fb-pageview-tracker
အထူးကုန္​စည္​ခြန္​မ်ား ​တိုးျမွင္​့​ေကာက္​ခံရန္ ​သင္​့/မသင္​့ ျပည္​​ေထာင္​စုလႊတ္​​ေတာ္​တြင္​သာ အတည္​ျပဳမည္​


Zawgyi Version

​ေမာ္​​ေတာ္​ယာဥ္မ်ား​ အင္​ဂ်င္​ပါဝါအလိုက္​​ေကာက္​ခံ​ေန​ေသာ အထူးကုန္​စည္​ခြန္​မ်ား ​တိုးျမွင္​့​ေကာက္​ခံရန္​ သင္​့/မသင္​့ကို လာမည့္ဘတ္​ဂ်က္​ႏွစ္​အတြင္း​ ျပည္​​ေထာင္​စုလႊတ္​​ေတာ္​၌​ အတည္​ျပဳဆံုးျဖတ္​သြားမည္ျဖစ္​​ေၾကာင္​း ျပည္​တြင္​းအခြန္​မ်ားဦးစီးဌာနမွ သိရသည္​။

၂၀၁၈ - ၂၀၁၉ ခုႏွစ္ ျပည္ေထာင္စု၏ အခြန္အေကာက္ဥပေဒၾကမ္းႏွင့္ စပ္လ်ဥ္း၍ေဆြးေႏြးခဲ့ရာတြင္ ျပည္​တြင္​းသံုးယာဥ္မ်ားအားလံုးကုိ အင္​ဂ်င္​ပါဝါအလိုက္​မခြဲျခားဘဲ အထူးကုန္စည္ခြ​န္ ၁၀ ရာခုိင္ႏႈန္းသာ တစ္​​ေျပးညီသတ္မွတ္​ေပးရန္​ ခ်င္းျပည္နယ္မဲဆႏၵနယ္ အမွတ္ ၆ အမ်ိဳးသားလႊတ္ေတာ္ကုိယ္စားလွယ္ ဦးက်င္ခန္႔ေပါင္မွ စက္တင္ဘာလ ၁၃ ရက္ေန႕တြင္​ ျပည္ေထာင္စုလႊတ္ေတာ္အစည္းအေဝးသုိ႔ တင္ျပထားခဲ့ရာ ျပည္ပမွတင္သြင္းလာသည့္ ေမာ္ေတာ္ယာဥ္မ်ား အထူးကုန္​စည္​ခြန္ကို​ မူလအတိုင္​း ေကာက္ခံရန္ ျပည္ေထာင္စုလႊတ္ေတာ္မွ စက္တင္ဘာ ၁၉ ရက္ေန႕က အတည္ျပဳထား႐ွိခဲ့သည္​။

"လာမယ္​့ ၂၀၁၉ - ၂၀၂၀ မွာ ျပန္​​ေဆြး​ေႏြးဖို႔​ေတာ့႐ွိတယ္​။ ​ေမာ္​​ေတာ္​ယာဥ္​​ေတြအတြက္​ ​ေကာက္​​ေနတဲ့ အထူးကုန္​စည္​ခြန္​ဆိုတာက ​ေျဖ​ေလ်ာ့​ေပးဖို႔​ေတာ့မ႐ွိပါဘူး။ လႊတ္​​ေတာ္​မွာတင္​ျပရင္​​ေတာ့ အထူးကုန္​စည္​ခြန္​ တိုး​ေကာက္​မယ္​/တိုးမ​ေကာက္​ဘူးဆိုတာကိုေတာ့ အျပန္​အလွန္​​ေဆြး​ေႏြးျပီးမွပဲ အတည္​ျပဳဆံုးျဖတ္​လို႔ရမွာပါ။" ဟု ျပည္​တြင္​းအခြန္​မ်ားဦးစီးဌာနမွ တာဝန္​႐ွိသူတစ္​ဦးက ​ေျပာၾကားခဲ့သည္​။

