fb-pageview-tracker
အိတ္ေဇာပိုက္က ေက်ာက္ဇကာရဲ့ တန္ဖိုး

Zawgyi Version

အိတ္ေဇာပုိက္က ေက်ာက္ဇကာဆုိတာဘာလဲ? ဘာေၾကာင့္တန္ဖုိးရွိတာလဲ? ေက်ာက္ဇကာခြဲထုတ္လုိက္ရင္ ဘာျဖစ္တတ္သလဲ?

ကားေလာက အေခၚအေဝၚအတုိင္း ေက်ာက္ဇကာလုိ႕ေခၚလုိက္တာပါ။ နာမည္အရင္းက catalytic converter ပါ ။ Catalytic converter ဆုိတာက catalyst ဆုိတဲ့ ကုိယ္တုိင္မေျပာင္းလဲေသာ္လည္း ဓာတ္ျပဳမႈကုိ လ်င္ျမန္စြာေျပာင္းလဲေစေသာ ဓာတ္ကူပစၥည္း ဆုိတဲ့စကားလံုးကေနလာတာပါ။ သူ႕ရဲ့လုပ္ေဆာင္ခ်က္က အိတ္ေဇာမန္နီဖုိး (exhaust manifold) ကေနထြက္လာတဲ့ အဆိပ္ရွိျပီး ပတ္ဝန္းက်င္ကုိ အႏၱရာယ္ျပဳမယ့္
ဓာတ္ေငြ႕ေတြရဲ့ အႏၱရာယ္အဆင့္နိမ့္က်သြားေအာင္ ဓာတ္ေျပာင္းလဲမႈျဖစ္ေပၚေစဖို႕အတြက္ ဓာတ္ကူပစၥည္းအျဖစ္ေဆာင္ရြက္ေပးတာပါ။

သူကဘယ္လုိလုပ္ေဆာင္ေပးသလဲဆုိရင္ က်ေနာ္တုိ႕ ၉ တန္း၊ ၁၀ တန္း ဓာတုေဗဒ (chemistry) 
ဘာသာရပ္မွာသင္ရတဲ့ ေအာက္ဆီဂ်င္နဲ႕ ေပါင္းျပီးဓာတ္တုိးသည့္ျဖစ္စဥ္ႏွင့္ ဓာတ္ေလ်ာ့သည့္ျဖစ္စဥ္ (oxidation and reduction reaction) အေျခခံသေဘာတရားကုိသံုးျပီး အဆိပ္ေငြ႕ေတြကုိ ေလ်ာ့က်ေအာင္လုပ္ေဆာင္ပါတယ္။

ကားရဲ့ ဓာတ္ဆီအင္ဂ်င္နဲ႕ ဒီဇယ္အင္ဂ်င္ကေနထြက္လာတဲ့ အေငြ႕ေတြမွာ အဆိပ္ဓာတ္ေငြ႕နဲ႕ ပတ္ဝန္းက်င္ကုိ အႏၱရာယ္ျဖစ္ေစတဲ့ ဓာတ္ေငြ႕ေတြပါပါတယ္။

အဲ့ဒါေတြက CO (carbon monoxide)၊ 
HC (unburned hydrocarbons) စြမ္းအင္အျဖစ္အကုန္မေလာင္ကြ်မ္းဘဲ က်န္ေနတဲ့ ေလာင္စာဆီေတြ
၊ NoX (oxides of nitrogen) အစရွိတဲ့ ဓာတ္ေငြ႕ေတြပါ။

အဲဒီဓာတ္ေငြ႕ေတြကုိ ေအာက္ပါ ဓာတုဓာတ္ေျပာင္းလဲျခင္း ညီမွ်ျခင္းေတြသံုးျပီး ေျပာင္းလဲပါတယ္။
ဥပမာ။      ။ 
ဓာတ္ေလွ်ာ့ညီမွ်ျခင္း (reduction reaction) ကုိသံုးျပီး အဆိပ္ရွိတဲ့ နိုက္ထရုိဂ်င္ေအာက္ဆုိက္ကုိ အဆိပ္မရွိတဲ့ ေအာက္ဆီဂ်င္ႏွင့္ ႏိုက္ထရုိဂ်င္အျဖစ္ေျပာင္းလဲေပးပါတယ္။ 
NoX (oxides of nitrogen ) = N2 (nitrogen) + O2 (oxygen)

ဥပမာ။      ။ 
ဓာတ္တုိးညီမွ်ျခင္း (oxidation reaction) ကုိသံုးျပီး ပတ္ဝန္းက်င္ကုိ အႏၱရာယ္ျဖစ္ေစတဲ့ ဓာတ္ေငြ႕ေတြကုိ ေအာက္ဆီဂ်င္နဲ႕ေပါင္းျပီး အႏၱရာယ္ေလ်ာ့ပါးေအာင္ျပဳလုပ္ေပးပါတယ္။
CO (carbon monoxide ) + O2 (oxygen) = CO2 (carbon dioxide)
HC (hydrocarbons) + O2 (oxygen) = H2O (Water) + CO2 (carbon dioxide)
Catalytic converter က ကုိယ္တုိင္ဓာတ္ေျပာင္းလဲမႈ မရွိေပမယ့္ အဲဒီအထက္က ဓါတုပုံေသနည္းေတြ အတုိင္း ဓာတ္ေငြ႕ေတြတစ္ခုခုနဲ႕ တစ္ခုခု ေပါင္းစီးဖုိ႕၊ ခြဲထြက္ဖုိ႕ကုိ လ်င္လ်င္ျမန္ျမန္ျဖစ္ေပၚလာေအာင္ ေဆာင္ရြက္ေပးျပီး ကားအင္ဂ်င္ကေနထြက္ေပၚလာတဲ့ လူကုိဒုကၡေပးမယ့္ အဆိပ္ဓာတ္ေငြ႕တြနဲ႕၊ ပတ္ဝန္းက်င္ကုိ ညစ္ညမ္းေစမယ့္ ဓာတ္ေငြ႕ေတြကုိ အႏၱရာယ္မျဖစ္ေစမယ့္ ဓာတုေျပာင္းလဲမႈေတြျဖစ္ေပၚလာေအာင္ ကူညီေဆာင္ရြက္ေပးပါတယ္။

