လမ်းပြောင်းပြန်နှင့် မီးနီဖြတ်မောင်းသူများကို ယာဉ်မောင်းလိုင်စင် တစ်နှစ်မှ လေးနှစ်အထိ ပိတ်မည်


 






 

-




Unicode Version

ရန်ကုန်၊ မေ ၁ဝ (The Voice Sunday)

 

ရန်ကုန်မြို့တော်တွင် မောင်းနှင်လျက်ရှိသော မော်တော်ယာဉ်များအနေနှင့် လမ်းပြောင်းပြန်နှင့် မီးနီဖြတ်မောင်းပါက သတ်မှတ်ထားသော ဒဏ်ကြေးငွေများအပြင် လိုင်စင်ကို တစ်နှစ်မှ လေးနှစ်အထိ (နှစ်အကန့်အသတ်ဖြင့်) ပိတ်သိမ်းရန် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် ညှိနှိုင်းလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး လင်းထွဋ်က ပြောကြားသည်။

traffic-signal-ahead-500x383

မော်တော်ယာဉ်များအနေနှင့် မီးနီဖြတ်မောင်းခြင်း၊ ကွေ့ကြောကိုအတည့်ထွက်ခြင်း၊ နှစ်ထပ်ရပ်ခြင်း၊ လမ်းပြောင်းပြန်မောင်းခြင်းများကို ဒဏ်ငွေကျပ်၁၅ဝဝ ပေးဆောင်ရပြီး ယခုအခါ စည်းကမ်းတင်းကျပ်သည့်အနေနှင့် ယာဉ်မောင်းလိုင်စင်ကို တစ်နှစ်မှလေးနှစ်အထိ ပိတ်သိမ်းအရေးယူနိုင်ရေးနှင့် ယာဉ်မောင်းလိုင်စင်ပိတ်သိမ်းသော ကာလအတွင်းဆက်လက်မောင်းနှင်ပါက ထောင်ဒဏ်တစ်လအထိ ချမှတ်ရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။

ယာဉ်မောင်းတွေက ဒဏ်ငွေ၁၅ဝဝ လောက်ကို မမှုတော့ဘဲ လမ်းစည်းကမ်းချိုးဖောက်မှုတွေ ပိုများလာလို့ အခုလို စည်းကမ်းတင်းကျပ်ဖို့ လုပ်ထာပါ။ နှစ်ပတ်အတွင်း အတည်ပြုထုတ်ပြန်သွားမှာပါ ဟု ဒုတိယရဲမှူးကြီး လင်းထွဋ်က ပြောကြားသည်။

စည်းကမ်းဖောက်ဖျက်သော မော်တော်ယာဉ်များကို အရေးယူရာတွင် မူဝါဒအတိုင်းတစ်ပြေးညီဖြစ်စေချင်ပြီး ယာဉ်ကြောပိတ်ဆို့သောနေရာတွင် ယာဉ်ထိန်းရဲများကို ချထားပေးစေလိုကြောင်း ဗိုလ်တထောင်မြို့နယ်တွင် နေထိုင်သည့် အသက် ၆၅နှစ်အရွယ် အငှားယာဉ်မောင်း ဦးမောင်မောင်ကပြောကြားသည်။

 

-

The Voice Sunday, May 11, 2014 မှ ကူးယူဖော်ပြသည်။

Latest News

ဒီဇင်​ဘာ ၃၁ အထိ စီးတီးတက္ကစီ​...

Latest news1 13 150x150

Zawgyi Version ရန်​ကုန်​တိုင်းအတွင်း ​​အဌားယာဉ်​အဖြစ်​ မှတ်​ပုံတင်​ထားသည့်​ကားများကို ယခုနှစ်​ ဒီဇင်​ဘာလ ၃၁ ရက်​​နေ့​နောက်​ဆုံးထား၍ city taxi...

Read more »

မော်​​တော်​ယာဉ်​ အမည်ပြောင်းလဲလျှင် ဆောလျင်စွာ...

For news 150x150

Zawgyi Version မော်​​တော်​ယာဉ်​ အမည်ပြောင်းလဲလျှင် ဆောလျင်စွာ လာရောက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အမည်ပေါက်သူတွင် သာ တာဝန်ရှိကြောင်းနှင့်...

Read more »

(ခ) လိုင်စင်နှင့် (င) လိုင်စင်ကိုင်ဆောင်သူများ...

Latest news1 13 150x150

Zawgyi Version မြန်​မာတစ်​ပြည်​လုံးတွင်​​ မောင်းနှင်​ခွင့်​ရှိ​သော (ခ) လိုင်စင်နှင့် (င) လိုင်စင် ကိုင်ဆောင်ထားသည့် ယာဉ်မောင်းများ အနေဖြင့်...

Read more »

အဲကွန်းမဖွင့်​​သော YBS ကားများ ​ယာဉ်​စီးခ...

Latest news1 12 150x150

Zawgyi Version ရန်​ကုန်​တိုင်း​အတွင်း ပြေးဆွဲလျှက်​ရှိ​နေသော ခရီးသည်​တင်​ YBS ကားများအနက် အဲယားကွန်းမဖွင့်​​ပဲ​ မောင်းေ​သာ ကားများနှင့်...

Read more »

ပိတ်​သိမ်းထား​ပြီး စာရင်းမရှင်း​နိုင်​သည့်...

Latest news1 12 150x150

Zawgyi Version ပိတ်​သိမ်းထား​ပြီး စာရင်းမရှင်း​နိုင်​သည့်​ ကားအ​ရောင်းစင်​တာ ၁၉ ခု ​ကို ထိ​ရောက်စွာ ​အ​ရေးယူသွားမည်ဖြစ်ကြောင်း...

Read more »