မြန်မာတစ်နိုင်ငံလုံး၌ စက်သုံးဆီ အရောင်းဆိုင်သစ်ပေါင်း ၄၆၀ ခန့် ဖွင့်လှစ် ရောင်းချခွင့်ပြုရန် စိစစ်နေ
gas-cartoon
Ref: Automobile
Unicode Version
မြန်မာတစ်နိုင်ငံလုံး၌ စက်သုံးဆီ အရောင်းဆိုင်သစ်ပေါင်း ၄၆ဝ ခန့် ဖွင့်လှစ် ရောင်းချခွင့်ပြုရန် စိစစ်လျက် ရှိကြောင်း ‘မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း’မှ သတင်းရရှိသည်။
gas-cartoon
စိစစ်လျက်ရှိသည့် စက်သုံးဆီ အရောင်းဆိုင်သစ်များတွင် နေပြည်တော်ကောင်စီ၌ ၁၃ ဆိုင်၊ ရန် ကုန်တိုင်းဒေသကြီးတွင် ၅၂ ဆိုင်၊ မနၲလေးတိုင်းဒေသကြီး၌ ၅၆ ဆိုင်၊ ဧရာဝတီတိုင်းဒေသကြီး တွင် ၄၉ ဆိုင်၊ ပဲခူးတိုင်းဒေသကြီး၌ ၄၈ ဆိုင်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၃၆ ဆိုင်၊ မကွေးတိုင်းဒေသကြီး၌ ၂၃ ဆိုင်၊ တနင်္သာရီတိုင်းဒေသကြီး တွင် ၁၂ ဆိုင်၊ ကချင်ပြည်နယ်၌ ၂၈ ဆိုင်၊ ကယားပြည်နယ်တွင် သုံးဆိုင်၊ ကရင်ပြည်နယ်၌ လေးဆိုင်၊ ချင်းပြည်နယ်တွင် တစ်ဆိုင်၊ မွန်ပြည်နယ်၌ ၃၁ ဆိုင်၊ ရခိုင်ပြည်နယ် တွင် ၂၂ ဆိုင်၊ ရှမ်းပြည်နယ်၌ ၈၂ ဆိုင် စုစုပေါင်း အရောင်းဆိုင်သစ် ၄၆ဝ ခန့်ဖြစ်ကြောင်း သိရသည်။ “စက်သုံးဆီဆိုင်ဖွင့်ဖို့ လာရောက် လျှောက်ထား တာတွေကို သတ်မှတ်ထားတဲ့ အချက်အလက်တွေ ကိုက်ညီမှုရှိ၊ မရှိ လိုက်လံ စိစစ်ဆောင်ရွက်နေပါတယ်”ဟုမြန်မာ့ ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
စက်သုံးဆီ အရောင်းဆိုင်သစ် ဖွင့်လှစ်ရန်အတွက် စွမ်းအင်ဝန်ကြီးဌာနသို့ အဆိုပြုလျှောက်ထားသည့် သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကန့်ကွက်မှု မရှိကြောင်း ထောက်ခံချက်၊ မြေပိုင်ဆိုင်မှု အထောက်အထား၊ ဖြန့်ဖြူးရောင်းချသည့် စက်သုံးဆီရရှိနိုင်မည့် ကုမ္ပဏီအဖွဲ့အစည်း၏ ထောက်ခံချက်၊ စာချုပ်စာတမ်းများ လိုအပ်ကြောင်းသိရသည်။ လက်ရှိတွင် မြန်မာတစ်နိုင်ငံလုံး အနေဖြင့် စက်သုံးဆီ အရောင်းဆိုင်ပေါင်း ၁,ဝ၉၇ ဆိုင်ဖွင့်လှစ် ရောင်းချလျက်ရှိပြီး ယင်းတွင် နိုင်ငံပိုင် စက်သုံးဆီ အရောင်းဆိုင် ၁၂ ဆိုင်၊ ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင် ၁,ဝ၈၅ ဆိုင်တို့ ပါဝင်ကြောင်း သိရသည်။
Ref: Automobile
Latest News
Without ကားများကို RFID စနစ်​အသုံးပြု၍...
Latest news1 13 150x150
Zawgyi Version လိုင်​စင်​မဲ့ Without ကားများကို RFID စနစ်​အသုံးပြု၍ ဖမ်းဆီးစစ်​ဆးမည့်​စနစ်​အတွက်​ အကြံ​ပေးအဖွဲ့ ၅ ဖွဲ့​ကို...
Read more »
Mazda Myanmar က All New Mazda CX 9 ကားကို...
Mazda cx9 150x150
Zawgyi Version Mazda Myanmar က ၂၀၁၇ မော်ဒယ် All New Mazda CX 9 ကို မြန်မာနိုင်ငံဈေးကွက်သို့ မိတ်ဆက်ပွဲကို နိုဝင်ဘာ ၂၃ က...
Read more »
ဒီဇင်​ဘာ ၃၁ အထိ စီးတီးတက္ကစီ​...
Latest news1 13 150x150
Zawgyi Version ရန်​ကုန်​တိုင်းအတွင်း ​​အဌားယာဉ်​အဖြစ်​ မှတ်​ပုံတင်​ထားသည့်​ကားများကို ယခုနှစ်​ ဒီဇင်​ဘာလ ၃၁ ရက်​​နေ့​နောက်​ဆုံးထား၍ city taxi...
Read more »
မော်​​တော်​ယာဉ်​ အမည်ပြောင်းလဲလျှင် ဆောလျင်စွာ...
For news 150x150
Zawgyi Version မော်​​တော်​ယာဉ်​ အမည်ပြောင်းလဲလျှင် ဆောလျင်စွာ လာရောက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အမည်ပေါက်သူတွင် သာ တာဝန်ရှိကြောင်းနှင့်...
Read more »
(ခ) လိုင်စင်နှင့် (င) လိုင်စင်ကိုင်ဆောင်သူများ...
Latest news1 13 150x150
Zawgyi Version မြန်​မာတစ်​ပြည်​လုံးတွင်​​ မောင်းနှင်​ခွင့်​ရှိ​သော (ခ) လိုင်စင်နှင့် (င) လိုင်စင် ကိုင်ဆောင်ထားသည့် ယာဉ်မောင်းများ အနေဖြင့်...
Read more »