ဒါက catalytic converter ေခၚ ေက်ာက္ဇကာရဲ့ အလုပ္လုပ္ပံုေတြပါ။

(Catalytic converter) ေက်ာက္ဇကာက ဘာလုိ႕ေရာင္းစားလုိ႕ရတာလဲ?

အခုကားေတာ္ေတာ္မ်ားမ်ားမွာ ေက်ာက္ဇကာ ခြဲေရာင္းရင္ ၂ ေသာင္းခြဲ ၃ ေသာင္းကေန သိန္းဂဏန္းနားအထိ ရႏုိင္တယ္လုိ႕ ၾကားသိရပါတယ္။ ေက်ာက္ဇကာအလကားခြဲေပးတယ္ဆုိတဲ့ ဆုိင္ေတြလည္း ေနရာေတာ္ေတာ္မ်ားမ်ားမွာ ေတြ႕လာရပါတယ္။ ေက်ာက္ဇကာကုိ ဘာေၾကာင့္ဝယ္တာလဲဆုိရင္ ေက်ာက္ဇကာထဲမွာပါတဲ့ တန္ဖုိးရွိတဲ့အရာေတြေၾကာင့္ပါ။ ေက်ာက္ဇကာထဲမွာ ဘာေတြပါလဲေျပာျပပါမယ္။

ေက်ာက္ဇကာ (catalytic converter) ရဲ႕ပံုစံက ပ်ားအံု၊ ပတူအံုတို႕လုိပံုစံမ်ိဳးေတြပါ။ ေက်ာက္ဇကာထဲမွာ အဓိက အလုပ္လုပ္တဲ့ (oxidation and reduction reaction) ေနရာႏွစ္ခုရွိျပီး တန္ဖုိးၾကီးေက်ာက္သံုးမ်ိဳးပါဝင္ပါတယ္။

၁။ Platinum (ဓာတ္တုိးျခင္း၊ ဓာတ္ေလ်ာ့ျခင္းႏွစ္မ်ိဳးစလံုးကုိျဖစ္ေစတဲ့ ေရႊျဖဴ လို႕ေခၚတဲ့ ပလက္တီနမ္)

၂။ Rhodium (ဓာတ္ေလ်ာ့ျခင္းျဖစ္စဥ္ကုိ ျဖစ္ေပၚေစတဲ့ အျဖဴေရာင္ သတၱဳျဒပ္စင္)

၃။ Palladium (ေအာက္ဆီဂ်င္ႏွင့္ေပါင္းျပီး ဓာတ္တုိးျဖစ္စဥ္ကုိျဖစ္ေပၚေစတဲ့ ပလက္တီနမ္ႏြယ္ဝင္ သတၱဳျဒပ္စင္)

ဆုိတဲ့ တန္ဖုိးရွိ သတၱဳျဒပ္စင္သံုးမ်ိဳးက ထုတ္လုပ္တဲ့ပံုစံနဲ႕ ထုတ္လုပ္တဲ့ေနရာအေပၚမူတည္ျပီး ၃ ဂရမ္ကေန ၇ ဂရမ္အထိ 
အဓိက ပါဝင္တာပါ။ ဒါ့အျပင္ Copper ၊ Nickel ၊ Cerium ၊ Iron ႏွင့္ Manganese ဆုိတဲ့ အျခားသတၱဳေတြလည္းပါဝင္ပါေသးတယ္။ အဲ့ဒီသတၱဳေတြေၾကာင့္ ေရာင္းစားလုိ႕ရတာပါ ။

ဒါကေတာ့ ကားေလာက အေခၚ ေက်ာက္ဇကာ (catalytic converter) ရဲ့အေၾကာင္းတစ္စိတ္တစ္ပုိင္းပါ။

ေက်ာက္ဇကာ ခြဲရင္ဘာေတြျဖစ္တတ္သလဲ? ကား exhaust system က ေအာက္ဆီဂ်င္ဆန္ဆာ (oxygen sensor) ေတြက ဘယ္လုိအလုပ္လုပ္သလဲ?

ေက်ာက္ဇကာဆုိတဲ့ catalytic converter ကုိခြဲထုတ္လုိက္ရင္ ဘာျဖစ္တတ္သလဲဆုိတာသိဖုိ႕အတြက္ ကားအိတ္ေဇာစနစ္က ေက်ာက္ဇကာနဲ႕တြဲဖက္အလုပ္လုပ္ေနတဲ့ oxygen sensor ေတြရဲ့အလုပ္လုပ္ပံုေတြကုိ နားလည္ဖုိ႕လုိပါတယ္။

