နယ်အဝယ်မဆင်း၍ ထရပ်ကားဈေးကွက် ဈေးမာပြီး အရောင်းအဝယ်ရပ်
(၁၀) ပေ၊ (၁၄) ပေကဲ့သို့ လုပ်ငန်းသုံး ထရပ်ကားကြီးများမှာ ဈေးမာပြီး အရောင်းအဝယ်ရပ်သလောက် နီးပါးဖြစ်နေကာ နယ်ဝယ်လိုအားမရှိဘဲ ဖြစ်နေကြောင်း လှိုင်ဘာတာရှိ ထရပ်ကားကြီးများ သီးသန့်ဝယ် ရောင်းလုပ်သက်နှစ် (၂၀)ခန့်ရှိ အကျိုးတော်ဆောင်ကြီးတစ်ဦးက ပြောသည်.။
ရွှေစံ
No. 1 Car Site in Myanmar
www.myanmarcarsdb.com
Unicode Version
(၁ဝ) ပေ၊ (၁၄) ပေကဲ့သို့ လုပ်ငန်းသုံး ထရပ်ကားကြီးများမှာ စျေးမာပြီး အရောင်းအဝယ်ရပ်သလောက် နီးပါးဖြစ်နေကာ နယ်ဝယ်လိုအားမရှိဘဲ ဖြစ်နေကြောင်း လှိုင်ဘာတာရှိ ထရပ်ကားကြီးများ သီးသန့်ဝယ် ရောင်းလုပ်သက်နှစ် (၂ဝ)ခန့်ရှိ အကျိုးတော်ဆောင်ကြီးတစ်ဦးက ပြောသည်.။
ထရပ်ကား အမျိုးအစားအား ရန်ကုန်မြို့ထက် နယ်ဒေသမှဝယ်လိုအားများကာ ရန်ကုန်လိုင်စင်အတွက် ကားပါကင် ထောက်ခံချက်တစ်ခုပိုလာ၍ ထရပ်ကားစျေးမှာ (၁ဝ)သိန်း ဝန်းကျင်တက်လာကြောင်း သိရသည်.။ ထရပ်ကားအများစုအား Free Permit ဖြင့် တင်သွင်းမှုများ၍ ကားပါကင်ထောက်ခံချက် လို/မလို သေချာစွာ မသိရဘဲ မည်ကဲ့သို့ သတ်မှတ်ချက် ပေးထားသည်ကို မသိရကြောင်း အဆိုပါ ပုဂ္ဂိုလ်က ပြောသည်.။
ထရပ်ကားက Free Permit နဲ့သွင်းတာများတယ်.။ ရန်ကုန်လိုင်စင်အတွက်ဆိုရင် ပါကင်ထောက်ခံချက်လိုတယ်.။ အဲဒီတော့ ဒီထရပ်ကားကြီးတွေအတွက် သတ်မှတ်ချက်က ဘယ်လိုဆိုတာ သေချာမသိဘူး.။ ဘာပဲပြောပြော ရောင်းစျေးကို မပြောနဲ့ ကျွန်တော်တို့ ဝယ်ရင်းစျေးတောင် ပါကင်ထောက်ခံချက်အတွက်နဲ့ ဘာနဲ့ဆိုရင် (၁ဝ) သိန်း၊ (၁၁) သိန်း ဝန်းကျင် စျေးပိုပေးလာရတယ်.။ စျေးသာတက်တာ အရောင်းအဝယ် လုံးဝမဖြစ်ဘူး ဟုပြောသည်.။
ထို့အပြင် ဖေဖော်ဝါရီလမှ စကာ မူသေနံပါတ်ရယူရန် သတ်မှတ်ရက်ကျော်လွန်ပါက တစ်ရက်လျှင် ဒဏ်ကြေး (၃ဝဝဝ) ကျပ်ပေးဆောင်ရမည် ဆိုသောအချက်ကြောင့် တစ်ပိုင်တစ်နိုင် ဝယ်ရောင်းသမားများအား အခက်တွေ့စေကြောင်း ပြောသည်.။
တစ်ပိုင်တစ်နိုင် ဝယ်ရောင်း အများစုမှာ မူသေနံပါတ်ရယူထားကြခြင်းမရှိဘဲ ဝယ်သူလာမှသာ နံပါတ်နှိုက်ယူ ရောင်းချကြကြောင်း သိရသည်.။
ယခုလက်ရှိအချိန်တွင် ပဲခူး၊ မန္တလေး နယ်လိုင်စင်ဖြင့်သာ ထရပ်ကားကြီးများ ဝယ်သူအနည်းငယ် ရှိနေကာ ရန်ကုန်လိုင်စင်ဖြင့် ဝယ်ယူမှု မရှိသလောက်ပင်ဖြစ်ကြောင်း သိရသည်.။
ရွှေစံ
ဖေဖော်ဝါရီ (၆) - (၁၂)၊ ၂ဝ၁၅ ထုတ် Auto World ဂျာနယ်မှ ကူးယူဖော်ပြပါသည်.။
No. 1 Car Site in Myanmar
www.myanmarcarsdb.com
Latest News
မြန်မာနိုင်ငံက ၂၀၁၈ ၌ ASEAN MRA တွင်...
Img 0809 150x150
Zawgyi Version မြန်မာနိုင်ငံသည် လာမည့် ၂၀၁၈ ၌ အာဆီယံ မော်တော်ယာဉ်ထုတ်ကုန်ပစ္စည်းများ အပြန်အလှန် အသိအမှတ်ပြုရေး အစီအစဉ်(MRA) တွင်...
Read more »
city taxi များ မှတ်ပုံတင်ပြုလုပ်မှု အင်းစိန်​...
23484516 2151118281607590 1169006877 o 1 150x150
Zawgyi Version ရန်​ကုန်​တွင်​ ​မောင်းနှင်​​နေ​သော city taxi ယာဉ်​များ မှတ်​ပုံတင်​...
Read more »
နိုင်​ငံ​တော်​ အတိုင်​ပင်​ခံရုံးမှ...
Latest news1 9 150x150
Zawgyi Version နိုင်​ငံ​တော်​ အတိုင်​ပင်​ခံရုံးမှ မှတ်​ပုံတင်​ပြုလုပ်​ထား​သော ယာဉ်​များ၏ မိုဒယ်​ခုနှစ်​အလိုက်​စာရင်း​များ၊...
Read more »
The Pizza Company မှ သိန်း၅၀၀တန်ဖိုးရှိ...
Pizza 150x150
Zawgyi Version The Pizza Company သည် နှစ်သစ်ကူးကာလ အရောင်းမြင့်တင်သည့်အနေဖြင့် The Pizza Company ဆိုင်ခွဲ တိုင်းတွင်တွင် ၂၉၀၀၀ ကျပ်ဖိုး...
Read more »
မိုဒယ်​သတ်​မှတ်​ချက်​ထုတ်​ပြန်​ပြီး...
23667525 2159301577455927 209492361 n 150x150
Zawgyi Version မိုဒယ်​သတ်​မှတ်​ချက်​ထုတ်​ပြန်​ပြီးနောက်​ပိုင်း ​ အ​ရောင်းစင်​တာ ဖွင့်​ရန်​ ​လျှောက်​ထားမှုများအား ဒီနှစ် Consignment...
Read more »