Top Gear Went to Myanmar


tgspesh



Top




Unicode Version

BBC ရုပ်သံမှ ကမ္ဘာကျော်အစီအစဉ်တစ်ခုဖြစ်သော Top Gear သည်မြန်မာနိုင်ငံတွင် လာရောက်ရိုက်ကူးထားသော အစီအစဉ်ကို ယခုတစ်ပါတ်တွင် ထုတ်လွှင့်ခဲ့ပါသည်။ Top Gear မှအစီအစဉ်တင်ဆက်သူများဖြစ်သော Jemery Clarkson, Richard Hammond နှင့် James May တို့သုံးယောက်သည် Truck ကားတစ်ယောက်တစ်စီးစီဖြင့် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံနယ်စပ်အထိ မောင်းနှင်ကြသည်ကို ရိုက်ကူးထားခြင်းဖြစ်သည်။

tgspesh

အစီအစဉ်အစတွင် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်ထဲတွင် ကားသုံးစီးကို စတင်မိတ်ဆက်ကာ စတင်မောင်းနှင်ခဲ့ပြီး ရန်ကုန်မြို့၏ ကားများနှင့် လမ်းများ ပြောင်းပြန်ဖြစ်နေပုံ (လက်ယာဘက်ကပ်မောင်းစနစ်တွင် အသုံးပြုနေသော ကားများမှာ လက်ဝဲမောင်းများဖြစ်နေခြင်း)၊ လမ်းသွားလမ်းလာများမှာ ကားများကြားထဲတွင် မကြောက်မရွံ့ သွားလာနေကြပုံ၊ မြို့ထဲရှိ လမ်းကျဉ်းအတွင်း ဖြတ်မောင်းစဉ် လမ်းဘေးရှိဆိုင်များနှင့်မလွတ်ပဲ ဒုက္ခရောက်ပုံများကို ဟာသများနှင့်ရောနှော၍ တင်ဆက်ထားသည်။ လည်းကောင်းတို့ ခရီးစဉ်မှာ ရန်ကုန်မှတစ်ဆင့် နေပြည်တော်၊ ပြင်ဦးလွင်နှင့် ရှမ်းပြည်နယ်ကို ဖြတ်၍ ထိုင်းနယ်စပ်သို့ သွားမည့် အစီအစဉ်ဖြစ်သည်။

နေပြည်တော်တွင် တစ်ထောက်နားစဉ် လမ်းများမှာ အလွန်ကျယ်ဝန်းမှု၊ အသွားအလာ အလွန်နည်းပါးမှု စသည်တို့ကိုလည်း ရိုက်ကူးပြသထားသည်။ ကျယ်ဝန်းသော လမ်းမပေါ်တွင် ဘောလုံးကန်ခြင်း၊ လည်းကောင်းတို့၏ truck ကား ၃စီးဖြင့် Drag Race ပြုလုပ်ခြင်းများလည်း ပါဝင်သည်။

Top

ယခုအစီအစဉ်ကို ၂ ပိုင်းထုတ်လွှင့်သွားမည်ဖြစ်ပြီး ယခုအပိုင်းတွင် ရှမ်းပြည်နယ်အထိ ရောက်ရှိသွားပုံကို တင်ဆက်ထားသည်။ နောက်တစ်ပတ်တွင် ထုတ်လွှင့်မည့်အစီအစဉ်တွင်လည်း စိတ်ဝင်စားဖွယ်ရာများစွာ ပါဝင်လိမ့်မည်ဖြစ်ကြောင်း Trailer တွင်ပါဝင်သော ပြကွက်များအရ ခန့်မှန်းရပါသည်။ အဆိုပါအစီအစဉ်အား အောက်ပါ Youtube video တွင်ကြည့်ရှုနိုင်ပါသည်။

Latest News

မော်​​တော်​ယာဉ်​ အမည်ပြောင်းလဲလျှင် ဆောလျင်စွာ...

For news 150x150

Zawgyi Version မော်​​တော်​ယာဉ်​ အမည်ပြောင်းလဲလျှင် ဆောလျင်စွာ လာရောက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အမည်ပေါက်သူတွင် သာ တာဝန်ရှိကြောင်းနှင့်...

Read more »

(ခ) လိုင်စင်နှင့် (င) လိုင်စင်ကိုင်ဆောင်သူများ...

Latest news1 13 150x150

Zawgyi Version မြန်​မာတစ်​ပြည်​လုံးတွင်​​ မောင်းနှင်​ခွင့်​ရှိ​သော (ခ) လိုင်စင်နှင့် (င) လိုင်စင် ကိုင်ဆောင်ထားသည့် ယာဉ်မောင်းများ အနေဖြင့်...

Read more »

အဲကွန်းမဖွင့်​​သော YBS ကားများ ​ယာဉ်​စီးခ...

Latest news1 12 150x150

Zawgyi Version ရန်​ကုန်​တိုင်း​အတွင်း ပြေးဆွဲလျှက်​ရှိ​နေသော ခရီးသည်​တင်​ YBS ကားများအနက် အဲယားကွန်းမဖွင့်​​ပဲ​ မောင်းေ​သာ ကားများနှင့်...

Read more »

ပိတ်​သိမ်းထား​ပြီး စာရင်းမရှင်း​နိုင်​သည့်...

Latest news1 12 150x150

Zawgyi Version ပိတ်​သိမ်းထား​ပြီး စာရင်းမရှင်း​နိုင်​သည့်​ ကားအ​ရောင်းစင်​တာ ၁၉ ခု ​ကို ထိ​ရောက်စွာ ​အ​ရေးယူသွားမည်ဖြစ်ကြောင်း...

Read more »

အ​ကောက်​ခွန်​ ဒဏ်​​ကြေးများ နိုင်​ငံဘဏ္ဍသို့...

23825675 2163404850378933 415467733 o 150x150

Zawgyi Version ပြည်​ပနိုင်ငံ​မှ တင်​သွင်းလာသည့်​ ​မော်​​တော်​ယာဉ်​များအား ​ကောက်​ခံ​ရရှိ​နေသည့် အ​ကောက်​ခွန်​ဒဏ်​​ကြေးများကို...

Read more »