Oxygen sensor ကုိ 1976 ခုနွစ္ Volvo 240 မွာစတင္တီထြင္အသံုးျပဳခဲ့ပါတယ္။ 1980 ျပည့္နွစ္မွာေတာ့ ကယ္လီဖုိးနီးယား ျပည္နယ္မွာ ေလထုညစ္ညမ္းမႈထိန္းခ်ဳပ္ေရး ဥပေဒျပ႒ာန္းမႈေတြလုပ္လာျပီး
1981 ေနာက္ပုိင္းကားတုိင္းမွာ oxygen sensor ေတြကို ဥပေဒအရ မတပ္မေန တပ္ဆင္အသံုးျပဳခဲ့ၾကပါတယ္။ အခုေနာက္ဆံုးေပၚ oxygen sensor ေတြကေတာ့ 1996 ခုနွစ္မွာစတင္ခဲ့တဲ့ OBD2 (On-board 
diagnostics) နည္းပညာသံုး oxygen sensor ေတြပါ။ Oxygen sensor ေတြကုိ ပံုမွန္အားျဖင့္ အိတ္ေဇာပုိက္မွာတပ္ဆင္ျပီး ေက်ာက္ဇကာ (catalytic converter) ရဲ့ေရွ႕မွာ (upstream/pre-cat sensor) အျဖစ္တစ္လံုး၊ ေက်ာက္ဇကာ (catalytic converter) ရဲ့ေနာက္မွာ (downstream/post-cat sensor) အျဖစ္တပ္ဆင္ျပီး အခ်ိဳ႕ေမာ္ဒယ္ကားေတြမွာေတာ့ oxygen sensor အနည္းဆံုး ၁ လံုးကေန ၃-၄ လံုးအထိတပ္ဆင္အသံုးျပဳၾကပါတယ္။

Oxygen sensor ရဲ့အေျခခံဖြဲ႕စည္းပံုက zirconium dioxide ျဒပ္စင္ကုိ oxygen sensor ရဲ့ထိပ္ဆံုးမွာ steel sheel ဆုိတဲ့ ကာဗာနဲ႕ဖံုးအုပ္ထားျပီး အာရံုခံဝတၱဳပစၥည္းအျဖစ္အသံုးျပဳပါတယ္။အဲဒီ အာရံုခံပစၥည္းကုိ platinum electrode ရယ္ wire leads line ေတြရယ္နဲ႕ဆက္သြယ္ထားပါတယ္။ Oxygen sensor ရဲ့အေျခခံအလုပ္လုပ္ပံုက chemical formula ျဖစ္တဲ့ O2 (ေအာက္ဆီဂ်င္အက္တမ္ေတြဟာ အျမဲစံုတြဲပဲ ေရြ႕လ်ားပါတယ္) အက္တမ္ေတြေရြ႕လ်ားမႈကုိ အာရံုခံတဲ့နည္းပညာေတြကုိ အသံုးျပဳပါတယ္။ (Oxygen sensor အတြင္းအလုပ္လုပ္ပံုေတြ ရႈပ္ေထြးတာမလို႕ အခ်ိန္ရရင္အေသးစိတ္ေရးသားပါ့မယ္)
Oxygen sensor ရဲ့အထူးျပဳ လုပ္ေဆာင္ခ်က္ေတြက Oxygen sensor ဟာအိတ္ေဇာကေနထြက္လာတဲ့ အိတ္ေဇာေငြ႕ေတြထဲကေန ေအာက္ဆီဂ်င္ကုိအာရံုခံျပီး အိတ္ေဇာေငြ႕ေတြထဲမွာ rich mixture (ေအာက္ဆီဂ်င္နည္းျပီး မီးမေလာင္ကြ်မ္းႏုိင္ဘဲ က်န္ခဲ့တဲ့ ေလာင္စာေတြမ်ားေနသလား)၊ lean mixture (ေလာင္စာေတြေလာင္ကြ်မ္းဖုိ႕လုိတဲ့ ေအာက္ဆီဂ်င္ထက္ပုိျပီး ေအာက္ဆီဂ်င္ေတြမ်ားေနသလားဆုိတာကုိ) ECM (Engine Control Module)၊ ECU (Engine Control Unit) ကုိလွမ္းသတင္းပို႕ေပးပါတယ္။

ေယဘုယ်အားျဖင့္ (upstream/pre-cat sensor) ကအိတ္ေဇာေငြ႕ေတြထဲက ေအာက္ဆီဂ်င္ကုိ အာရံုခံျပီး (downstream/post-cat sensor) ကေတာ့ ေက်ာက္ဇကာ (catalytic converter) ရဲ့
စြမ္းေဆာင္ရည္နဲ႕ အဲ့ဒီေက်ာက္ဇကာ (catalytic converter) ကေနထြက္လာတဲ့ ေအာက္ဆီဂ်င္ရဲ့ ပမာဏကုိ အာရံုခံျပီး သတင္းပုိ႕ေပးပါတယ္။ အဲဒီေတာ့မွာ ECM (Engine Control Module) က oxygen sensor ရဲ့သတင္းအခ်က္အလက္ေတြကုိဖတ္ျပီး အင္ဂ်င္ကုိပုိ႕ေပးမယ့္ ေလာင္စာဆီနဲ႕ ေလအခ်ိဳးအစားကုိ လုိအပ္သလုိ အခ်ိဳးခ်ေျပာင္းလဲေပးပါတယ္။ အဲဒါကုိ
 (feedback control loop) လုိ႕ေခၚဆုိပါတယ္။ အဲဒီလုိလုပ္ေပးျခင္းအားျဖင့္ အင္ဂ်င္ရဲ့ လုပ္ေဆာင္ႏုိင္စြမ္းကုိ အျမင့္ဆံုးျဖစ္ေစတယ္။ မလုိအပ္ဘဲ ဆီပုိစားျခင္းကုိ ေလ်ာ့ခ်ေပးတယ္၊ အိတ္ေဇာကေနထြက္လာတဲ့ ညစ္ညမ္းေစတဲ့ အိတ္ေဇာေငြ႕ပမာဏကုိေလ်ာ့က်ေစပါတယ္ ။

