ကားတာယာတွေ ဘေးမှာရေးထားတဲ့ စာတွေက ဘာတွေလဲ
Dotnumber-500x253
Unicode Version
ယခင်တစ်ပါတ်က ကျွန်တော်တို့ Facebook Page မှာ share ခဲ့သည့် tyre code များကြည့်နည်းကို လူနှစ်သက်ကြတာ သိရတဲ့အတွက်၊ Facebook မှာ မတွေ့လိုက်ရသူ MyanmarCarsDB ၏ ဧည့်ပရိတ်သတ်များအတွက် ထပ်မံတင်ပေးလိုက်ပါတယ်။
318847_414486095316410_1309085261_n-500x374
ပုံအရဆိုရရင် 165/65R14 79T ဆိုတဲ့ Code ကို ဆိုပါစို့
165 - ဆိုတာ တာယာရဲ့ အကျယ်ကိုပြောတာပါ 165mm တဲ့
65 - ဆိုတာကတော့ တာယာ အသားရဲ့ ထုကိုခေါ်တာပါ တာယာအကျယ်ရဲ့ 65% ပါတဲ့
R - ဆိုတာက တာယာကို ဘယ်လိုတည်ဆောက်ထားပုံကိုပြောချင်တာပါ။ R ဆိုတာ radial တည်ဆောက်ပုံကိုညွှန်းပါတယ်။ အခြား bias belt (B), diagonal (D) ဆိုတာမျိုးလည်းရှိပါတယ်။ အဲ့ဒီနေရာ စာလုံးနေရာကို မရေးထားရင် R ဟုမှတ်ပါ။
14 - ဆိုတာ တာယာအတွင်းပိုင်း diameter ကို လက်မနဲ့ဖော်ပြထားတာပါ။ Rim diameter ဆိုပါတော့။
79 - ဆိုတာ တာယာခံနိုင်တဲ့ ဝန်အားကိုဆိုပါတယ်။ နံပါတ်သတ်မှတ်မှုသာဖြစ်ပြီး unit မရှိပါဘူး။ 79 ဆိုလျှင် 960 ပေါင်ခန့် ခံနိုင်ပါတယ်။ Load Index Table
T - ဆိုတာကတော့ speed rating ပေါ့။ အခြားသတ်မှတ်မှုတစ်ခုဖြစ်ပါတယ်။ T ဆိုလျှင် 190 km/h အထိရနိုင်ပါတယ်။ Speed Rating Table
ဒါကတော့ အကြမ်းဖျင်းသာဖြစ်ပါတယ်။
တခြား အရေးကြီးတာတွေကတော့၊ တစ်ခါတစ်ရံမှာ Code မစခင် letter တစ်လုံးသို့မဟုတ် နှစ်လုံးပါတတ်ပါတယ်။ အဲ့ဒီ့ Letter တွေကတော့ P (Passenger ခရီးသည်တင် ကားအတွက်)၊ LT (Light Truck ကားအတွက်)၊ ST (Special Trailer) နှင့် T (Temporary သုံးတဲ့ space-saver စပယ်ယာ ဘီးသေးတစ်မျိုး) တို့ဖြစ်ပါတယ်။
Dotnumber-500x253
အချို့တာယာများမှာတော့ DOT code ဆိုသည့် (US မှ Department of Transportation ၏ သတ်မှတ်ချက်အတိုင်း ထည့်သွင်းထားသည့်) ထုတ်လုပ်သည့်ခုနှစ်နှင့် အပါတ်ကိုဖော်ပြသည့် code များပါတတ်ကြသည်။ အထက်ပါပုံအရဆိုလျှင် 1001 သည် ၂ဝဝ၁ ခုနှစ်၏ ၁ဝ ပါတ်မြောက် အပါတ်တွင်း ထုတ်လုပ်သည်ဟု ရည်ရွယ်သည်။
အခြားအခြားသော code များမှာမူ ပုံမှန်ထည့်သွင်းလေ့မရှိပဲ ထုတ်လုပ်သူတစ်ဦးနှင့် တစ်ဦးကွာခြားတာကို တွေ့ရပါတယ်။
အသေးစိတ်ပိုမိုသိလိုပါက Wikipedia ၏ Tire Code စာမျက်နှာမှာ ဖတ်ရှုနိုင်ပါတယ်။
Latest News
(ခ) လိုင်စင်နှင့် (င) လိုင်စင်ကိုင်ဆောင်သူများ...
Latest news1 13 150x150
Zawgyi Version မြန်​မာတစ်​ပြည်​လုံးတွင်​​ မောင်းနှင်​ခွင့်​ရှိ​သော (ခ) လိုင်စင်နှင့် (င) လိုင်စင် ကိုင်ဆောင်ထားသည့် ယာဉ်မောင်းများ အနေဖြင့်...
Read more »
အဲကွန်းမဖွင့်​​သော YBS ကားများ ​ယာဉ်​စီးခ...
Latest news1 12 150x150
Zawgyi Version ရန်​ကုန်​တိုင်း​အတွင်း ပြေးဆွဲလျှက်​ရှိ​နေသော ခရီးသည်​တင်​ YBS ကားများအနက် အဲယားကွန်းမဖွင့်​​ပဲ​ မောင်းေ​သာ ကားများနှင့်...
Read more »
ပိတ်​သိမ်းထား​ပြီး စာရင်းမရှင်း​နိုင်​သည့်...
Latest news1 12 150x150
Zawgyi Version ပိတ်​သိမ်းထား​ပြီး စာရင်းမရှင်း​နိုင်​သည့်​ ကားအ​ရောင်းစင်​တာ ၁၉ ခု ​ကို ထိ​ရောက်စွာ ​အ​ရေးယူသွားမည်ဖြစ်ကြောင်း...
Read more »
အ​ကောက်​ခွန်​ ဒဏ်​​ကြေးများ နိုင်​ငံဘဏ္ဍသို့...
23825675 2163404850378933 415467733 o 150x150
Zawgyi Version ပြည်​ပနိုင်ငံ​မှ တင်​သွင်းလာသည့်​ ​မော်​​တော်​ယာဉ်​များအား ​ကောက်​ခံ​ရရှိ​နေသည့် အ​ကောက်​ခွန်​ဒဏ်​​ကြေးများကို...
Read more »
စည်းကမ်းပျက်​ ​ ယာဉ်​များကို online complaint...
Latest news1 12 150x150
Zawgyi Version စည်းကမ်းမဲ့ ​မောင်းနှင်​​သော ယာဉ်​များ online complaint စင်​တာထံ တိုင်​ကြားမှု ၁သောင်း ၈ထောင် ​ကျော်​အထိ...
Read more »