တံတားကို ဒီဇင္ဘာ ၂၄ ရက္တြင္ လည္းေကာင္း စမ္းသပ္ ေမာင္းႏွင္ခြင့္မ်ား ျပဳလုပ္ခဲ့ၿပီး ၂၀၁၄ ခုႏွစ္၊ ဇန္န၀ါရီ ၅ ရက္ နံနက္ ၈ နာရီ ၁၀ မိနစ္တြင္ တိုင္းေဒသႀကီးအစိုးရ အဖြဲ႕၀န္ႀကီးမ်ား၊ FMI Group မွ တာ၀န္ရွိသူမ်ား၊ ၿမိဳ႕ေတာ္စည္ပင္မွ တာ၀န္ရွိ ပုဂၢိဳလ္မ်ားကဖဲႀကိဳးျဖတ္ ဖြင့္လွစ္မည္ျဖစ္ေၾကာင္း သိရသည္။  ၿမိဳ႕ေတာ္စည္ပင္ႏွင့္ FMI Group တို႔ ပူးေပါင္းေဆာက္လုပ္ေသာ ဘုရင့္ေနာင္တံတားမွာ ႏွစ္ထပ္ RC ကြန္ကရစ္တံတားျဖစ္ၿပီး ပထမအလႊာ ႏွစ္လမ္းသြားတံတား မွာ ၂,၄၁၄ ေပ ရွည္လ်ားကာ ၃၂ ေပ ၁၀ လက္မ က်ယ္၀န္းေၾကာင္း၊ ဒုတိယအလႊာ ေလးလမ္းသြားတံ တားမွာ ၁,၄၂၇ ေပ ရွည္လ်ားကာ ၅၇ ေပ ကိုးလက္မ က်ယ္၀န္းေၾကာင္း သိရသည္။ ခံႏိုင္၀န္အေနျဖင့္ ပထမအလႊာတံတားမွာ တန္ေျခာက္ဆယ္ႏွင့္ ဒုတိယအလႊာ တံတားမွာ ၇၅ တန္ရွိၿပီး တည္ေဆာက္မႈ ကုန္က်စရိတ္ အေနျဖင့္ ေငြက်ပ္ ၂၁ ဒသမ ၇၄၇ ဘီလ်ံ ကုန္က်ခဲ့ ေၾကာင္းသိရသည္။                                                     


Ref: Automobile


Unicode Version

လာမည့် ဇန်နဝါရီ ၅ ရက်တွင် မရမ်းကုန်းမြို့နယ် ဘုရင့်နောင် နှစ်ထပ်ခုံးကျော်တံတားကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ တက်ရောက်ဖွင့်လှစ်မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သတင်းရရှိသည်။