ျပည္ပမွ တင္သြင္းလာသည့္ ေမာ္ေတာ္ယာဥ္မ်ားတြင္ double cab 4 door pickup မွအပ ၂,၀၀၁ စီစီမွ ၄,၀၀၀ စီစီ အထိ ဗင္ကားမ်ား၊ ဆလြန္း၊ ဆီဒင္ႏွင့္ ဝက္စ္ဂြန္အမ်ိဳးအစား ေမာ္ေတာ္ယာဥ္မ်ား၊ coupe မ်ားကို အခြန္ ၃၀ ရာခိုင္ႏႈန္း ေကာက္ခံရန္ ျပည္ေထာင္စုလႊတ္ေတာ္မွ အတည္ျပဳထား႐ွိထား၏။

နုိင္ငံအတြင္းသို႔ ကုမၸဏီမ်ိဳးစံု၊ အမွတ္တံဆိပ္မ်ိဳးစံုျဖင့္ ေမာ္ေတာ္ကားမ်ား ဖြင့္လွစ္ေရာင္းခ်သည့္ show room မ်ားစြာရွိေနျပီး ၿပီးခဲ့သည့္ ၂၀၁၈ ခုႏွစ္၊ ဧၿပီ ၁ ရက္ေန႔မွ ယခု ၾသဂုတ္လ ၂၀ ရက္ေန႔အထိ ျပည္ပမွ မွာယူတင္သြင္းလာေသာ ေမာ္ေတာ္ယာဥ္ ၈၇၀၀ စီးအေပၚအခြန္စည္းၾကပ္ခဲ့ရာတြင္ က်ပ္သန္း ေပါင္း ၁၁၉၇.၈၄ သန္း ရရွိခဲ့​ေၾကာင္​းလည္းသိရသည္​။


Unicode Version

မော်တော်ယာဉ်များ အင်ဂျင်ပါဝါအလိုက်ကောက်ခံနေသော အထူးကုန်စည်ခွန်များ တိုးမြှင့်ကောက်ခံရန် သင့်/မသင့်ကို လာမည့်ဘတ်ဂျက်နှစ်အတွင်း ပြည်ထောင်စုလွှတ်တော်၌ အတည်ပြုဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရသည်။

၂၀၁၈ - ၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ဆွေးနွေးခဲ့ရာတွင် ပြည်တွင်းသုံးယာဉ်များအားလုံးကို အင်ဂျင်ပါဝါအလိုက်မခွဲခြားဘဲ အထူးကုန်စည်ခွန် ၁၀ ရာခိုင်နှုန်းသာ တစ်ပြေးညီသတ်မှတ်ပေးရန် ချင်းပြည်နယ်မဲဆန္ဒနယ် အမှတ် ၆ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျင်ခန့်ပေါင်မှ စက်တင်ဘာလ ၁၃ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ တင်ပြထားခဲ့ရာ ပြည်ပမှတင်သွင်းလာသည့် မော်တော်ယာဉ်များ အထူးကုန်စည်ခွန်ကို မူလအတိုင်း ကောက်ခံရန် ပြည်ထောင်စုလွှတ်တော်မှ စက်တင်ဘာ ၁၉ ရက်နေ့က အတည်ပြုထားရှိခဲ့သည်။

