fb-pageview-tracker
Uber က ဈေးနှုန်းပိုသက်သာသည့် စနစ်သစ်ကို ရန်ကုန်မြို့တွင် စတင်မိတ်ဆက်



Zawgyi Version

Uber ကုမ္ပဏီသည် ဈေးပိုသက်သာပြီး ကားမခေါ်ခင် ဈေးနှုန်းအတိအကျကြိုသိနိုင်သည့် စနစ်သစ်ကို ရန်ကုန်မြို့တွင် နိုဝင်ဘာလ ဒုတိယအပတ်၌ စတင်မိတ်ဆက်လိုက်ပြီဖြစ်သည်။ ယခင်က customer များသည် Uber တက္ကစီကား ခေါ်လျှင် ကျသင့်မည်ဈေးနှုန်းကို ခန့်မှန်းချေလောက်သာ သိရပြီး အတိအကျ မသိရသည့်အတွက် ကားခေါ်သင့်၊ မခေါ်သင့် မဆုံးဖြတ်နိုင်ခြင်းမျိုး ကြုံတွေခဲ့ရကြောင်းကို Uber အနေဖြင့် နားလည်သဘောပေါက်ခဲ့ပါသည်။

ထို့အတွက်အကြောင့် Uber သည် customer များ အကျိုးကျေးဇူးအလို့ဌာ ပိုမိုလွယ်ကူသက်သာစေသည့် စနစ်သစ်ကို ဖန်တီး အကောင်အထည်ဖော်လိုက်ဖြင်းဖြစ်ပါသည်။ ယခုစတင်လိုက်သည့် စနစ်သစ်မှာတော့ Uber application တွင် ကိုယ်သွားမည့် ခရီးစဉ်ကို ထည့်လိုက်သည်နှင့် သွားမည့်ခရီးအကွာအဝေး၊ ယာဉ်ကြောအခြေအနေ၊ ကိုယ်ငှားမည့် ပတ်ဝန်းကျင်တွင်ရှိသည့် Uber ကားအရေအတွက်နှင့် ကိုယ့်လိုပဲ ငှားရမ်နေသည့်သူ အရေအတွက်ပေါ်မူတည်ပြီး ဈေးနှုန်း အတိအကျကို ကြိုတင်တွက်ချက်ဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ယခုပြင်ဆင်လိုက်သည့် စနစ်သစ်သည် ယခင်ထက် ပိုမိုသက်သာသည့် အခြေခံဈေးနှုန်းများအပေါ် မူတည်ပြီး တွက်ချက်ထားခြင်းဖြစ်ပါသည်။ ထို့ကြောင့် ငှားရမ်းမည့်သူအနေဖြင့် ဈေးနှုန်းကိုကြည့်ပြီး ဈေးနှုန်းများနေသည်ဟု ထင်မှတ်ကာ မခေါ်ဘဲနေခြင်းမျိုး လုပ်နိုင်သလို ဈေးနှုန်းအဆင်ပြေမှ ကားခေါ်ခြင်းမျိုးကိုလည်း လုပ်နိုင်မှာဖြစ်ပါသည်။ ယခုလို ကြိုတင်တွက်ချက် ပေးထားသည့် ဈေးနှုန်းသည် ခရီးစဉ်အတွင်း လမ်းကြောင်းပြောင်းလဲမှုမရှိလျှင် (သို့မဟုတ်) တစ်နေရာရာကို အချိန်အကြာကြီးဝင်နေခြင်းမျိုးမရှိလျှင် ဈေးနှုန်းလည်း ပြောင်းလဲမည် မဟုတ်ပါ။ ထို့ကြောင့် customer များသည် ကားကြပ်ခြင်းကြောင့် ဈေးနှုန်းကြီးမြင့်မှုအတွက်လည်း စိုးရိမ်နေစရာလိုတော့မည်မဟုတ်ပါ။

