fb-pageview-tracker
Tokyo Century မွ ျမန္မာ ေမာ္ေတာ္ယာဥ္အငွားလုပ္ငန္းလုပ္ကိုင္လ်က္ရွိေသာ Yoma Fleet ၏ အစုရွယ္ယာ ၂၀% ရယူ


Zawgyi Version

ဂ်ပန္ ဘ႑ာေရး ဝန္ေဆာင္မႈကုမၸဏီတစ္ခုျဖစ္ေသာ Tokyo Century သည္ SGX (Singapore Exchange Limited) စာရင္းဝင္ Yoma Strategic Holdings ၏ လက္ေအာက္ခံ ေမာ္ေတာ္ယာဥ္အငွားဝန္ေဆာင္မႈလုပ္ငန္း လုပ္ေဆာင္ေနေသာ Yoma Fleet ၏ အစုရွယ္ယာ ၂၀% ကို အေမရိကန္ေဒၚလာ ၂၆.၆ သန္းျဖင့္ ရယူေတာ့မည္ျဖစ္ေၾကာင္း ျပီးခဲ့ေသာ တနၤလာေန႕က ေၾကညာခဲ့သည္။

Tokyo Century က Yoma Fleet သည္ ျမန္မာႏိုင္ငံအတြင္းရွိ လုပ္ငန္းမ်ားႏွင့္ တစ္သီးပုဂၢလ ႏွစ္မ်ိဳးစလုံးအတြက္ ေမာ္ေတာ္ယာဥ္ငွားရမ္းျခင္း ဝန္ေဆာင္မႈလုပ္ငန္းတြင္ ဦးေဆာင္ကုမၸဏီျဖစ္သည္ဟု ဆိုသည္။

“ဂ်ပန္ျပည္တြင္းေဈးကြက္အတြင္း ေငြေရးေၾကးေရး ကၽြမ္းက်င္မႈႏွင့္ ေၾကာ္ၾကားမႈရွိျပိးသား Tokyo Century နဲ႕ ေဖါက္သည္မ်ားစြာရွိထားျပိး credit စိစစ္မႈ လုပ္ႏိုင္စြမ္းရွိျပီးသား Yoma Fleet တို႕ ပူးေပါင္းျခင္းအားျဖင့္ စီးပြားဖက္ေတြဟာ Yoma Fleet ရဲ့ လက္ရွိ ဝန္ေဆာင္မႈလုပ္ငန္းေတြကို ပိုမိုၾကီးထြားလာေအာင္ လုပ္ေဆာင္ႏုိင္မွာျဖစ္တဲ့အျပင္ အနာဂတ္ စီးပြားေရးလမ္းေၾကာင္းေတြကို တိုးခ်ဲ႕ႏိုင္မယ့္ အခြင့္အလမ္းေတြကိုလည္း ရွာေဖြႏိုင္မွာပါ” ဟု ဂ်ပန္အဖြဲ႕အစည္းဘက္မွ ေျပာၾကားခဲ့သည္။

Yoma Fleet ျဖင့္ ပူးေပါင္းလုပ္ေဆာင္ျခင္းအားျဖင့္ Tokyo Century သည္ သူ၏ ဂ်ပန္ႏိုင္ငံျပင္ပ ေမာ္ေတာ္ယာဥ္လုပ္ငန္းကို တိုးခ်ဲ႕လာႏုိင္မည္ျဖစ္သည့္အျပင္ ျမန္မာႏုိင္ငံ၏ ေမာ္ေတာ္ယာဥ္က႑ ဖြံျဖိဳးတိုးတက္ေရးအတြက္လည္း ပံ့ပိုးေပးသြားႏိုင္မည္ျဖစ္သည္။

လူဦးေရအားျဖင့္ ၅၂ သန္းခန္႕ရွိေသာ ျမန္မာႏုိင္ငံသည္ လာမည့္ႏွစ္မ်ားအတြင္း ခိုင္မာသည့္ စီးပြားေရးတိုးတက္မႈမ်ားရွိလာလိမ့္မည္ဟု ေမွ်ာ္လင့္စရာမ်ားရွိေနသည္။ လက္ရွိအခ်ိန္တြင္ ASEAN ေဒသအတြင္း ျမန္မာႏိုင္ငံသည္ ေမာ္ေတာ္ယာဥ္အသစ္ ေရာင္းအား အျမင့္ဆုံးျဖစ္ေနေသာ ႏုိင္ငံျဖစ္ျပီး ၾကီးမားသည့္ ေမာ္ေတာ္ယာဥ္ေဈးကြက္တစ္ခု ျဖစ္လာႏုိင္ဖြယ္အလားအလာရွိေသာ ႏုိင္ငံတစ္ႏိုင္ငံလည္းျဖစ္သည္။

Yoma Strategic သည္ Serge Pun & Associates Limited အဖြဲ႕အစည္းၾကီး၏ ကုမၸဏီတစ္ခုျဖစ္ျပီး ၎အဖြဲ႕အစည္းမွာ ျမန္မာႏုိင္ငံအတြင္း အိမ္ ျခံ ေျမ၊ စားသုံးကုန္၊ ေမာ္ေတာ္ယာဥ္ႏွင့္ စက္မႈ၊ ဘ႑ာေရးဝန္ေဆာင္မႈႏွင့္ ရင္းႏွီးျမွဳပ္ႏွံမႈလုပ္ငန္းမ်ား လုပ္ကိုင္လ်က္ရွိသည္။

