အဖမ်းအဆီးများလို့ဈေးကွက် အ သွားတယ်ဆိုတဲ့ ရန်ကုန်ကားဈေးကွက်

သီရိမင်္ဂလာ ယာဉ်ရောင်းဝယ်ရေးစခန်းရှေ့တွင် ရပ်နားသည့်ယာဉ်များကို ယာဉ်ထိန်းရဲများက ချက်ချင်းလာရောက်ဖမ်းဆီးသဖြင့် ကားလာရောက်ကြည့်ရှုသူများ အခက်တွေ့နေရကြောင်း၊ သီရိမင်္ဂလာ ယာဉ်ရောင်းဝယ်ရေးစခန်းရှေ့တွင် ရပ်တန့်သည့်ယာဉ်များကို ချက်ချင်းဖမ်းဆီးအရေးယူသော်လည်း စခန်းနှင့်မျက်နှာချင်းဆိုင်လမ်းတွင် ရပ်နားထားသည့် ယာဉ်များအား အရေးမယူခြင်းကို နားမလည်နိုင်အောင်ဖြစ်ရကြောင်း ဝယ်ရောင်းကြီးများက ဆိုသည်။

7408509744_1c0dcc5c60

လက်ရှိဈေးကွက်ထဲတွင် သိန်းတစ်ရာဝန်းကျင်ကားများ အရောင်းအဝယ်ဖြစ်နေပြီး အရည်ကျိုကားများနှင့် အ အက္ခရာကားများ ဈေးနှုန်းမြင့်တက်လာခဲ့သည်။ အမြင့်ကားများမှာ နယ်ဝယ်လက်များဆင်းသည့်နေ့တွင်သာ အရောင်းအဝယ်ဖြစ်ပြီး ကျန်ရက်များတွင် အရောင်းအဝယ်အေးကြောင်း သိရှိရသည်။

လက်ရှိဈေးကွက်ထဲတွင် ၁၃၀၀ စီစီ ကားများနှင့် ၁၅၀၀ စီစီ ကားများအမေးရှိသော်လည်း ဝယ်

သူများပေးသည့်ဈေးဖြင့်သာ ရောင်းချနေရကြောင်း၊ ဈေးကွက်မှာ ဝယ်သူဈေးကွက်ဖြစ်နေကြောင်း ဝယ်ရောင်းကြီးများက ပြောကြားသည်။ နယ်ဝယ်လက်များထဲတွင် အထက်မြန်မာပြည်မှ ဝယ်လက်များကို အဓိက အားထားနေရကြောင်း သိရှိရသည်။

မင်းရဲကျော်စွာ ယာဉ်ရောင်းဝယ်ရေးစခန်းတွင်မူ အရောင်းအဝယ်ပုံမှန်ဖြစ်နေကြောင်း ယင်းဝင်းအတွင်းရှိ ဝယ်ရောင်းကြီးများက ပြောကြားသည်။ သီရိမင်္ဂလာတွင် ဝယ်ယူမှုအဆင်မပြေသဖြင့် ဝယ်လက်များမှာ မင်းရဲကျော်စွာသို့ ဆင်းလာခြင်းဖြစ်နိုင်ကြောင်း ၎င်းတို့ကဆိုသည်။ လက်ရှိဈေးကွက်ထဲတွင် နေ့စဉ်အစီး ၂၀ ခန့် ပုံမှန်အရောင်းအဝယ်ဖြစ်နေပြီး နယ်ဝယ်လက်များဆင်းလာသည့်နေ့တွင် အရောင်းအဝယ်ပိုဖြစ်ကြောင်း သိရှိရသည်။

စလစ်များအဝယ်လိုက်လာသဖြင့် ဈေးအနည်းငယ်မြင့်တက်လာသဖြင့် မင်းရဲကျော်စွာယာဉ်ရောင်းဝယ်ရေးစခန်းတွင် အပ်ကားဈေးကွက်ကောင်းမွန်နေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

Auto Mobile Weekly Journal မှ ကူးယူဖော်ပြသည်။

Photo credit by cumi&ciki

Latest News

ကညနနှစ်လဲ​ယာဉ်​စစ်​​ဆေးခြင်း လုပ်​ငန်းကို...

Car exchange auto yangon ka nya na 150x150

ကညန နှစ်လဲ​ယာဉ်​စစ်​​ဆေးခြင်း လုပ်​ငန်း ပုဂ္ဂလိကအား သတ်​မှတ်​ချက်​နဲ့အညီ ​လုပ်​ကိုင်​ခွင့်​ပြုသွားမည်​ဖြစ်​​တယ်လို့...

Read more »

ယနေ့ (၂၃.၃.၂၀၁၇) အတွက်...

Weeklyupdate23317 150x150

စလစ်ဈေး- ၁၁၃ သိန်းဒေါ်လာဈေး - (၁ ဒေါ်လာလျှင် ၁၃၆၂ ကျပ်) ဂျပန်ယန်းဈေး - (၁၀၀ ယန်း လျှင် ၁၂၂၁.၇ ကျပ်) ကညန နောက်ဆုံးရောက်ရှိနံပါတ်...

Read more »

သင်္ကြန်​ကာလအ​ဝေး​ပြေးယာဉ်​လိုင်းများယာဉ်​စီးခတိ...

Thingyan 150x150

 မဟာသင်္ကြန်​ကာလအတွင်း ​နေရပ်​ပြန်​မည့်​ ခရီးသွားပြည်​သူများအဆင်​​ပြေစွာ သွားလာနိုင်​ရန်​နှင့်​ယခင်​နှစ်​များထက်​ ခရီးသွားလာရာတွင်...

Read more »

Delivery Van ကားများနှင့်​ နိဗ္ဗာန်​ယာဉ်​ကားများ...

Delivery van 150x150

Delivery Van ကားများနှင့်​ နိဗ္ဗာန်​ယာဉ်​ကားများ မှတ်​ပုံတင်​ထုတ်​​ပေးရာတွင်​ လူစီးယာဉ်​အဖြစ်​အသုံးပြုခွင့်​မရှိ​ကြောင်း...

Read more »

ဧပြီ ၁...

Toll fees 150x150

ရန်​ကုန်​မြို့သန်​လျှင်​မြို့နယ်​ရှိ ခရမ်း၊​ကျောက်​တန်း၊သုံးခွ မြို့နယ်​များသို့ ဆက်​သွယ်​တန်းထား​သော သန်​လျှင်​တံတားအမှတ်​( ၁)လာမည့်​...

Read more »
Download Android App