သာကေတ မြစ်ကူးတံတားသစ်တစ်စင်း ယခုနှစ်အတွင်း တည်ဆောက်မည်

သီလ၀ါဆိပ်ကမ်းမှတစ်ဆင့် ရန်ကုန်မြို့တွင်းသို့ လာရောက်မည့် ကုန်စည်တင်ယာဉ်များယာဉ် ကြောကျပ်တည်းမှု လျော့ကျစေရန် သာကေတ မြစ်ကူးတံတားသစ် တစ်စင်း ယခုနှစ်အတွင်း တည်ဆောက်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ပို့ဆောင်ရေးဝန်ကြီး ဦးအောင်ခင်က ဇန်န၀ါရီ ၁၄ ရက်၊ ရန်ကုန်မြို့၊ Asia Plaza Hotel တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။River-Bridge
အဆိုပါ တံတားသစ်အား ပုဇွန်တောင်မြို့နယ်နှင့် ဒေါပုံမြို့နယ်တို့ကို ချိတ်ဆက် တည်ဆောက်သွားမည် ဖြစ်ပြီး ရန်ကုန်မြို့ပြ သယ်ယူပို့ဆောင်ရေး စီမံကိန်းရေးဆွဲရေး အဖွဲ့(YUTRA) မှ စစ်တမ်းကောက်ယူနေကာ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အကောင်အထည်ဖော် တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့ပြဖွံ့ဖြိုးရေး အတွက်ရေးဆွဲထားတဲ့ နှစ်အလိုက် စီမံကိန်းတွေထဲက အခု ၂၀၁၄ ဆိုရင် ရှစ်မိုင်၊ မြေနီကုန်းမီးပွိုင့်တွေမှာ အချက်ပြစနစ်တွေပြောင်းပြီး တပ်ဆင်ဖို့ နဲ့ သာကေတ တံတားသစ် တည်ဆောက်ဖို့ ရှိပါတယ်၊ သီလ၀ါဆိပ်ကမ်း ဘက်ကလာမယ့် ကုန်စည်တွေ ကူးသန်းပို့ဆောင်တဲ့အခါ ယာဉ်မကျပ်အောင်ပါ၊ အဓိက ရည်ရွယ်တာကတော့ ကုန်စည်တင်ယာဉ်တွေပဲ၊ ၂၀၁၅ ဆို ရင် ကုန်စည်တင်ယာဉ်တွေ ပိုများလာမယ်၊ ဒီအတွက် ကြိုတင်ပြင် ဆင်ထားတာပါ ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ပို့ဆောင်ရေး ၀န်ကြီးဦးအောင်ခင် ကပြောသည်။ ယခု ထပ်မံတည်ဆောက်မည့် မြစ်ကူးတံတားသစ်တည်ဆောက်ရေး အတွက် စစ်တမ်းကောက်ယူမှုများကို ဖေဖော်ဝါရီလတွင် အပြီးသတ်ဆောင်ရွက်သွားမည်ဟု သိရသည်။ အရင်က တည်ဆောက်ထားတဲ့ မြစ်ကူးတံတား အများစုက တံတားခံနိုင်ရည် တန်ခြောက်ဆယ် လောက်ပဲရှိတယ်၊ အခု ဆောက်မယ့်တံတားက ကုန်စည်တင်ယာဉ်တွေကို ရည်ရွယ်ထားတာဖြစ်တဲ့အတွက် အနည်းဆုံး ခံနိုင်ရည် တန်ကိုးဆယ်နဲ့ အထက်ကိုပဲ တည်ဆောက်မှာပါဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန(လမ်း၊ တံတား)မှ ဒုတိယဌာနမှူးက ပြောသည်။

Ref: Automobile

Latest News

YUPT ကုမ္ပဏီ ယာဉ်​လိုင်းမှ YBS ကားများကို ...

Ffff 1 150x150

Photo Credit ရန်​ကုန်​မြို့တွင်း ​ပြေးဆွဲ​နေသည့်​ YUPT ကုမ္ပဏီ မှ YBS ခရီးသည်​တင်ကားများကို Wifi စနစ်​တပ်​ဆင်​အသုံး ပြုမည်​ဖြစ်​​ကြောင်း...

Read more »

Water Taxi ​ပြေးဆွဲရန်​ အဆင်​သင့် ဖြစ်...

Ggg 1 150x150

Photo Credit ရန်ကုန်မြစ်ကြောင်းတစ်လျှောက်ပြေးဆွဲမည့် Water Taxi ​မကြာခင်​ ​ပြေးဆွဲသွားမှာဖြစ်​ပြီး ​ပြေးဆွဲရန်​ အဆင့်​သ​င့်ဖြစ်​​နေပြီဟု...

Read more »

လာမည့်​နှစ်​တွင်​ စလစ်​ကပ်​ကားများ...

222 2 150x150

Photo Credit လာမည့်​နှစ်​တွင် ​ကားတင်​သွင်းရမည့် ​မိုဒယ်​သတ်​မှတ်​ချက်​ထုတ်​ပြန်​မှူအရ ၂၀၁၅ မိုဒယ်​မှစ၍...

Read more »

YBS ယာဉ်​အားလုံး ​cash box များ ယခုလကုန်​ အပြီး...

Dddd 1 150x150

Photo Credit ခရီးသည်​တင်​YBS ယာဉ်​များ​အားလုံး ​cash box ​ငွေပုံးများ အပြီး တပ်​ဆင်ရ​မည်​ဖြစ်​​ကြောင်း ရန်​ကုန်​တိုင်း​ဒေသကြီး...

Read more »

ကမ္ဘာ့အဆင့်မီ အကောင်းဆုံးအရည်အသွေးနှင့်...

Ford 2 150x150

မြန်​မာနိုင်​ငံတွင်​ Ford ကား တစ်​နှစ်​လျှင်​ ကားအစီး​ရေ ၃၀၀၀ ​ခန့်​ထုတ်​လုပ်​မည်​ဖြစ်​​ကြောင်း Ford ကားများတပ်ဆင် ​​ထုတ်​လုပ်​​ပေးမည့်...

Read more »
Download Android App