"လာမယ့် ၂၀၁၉ - ၂၀၂၀ မှာ ပြန်ဆွေးနွေးဖို့တော့ရှိတယ်။ မော်တော်ယာဉ်တွေအတွက် ကောက်နေတဲ့ အထူးကုန်စည်ခွန်ဆိုတာက ဖြေလျော့ပေးဖို့တော့မရှိပါဘူး။ လွှတ်တော်မှာတင်ပြရင်တော့ အထူးကုန်စည်ခွန် တိုးကောက်မယ်/တိုးမကောက်ဘူးဆိုတာကိုတော့ အပြန်အလှန်ဆွေးနွေးပြီးမှပဲ အတည်ပြုဆုံးဖြတ်လို့ရမှာပါ။" ဟု ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ပြည်ပမှ တင်သွင်းလာသည့် မော်တော်ယာဉ်များတွင် double cab 4 door pickup မှအပ ၂,၀၀၁ စီစီမှ ၄,၀၀၀ စီစီ အထိ ဗင်ကားများ၊ ဆလွန်း၊ ဆီဒင်နှင့် ဝက်စ်ဂွန်အမျိုးအစား မော်တော်ယာဉ်များ၊ coupe များကို အခွန် ၃၀ ရာခိုင်နှုန်း ကောက်ခံရန် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုထားရှိထား၏။

နိုင်ငံအတွင်းသို့ ကုမ္ပဏီမျိုးစုံ၊ အမှတ်တံဆိပ်မျိုးစုံဖြင့် မော်တော်ကားများ ဖွင့်လှစ်ရောင်းချသည့် show room များစွာရှိနေပြီး ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ ဧပြီ ၁ ရက်နေ့မှ ယခု သြဂုတ်လ ၂၀ ရက်နေ့အထိ ပြည်ပမှ မှာယူတင်သွင်းလာသော မော်တော်ယာဉ် ၈၇၀၀ စီးအပေါ်အခွန်စည်းကြပ်ခဲ့ရာတွင် ကျပ်သန်း ပေါင်း ၁၁၉၇.၈၄ သန်း ရရှိခဲ့ကြောင်းလည်းသိရသည်။

Latest News

ျမန္မာႏိုင္ငံမွာ စက္ရုံလာေရာက္တည္ေဆာက္ေတာ့မယ့္...

Zawgyi Version မန္မာႏိုင္ငံမွာ ေရာင္းအားအေကာင္းဆုံး ဂ်ပန္ ေမာ္တာ ေကာ္ပေရးရွင္းျဖစ္တဲ့ Toyota Motor Corp. ဟာ ျမန္မာႏိုင္ငံမွာ...

Read more »

Mazda Myanmar ရဲ့ Knockout Deal Road Show...

Zawgyi Version Mazda Myanmar ရဲ့ Knockout Deal Road Show ပြဲကို Junction City မွာ ေမလ (၂၃) ရက္ေန႔ကေနျပီး (၂၆)...

Read more »

ယာဥ္​အမည္​​​ေျပာင္​းခြန္​ေကာက္​ခံျခင္​းကို...

​ Zawgyi Version ​ေမာ္​​ေတာ္​ယာဥ္​အမည္​​​ေျပာင္​းခြန္​ ​ေကာက္​ခံျခင္​းကို ​ေလ်ွာ႔​ခ်​ေကာက္​ခံရန္​ ​ေဆြး​ေႏြးထားမႈ မရွိ​ေသးဘဲ ယခုအတိုင္​းသာ...

Read more »

ကားေရွ႕မီးၾကီးနဲ႕ ဝါယာေရွာ့ အႏၱရာယ္

Zawgyi Version အမ်ိဳးသမီး တစ္ဦးေမာင္းတဲ့ Honda Fit ကားေလးတစ္စီး ကားေရွ႕မီးၾကီး တစ္ဖက္မလာလုိ႕ဆုိျပီး က်ေနာ္တုိ႕ကားဝပ္ေရွာ့ ကုိ ေရာက္လာတယ္။...

Read more »

အာမခံထားေသာ ကားတစ္စီး မေတာ္တဆမႈျဖစ္ပြားလ်င္ ......

Zawgyi Version ယာဥ္ေၾကာေတြပိတ္ဆို႔ၿပီး ကားအစီးေရေတြမ်ားျပားလြန္းလွတဲ့ ရန္ကုန္ၿမိဳ႕ရဲ့လမ္းမေတြေပၚမွာ ယာဥ္မေတာ္တဆမႈဆိုတာ...

Read more »