ယာဉ်ထိန်းရဲများ နံပါတ်တုတ် ကိုင်ဆောင်တော့မည်


Traffic-Police-man


 

Ref: Auto World



Unicode Version

ယာဉ်ထိန်းရဲများ တာဝန် ထမ်း ဆောင်နေစဉ် ရန်ပြုခြင်း၊ ဆဲဆိုခြင်းများ ရှိလာသောကြောင့် မိမိကိုယ်ကို ကာကွယ်သည့်အနေဖြင့် နံပါတ်တုတ်များ ကိုင်ဆောင်မည်ဟု ရန်ကုန်တိုင်း အမှတ်(၂) ရဲတပ်ဖွဲ့ ခွဲမှူးရုံးမှ ရဲမှူးကြီး လင်းထွဋ်က ပြောကြားခဲ့သည်။

Traffic-Police-man

မီးနီကို ဖြတ်မမောင်းနဲ့ ဆိုရင် ဖြတ်မောင်းတယ်။ ဖြတ်မောင်းလို့ ချလန်ဖြတ်တော့ ယာဉ်ထိန်းရဲကို ပြန်ဆဲတယ်။ တချို့ဆို ကတ်ကြေးနဲ့ ထိုးတာ၊ တုတ်နဲ့ရိုက်တာတွေ ရှိတယ်။ ဒါဟာ ရှက်စရာ ကောင်းပါတယ်။ဒါကြောင့် အခုဆိုရင် ယာဉ်ထိန်းရဲတွေ မိမိကိုယ်ကို ခုခံကာကွယ်နိုင်ဖို့ နံပါတ်တုတ်တွေ ဆောင်ထားမှာဖြစ်ပါတယ်။ ဒါဟာ လမ်းအသုံးပြုသူ နဲ့ ပြည်သူကို ခြိမ်းခြောက်ဖို့ မဟုတ်ဘူး။ ကာကွယ် ဖို့ ဖြစ်တယ် ဟု ရဲမှူးကပြောသည်။ နောက်ပိုင်းတွင် လိုအပ်ပါက သေနတ်ကိုင်ဆောင်သည် အထိဖြစ်လာနိုင်သည်ဟု ဆက်လက်ပြော ဆိုခဲ့သည်။ ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ် တွင် ရန်ကုန်တိုင်း နယ်နိမိတ်အတွင်း ဆိုင်ကယ်မှ လူကို တိုက်မိမှု ၈၈ မှု ဖြစ်ပွားခဲ့ပြီး ဆိုင်ကယ် တိမ်းမှောက်မှု ၄၅ မှု၊ ဆိုင်ကယ်နှင့်ယာဉ် တိုက်မှု ၄၂ မှု၊ ဆိုင်ကယ်မှ စက်ဘီးကိုတိုက်မှု ၃၄ မှု၊ ဆိုင်ကယ်မှအရာဝတ္ထုကိုတိုက် မိမှု ၁၇ မှု၊ ဆိုင်ကယ်ပေါ်မှ လူပြုတ် ကျမှု ၁၃ မှု၊ ဆိုင်ကယ်မှ ဆိုက်ကားကို တိုက်မိမှု ၉ မှုရှိခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်း ဒေသကြီး ၃၁ မြို့နယ်တွင် ဆိုင်ကယ်အပိုပစ္စည်း မရောင်းချရန် ဆိုင်များကို မေတ္တာရပ်ခံ ထားသည်ဟုဆိုသည်။

 

Ref: Auto World

Latest News

ဒီဇင်​ဘာ ၃၁ အထိ စီးတီးတက္ကစီ​...

Latest news1 13 150x150

Zawgyi Version ရန်​ကုန်​တိုင်းအတွင်း ​​အဌားယာဉ်​အဖြစ်​ မှတ်​ပုံတင်​ထားသည့်​ကားများကို ယခုနှစ်​ ဒီဇင်​ဘာလ ၃၁ ရက်​​နေ့​နောက်​ဆုံးထား၍ city taxi...

Read more »

မော်​​တော်​ယာဉ်​ အမည်ပြောင်းလဲလျှင် ဆောလျင်စွာ...

For news 150x150

Zawgyi Version မော်​​တော်​ယာဉ်​ အမည်ပြောင်းလဲလျှင် ဆောလျင်စွာ လာရောက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အမည်ပေါက်သူတွင် သာ တာဝန်ရှိကြောင်းနှင့်...

Read more »

(ခ) လိုင်စင်နှင့် (င) လိုင်စင်ကိုင်ဆောင်သူများ...

Latest news1 13 150x150

Zawgyi Version မြန်​မာတစ်​ပြည်​လုံးတွင်​​ မောင်းနှင်​ခွင့်​ရှိ​သော (ခ) လိုင်စင်နှင့် (င) လိုင်စင် ကိုင်ဆောင်ထားသည့် ယာဉ်မောင်းများ အနေဖြင့်...

Read more »

အဲကွန်းမဖွင့်​​သော YBS ကားများ ​ယာဉ်​စီးခ...

Latest news1 12 150x150

Zawgyi Version ရန်​ကုန်​တိုင်း​အတွင်း ပြေးဆွဲလျှက်​ရှိ​နေသော ခရီးသည်​တင်​ YBS ကားများအနက် အဲယားကွန်းမဖွင့်​​ပဲ​ မောင်းေ​သာ ကားများနှင့်...

Read more »

ပိတ်​သိမ်းထား​ပြီး စာရင်းမရှင်း​နိုင်​သည့်...

Latest news1 12 150x150

Zawgyi Version ပိတ်​သိမ်းထား​ပြီး စာရင်းမရှင်း​နိုင်​သည့်​ ကားအ​ရောင်းစင်​တာ ၁၉ ခု ​ကို ထိ​ရောက်စွာ ​အ​ရေးယူသွားမည်ဖြစ်ကြောင်း...

Read more »