ကြိုတင်တွက်ချက်ထားသည့် ဈေးနှုန်းထဲတွင် promotion များလည်း ပါဝင်ခြင်းကြောင့် ဌားရမ်းသူများက promo code ရှိ ထားလျှင် ခရီးစဉ်ပြီးဆုံးသည့်အခါ ကြိုတင်တွက်ချက်ထားသည့် ဈေးနှုန်းအတိုင်း ပေးချေရတော့မည်ဖြစ်ပါသည်။ Uber သည် အံ့သြသင့်ဖွယ်အစီအစဉ်များ၊ ဂိမ်းတွေ ဖန်တီးပြီး special promo များကို မကြာခဏဆိုသလို အမြဲပေးနေခြင်း ကြောင့် Uber facebook page ကို see first လုပ်ထားစေချင်ပါကြောင်း customer များကို တိုက်တွန်းနှိုးဆော်အပ်ပါ သည်။



Unicode Version

Uber ကုမ္ပဏီသည် ဈေးပိုုသက်သာပြီး ကားမခေါ်ခင် ဈေးနှုန်းအတိအကျကြိုသိနိုုင်သည့် စနစ်သစ်ကိုု ရန်ကုုန်မြို့တွင် နိုုဝင်ဘာလ ဒုုတိယအပတ်၌ စတင်မိတ်ဆက်လိုုက်ပြီဖြစ်သည်။ ယခင်က customer များသည် Uber တက္ကစီကား ခေါ်လျှင် ကျသင့်မည်ဈေးနှုန်းကိုု ခန့်မှန်းချေလောက်သာ သိရပြီး အတိအကျ မသိရသည့်အတွက် ကားခေါ်သင့်၊ မခေါ်သင့် မဆုံုးဖြတ်နိုုင်ခြင်းမျိုး ကြုံတွေခဲ့ရကြောင်းကိုု Uber အနေဖြင့် နားလည်သဘောပေါက်ခဲ့ပါသည်။

ထိုု့အတွက်အကြောင့် Uber သည် customer များ အကျိုးကျေးဇူးအလိုု့ဌာ ပိုုမိုုလွယ်ကူသက်သာစေသည့် စနစ်သစ်ကိုု ဖန်တီး အကောင်အထည်ဖော်လိုုက်ဖြင်းဖြစ်ပါသည်။ ယခုုစတင်လိုုက်သည့် စနစ်သစ်မှာတော့ Uber application တွင် ကိုုယ်သွားမည့် ခရီးစဉ်ကိုု ထည့်လိုုက်သည်နှင့် သွားမည့်ခရီးအကွာအဝေး၊ ယာဉ်ကြောအခြေအနေ၊ ကိုုယ်ငှားမည့် ပတ်ဝန်းကျင်တွင်ရှိသည့် Uber ကားအရေအတွက်နှင့် ကိုုယ့်လိုုပဲ ငှားရမ်နေသည့်သူ အရေအတွက်ပေါ်မူတည်ပြီး ဈေးနှုန်း အတိအကျကိုု ကြိုတင်တွက်ချက်ဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ယခုုပြင်ဆင်လိုုက်သည့် စနစ်သစ်သည် ယခင်ထက် ပိုုမိုုသက်သာသည့် အခြေခံဈေးနှုန်းများအပေါ် မူတည်ပြီး တွက်ချက်ထားခြင်းဖြစ်ပါသည်။ ထိုု့ကြောင့် ငှားရမ်းမည့်သူအနေဖြင့် ဈေးနှုန်းကိုုကြည့်ပြီး ဈေးနှုန်းများနေသည်ဟုု ထင်မှတ်ကာ မခေါ်ဘဲနေခြင်းမျိုး လုုပ်နိုုင်သလိုု ဈေးနှုန်းအဆင်ပြေမှ ကားခေါ်ခြင်းမျိုးကိုုလည်း လုုပ်နိုုင်မှာဖြစ်ပါသည်။ ယခုုလိုု ကြိုတင်တွက်ချက် ပေးထားသည့် ဈေးနှုန်းသည် ခရီးစဉ်အတွင်း လမ်းကြောင်းပြောင်းလဲမှုမရှိလျှင် (သိုု့မဟုုတ်) တစ်နေရာရာကိုု အချိန်အကြာကြီးဝင်နေခြင်းမျိုးမရှိလျှင် ဈေးနှုန်းလည်း ပြောင်းလဲမည် မဟုုတ်ပါ။ ထိုု့ကြောင့် customer များသည် ကားကြပ်ခြင်းကြောင့် ဈေးနှုန်းကြီးမြင့်မှုအတွက်လည်း စိုုးရိမ်နေစရာလိုုတော့မည်မဟုုတ်ပါ။