Tokyo Century သည္ အေရွ႕ေတာင္အာရွအတြင္း တကၠဆီအငွားဝန္ေဆာင္မႈစနစ္ စြန္႕ဦးလုပ္ကိုင္၍ ေအာင္ျမင္လ်က္ရွိေသာ စင္ကာပူအေျခစိုက္ Grab ထံတြင္လည္း ျပီးခဲ့ေသာ ဇန္နဝါရီလအတြင္း ရင္းႏွီးျမွဳပ္ႏွံမႈမ်ားျပဳလုပ္ခဲ့ေသးသည္။ Tokyo Century သည္ Grab ၌ ၂၀၁၆ ခုႏွစ္မွ ၂၀၁၈ ခုႏွစ္အတြင္း ရင္းႏွီးျမွဳပ္ႏွံမႈမ်ားျပဳလုပ္ခဲ့ျပီး ယေန႕အခ်ိန္တြင္ ၎၏ရင္းႏီွးျမွဳပ္ႏွံမႈပမာဏမွာ အငွားယာဥ္ဝန္ေဆာင္မႈလုပ္ငန္းအပါအဝင္ အေမရိကန္ေဒၚလာ ၁၇၅ သန္းအထိပင္ရွိ၍ေနျပီျဖစ္သည္။

Tokyo Century သည္ ျပီးခဲ့ေသာ ေမလအတြင္းက Lippo လုပ္ငန္းစုၾကီးမွ ထိန္းခ်ဳပ္ထားေသာ အင္ဒိုနီးရွားႏိုင္ငံရွိ Nobu ဘဏ္တြင္လည္း အစုရွယ္ယာ ၅% ကို ရယူထားခဲ့ေသးသည္။

Ref: Tokyo Century picks 20% stake in Myanmar auto leasing firm Yoma Fleet by Ka Kay Lum


Unicode Version

ဂျပန် ဘဏ္ဍာရေး ဝန်ဆောင်မှုကုမ္ပဏီတစ်ခုဖြစ်သော Tokyo Century သည် SGX (Singapore Exchange Limited) စာရင်းဝင် Yoma Strategic Holdings ၏ လက်အောက်ခံ မော်တော်ယာဉ်အငှားဝန်ဆောင်မှုလုပ်ငန်း လုပ်ဆောင်နေသော Yoma Fleet ၏ အစုရှယ်ယာ ၂၀% ကို အမေရိကန်ဒေါ်လာ ၂၆.၆ သန်းဖြင့် ရယူတော့မည်ဖြစ်ကြောင်း ပြီးခဲ့သော တင်္နလာနေ့က ကြေညာခဲ့သည်။

Tokyo Century က Yoma Fleet သည် မြန်မာနိုင်ငံအတွင်းရှိ လုပ်ငန်းများနှင့် တစ်သီးပုဂ္ဂလ နှစ်မျိုးစလုံးအတွက် မော်တော်ယာဉ်ငှားရမ်းခြင်း ဝန်ဆောင်မှုလုပ်ငန်းတွင် ဦးဆောင်ကုမ္ပဏီဖြစ်သည်ဟု ဆိုသည်။

“ဂျပန်ပြည်တွင်းဈေးကွက်အတွင်း ငွေရေးကြေးရေး ကျွမ်းကျင်မှုနှင့် ကြော်ကြားမှုရှိပြိးသား Tokyo Century နဲ့ ဖေါက်သည်များစွာရှိထားပြိး credit စိစစ်မှု လုပ်နိုင်စွမ်းရှိပြီးသား Yoma Fleet တို့ ပူးပေါင်းခြင်းအားဖြင့် စီးပွားဖက်တွေဟာ Yoma Fleet ရဲ့ လက်ရှိ ဝန်ဆောင်မှုလုပ်ငန်းတွေကို ပိုမိုကြီးထွားလာအောင် လုပ်ဆောင်နိုင်မှာဖြစ်တဲ့အပြင် အနာဂတ် စီးပွားရေးလမ်းကြောင်းတွေကို တိုးချဲ့နိုင်မယ့် အခွင့်အလမ်းတွေကိုလည်း ရှာဖွေနိုင်မှာပါ” ဟု ဂျပန်အဖွဲ့အစည်းဘက်မှ ပြောကြားခဲ့သည်။

Yoma Fleet ဖြင့် ပူးပေါင်းလုပ်ဆောင်ခြင်းအားဖြင့် Tokyo Century သည် သူ၏ ဂျပန်နိုင်ငံပြင်ပ မော်တော်ယာဉ်လုပ်ငန်းကို တိုးချဲ့လာနိုင်မည်ဖြစ်သည့်အပြင် မြန်မာနိုင်ငံ၏ မော်တော်ယာဉ်ကဏ္ဍ ဖွံဖြိုးတိုးတက်ရေးအတွက်လည်း ပံ့ပိုးပေးသွားနိုင်မည်ဖြစ်သည်။