ဒီေလာက္ဆုိရင္ အိတ္ေဇာစနစ္ (exhaust system) မွာပါဝင္ေနတဲ့ oxygen sensor ေတြ catalytic converter ေတြဘယ္လုိတြဲဖက္လုပ္ေဆာင္ေနသလဲဆုိတာကုိ အေျခခံအားျဖင့္နားလည္သေဘာေပါက္မယ္ထင္ပါတယ္။ ဒီလုိ
အေျခအေနမ်ိဳးမွာ catalytic converter ေက်ာက္ဇကာကုိ ထုတ္လုိက္မယ္ဆုိရင္ catalytic converter နဲ႕တြဲဖက္ျပီး အတူတကြလုပ္ေဆာင္ေနတဲ့ oxygen sensor ေတြမွာ လုပ္ေဆာင္မႈေတြ အာရံုခံမႈေတြခ်ိဳ႕ယြင္းျပီး သတင္းပုိ႕တဲ့ အခ်က္အလက္ေတြမွားယြင္းကုန္ပါမယ္။ အဲဒီလုိ ခ်ိဳ႕ယြင္းမႈေတြျဖစ္ကုန္တဲ့အတြက္ ECU (Engine Control Unit) ရဲ့လုပ္ေဆာင္ခ်က္ေတြလြဲမွားကုန္ျပီး ပံုမွန္ေလာင္စာဆီနဲ႕ ေလေရာေႏွာမႈအခ်ိဳးအစား (ဥပမာအားျဖင့္ ဓာတ္ဆီ အင္ဂ်င္အတြက္ ျပီးျပည့္စံုတဲ့ ေလနဲ႕ဆီအခ်ိဳးအစားဟာ 14.7:1) မွားယြင္းျပီး အင္ဂ်င္စြမ္းေဆာင္ရည္က်သြားတာေတြ၊ Idle (အင္ဂ်င္အေႏွးလည္ပတ္မႈ) အေျခအေနမွာ အတက္အက် မျငိမ္တာေတြ၊ ေလတံခါး (throttle) မွာမညီညြတ္တဲ့ အဆြဲအရုန္းျဖစ္လာတာေတြ၊ အင္ဂ်င္ စ ႏိႈးရခက္လာတာေတြ၊ ၾကက္ဥပုတ္နံ႕လုိ အနံ႕ဆုိးေတြ အိတ္ေဇာကေနထြက္လာတာေတြ၊ engine check မီးလင္းလာတာေတြ၊ အရင္ထက္ ဆီပုိစားလာတာေတြျဖစ္ေပၚေစပါတယ္။

ဒါကေတာ့ ေက်ာက္ဇကာနဲ႕ပတ္သတ္ဆက္ႏြယ္ျပီး oxygen sensor ေတြနဲ႕ ကားအင္ဂ်င္စနစ္ေတြ ဘယ္လုိဆက္စပ္လုပ္ေဆာင္ေနတယ္ဆုိတာကုိရွင္းျပတာပါ။

တခ်ိဳ႕ေမာ္ဒယ္နိမ့္ကားေတြမွာ ေက်ာက္ဇကာခြဲထုတ္လုိက္လုိ႕ ဘာျပႆနာမွ ေပၚမလာေပမယ့္ တခ်ိဳ.ေမာ္ဒယ္ျမင့္ကားေတြမွာေတာ့ ေက်ာက္ဇကာထုတ္ျပီးေနာက္ပုိင္း oxygen sensor ခ်ိဳ႕ယြင္းမႈေတြကေနတဆင့္ self-diagnostics (ေရာဂါလကၡဏာကုိၾကည့္ျပီး ကုိယ္တုိင္အမည္သတ္မွတ္ျခင္း) 
စနစ္ ျပႆနာေတြတသီတတန္းၾကီးေပၚလာတတ္ပါတယ္။ တျခားႏုိင္ငံေတြမွာေတာ့ 1981 ခုနွစ္ကတည္းက catalytic converter ဆုိတဲ့ ေက်ာက္ဇကာေတြကို ဥပေဒအရ မတပ္မေနရ တပ္ဆင္အသံုးျပဳရျပီး၊ catalytic Converter ေတြကုိ ခြဲထုတ္ျခင္းဟာ ပတ္ဝန္းက်င္ေလထုကုိ ျပင္းထန္စြာညစ္ညမ္းေစတာေၾကာင့္ ဥပေဒအရ တရားမဝင္ဘဲ အေရးယူခံရမွာပါ။ က်ေနာ္တုိ႕ႏုိင္ငံမွာေတာ့ ဆီမသန္႕ရွင္းမႈေၾကာင့္ ေက်ာက္ဇကာပိတ္ဆုိ႕မႈျပႆနာေတြကုိ ရင္ဆုိင္ရတာမလို႕ ေက်ာက္ဇကာခြဲထုတ္တဲ့ ကားေတြအမ်ားၾကီးရွိလာပါတယ္။ ဒါေၾကာင့္ က်ေနာ္တုိ႕ႏုိင္ငံမွာ ေက်ာက္ဇကာခြဲတာေကာင္းလား မေကာင္းဘူးလားဆုိတာကေတာ့ ကားေလာကအသုိင္းအဝိုင္းမွာ တစ္ေယာက္တစ္မ်ိဳးျငင္းခုန္္ေနၾကဆဲပါပဲခင္ဗ်ာ။

စာဖတ္သူ မိတ္ေဆြ ညီကုိေမာင္ႏွမအားလံုး နည္းပညာဗဟုသုတ ၾကြယ္ဝၾကပါေစ။

စာေရးသူ : Lynn Za Nee (P.T.U)


Unicode Version

အိတ်ဇောပိုက်က ကျောက်ဇကာဆိုတာဘာလဲ? ဘာကြောင့်တန်ဖိုးရှိတာလဲ? ကျောက်ဇကာခွဲထုတ်လိုက်ရင် ဘာဖြစ်တတ်သလဲ?