ကြိုတင်တွက်ချက်ထားသည့် ဈေးနှုန်းထဲတွင် promotion များလည်း ပါဝင်ခြင်းကြောင့် ဌားရမ်းသူများက promo code ရှိ ထားလျှင် ခရီးစဉ်ပြီးဆုံုးသည့်အခါ ကြိုတင်တွက်ချက်ထားသည့် ဈေးနှုန်းအတိုုင်း ပေးချေရတော့မည်ဖြစ်ပါသည်။ Uber သည် အံ့သြသင့်ဖွယ်အစီအစဉ်များ၊ ဂိမ်းတွေ ဖန်တီးပြီး special promo များကိုု မကြာခဏဆိုုသလိုု အမြဲပေးနေခြင်း ကြောင့် Uber facebook page ကိုု see first လုုပ်ထားစေချင်ပါကြောင်း customer များကိုု တိုုက်တွန်းနှိုးဆော်အပ်ပါ သည်။

Latest News

ရန်ကုန်မိုးပျံလမ်းမကြီးစီမံကိန်းအပိုင်း...

Zawgyi Version ရန်ကုန်မိုးပျံလမ်းမကြီးစီမံကိန်းအပိုင်း ဆန်ကာတင်အရေအသွေးပြည့်မှီမှုလျှောက်လွှာတင်သွင်းရက်ကို အောက်တိုဘာ ၃၀ မှ နိုဝင်ဘာ ၁၃...

Read more »

ကားအရောင်းစင်တာ ၂၀၀ ခန့်​တွင်​ အ​ရောင်းစင်​တာ...

Zawgyi Version ​ပြည်​ပမှ ​မော်​​တော်​ယာဉ်​တင်​သွင်းခွင့်​မူဝါဒသတ်​မှတ်​ချက်​တွင်​ ၂၀၁၈ ခုနှစ်​မှစ၍ ဘယ်မောင်းကားများကိုသာ...

Read more »

ယာဉ်​ရပ်​နားခများ ​ကောက်​ခံမှု...

Zawgyi Version ရန်​ကုန်​မြို့တွင်း ၆ မြို့နယ်​အတွင်း ယာဉ်​ရပ်​နားခများ​ကောက်​ခံခြင်းကို ​အောက်​တိုဘာလ ၁ ရက်​မှစတင်​​ကောက်​မည်​ဆိုကာ...

Read more »

စက်သုံးဆီဈေးမြင့်တက်နေမှုကြောင့်...

Zawgyi Version ပြည်တွင်း​​စက်သုံးဆီဈေးနှုန်းမြင့်တက်မှု နှင့်ကုန်စည်ရရှိမှုနည်းပါးခြင်းကြောင့် တွက်ခြေမကိုက်၍ ရပ်နားထားရသည့်...

Read more »

ကုန်သေတ္တာယာဉ်များ သွားလာမှု အချိန် ည ၉ နာရီအစား...

Zawgyi Version ရန်​ကုန်​တိုင်းအတွင်းကုန်သေတ္တာယာဉ်​များ ​မောင်းနှင်​သွားလာမှုများကို ည ၉ နာရီမှ ​နံနက်​ ၆ နာရီ သတ်​မှတ်​ထားရာမှ...

Read more »