kone-500x333


ဘုရင့်နောင် နှစ်ထပ်ခုံးကျော် တံတားကို ၂ဝ၁၂ ခုနှစ်၊ ဇွန် ၅ ရက် တွင် စတင်ဆောက်လုပ်ခဲ့ပြီး ၂ဝ၁၃ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်တွင် တည်ဆောက်ရေး လုပ်ငန်းများ အလုံးစုံ ပြီးစီးခဲ့သည်။ဘုရင့်နောင်လမ်းအတိုင်း တည်ဆောက် ထားသော လေးလမ်းသွားတံတားကို ၂ဝ၁၃ ခုနှစ်၊ နိုဝင်ဘာ ၃၁ ရက်တွင်လည်းကောင်း၊ သမိုင်းဘူတာရုံလမ်းအတိုင်း တည်ဆောက်ထားသော နှစ်လမ်းသွားအပေါ်လွှာ တံတားကို ဒီဇင်ဘာ ၂၄ ရက်တွင် လည်းကောင်း စမ်းသပ် မောင်းနှင်ခွင့်များ ပြုလုပ်ခဲ့ပြီး ၂ဝ၁၄ ခုနှစ်၊ ဇန်နဝါရီ ၅ ရက် နံနက် ၈ နာရီ ၁ဝ မိနစ်တွင် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးများ၊ FMI Group မှ တာဝန်ရှိသူများ၊ မြို့တော်စည်ပင်မှ တာဝန်ရှိ ပုဂ္ဂိုလ်များကဖဲကြိုးဖြတ် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။  မြို့တော်စည်ပင်နှင့် FMI Group တို့ ပူးပေါင်းဆောက်လုပ်သော ဘုရင့်နောင်တံတားမှာ နှစ်ထပ် RC ကွန်ကရစ်တံတားဖြစ်ပြီး ပထမအလွှာ နှစ်လမ်းသွားတံတား မှာ ၂,၄၁၄ ပေ ရှည်လျားကာ ၃၂ ပေ ၁ဝ လက်မ ကျယ်ဝန်းကြောင်း၊ ဒုတိယအလွှာ လေးလမ်းသွားတံ တားမှာ ၁,၄၂၇ ပေ ရှည်လျားကာ ၅၇ ပေ ကိုးလက်မ ကျယ်ဝန်းကြောင်း သိရသည်။ ခံနိုင်ဝန်အနေဖြင့် ပထမအလွှာတံတားမှာ တန်ခြောက်ဆယ်နှင့် ဒုတိယအလွှာ တံတားမှာ ၇၅ တန်ရှိပြီး တည်ဆောက်မှု ကုန်ကျစရိတ် အနေဖြင့် ငွေကျပ် ၂၁ ဒသမ ၇၄၇ ဘီလျံ ကုန်ကျခဲ့ ကြောင်းသိရသည်။                                                     


Ref: Automobile

Latest News

သယ္ယူပိုု႔ေဆာင္ေရးမူဝါဒႏွင့္...

Img 4279 150x150

Zawgyi Version • ျမန္မာတစ္ႏိုင္ငံလံုးအတိုင္းအတာအရ လိုင္စင္မဲ့ without ကားမ်ားကို ဖမ္းဆီးရ႐ွိမႈမွာ ၂၀၁၇ ဒီဇင္ဘာလတြင္ လိုင္စင္မဲ့ကား ၁၆...

Read more »

Suzuki Ciaz brand new ကားဝယ္​ယူရန္​...

Ciaz 150x150

Zawgyi Version ျမန္​မာႏိုင္​ငံတြင္​ SKD စနစ္​ျဖင့္ တပ္ဆင္​ထုတ္​လုပ္​​ေနသည့္ Suzuki ကားထုတ္​လုပ္​သည့္ စက္ရံုမွ Suzuki Ciaz brand new...

Read more »

တစ္​ႏိုင္​ငံလံုး ဒီဇင္​ဘာလအတြင္​း...

Zawgyi Version ျမန္​မာတစ္​ႏိုင္​ငံလံုးအတိုင္​းအတာအရ လိုင္​စင္​မဲ့ without ကားမ်ားကို ဖမ္​းဆီးရ႐ွိမႈမွာ ၂၀၁၇ ဒီဇင္​ဘာလတြင္​...

Read more »

ရိုုးမ ရန္ကုုန္အျပည္ျပည္ဆုုိင္ရာ...

Yyim 2017 participants cross the finish line image credit to yoma strategic holdings ltd 150x150

Zawgyi Version Yoma Strategic Holdings၊ First Myanmar Investment (FMI) ႏွင့္ ရန္ကုုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီတိုု႔ ဦးစီး က်င္းပသည့္...

Read more »

ရန္ကုန္တြင္ ေျမေအာက္လူကူးလမ္း တည္​​ေဆာက္​မည့္...

Latest news1 1 150x150

Zawgyi Version ရန္ကုန္ျမိဳ႕ လူစည္​ကားရာ​ေနရာမ်ားတြင္​ တည္​​ေဆာက္​မည့္ ေျမေအာက္လူကူးလမ္း(underpass) စီမံကိန္​း ၃ ခုကို တင္ဒါေခၚယူမႈ...

Read more »