ကားလောက အခေါ်အဝေါ်အတိုင်း ကျောက်ဇကာလို့ခေါ်လိုက်တာပါ။ နာမည်အရင်းက catalytic converter ပါ ။ Catalytic converter ဆိုတာက catalyst ဆိုတဲ့ ကိုယ်တိုင်မပြောင်းလဲသော်လည်း ဓာတ်ပြုမှုကို လျင်မြန်စွာပြောင်းလဲစေသော ဓာတ်ကူပစ္စည်း ဆိုတဲ့စကားလုံးကနေလာတာပါ။ သူ့ရဲ့လုပ်ဆောင်ချက်က အိတ်ဇောမန်နီဖိုး (exhaust manifold) ကနေထွက်လာတဲ့ အဆိပ်ရှိပြီး ပတ်ဝန်းကျင်ကို အန္တရာယ်ပြုမယ့်
ဓာတ်ငွေ့တွေရဲ့ အန္တရာယ်အဆင့်နိမ့်ကျသွားအောင် ဓာတ်ပြောင်းလဲမှုဖြစ်ပေါ်စေဖို့အတွက် ဓာတ်ကူပစ္စည်းအဖြစ်ဆောင်ရွက်ပေးတာပါ။

သူကဘယ်လိုလုပ်ဆောင်ပေးသလဲဆိုရင် ကျနော်တို့ ၉ တန်း၊ ၁၀ တန်း ဓာတုဗေဒ (chemistry) 
ဘာသာရပ်မှာသင်ရတဲ့ အောက်ဆီဂျင်နဲ့ ပေါင်းပြီးဓာတ်တိုးသည့်ဖြစ်စဉ်နှင့် ဓာတ်လျော့သည့်ဖြစ်စဉ် (oxidation and reduction reaction) အခြေခံသဘောတရားကိုသုံးပြီး အဆိပ်ငွေ့တွေကို လျော့ကျအောင်လုပ်ဆောင်ပါတယ်။

ကားရဲ့ ဓာတ်ဆီအင်ဂျင်နဲ့ ဒီဇယ်အင်ဂျင်ကနေထွက်လာတဲ့ အငွေ့တွေမှာ အဆိပ်ဓာတ်ငွေ့နဲ့ ပတ်ဝန်းကျင်ကို အန္တရာယ်ဖြစ်စေတဲ့ ဓာတ်ငွေ့တွေပါပါတယ်။

အဲ့ဒါတွေက CO (carbon monoxide)၊ 
HC (unburned hydrocarbons) စွမ်းအင်အဖြစ်အကုန်မလောင်ကျွမ်းဘဲ ကျန်နေတဲ့ လောင်စာဆီတွေ
၊ NoX (oxides of nitrogen) အစရှိတဲ့ ဓာတ်ငွေ့တွေပါ။

အဲဒီဓာတ်ငွေ့တွေကို အောက်ပါ ဓာတုဓာတ်ပြောင်းလဲခြင်း ညီမျှခြင်းတွေသုံးပြီး ပြောင်းလဲပါတယ်။
ဥပမာ။      ။ 
ဓာတ်လျှော့ညီမျှခြင်း (reduction reaction) ကိုသုံးပြီး အဆိပ်ရှိတဲ့ နိုက်ထရိုဂျင်အောက်ဆိုက်ကို အဆိပ်မရှိတဲ့ အောက်ဆီဂျင်နှင့် နိုက်ထရိုဂျင်အဖြစ်ပြောင်းလဲပေးပါတယ်။ 
NoX (oxides of nitrogen ) = N2 (nitrogen) + O2 (oxygen)

ဥပမာ။      ။ 
ဓာတ်တိုးညီမျှခြင်း (oxidation reaction) ကိုသုံးပြီး ပတ်ဝန်းကျင်ကို အန္တရာယ်ဖြစ်စေတဲ့ ဓာတ်ငွေ့တွေကို အောက်ဆီဂျင်နဲ့ပေါင်းပြီး အန္တရာယ်လျော့ပါးအောင်ပြုလုပ်ပေးပါတယ်။
CO (carbon monoxide ) + O2 (oxygen) = CO2 (carbon dioxide)
HC (hydrocarbons) + O2 (oxygen) = H2O (Water) + CO2 (carbon dioxide)
Catalytic converter က ကိုယ်တိုင်ဓာတ်ပြောင်းလဲမှု မရှိပေမယ့် အဲဒီအထက်က ဓါတုပုံသေနည်းတွေ အတိုင်း ဓာတ်ငွေ့တွေတစ်ခုခုနဲ့ တစ်ခုခု ပေါင်းစီးဖို့၊ ခွဲထွက်ဖို့ကို လျင်လျင်မြန်မြန်ဖြစ်ပေါ်လာအောင် ဆောင်ရွက်ပေးပြီး ကားအင်ဂျင်ကနေထွက်ပေါ်လာတဲ့ လူကိုဒုက္ခပေးမယ့် အဆိပ်ဓာတ်ငွေ့တွနဲ့၊ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေမယ့် ဓာတ်ငွေ့တွေကို အန္တရာယ်မဖြစ်စေမယ့် ဓာတုပြောင်းလဲမှုတွေဖြစ်ပေါ်လာအောင် ကူညီဆောင်ရွက်ပေးပါတယ်။

ဒါက catalytic converter ခေါ် ကျောက်ဇကာရဲ့ အလုပ်လုပ်ပုံတွေပါ။

(Catalytic converter) ကျောက်ဇကာက ဘာလို့ရောင်းစားလို့ရတာလဲ?

