ယာဉ်အမျိုးအစားအလိုက် ယာဉ်မှတ်ပုံတင်ခလျှော့ချမှုကြောင့် ကားဈေးကွက်သွက်လာနိုင်သော်လည်း စလစ်ဈေး မြင့်တက်နေ၍ ဈေးသိသိသာသာမကျနိုင်

ရထားပို့ဆောင်ရေး ၀န်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ပြည်ပမှတင်သွင်းလာသော မော်တော်ယာဉ်အမျိုးအစား အလိုက် ယာဉ်မှတ်ပုံတင်ခများ လျှော့ချပေးသော်လည်း စလစ်ဈေး တက်၍ ကားဈေးကွက်မကျနိုင်ကြောင်း ‘မြန်မာနိုင်ငံ မော်တော်ယာဉ် တင်သွင်းဖြန့်ဖြူးရောင်းချသူများအသင်း’မှ စုံစမ်းသိရှိရသည်။

Tax

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန(ကညန)မှ ယာဉ်မှတ်ပုံတင်ခများကို လျှော့ချပေးသည့်အတွက် မော်တော်ယာဉ် တစ်စီးလျှင် ပျမ်းမျှ ငွေကျပ် ခြောက်သိန်းမှ သိန်း နှစ်ဆယ်အထိ ဈေးလျော့ကျလာနိုင်ကာ မော်တော်ယာဉ်ဈေးကွက်တွင် အ၀ယ်လိုက်လာနိုင်ပြီး ဈေးကွက်သွက်လာနိုင်ကြောင်း၊ သို့သော် လက်ရှိတွင် စလစ်ဈေးမှာ တဖြည်းဖြည်း မြင့်တက်နေသည့်အတွက် ဈေးကွက် သိသိသာသာ မကျနိုင်ကြောင်း သိရသည်။ “တချို့က ကားဈေးကွက် အကျဘက်ကို ဦးတည်မယ်လို့ ထင်နေကြတယ်၊ ကားဈေးက အခွန်၊ စလစ်နဲ့ ဂျပန်က တင်ဒါကို ကြည့်ရတာ၊ စလစ်ဈေးတက်ရင် ကားဈေးက တက်နေမှာပဲ၊ အခုဆို သိန်း ၁၂၀ လောက် ဖြစ်သွားပြီ၊ ဈေးဆွဲချလို့ သိန်း ကိုးဆယ်လောက် ဖြစ်သွားရင်တော့ မသိဘူး၊ အခုက ခြုံကြည့်ရင် ၂၀ ရာ ခိုင်နှုန်းလောက်ပဲ လျော့တာ၊ ဒီလိုလျှော့ချတာ ကောင်းပါတယ်၊ လျှော့ချလိုက်တော့ ဈေးကွက် ပြန်သွက်လာမယ်၊ ဒါပေမဲ့ အများကြီးတော့ မဟုတ်ဘူး၊ လူလတ်တန်းစားနဲ့ အထက်တန်းပဲ ၀ယ်နိုင်မှာ၊ အများကြီး သက်ရောက်ပြောင်းလဲ သွားတာတော့ ရှိမှာမဟုတ်ဘူး ”ဟု အသင်းမှ တွဲဖက်အတွင်းရေးမှူး ဒေါက်တာခန့်ဝင်းက သုံးသပ်ပြောကြားခဲ့သည်။ အလားတူ မင်္ဂလာဒုံမြို့နယ်မှ ၀ါရင့် ကားဝယ်/ရောင်းတစ်ဦး ဖြစ်သူ ဦးကျင်ရွှေ က လည်း “မှတ်ပုံတင်ခကို ပြောင်းလဲလိုက်တော့ ၂၀ ရာခိုင်နှုန်းလောက် လျော့ကျသွားတယ်၊ အရင်က ၁၀၀ ရာခိုင်နှုန်းကို အခု ၈၀ ရာခိုင်နှုန်းလောက်ပဲ ကောက်တော့မယ်၊ ကားဈေးကျသွားမယ်ဆိုတော့ အရင်က အေးနေတဲ့ ကားဈေးကွက်က ပြန်သွက်လာမှာပါ”ဟု ၎င်းအမြင်ကို ပြောသည်။ မော်တော်ယာဉ် အမျိုးအစား အလိုက် မူလတန်ဖိုး (FOB) ဈေးနှုန်းအပေါ် မှတ်ပုံတင်ခနှုန်းထား များကို ပြောင်းလဲကောက်ခံမှုတွင် အင်ဂျင်ပါဝါ ၁၃၅၀ စီစီနှင့်အောက် ယာဉ်များအတွက် ယခင် ၅၀ ရာခိုင်နှုန်းကို ယခု ၃၀ ရာခိုင်နှုန်းသို့ လည်းကောင်း၊ အင်ဂျင်ပါဝါ ၁၃၅၁ စီစီမှ ၂၀၀၀ စီစီအထိ ယာဉ်များကို ယခင် ၈၀ ရာခိုင်နှုန်းမှ ယခု ၅၀ ရာခိုင်နှုန်းသို့ လည်းကောင်း၊ အင်ဂျင်ပါဝါ ၂၀၀၀ စီစီ မှ ၅၀၀၀ စီစီ အထိ ယာဉ်များကို ယခင် ၁၀၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းသို့ လည်းကောင်း၊ လူနှင့်ကုန် နှစ်မျိုးစလုံး တင်ဆောင်နိုင်သော Pick-up ၊ Double Cab ကားများ ကို ယခင်က အင်ဂျင်ပါဝါအလိုက် ၅၀ မှ ၈၀ ရာခိုင်နှုန်းအထိ ကောက်ခံခဲ့သော်လည်း ယခု ၄၀ ရာခိုင်နှုန်းသို့ လည်းကောင်း၊ လုပ်ငန်းသုံးယာဉ်များ၊ ကုန်တင်ယာဉ်များ၊ Pick-up ၊ Light Truck ၊ Truck ကားများ၊ ခရီးသည်တင်ယာဉ် ၁၀ ဦးနှင့်အထက်(Bus ၊ Mini Bus ၊ Micro Bus) ယာဉ်များအတွက် မူလအတိုင်း ၅ ရာခိုင်နှုန်း ကောက်ခံမည်ဖြစ်ကာ အင်ဂျင်ပါဝါ ၅၀၀၀ စီစီအထက် ယာဉ်များအတွက် မူလအတိုင်း ၁၂၀ ရာခိုင်နှုန်း ကောက်ခံမည်ဖြစ်ကြောင်း သိရသည်။