လူဦးရေအားဖြင့် ၅၂ သန်းခန့်ရှိသော မြန်မာနိုင်ငံသည် လာမည့်နှစ်များအတွင်း ခိုင်မာသည့် စီးပွားရေးတိုးတက်မှုများရှိလာလိမ့်မည်ဟု မျှော်လင့်စရာများရှိနေသည်။ လက်ရှိအချိန်တွင် ASEAN ဒေသအတွင်း မြန်မာနိုင်ငံသည် မော်တော်ယာဉ်အသစ် ရောင်းအား အမြင့်ဆုံးဖြစ်နေသော နိုင်ငံဖြစ်ပြီး ကြီးမားသည့် မော်တော်ယာဉ်ဈေးကွက်တစ်ခု ဖြစ်လာနိုင်ဖွယ်အလားအလာရှိသော နိုင်ငံတစ်နိုင်ငံလည်းဖြစ်သည်။

Yoma Strategic သည် Serge Pun & Associates Limited အဖွဲ့အစည်းကြီး၏ ကုမ္ပဏီတစ်ခုဖြစ်ပြီး ၎င်းအဖွဲ့အစည်းမှာ မြန်မာနိုင်ငံအတွင်း အိမ် ခြံ မြေ၊ စားသုံးကုန်၊ မော်တော်ယာဉ်နှင့် စက်မှု၊ ဘဏ္ဍာရေးဝန်ဆောင်မှုနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည်။

Tokyo Century သည် အရှေ့တောင်အာရှအတွင်း တက္ကဆီအငှားဝန်ဆောင်မှုစနစ် စွန့်ဦးလုပ်ကိုင်၍ အောင်မြင်လျက်ရှိသော စင်ကာပူအခြေစိုက် Grab ထံတွင်လည်း ပြီးခဲ့သော ဇန်နဝါရီလအတွင်း ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ခဲ့သေးသည်။ Tokyo Century သည် Grab ၌ ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ခဲ့ပြီး ယနေ့အချိန်တွင် ၎င်း၏ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အငှားယာဉ်ဝန်ဆောင်မှုလုပ်ငန်းအပါအဝင် အမေရိကန်ဒေါ်လာ ၁၇၅ သန်းအထိပင်ရှိ၍နေပြီဖြစ်သည်။

Tokyo Century သည် ပြီးခဲ့သော မေလအတွင်းက Lippo လုပ်ငန်းစုကြီးမှ ထိန်းချုပ်ထားသော အင်ဒိုနီးရှားနိုင်ငံရှိ Nobu ဘဏ်တွင်လည်း အစုရှယ်ယာ ၅% ကို ရယူထားခဲ့သေးသည်။

Ref: Tokyo Century picks 20% stake in Myanmar auto leasing firm Yoma Fleet by Ka Kay Lum

Latest News

ရန္ကုန္လိုင္စင္ကို စနစ္တစ္ခုျဖင့္ ယခုနွစ္အတြင္း...

Zawgyi Version လိုင္စင္ကို Yangon Vehicle Quota Certificate (YVQC) စနစ္ျဖင့္ တန္ဖိုးသတ္မွတ္၍ ယခုနွစ္အတြင္း ခြင့္ျပဳခ်ထားေပးရန္...

Read more »

Lexus RX 2019 Review (International)

Zawgyi Version တည္ေဆာက္ပုံေကာင္းမြန္ျပီး ေမာင္းႏွင္ရတာ ဇိမ္က်တဲ့ Lexus RX 2019 ကေတာ့ hybrid အင္ဂ်င္နဲ႕ပဲ အေကာင္းဆုံးဝယ္ယူရရွိႏိုင္ပါတယ္။...

Read more »

ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရး...

Zawgyi Version ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္ကြပ္ကဲမႈအာဏာပိုင္အဖြဲ႕ (YRTA) သို႔ ျပည္ပမွ ရင္းႏွီးျမွဳပ္ႏွံမႈမ်ား...

Read more »

ကုန္းေက်ာ္တံတားမွ လမ္းမကူးသူမ်ား၊...

Zawgyi Version ရန္ကုန္ၿမိဳ႕ ဆူးေလလမ္းမနဲ႔ အေနာ္ရထာလမ္းေထာင့္မွာရွိတဲ့ ကုန္းေက်ာ္တံတားေတြမွာ ရန္ကုန္တိုင္းေဒသႀကီး ယာဥ္အႏၱရယ္၊ လမ္းအႏၱရာယ္...

Read more »

ခရီးစဥ္အစအဆုံးကုိ က်ပ္တစ္ေထာင္ႏႈန္းျဖင့္...

Zawgyi Version ရန္ကုန္တုိင္းေဒသႀကီးအတြင္း ခရီးသြားလာမႈ လြယ္ကူအဆင္ေျပေစေရးအတြက္ YBS ခရီးသည္​ယာဥ္​လိုင္​းသစ္၊ ရန္ကုန္ၿမိဳ႕ပတ္ခရီးစဥ္​သစ္ကို...

Read more »