အခုကားတော်တော်များများမှာ ကျောက်ဇကာ ခွဲရောင်းရင် ၂ သောင်းခွဲ ၃ သောင်းကနေ သိန်းဂဏန်းနားအထိ ရနိုင်တယ်လို့ ကြားသိရပါတယ်။ ကျောက်ဇကာအလကားခွဲပေးတယ်ဆိုတဲ့ ဆိုင်တွေလည်း နေရာတော်တော်များများမှာ တွေ့လာရပါတယ်။ ကျောက်ဇကာကို ဘာကြောင့်ဝယ်တာလဲဆိုရင် ကျောက်ဇကာထဲမှာပါတဲ့ တန်ဖိုးရှိတဲ့အရာတွေကြောင့်ပါ။ ကျောက်ဇကာထဲမှာ ဘာတွေပါလဲပြောပြပါမယ်။

ကျောက်ဇကာ (catalytic converter) ရဲ့ပုံစံက ပျားအုံ၊ ပတူအုံတို့လိုပုံစံမျိုးတွေပါ။ ကျောက်ဇကာထဲမှာ အဓိက အလုပ်လုပ်တဲ့ (oxidation and reduction reaction) နေရာနှစ်ခုရှိပြီး တန်ဖိုးကြီးကျောက်သုံးမျိုးပါဝင်ပါတယ်။

၁။ Platinum (ဓာတ်တိုးခြင်း၊ ဓာတ်လျော့ခြင်းနှစ်မျိုးစလုံးကိုဖြစ်စေတဲ့ ရွှေဖြူ လို့ခေါ်တဲ့ ပလက်တီနမ်)

၂။ Rhodium (ဓာတ်လျော့ခြင်းဖြစ်စဉ်ကို ဖြစ်ပေါ်စေတဲ့ အဖြူရောင် သတ္တုဒြပ်စင်)

၃။ Palladium (အောက်ဆီဂျင်နှင့်ပေါင်းပြီး ဓာတ်တိုးဖြစ်စဉ်ကိုဖြစ်ပေါ်စေတဲ့ ပလက်တီနမ်နွယ်ဝင် သတ္တုဒြပ်စင်)

ဆိုတဲ့ တန်ဖိုးရှိ သတ္တုဒြပ်စင်သုံးမျိုးက ထုတ်လုပ်တဲ့ပုံစံနဲ့ ထုတ်လုပ်တဲ့နေရာအပေါ်မူတည်ပြီး ၃ ဂရမ်ကနေ ၇ ဂရမ်အထိ 
အဓိက ပါဝင်တာပါ။ ဒါ့အပြင် Copper ၊ Nickel ၊ Cerium ၊ Iron နှင့် Manganese ဆိုတဲ့ အခြားသတ္တုတွေလည်းပါဝင်ပါသေးတယ်။ အဲ့ဒီသတ္တုတွေကြောင့် ရောင်းစားလို့ရတာပါ ။

ဒါကတော့ ကားလောက အခေါ် ကျောက်ဇကာ (catalytic converter) ရဲ့အကြောင်းတစ်စိတ်တစ်ပိုင်းပါ။

ကျောက်ဇကာ ခွဲရင်ဘာတွေဖြစ်တတ်သလဲ? ကား exhaust system က အောက်ဆီဂျင်ဆန်ဆာ (oxygen sensor) တွေက ဘယ်လိုအလုပ်လုပ်သလဲ?

ကျောက်ဇကာဆိုတဲ့ catalytic converter ကိုခွဲထုတ်လိုက်ရင် ဘာဖြစ်တတ်သလဲဆိုတာသိဖို့အတွက် ကားအိတ်ဇောစနစ်က ကျောက်ဇကာနဲ့တွဲဖက်အလုပ်လုပ်နေတဲ့ oxygen sensor တွေရဲ့အလုပ်လုပ်ပုံတွေကို နားလည်ဖို့လိုပါတယ်။

Oxygen sensor ကို 1976 ခုနှစ် Volvo 240 မှာစတင်တီထွင်အသုံးပြုခဲ့ပါတယ်။ 1980 ပြည့်နှစ်မှာတော့ ကယ်လီဖိုးနီးယား ပြည်နယ်မှာ လေထုညစ်ညမ်းမှုထိန်းချုပ်ရေး ဥပဒေပြဋ္ဌာန်းမှုတွေလုပ်လာပြီး
1981 နောက်ပိုင်းကားတိုင်းမှာ oxygen sensor တွေကို ဥပဒေအရ မတပ်မနေ တပ်ဆင်အသုံးပြုခဲ့ကြပါတယ်။ အခုနောက်ဆုံးပေါ် oxygen sensor တွေကတော့ 1996 ခုနှစ်မှာစတင်ခဲ့တဲ့ OBD2 (On-board 
diagnostics) နည်းပညာသုံး oxygen sensor တွေပါ။ Oxygen sensor တွေကို ပုံမှန်အားဖြင့် အိတ်ဇောပိုက်မှာတပ်ဆင်ပြီး ကျောက်ဇကာ (catalytic converter) ရဲ့ရှေ့မှာ (upstream/pre-cat sensor) အဖြစ်တစ်လုံး၊ ကျောက်ဇကာ (catalytic converter) ရဲ့နောက်မှာ (downstream/post-cat sensor) အဖြစ်တပ်ဆင်ပြီး အချို့မော်ဒယ်ကားတွေမှာတော့ oxygen sensor အနည်းဆုံး ၁ လုံးကနေ ၃-၄ လုံးအထိတပ်ဆင်အသုံးပြုကြပါတယ်။

