ထိုင်းကုမ္ဗဏီ မြန်မာနိုင်ငံတွင် အရောင်းပြခန်းနှင့် ပြုပြင်ရေးစင်တာ ဖွင့်မည်


1-1345623937



2-1345623937






Unicode Version

ထိုင်းနိုင်ငံ အခြေစိုက် အဆင့်မြင့် ဇိမ်ခံကားများ တင်သွင်းဖြန့်ချီသည့် TSL Auto Corporation သည်မြန်မာနိုင်ငံရှိ MK ကုမ္ဗဏီအုပ်စုနှင့် ပူးပေါင်း၍ မော်တော်ယာဉ် အရောင်းပြခန်းနှင့် ပြုပြင်ရေးလုပ်ငန်းကို ယခု ဇန်နဝါရီလအတွင်း ဖွင့်လှစ်သွားမည်ဟု ထိုင်းနိုင်ငံမှ သတင်းများအရ သိရှိရပါသည်။

1-1345623937

TSL Showroom in Phuket, Thailand

ထိုအရောင်းပြခန်းနှင့် မော်တော်ယာဉ်ပြုပြင်ရေးအတွက် တည်ဆောက်ရေးလုပ်ငန်းများမှာ ၉ဝရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်သည်။ TSL ကုမ္ဗဏီမှ ထိုင်းဘတ်ငွေ ၃၅သန်း ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ MK Group of Companies မှ အစုရှယ်ရာ ၆ဝ ရာခိုင်နှုန်းနှင့် TSL ကုမ္ဗဏီမှ ၄ဝ ရာခိုင်နှုန်း ပိုင်ဆိုင်မည်ဖြစ်သည်။ လည်းကောင်းကုမ္ဗဏီနှစ်ခုမှ ပူးပေါင်း၍ SMRT Myanmar ဟူသောအမည်ဖြင့်  ပြည်တွင်းတွင် လူကြိုက်များမည့် ဥရောပနိုင်ငံထုတ် ဇိမ်ခံကားများအား တင်သွင်းရောင်းချခြင်းနှင့် ပြုပြင်ရေးစင်တာကိုလည်း ဖွင့်လှစ်မည်ဟု သိရသည်။

2-1345623937

TSL Showroom in Phuket, Thailand

လည်းကောင်း မော်တော်ယာဉ်ပြုပြင်ရေး စင်တာသည် ထိုင်းနိုင်ငံတွင်ရှိသော ဝန်ဆောင်မှုများအတိုင်း လုပ်ဆောင်ပေးမည်ဖြစ်ပြီး ကားအင်ဂျင်ပြုပြင်ခြင်း၊ ကိုယ်ထည်ဆေးမှုတ်ခြင်း၊ ကားတာယာ၊ အပိုပစ္စည်းများနှင့် ကားအလှဆင်ခြင်း စသည်တို့ကို ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုဝန်ဆောင်မှုများကို ထိုင်းနိုင်ငံမှ ကျွမ်းကျင်အလုပ်သမားအများစု ပါဝင်သော ဝန်ထမ်း ၁၂ယောက်ခန့်ဖြင့် စတင်မည်ဖြစ်သည်။ TSL ကုမ္ဗဏီမှ ပြောကြားချက်အရ ၂နှစ်မှ ၃နှစ်အတွင်း အရင်းကျေရန် မျှော်လင့်ကြောင်းလည်း သိရပါသည်။

TSL ကုမ္ဗဏီ၏ အကျိုးတူပူးပေါင်းမှုမှာ ၃၅ရာခိုင်နှုန်း ကျော်လွန်သောကြောင့် လုပ်ငန်းအတွက် လိုအပ်သည့် စက်ပစ္စည်းများ တင်သွင်းမှုကို ၈နှစ်အထိ အခွန်ကင်းလွတ်ခွင့် ရရှိသွားမည်ဖြစ်ကြောင်းလည်း ကုမ္ဗဏီမှ ပြောကြားချက်အရ သိရှိရပါသည်။

Latest News

Without ကားများကို RFID စနစ်​အသုံးပြု၍...

Latest news1 13 150x150

Zawgyi Version လိုင်​စင်​မဲ့ Without ကားများကို RFID စနစ်​အသုံးပြု၍ ဖမ်းဆီးစစ်​ဆးမည့်​စနစ်​အတွက်​ အကြံ​ပေးအဖွဲ့ ၅ ဖွဲ့​ကို...

Read more »

Mazda Myanmar က All New Mazda CX 9 ကားကို...

Mazda cx9 150x150

Zawgyi Version Mazda Myanmar က ၂၀၁၇ မော်ဒယ် All New Mazda CX 9 ကို မြန်မာနိုင်ငံဈေးကွက်သို့ မိတ်ဆက်ပွဲကို နိုဝင်ဘာ ၂၃ က...

Read more »

ဒီဇင်​ဘာ ၃၁ အထိ စီးတီးတက္ကစီ​...

Latest news1 13 150x150

Zawgyi Version ရန်​ကုန်​တိုင်းအတွင်း ​​အဌားယာဉ်​အဖြစ်​ မှတ်​ပုံတင်​ထားသည့်​ကားများကို ယခုနှစ်​ ဒီဇင်​ဘာလ ၃၁ ရက်​​နေ့​နောက်​ဆုံးထား၍ city taxi...

Read more »

မော်​​တော်​ယာဉ်​ အမည်ပြောင်းလဲလျှင် ဆောလျင်စွာ...

For news 150x150

Zawgyi Version မော်​​တော်​ယာဉ်​ အမည်ပြောင်းလဲလျှင် ဆောလျင်စွာ လာရောက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အမည်ပေါက်သူတွင် သာ တာဝန်ရှိကြောင်းနှင့်...

Read more »

(ခ) လိုင်စင်နှင့် (င) လိုင်စင်ကိုင်ဆောင်သူများ...

Latest news1 13 150x150

Zawgyi Version မြန်​မာတစ်​ပြည်​လုံးတွင်​​ မောင်းနှင်​ခွင့်​ရှိ​သော (ခ) လိုင်စင်နှင့် (င) လိုင်စင် ကိုင်ဆောင်ထားသည့် ယာဉ်မောင်းများ အနေဖြင့်...

Read more »