ယာဉ်ထိန်းရဲတပ်ဖွဲ့၏ မှုခင်းစစ်ဌာနတွင် အသုံးပြုသည့်တံဆိပ်တုံးများ အတုပြုလုပ်သုံးစွဲမှုများ ရှိနေသည့်အတွက် ထိရောက်စွာအရေးယူမည်




 

Ref  ; Automobile



Unicode Version

ယာဉ်ထိန်းရဲတပ်ဖွဲ့၏ မှုခင်းစစ် ဌာနတွင် အသုံးပြုသည့် တံဆိပ် တုံးများ အတုပြုလုပ်သုံးစွဲမှုများ ရှိ နေသည့်အတွက် ထိရောက်စွာအ ရေးယူသွားမည် ဖြစ်ကြောင်း 'အမှတ် -၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူး ရုံး'မှ သတင်းရရှိသည်။ Policeကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနတွင် သက်တမ်းတိုးလိုသည့် ယာဉ်များ၌ ပြစ်မှုမှတ်တမ်းများ ရှိ၊မရှိနှင့် ပြစ်မှုရှိပါက ဒဏ်ကြေးပေးဆောင် ပြီးစီးကြောင်း အထောက်အထားဖြစ်သည့် ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံချက်ကို ယာဉ်ထိန်းရဲတပ်ဖွဲ့ မှုခင်းစစ်ဌာနတွင် ရယူပြီးမှသာ ဆောင်ရွက်နိုင်မည်ဖြစ်ရာ ယင်းထောက်ခံ ချက်ကို လာရောက်ရယူခြင်းမရှိဘဲ တံဆိပ်တုံးအတု ပြုလုပ်ဆောင်ရွက်မှုများ ရှိနေကြောင်း သိရသည်။ တံဆိပ်တုံးတွေ အတုပြုလုပ်တာတွေ ရှိနေတယ်လို့ သိရတယ်၊ ပိုင်ရှင်တွေ ကိုယ်တိုင်လုပ်တာလား၊ ကြားက ပွဲစားတွေပဲ လုပ်တာလား စစ်ဆေးဖော်ထုတ်ပြီး ထိရောက်စွာ အရေးယူမှာပါ၊ ယာဉ်သက်တမ်းတိုးမယ်၊ အို/ ဟောင်းယာဉ် အပ်မယ်ဆိုရင် သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းပြီးမှ ဆောင်ရွက်ဖို့ လိုပါတယ်ဟု အမှတ်-၂ ယာဉ် ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးကဆို သည်။ လက်ရှိတွင် ယာဉ်ထိန်းရဲ တပ်ဖွဲ့အနေဖြင့် အဆိုပါ စာရွက် စာတမ်းနှင့် တံဆိပ်တုံးအတု ပြုလုပ်ဆောင်ရွက်သည့် ကိစ္စရပ်များအား ရှာဖွေဖော်ထုတ်ရန် ဆောင်ရွက် လျက်ရှိပြီး စစ်ဆေးတွေ့ရှိပါက ထိရောက်စွာ အရေးယူသွား မည် ဖြစ်ကြောင်း သိရသည်။


 

Ref  ; Automobile

Latest News

အဲကွန်းမဖွင့်​​သော YBS ကားများ ​ယာဉ်​စီးခ...

Latest news1 12 150x150

Zawgyi Version ရန်​ကုန်​တိုင်း​အတွင်း ပြေးဆွဲလျှက်​ရှိ​နေသော ခရီးသည်​တင်​ YBS ကားများအနက် အဲယားကွန်းမဖွင့်​​ပဲ​ မောင်းေ​သာ ကားများနှင့်...

Read more »

ပိတ်​သိမ်းထား​ပြီး စာရင်းမရှင်း​နိုင်​သည့်...

Latest news1 12 150x150

Zawgyi Version ပိတ်​သိမ်းထား​ပြီး စာရင်းမရှင်း​နိုင်​သည့်​ ကားအ​ရောင်းစင်​တာ ၁၉ ခု ​ကို ထိ​ရောက်စွာ ​အ​ရေးယူသွားမည်ဖြစ်ကြောင်း...

Read more »

အ​ကောက်​ခွန်​ ဒဏ်​​ကြေးများ နိုင်​ငံဘဏ္ဍသို့...

23825675 2163404850378933 415467733 o 150x150

Zawgyi Version ပြည်​ပနိုင်ငံ​မှ တင်​သွင်းလာသည့်​ ​မော်​​တော်​ယာဉ်​များအား ​ကောက်​ခံ​ရရှိ​နေသည့် အ​ကောက်​ခွန်​ဒဏ်​​ကြေးများကို...

Read more »

စည်းကမ်းပျက်​ ​ ယာဉ်​များကို online complaint...

Latest news1 12 150x150

Zawgyi Version စည်းကမ်းမဲ့ ​မောင်းနှင်​​သော ယာဉ်​များ online complaint စင်​တာထံ တိုင်​ကြားမှု ၁သောင်း ၈ထောင် ​ကျော်​အထိ...

Read more »

Uber က ဈေးနှုန်းပိုသက်သာသည့် စနစ်သစ်ကို...

Picture1 150x150

Zawgyi Version Uber ကုမ္ပဏီသည် ဈေးပိုသက်သာပြီး ကားမခေါ်ခင် ဈေးနှုန်းအတိအကျကြိုသိနိုင်သည့် စနစ်သစ်ကို ရန်ကုန်မြို့တွင် နိုဝင်ဘာလ...

Read more »