Oxygen sensor ရဲ့အခြေခံဖွဲ့စည်းပုံက zirconium dioxide ဒြပ်စင်ကို oxygen sensor ရဲ့ထိပ်ဆုံးမှာ steel sheel ဆိုတဲ့ ကာဗာနဲ့ဖုံးအုပ်ထားပြီး အာရုံခံဝတ္တုပစ္စည်းအဖြစ်အသုံးပြုပါတယ်။အဲဒီ အာရုံခံပစ္စည်းကို platinum electrode ရယ် wire leads line တွေရယ်နဲ့ဆက်သွယ်ထားပါတယ်။ Oxygen sensor ရဲ့အခြေခံအလုပ်လုပ်ပုံက chemical formula ဖြစ်တဲ့ O2 (အောက်ဆီဂျင်အက်တမ်တွေဟာ အမြဲစုံတွဲပဲ ရွေ့လျားပါတယ်) အက်တမ်တွေရွေ့လျားမှုကို အာရုံခံတဲ့နည်းပညာတွေကို အသုံးပြုပါတယ်။ (Oxygen sensor အတွင်းအလုပ်လုပ်ပုံတွေ ရှုပ်ထွေးတာမလို့ အချိန်ရရင်အသေးစိတ်ရေးသားပါ့မယ်)
Oxygen sensor ရဲ့အထူးပြု လုပ်ဆောင်ချက်တွေက Oxygen sensor ဟာအိတ်ဇောကနေထွက်လာတဲ့ အိတ်ဇောငွေ့တွေထဲကနေ အောက်ဆီဂျင်ကိုအာရုံခံပြီး အိတ်ဇောငွေ့တွေထဲမှာ rich mixture (အောက်ဆီဂျင်နည်းပြီး မီးမလောင်ကျွမ်းနိုင်ဘဲ ကျန်ခဲ့တဲ့ လောင်စာတွေများနေသလား)၊ lean mixture (လောင်စာတွေလောင်ကျွမ်းဖို့လိုတဲ့ အောက်ဆီဂျင်ထက်ပိုပြီး အောက်ဆီဂျင်တွေများနေသလားဆိုတာကို) ECM (Engine Control Module)၊ ECU (Engine Control Unit) ကိုလှမ်းသတင်းပို့ပေးပါတယ်။

ယေဘုယျအားဖြင့် (upstream/pre-cat sensor) ကအိတ်ဇောငွေ့တွေထဲက အောက်ဆီဂျင်ကို အာရုံခံပြီး (downstream/post-cat sensor) ကတော့ ကျောက်ဇကာ (catalytic converter) ရဲ့
စွမ်းဆောင်ရည်နဲ့ အဲ့ဒီကျောက်ဇကာ (catalytic converter) ကနေထွက်လာတဲ့ အောက်ဆီဂျင်ရဲ့ ပမာဏကို အာရုံခံပြီး သတင်းပို့ပေးပါတယ်။ အဲဒီတော့မှာ ECM (Engine Control Module) က oxygen sensor ရဲ့သတင်းအချက်အလက်တွေကိုဖတ်ပြီး အင်ဂျင်ကိုပို့ပေးမယ့် လောင်စာဆီနဲ့ လေအချိုးအစားကို လိုအပ်သလို အချိုးချပြောင်းလဲပေးပါတယ်။ အဲဒါကို
 (feedback control loop) လို့ခေါ်ဆိုပါတယ်။ အဲဒီလိုလုပ်ပေးခြင်းအားဖြင့် အင်ဂျင်ရဲ့ လုပ်ဆောင်နိုင်စွမ်းကို အမြင့်ဆုံးဖြစ်စေတယ်။ မလိုအပ်ဘဲ ဆီပိုစားခြင်းကို လျော့ချပေးတယ်၊ အိတ်ဇောကနေထွက်လာတဲ့ ညစ်ညမ်းစေတဲ့ အိတ်ဇောငွေ့ပမာဏကိုလျော့ကျစေပါတယ် ။

ဒီလောက်ဆိုရင် အိတ်ဇောစနစ် (exhaust system) မှာပါဝင်နေတဲ့ oxygen sensor တွေ catalytic converter တွေဘယ်လိုတွဲဖက်လုပ်ဆောင်နေသလဲဆိုတာကို အခြေခံအားဖြင့်နားလည်သဘောပေါက်မယ်ထင်ပါတယ်။ ဒီလို
အခြေအနေမျိုးမှာ catalytic converter ကျောက်ဇကာကို ထုတ်လိုက်မယ်ဆိုရင် catalytic converter နဲ့တွဲဖက်ပြီး အတူတကွလုပ်ဆောင်နေတဲ့ oxygen sensor တွေမှာ လုပ်ဆောင်မှုတွေ အာရုံခံမှုတွေချို့ယွင်းပြီး သတင်းပို့တဲ့ အချက်အလက်တွေမှားယွင်းကုန်ပါမယ်။ အဲဒီလို ချို့ယွင်းမှုတွေဖြစ်ကုန်တဲ့အတွက် ECU (Engine Control Unit) ရဲ့လုပ်ဆောင်ချက်တွေလွဲမှားကုန်ပြီး ပုံမှန်လောင်စာဆီနဲ့ လေရောနှောမှုအချိုးအစား (ဥပမာအားဖြင့် ဓာတ်ဆီ အင်ဂျင်အတွက် ပြီးပြည့်စုံတဲ့ လေနဲ့ဆီအချိုးအစားဟာ 14.7:1) မှားယွင်းပြီး အင်ဂျင်စွမ်းဆောင်ရည်ကျသွားတာတွေ၊ Idle (အင်ဂျင်အနှေးလည်ပတ်မှု) အခြေအနေမှာ အတက်အကျ မငြိမ်တာတွေ၊ လေတံခါး (throttle) မှာမညီညွတ်တဲ့ အဆွဲအရုန်းဖြစ်လာတာတွေ၊ အင်ဂျင် စ နှိုးရခက်လာတာတွေ၊ ကြက်ဥပုတ်နံ့လို အနံ့ဆိုးတွေ အိတ်ဇောကနေထွက်လာတာတွေ၊ engine check မီးလင်းလာတာတွေ၊ အရင်ထက် ဆီပိုစားလာတာတွေဖြစ်ပေါ်စေပါတယ်။