Ref: Automobile


Unicode Version

ရထားပို့ဆောင်ရေး ဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ပြည်ပမှတင်သွင်းလာသော မော်တော်ယာဉ်အမျိုးအစား အလိုက် ယာဉ်မှတ်ပုံတင်ခများ လျှော့ချပေးသော်လည်း စလစ်စျေး တက်၍ ကားစျေးကွက်မကျနိုင်ကြောင်း ‘မြန်မာနိုင်ငံ မော်တော်ယာဉ် တင်သွင်းဖြန့်ဖြူးရောင်းချသူများအသင်း’မှ စုံစမ်းသိရှိရသည်။

Tax

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန(ကညန)မှ ယာဉ်မှတ်ပုံတင်ခများကို လျှော့ချပေးသည့်အတွက် မော်တော်ယာဉ် တစ်စီးလျှင် ပျမ်းမျှ ငွေကျပ် ခြောက်သိန်းမှ သိန်း နှစ်ဆယ်အထိ စျေးလျော့ကျလာနိုင်ကာ မော်တော်ယာဉ်စျေးကွက်တွင် အဝယ်လိုက်လာနိုင်ပြီး စျေးကွက်သွက်လာနိုင်ကြောင်း၊ သို့သော် လက်ရှိတွင် စလစ်စျေးမှာ တဖြည်းဖြည်း မြင့်တက်နေသည့်အတွက် စျေးကွက် သိသိသာသာ မကျနိုင်ကြောင်း သိရသည်။ “တချို့က ကားစျေးကွက် အကျဘက်ကို ဦးတည်မယ်လို့ ထင်နေကြတယ်၊ ကားစျေးက အခွန်၊ စလစ်နဲ့ ဂျပန်က တင်ဒါကို ကြည့်ရတာ၊ စလစ်စျေးတက်ရင် ကားစျေးက တက်နေမှာပဲ၊ အခုဆို သိန်း ၁၂ဝ လောက် ဖြစ်သွားပြီ၊ စျေးဆွဲချလို့ သိန်း ကိုးဆယ်လောက် ဖြစ်သွားရင်တော့ မသိဘူး၊ အခုက ခြုံကြည့်ရင် ၂ဝ ရာ ခိုင်နှုန်းလောက်ပဲ လျော့တာ၊ ဒီလိုလျှော့ချတာ ကောင်းပါတယ်၊ လျှော့ချလိုက်တော့ စျေးကွက် ပြန်သွက်လာမယ်၊ ဒါပေမဲ့ အများကြီးတော့ မဟုတ်ဘူး၊ လူလတ်တန်းစားနဲ့ အထက်တန်းပဲ ဝယ်နိုင်မှာ၊ အများကြီး သက်ရောက်ပြောင်းလဲ သွားတာတော့ ရှိမှာမဟုတ်ဘူး ”ဟု အသင်းမှ တွဲဖက်အတွင်းရေးမှူး ဒေါက်တာခန့်ဝင်းက သုံးသပ်ပြောကြားခဲ့သည်။ အလားတူ မင်္ဂလာဒုံမြို့နယ်မှ ဝါရင့် ကားဝယ်/ရောင်းတစ်ဦး ဖြစ်သူ ဦးကျင်ရွှေ က လည်း “မှတ်ပုံတင်ခကို ပြောင်းလဲလိုက်တော့ ၂ဝ ရာခိုင်နှုန်းလောက် လျော့ကျသွားတယ်၊ အရင်က ၁ဝဝ ရာခိုင်နှုန်းကို အခု ၈ဝ ရာခိုင်နှုန်းလောက်ပဲ ကောက်တော့မယ်၊ ကားစျေးကျသွားမယ်ဆိုတော့ အရင်က အေးနေတဲ့ ကားစျေးကွက်က ပြန်သွက်လာမှာပါ”ဟု ၎င်းအမြင်ကို ပြောသည်။ မော်တော်ယာဉ် အမျိုးအစား အလိုက် မူလတန်ဖိုး (FOB) စျေးနှုန်းအပေါ် မှတ်ပုံတင်ခနှုန်းထား များကို ပြောင်းလဲကောက်ခံမှုတွင် အင်ဂျင်ပါဝါ ၁၃၅ဝ စီစီနှင့်အောက် ယာဉ်များအတွက် ယခင် ၅ဝ ရာခိုင်နှုန်းကို ယခု ၃ဝ ရာခိုင်နှုန်းသို့ လည်းကောင်း၊ အင်ဂျင်ပါဝါ ၁၃၅၁ စီစီမှ ၂ဝဝဝ စီစီအထိ ယာဉ်များကို ယခင် ၈ဝ ရာခိုင်နှုန်းမှ ယခု ၅ဝ ရာခိုင်နှုန်းသို့ လည်းကောင်း၊ အင်ဂျင်ပါဝါ ၂ဝဝဝ စီစီ မှ ၅ဝဝဝ စီစီ အထိ ယာဉ်များကို ယခင် ၁ဝဝ ရာခိုင်နှုန်းမှ ၈ဝ ရာခိုင်နှုန်းသို့ လည်းကောင်း၊ လူနှင့်ကုန် နှစ်မျိုးစလုံး တင်ဆောင်နိုင်သော Pick-up ၊ Double Cab ကားများ ကို ယခင်က အင်ဂျင်ပါဝါအလိုက် ၅ဝ မှ ၈ဝ ရာခိုင်နှုန်းအထိ ကောက်ခံခဲ့သော်လည်း ယခု ၄ဝ ရာခိုင်နှုန်းသို့ လည်းကောင်း၊ လုပ်ငန်းသုံးယာဉ်များ၊ ကုန်တင်ယာဉ်များ၊ Pick-up ၊ Light Truck ၊ Truck ကားများ၊ ခရီးသည်တင်ယာဉ် ၁ဝ ဦးနှင့်အထက်(Bus ၊ Mini Bus ၊ Micro Bus) ယာဉ်များအတွက် မူလအတိုင်း ၅ ရာခိုင်နှုန်း ကောက်ခံမည်ဖြစ်ကာ အင်ဂျင်ပါဝါ ၅ဝဝဝ စီစီအထက် ယာဉ်များအတွက် မူလအတိုင်း ၁၂ဝ ရာခိုင်နှုန်း ကောက်ခံမည်ဖြစ်ကြောင်း သိရသည်။


Ref: Automobile

Latest News

မိုဒယ်​သတ်​မှတ်​ချက်​ထုတ်​ပြန်​ပြီး...

23667525 2159301577455927 209492361 n 150x150

Zawgyi Version မိုဒယ်​သတ်​မှတ်​ချက်​ထုတ်​ပြန်​ပြီးနောက်​ပိုင်း ​ အ​ရောင်းစင်​တာ ဖွင့်​ရန်​ ​လျှောက်​ထားမှုများအား ဒီနှစ် Consignment...

Read more »

ယာဉ်အပိုပစ္စည်းနှင့်...

Img 0593 1 150x150

             carsdb Zawgyi Version မြန်မာနိုင်ငံ၏ အကြီးကျယ်ဆုံးသော ယာဉ်အပိုပစ္စည်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများဆိုင်ရာ နိုင်ငံ တကာ...

Read more »

City bus ကားများ seater ကွဲလွဲခြင်းများ...

23714985 2158394427546642 1602509892 o 150x150

မြန်မာအပြည်ပြည်ဆိုင်ရာ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိလာသော city bus များ   Zawgyi Version ပြည်​ပက​နေ တင်​သွင်းလာ​သော city bus ကားများ...

Read more »

Consignment စနစ်​တင်​သွင်းထား​သော ကားများ...

Latest news1 10 150x150

Zawgyi Version အ​ရောင်​စင်​တာများမှ အပ်​ကုန်​စနစ်​ဖြင့်​တင်​သွင်းထား​​သော ကားများ အပ်​နှံမည်​ဆိုပါက ခွင့်​ပြု​ပေးသွား ရန်​ရှိ​သည်ဟု...

Read more »

ယာဉ်​အို၊ ယာဉ်​​ဟောင်းအပ်​နှံပြီး...

Latest news1 10 150x150

Zawgyi Version ယာဉ်​အို၊ ယာဉ်​​ဟောင်း အစီအစဉ်ဖြင့်​ ကား​ဟောင်းတစ်​စီး အပ်​နှံပြီး ကားသစ်​တစ်​စီး အစားထိုးတင်​သွင်းခြင်းကို...

Read more »