စည်းကမ်းမဲ့ ယာဉ်ရပ်နားမှုဖမ်းဆီးရေးအဖွဲ့များ စည်ပင်သာယာ နယ်နိမိတ်မြို့နယ်တိုင်းတွင် ထားရှိမည်

ရန်ကုန်၊ နိုဝင်ဘာ ၂၂

ရန်ကုန်မြို့တွင်း စည်းကမ်းမဲ့ယာဉ်ရပ်နားမှု ဖမ်းဆီးခြင်းကို ယာဉ်စည်းကမ်းပူးပေါင်းအဖွဲ့များနှင့် စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ မြို့နယ်တိုင်း၌ ထားရှိဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သတင်းရရှိသည်။

3914477797_fabe9970c6

ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ ယာဉ်မရပ်ရ နယ်မြေဧရိယာများကိုအသိပေးကြညာချက်ထုတ်ပြန်ခဲ့ပြီး ယင်း သတ်မှတ်ဧရိယာများ၌ စည်းကမ်းမဲ့ယာဉ်ရပ်နားမှုကို မော်တော်ယာဉ်ဆွဲကားများဖြင့် နိုဝင်ဘာ ၁၁ နေ့မှစ၍ ဆောင်ရွက်ခဲ့ကြောင်း၊ ယင်းသို့ဆောင်ရွက်ရာ၌ လက်ရှိအချိန်တွင် ယာဉ်စည်းကမ်းပူးပေါင်းရေးအဖွဲ့ ၁၀ ဖွဲ့မှ တစ်ရက်လျှင် နှစ်ဖွဲ့နှုန်းဖြင့် မနက်ပိုင်း၊ ညနေပိုင်းခွဲကာ အဓိကလမ်းမကြီး ၃၇ နေရာတွင် စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စည်းကမ်းမဲ့ ယာဉ်ရပ်နားမှုများကို လတ်တလောတွင် ကမာရွတ်မြို့နယ်၊ လှိုင်၊ စမ်းချောင်း၊ ပန်းပဲတန်း၊ လမ်းမတော်၊ ဗဟန်း၊ ကျောက်တံတား၊ တာမွေနှင့် သင်္ဃန်းကျွန်းမြို့နယ်များ၌ အများဆုံးဖမ်းဆီး အရေးယူဆောင်ရွက်လျက်ရှိရာ စည်းကမ်းမဲ့ယာဉ်ရပ်နားမှုကို စည်ပင်သာယာရေးဥပဒေပုဒ်မ ၆၈ ဖြင့် အရေးယူဆောင်ရွက်မည်ဖြစ်ကာ အနည်းဆုံးဒဏ်ငွေ ကျပ် တစ်သောင်းမှ အများဆုံးဒဏ်ငွေ ကျပ်ငါးသိန်းထိ သော်လည်းကောင်း၊ ထောင်ဒဏ်တစ်နှစ် သော်လည်းကောင်း ကျခံရနိုင်ကြောင်း သိရသည်။

Auto Mobile Journal မှ ကူးယူဖော်ပြသည်။

Photo credit by flightlog

Latest News

အမြန်​လမ်းမ​​ပေါ်တွင်​ ၃ တန်​အထက် ​နှင့် ၃ တန်...

Tzh ygn mdy highway5 150x150

Photo Credit အမြန်​လမ်းမ​​ကြီးပေါ်တွင်​ ၃ တန်​အထက် ​နှင့် ၃ တန်​အောက်​ကားများသည် ယာဉ်အန္တရယ်ဖြစ်ပွားမှူ ပိုမိုဖြစ်​​ပေါ်နိုင်​သဖြင့် တစ်​နာရီ...

Read more »

ယာဉ်မောင်းလိုင်စင်အတု...

Download 150x150

Photo Credit to Shwe Myin Thar ​မော်​​တော်​ယာဉ်​ ​မောင်းနှင်​ရာတွင်​ ယာဉ်မောင်းလိုင်စင်အတု ကိုင်​​ဆောင်အသုံးပြုနေသူများကို ​ဇူလိုင်လ...

Read more »

ခရီးသည်​တင်​ အပ်​နှံပြီး လူစီးစလစ်​များ ...

Weekly price 6 27 2017 1 150x150

Photo Credit ရန်​ကုန်​တိုင်း​ဒေသကြီး ခရီးသည်​တင်​ယာဉ်များ ​အပ်​နှံပြီး လူစီးစလစ်များလာ​သော်​လည်း အ​ရောင်းအဝယ်​မလုပ်​ဘဲ...

Read more »

လူတကာချစ်တဲ့ Honda Fit 2017

2017 honda fit 4dr hatchback ex rq oem 4 717 150x150

Honda Fit ဆိုတာ… နိုင်ငံတကာဈေးကွက်မှာ Fit အနေနဲ့ရော Jazz အဖြစ်နဲ့ပါ လူသိများတဲ့ မော်ဒယ်ပါ။ ၂၀၀၁ ခုနှစ်မှာ စတင်...

Read more »

ကညနရုံးတွင် ​ဖောက်ထွင်းခံရ​သော ...

Kanyana 150x150

Photo Credit to ရွှေမြင်သာ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန အနောက်ပိုင်း ခရိုင်ရုံး (ယာဉ်မှတ်ပုံတင်ဌာန) ဖောက်ထွင်းခံခဲ့ရသည့်​...

Read more »
Download Android App