ဒါကတော့ ကျောက်ဇကာနဲ့ပတ်သတ်ဆက်နွယ်ပြီး oxygen sensor တွေနဲ့ ကားအင်ဂျင်စနစ်တွေ ဘယ်လိုဆက်စပ်လုပ်ဆောင်နေတယ်ဆိုတာကိုရှင်းပြတာပါ။

တချို့မော်ဒယ်နိမ့်ကားတွေမှာ ကျောက်ဇကာခွဲထုတ်လိုက်လို့ ဘာပြဿနာမှ ပေါ်မလာပေမယ့် တချို.မော်ဒယ်မြင့်ကားတွေမှာတော့ ကျောက်ဇကာထုတ်ပြီးနောက်ပိုင်း oxygen sensor ချို့ယွင်းမှုတွေကနေတဆင့် self-diagnostics (ရောဂါလက္ခဏာကိုကြည့်ပြီး ကိုယ်တိုင်အမည်သတ်မှတ်ခြင်း) 
စနစ် ပြဿနာတွေတသီတတန်းကြီးပေါ်လာတတ်ပါတယ်။ တခြားနိုင်ငံတွေမှာတော့ 1981 ခုနှစ်ကတည်းက catalytic converter ဆိုတဲ့ ကျောက်ဇကာတွေကို ဥပဒေအရ မတပ်မနေရ တပ်ဆင်အသုံးပြုရပြီး၊ catalytic Converter တွေကို ခွဲထုတ်ခြင်းဟာ ပတ်ဝန်းကျင်လေထုကို ပြင်းထန်စွာညစ်ညမ်းစေတာကြောင့် ဥပဒေအရ တရားမဝင်ဘဲ အရေးယူခံရမှာပါ။ ကျနော်တို့နိုင်ငံမှာတော့ ဆီမသန့်ရှင်းမှုကြောင့် ကျောက်ဇကာပိတ်ဆို့မှုပြဿနာတွေကို ရင်ဆိုင်ရတာမလို့ ကျောက်ဇကာခွဲထုတ်တဲ့ ကားတွေအများကြီးရှိလာပါတယ်။ ဒါကြောင့် ကျနော်တို့နိုင်ငံမှာ ကျောက်ဇကာခွဲတာကောင်းလား မကောင်းဘူးလားဆိုတာကတော့ ကားလောကအသိုင်းအဝိုင်းမှာ တစ်ယောက်တစ်မျိုးငြင်းခုန်နေကြဆဲပါပဲခင်ဗျာ။

စာဖတ်သူ မိတ်ဆွေ ညီကိုမောင်နှမအားလုံး နည်းပညာဗဟုသုတ ကြွယ်ဝကြပါစေ။

စာရေးသူ : Lynn Za Nee (P.T.U)

Latest News

ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရး...

Zawgyi Version ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္ကြပ္ကဲမႈအာဏာပိုင္အဖြဲ႕ (YRTA) သို႔ ျပည္ပမွ ရင္းႏွီးျမွဳပ္ႏွံမႈမ်ား...

Read more »

ကုန္းေက်ာ္တံတားမွ လမ္းမကူးသူမ်ား၊...

Zawgyi Version ရန္ကုန္ၿမိဳ႕ ဆူးေလလမ္းမနဲ႔ အေနာ္ရထာလမ္းေထာင့္မွာရွိတဲ့ ကုန္းေက်ာ္တံတားေတြမွာ ရန္ကုန္တိုင္းေဒသႀကီး ယာဥ္အႏၱရယ္၊ လမ္းအႏၱရာယ္...

Read more »

ခရီးစဥ္အစအဆုံးကုိ က်ပ္တစ္ေထာင္ႏႈန္းျဖင့္...

Zawgyi Version ရန္ကုန္တုိင္းေဒသႀကီးအတြင္း ခရီးသြားလာမႈ လြယ္ကူအဆင္ေျပေစေရးအတြက္ YBS ခရီးသည္​ယာဥ္​လိုင္​းသစ္၊ ရန္ကုန္ၿမိဳ႕ပတ္ခရီးစဥ္​သစ္ကို...

Read more »

တစ္​ႏိုင္​ငံလံုးတြင္​ ၄ လအတြင္​း လိုင္​စင္​မဲ့...

Zawgyi Version တစ္​ႏိုင္​ငံလံုးအတိုင္​းအတာအရ ၂၀၁၉ ခုႏွစ္​ ၄ လတာကာလအတြင္​း တရားမဝင္​ စီးနင္​း​ေမာင္​းႏွင္​​ေနလ်က္​ရွိသည္​့...

Read more »

မီးသံေခါက္ျခင္းႏွင့့္ ပတ္သက္၍

Zawgyi Version သင့္ကား ဘာလုိ႕ မီးသံေခါက္တာလဲ? အခု ဂ်ပန္ တစ္ပတ္ရစ္ကားေလာကမွာ အျဖစ္အမ်ားဆံုး ျပႆနာေတြထဲက တစ္ခုကေတာ့ "တက္တက္တက္၊...

Read more »